နောက်ဆုံးပေါ်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် ဧပြီလ ၀၁ ရက်။
အကျိုးအပဲ့များကြားထဲမှ ခံနိုင်ရည်ရှိစွာ ရင်ဆိုင်ကျော်ဖြတ်ခြင်း - မြန်မာနိုင်ငံငလျင်အပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသက်ကယ်ပစ္စည်းများပေးပို့ဆောင်ရွက်ခဲ့
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဧပြီလ ၀၁ ရက်။
မီဒီယာများအား အသိပေးခြင်း - မြန်မာနိုင်ငံဆိုင်ရာ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ ငလျင်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
ဗွီဒီယို
၂၀၂၅ ခုနှစ် မတ်လ ၀၈ ရက်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် သာတူညီမျှတဲ့ အခွင့်အလမ်းတံခါးတွေပွင့်လာတဲ့အခါ လူတိုင်း အနိုင်ရမှာဖြစ်ပါတယ်။ အကျိုးကျေးဇူးခံစားရမှာ ဖြစ်ပါတယ်။ တန်းတူညီမျှတဲ့ လူမှုအဖွဲ့အစည်းတွေဟာ ပိုမို ကြွယ်ဝ၊ ပိုမို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ပေကျင်းမြို့မှာကျင်းပခဲ့တဲ့ သမိုင်းဝင် ကုလသမဂ္ဂညီလာခံအပြီးကတည်းက နှစ်ပေါင်း သုံဆယ်ကြာ ရရှိခဲ့တဲ့ တိုးတက် အောင်မြင်မှုတွေကို ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အသိအမှတ်ပြုလိုပါတယ်။ဒါက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ပြုပြင်ပြောင်းလဲလာစေခဲ့သလို သူတို့ရဲ့ အခွင့်အရေးတွေကို လူ့အခွင့်အရေးတွေအဖြစ် အတည်ပြုစေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီကတည်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတားအဆီးတွေကို ချိုးဖျက်လာကြတယ်။ လူမှုအစွဲတွေကို ဆန့်ကျင်လာကြတယ်။ နောက်ပြီး သူတို့ရဲ့ မှန်ကန်တဲ့နေရာအတွက် တောင်းဆိုလာကြတယ်။ဒါပေမဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း သိရပါမယ်။ဆန့်ကျင်တာတွေကနေ နောက်ပြန်ဆွဲတာတွေထိ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးတွေက တိုက်ခိုက်ခံနေရဆဲဖြစ်ပါတယ်။အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ စီးပွားရေးဆိုင်ရာ မညီမျှမှု စတဲ့ ကြာမြင့်စွာရှိနေတဲ့ ဆိုးရွားမှုတွေက လူမှု့အသိုက်အဝန်းတွေကို ဆက်လက်ဒုက္ခပေးနေဆဲဖြစ်ပါတယ်။ဒါ့ပြင် ဘက်လိုက်တဲ့ အယ်လဂိုရီသမ်တွေလို ခေတ်သစ် ခြိမ်းခြောက်မှုတွေဟာ အွန်လိုင်းပေါ်မှာ မညီမျှမှုတွေကို ပရိုဂရမ်ချနေတာမလို့ ထိပါးနှောက်ယှက်မှုနဲ့ မတော်မတရားပြုမှုနယ်ပယ်သစ်တွေကို ဖွင့်လှစ်ပေးနေပါတယ်။ သာတူညီမျှတဲ့ အခွင့်အရေးတွေ ဖော်ဆောင်နေရမယ့်အစား အမျိုးသမီးမုန်းတီးရေးဖော်ဆောင်နေတာကို တွေ့နေရပါတယ်။အဲဒီ ဆိုးရွားမှုတွေကို တိုက်ဖျက်ရပါမယ်။နောက်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် တရားမျှတအောင် ဆက်လက် လုပ်ဆောင်ရပါမယ်။စီးပွားရေးကို ပွင့်လင်းမြင်သာအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံတွေအနေနဲ့ သာတူညီမျှ ရင်းနှီးမြှုပ်နှံနိုင်ပါမယ်။ နောက်ပြီး အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဆောင်ရွက်ဖို့လည်းလိုပါတယ်။ဂုဏ်သိက္ခာရှိတဲ့အလုပ်အကိုင်အတွက် ညီမျှတဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးဖို့၊ ကျား-မ လုပ်ခလစာ ကွာဟမှု မရှိစေဖို့နဲ့ စောင့်ရှောက်ရေးအလုပ်တွေရဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စတာတွေအတွက် လုပ်ဆောင်ရပါမယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်စေရေးအတွက် ဥပဒေတွေကို လက်တွေ့အသုံးချဖို့နဲ့ ခိုင်မာလာစေဖို့ လုပ်ဆောင်ရပါမယ်။ငြိမ်းချမ်းရေးတည်ဆောက်ရေးအပါအဝင် ဆုံးဖြတ်ချက်ချရာတွေမှာ အမျိုးသမီးတွေ အပြည့်အဝ ပါဝင်နိုင်စေဖို့ လုပ်ဆောင်ရပါမယ်။နောက်ပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာပညာရပ်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်ရပါမယ်။အဲဒီလုပ်ဆောင်ချက်တွေကို လမ်းညွှန်ဖို့ အသေးစိတ်အစီအစဉ်တွေကို အနာဂတ်အတွက် ကုလသမဂ္ဂ သဘောတူစာချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ် သဘောတူညီချက်တို့မှာ ဖော်ပြထားပါတယ်။အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ တိုးတက်တဲ့အခါ ကျွန်တော်တို့အားလုံး ကြီးပွားတိုးတက်မှာဖြစ်ပါတယ်။အမျိုးသမီးများနဲ့ မိန်းကလေးများအားလုံးအတွက် နေရာတိုင်း၊ လူတိုင်းအတွက် အခွင့်အရေးတွေ၊ သာတူညီမျှမှုနဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အမှန်တကယ်ဖြစ်လာစေဖို့ အတူတကွ လုပ်ဆောင်ကြရအောင်ပါ။, filtered_html
5 ၏ 1

သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၀၇ ရက်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု။
မတ်လ ၈ ရက်နေ့မှာ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါသည်။ ကျယ်ပြန့်သော ပဋိပက္ခများနှင့် ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကြားတွင် ၎င်းတို့သည် ခေါင်းဆောင်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ပြသနေပါသည်။ ၎င်းတို့၏ စွမ်းအားသည် ငြင်းဆိုဖွယ်ရာမရှိနိုင်သော်လည်း၊ ၎င်းတို့သည် ဤစိန်ခေါ်မှုများကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ပါ။ဤနှစ်သည် အမျိုးသမီးများ၏ အခွင့်အရေး တိုးတက်ရေးအတွက် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်သည့် သမိုင်းဝင် ပေကျင်းကြေညာစာတမ်းနှင့် လုပ်ဆောင်ချက်အစီအစဉ်၏ ၃၀နှစ်ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ပါသည်။ ကမ္ဘာတဝန်းတွင် ကျား၊မရေးရာတန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် တိုးတက်မှုများ ရှိခဲ့သော်လည်း၊ ၎င်းတို့သည် နှေးကွေးပြီး အားနည်းကာ ညီမျှမှုမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ များပြားလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းနှင့် စီးပွားရေး ပြိုလဲခြင်းတို့ကြောင့် ယခင်က ရရှိခဲ့သော တိုးတက်မှုများ ဆုတ်ယုတ်သွားပြီး၊ ကျား၊မရေးရာတန်းတူညီမျှမှု ကွာဟချက်များ ပိုမိုနက်ရှိုင်းလာပါသည်။၂၀၂၅ ခုနှစ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ် "အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု" ကို အခြေခံ၍၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်သည့် ချက်ချင်းလုပ်ဆောင်မှုများနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရန် တောင်းဆိုလိုက်ပါသည်။ ၎င်းတွင် အသက်ကယ်အရေးကြီးသော လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိစေရန်၊ ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများငယ်ကို စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများ ပါဝင်ပါသည်။အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပကတိအခြေအနေများသည် တုံ့ပြန်ဆောင်ရွက်မှုများကို တောင်းဆိုနေပါသည်။၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ဆိုးရွားနေဆဲဖြစ်ပါသည်။ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး၊ ၎င်းတို့တွင် ဖြစ်ပွားနေသော အကျပ်အတည်းများကို အဓိက ခံစားနေရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်း ပါဝင်ပါသည်။ ဒေသခံ အမျိုးသမီးအဖွဲ့အစည်းများက ကျား၊မခြေပြုအကြမ်းဖက်မှုများ၊ ရင်းနှီးကျွမ်း၀င်သူမှအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုးမြင့်လာကြောင်း အစီရင်ခံဖော်ပြ ထားပါသည်။ စီးပွားရေး အခက်အခဲများကြောင့် အသက်မွေးဝမ်းကြောင်းများ ထိခိုက်ခဲ့ပြီး၊ အမျိုးသမီးများစွာကို ခေါင်းပုံဖြတ်ခံရသည့် အခြေအနေများဆီသို့ ပို့ဆောင်လိုက်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ အတွက် ရန်ပုံငွေပံ့ပိုးမှု လိုအပ်နေဆဲဖြစ်သည်။ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစု စီမံကိန်းနှင့် အရေးကြီးသော ကျား၊မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ရေးဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်နှင့် အနာဂတ်ကို အန္တရာယ်ဖြစ်စေပါသည်။ ပဋိပက္ခ ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရခြင်း၊ မလုံခြုံသော ရွှေ့ပြောင်းနေထိုင်မှုနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အမျိုးသမီးနှင့် မိန်းကလေး အများအပြားသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘေးကင်းလုံခြုံသည့် ခိုလှုံစရာ နေရာ ဒါမှမဟုတ် အခြေခံ ဝန်ဆောင်မှုများလည်း တခါတလေ မရရှိကြသည့်အတွက် ပိုမို၍တောင် အခက်ကြုံနေရပါသည်။ ထပ်တလဲလဲ ဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များသည် ဤအခက်အခဲများကို ပိုမိုဆိုးရွားစေပြီး ကျား၊မ အခြေုပြု တုံ့ပြန်မှုဆိုင်ရာ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ ကြံ့ခိုင်သော ခိုလှုံစရာနေရာများနှင့် လူထုက ဦးဆောင်သော ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်များ၏ အရေးတကြီး လိုအပ်ချက်ကိုလည်း မီးမောင်းထိုးပြနေပါသည်။ တုံ့ပြန်ဆောင်ရွက်ခြင်းမရှိမှု၏ ကုန်ကျစရိတ်သည် အလွန်မြင့်မားလှပါသည်။မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများသည် အကူအညီပေးခြင်း၊ စီးပွားရေးအရ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ခြင်း၊ လူ့အခွင့်အရေးနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ သို့သော် ၎င်းတို့သည် အရင်းအမြစ်များ လုံလောက်စွာ မရရှိဘဲ ဝန်ပိလာကာ အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေရပါသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP)[1] အောက်ရှိ လိုအပ်သော ရန်ပုံငွေ၏ ၃၆% သာ ရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ငွေကြေးအကူအညီများသည် ရုတ်တရက် ရပ်တန့်ခြင်းနှင့် လျှော့ချခြင်းများ ကြုံတွေ့နေရပါသည်။ ၎င်းတွင် မြန်မာနိုင်ငံအတွက် ဦးတည်ထားသော ရန်ပုံငွေများလည်း ပါဝင်ပါသည်။ဤငွေကြေးပံ့ပိုးမှု မလုံလောက်ခြင်း၏အကျိုးဆက်များမှာအလွန်ပြင်းထန်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ငွေကြေးပံ့ပိုးမှုမလုံလောက်ခြင်းကြောင့် ကလေးငယ်ပေါင်း ၈၀၀,၀၀၀ ကျော်သည် ပညာရေးအထောက်အပံ့များ မရရှိခဲ့ပါ။ ထို့ကြောင့် မိန်းကလေးငယ်များသည် ကလေးလက်ထပ်ခြင်း၊ ကလေးအလုပ်သမားဖြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ခန့်မှန်းခြေ ၁.၁ သန်းသော ကျား၊မအခြေပြုအကြမ်းဖက်မှုခံစားရသူများသည် အရေးကြီးသော အထောက်အပံ့များ မရရှိခဲ့ပါ။ ထို့အပြင် ၁.၁ သန်းသော ကလေးများသည် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို မရရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့သည် အကြမ်းဖက်မှု၊ လစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။[2]မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန်နှင့် ဆောင်ရွက်ရန် ကုလသမဂ္ဂ၏ ကတိကဝတ်ဤနှစ်တွင် ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များပါဝင်သည့် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသော အမျိုးသမီးနှင့် မိန်းကလေးငယ် ၂.၈၆ သန်းကို အသက်ကယ်အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားပါသည်။ ကမ္ဘာတဝန်းတွင် အကူအညီငွေကြေးများ လျော့နည်းလာသော်လည်း၊ ယခုအချိန်သည် လက်လျှော့ရန် အချိန်မဟုတ်ပါ။ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးပန်းတိုင်များကို အောင်မြင်ရန် ငါးနှစ်သာ လိုတော့သည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကတိကဝတ်များကို နှစ်ဆတိုးရန် လိုအပ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ကျွန်ုပ်တို့အားလုံးသည် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုတို့ကို လူတိုင်း၊ နေရာတိုင်းတွင် အမှန်တကယ်ဖြစ်လာစေရန် ခိုင်မာစွာရပ်တည်ရမည်” ဟု သတိပေးထားပါသည်။အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် နေ့ရက်တိုင်းတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ကာကွယ်ရန် ခိုင်မြဲစွာ ကတိပြုထားပါသည်။
[1] Myanmar 2025 Humanitarian Needs and Response Plan. UN OCHA. Available online.[2] ibid., filtered_html
[1] Myanmar 2025 Humanitarian Needs and Response Plan. UN OCHA. Available online.[2] ibid., filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်။
Statement by the Resident and Humanitarian Coordinator a.i. for Myanmar
The humanitarian community is deeply alarmed by the recent reports of civilian casualties in Rakhine State. On 8 January 2025 an aerial attack in Kyauk Ni Maw Village in Ramree Township reportedly killed over 40 civilians, including children and women, and injured more than 20 people. It is reported that around 500 homes were allegedly destroyed, with children, women, and elderly people among the casualties. Fighting in Rakhine has recently escalated, with civilians paying the highest price of the conflict. Civilians face extreme risks, acute food insecurity and a near total collapse of critical public services. The humanitarian community reiterates our call on all parties to the conflict to uphold their obligations under international humanitarian law, to ensure the protection of civilians and civilian property, humanitarian workers and supplies, and to guarantee unimpeded humanitarian access to deliver aid to the most vulnerable., filtered_html
5 ၏ 1
ထုတ်ဝေမှု
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၀၃ ရက်။
Myanmar Humanitarian Update No. 43
HIGHLIGHTS & KEY MESSAGES2024 has left people in Myanmar grappling with deepening humanitarian crisis, marked by escalating needs amid unabated conflict, recurrent monsoon flooding, and record-high displacement, and a response that is under-resourced.Conflict between the Myanmar Armed Forces (MAF) and various ethnic and resistance groups has persisted in Rakhine, the Northeast, Northwest and Southeast. As a result, the total number of internally displaced persons (IDP) to over 3.5 million at the end of 2024.Civilians face extreme protection risks, acute food insecurity, the near collapse of critical public services, and economic shocks driving up inflation and resulting in loss of livelihoods.Humanitarian partners provided assistance to nearly 3 million people in the first three quarters of 2024, with an estimated 3.9 million people expected to be reached by the year’s end, despite access constraints, with an operation that remains critically under resourced.Humanitarian actors in Myanmar continue to face a range of challenges when trying to provide humanitarian assistance to vulnerable people served through the clusters, primarily pertaining to access, logistics, resources, and security. Efforts continue to gain improved access to people in need.As of 31 December, the 2024 Humanitarian Needs and Response Plan (HNRP) was funded only 36 per cent, which drastically affected the capacity of humanitarian partners to deliver assistance to people who were prioritized for urgent assistance.People’s humanitarian needs are increasing to unprecedented levels in Myanmar, with an estimated 19.9 million people in need of assistance in 2025. The 2025 HNRP has been launched prioritizing to reach 5.5 million people with life-saving assistance in 2025, for which US$1.1 billion is required., filtered_html
5 ၏ 1
ထုတ်ဝေမှု
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
A/HRC/57/56: မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာ
အစီရင်ခံစာ အနှစ်ချုပ်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၅၂/၃၁ အရ ပြင်ဆင်ထားသော ဤ စီရင်ခံစာသည် ၂၀၂၃ ခုနှစ် ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ စောင့်ကြည့်လေ့လာမှုနှင့် ဆန်းစစ် အတည်ပြုချက်များအပေါ် အခြေခံသည့် တွေ့ ရှိချက်များကို တင်ပြထားပါသည်။ အစီရင်ခံစာတွင် လူထု၏ စိတ်ကျန်းမာရေးအပေါ် ပဋိပက္ခ၏ သက်ရောက်မှု၊ နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း၊ ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများက ပေးသော စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၏ ကောင်းမွန်သော အလေ့အထကို ဆန်းစစ်လေ့လာထားခြင်းဖြင့် အဆုံးသတ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာ စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့ အကြံပြု တိုက်တွန်းချက်များဖြင့် နိဂုံးချုပ်ထားပြီး တာဝန်ခံမှုရှိစေရေး အတွက် အကြံပြုချက်များလည်း ပါဝင်ပါသည်။, filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် ဧပြီလ ၀၁ ရက်။
အကျိုးအပဲ့များကြားထဲမှ ခံနိုင်ရည်ရှိစွာ ရင်ဆိုင်ကျော်ဖြတ်ခြင်း - မြန်မာနိုင်ငံငလျင်အပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသက်ကယ်ပစ္စည်းများပေးပို့ဆောင်ရွက်ခဲ့
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ နှင့် ၆.၄ ရှိသည့် ငလျင်နှစ်ကြိမ်ကြောင့် လူပေါင်း ၁ ၂,၁၄၈ ကျော် သေဆုံးပြီး ၃,၈၉၂ကျော် ဒဏ်ရာရရှိခဲ့သည့်အချိန်တွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ဘေးဒုက္ခအကြီးမားဆုံးခံစားရသူများထံ ကျန်းမာရေးအရေးပေါ်တုံ့ပြန်မှုများ အပြည့်အဝ စတင်ဆောင်ရွက်လျက်ရှိသည်။
ငလျင်နှစ်ကြိမ် လှုပ်ခတ်ပြီး ၂၄ နာရီအတွင်း၊ WHO သည် ရန်ကုန်ရှိ အရေးပေါ်ပစ္စည်းသိုလှောင်ရုံမှ ဒဏ်ရာကုသရေးအတွက် ပစ္စည်းများ၊ ခွဲစိတ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အသုံးဝင်သည့် တဲများကို တန်ချိန် ၃ နီးပါးခန့် နေပြည်တော်နှင့် မန္တလေးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးရုံများတွင် ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာကို ကုသရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကြိုးပမ်းနေကြသည်။
သို့သော်၊ ဤသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုထက် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းတစ်ခု ဖြစ်နေသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းနှင့် COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာများကြောင့် ကြုံတွေ့နေရပြီးဖြစ်သော အလယ်ပိုင်းဒေသရှိ ကျေးရွာများသည် ယခုအခါ ပျက်စီးနေသော ကျန်းမာရေးစင်တာများ၊ အခြေခံအဆောက်အအုံများ ပြိုလဲမှုနှင့် ရောဂါဖြစ်ပွားမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်မှုများကို ရင်ဆိုင်နေရသည်။ ငလျင်သည် စစ်ဘေးဒုက္ခသည်များ များပြားပြီး အထိခိုက်လွယ်ဆုံးဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် အရှေ့ပိုင်း ရှမ်းပြည်နယ်တို့တွင် လှုပ်ခတ်ခဲ့သည်။ ထိုဒေသများတွင် ကျန်းမာရေးစနစ်များသည် ယခင်ကတည်းက အလွန်အားနည်းနေပြီး ဖြစ်သည်။ "မြန်မာနိုင်ငံသားများသည် မယုံနိုင်လောက်အောင် ခက်ခဲသည့် အခြေအနေများကို ကြုံတွေ့နေရသည်။ ဤငလျင်သည် ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အားနည်းသော ကျန်းမာရေးစနစ်နှင့် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းတို့နှင့် ရုန်းကန်နေရသော ကျေးရွာများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်" ဟု WHO မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါက်တာ သူရှာရ ဖာနန်ဒိုက ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့သည် လိုအပ်နေသော အကူအညီများကို အရေးပေါ်ပေးအပ်ရန် လုပ်ဆောင်နေပါသည်။" WHO သည် ဤအခြေအနေကို အဆင့် ၃ အရေးပေါ်အခြေအနေ (Grade 3 emergency) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၎င်း၏ အရေးပေါ်တုံ့ပြန်မှုများအတွက် အမြင့်ဆုံးအဆင့်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများကို စတင်ခဲ့သည်။ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပေးခဲ့ပြီး အခြားအမေရိကန်ဒေါ်လာ ၈ သန်းအတွက် အရေးပေါ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင်၊ WHO သည် ဒဏ်ရာကုသရေး၊ ရောဂါဖြစ်ပွားမှုများ ကာကွယ်ရေးနှင့် အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ရန် လုပ်ငန်းများကို ချဲ့ထွင်လုပ်ဆောင်လျက်ရှိသည်။
**အရေးပေါ်ဆေးရုံများ**
တုံ့ပြန်မှု၏ အဓိကအချက်မှာ အများပြည်သူဆေးရုံများ ဖြစ်သည်။ ၎င်းတို့ထဲမှ အများအပြားသည် ပျက်စီးနေသော်လည်း၊ မဖြစ်နိုင်သည့်အရာများကို ရင်ဆိုင်ကာ လုပ်ဆောင်နေကြသည်။ နေပြည်တော်ရှိ အိပ်ရာ ၁,၀၀၀ ဆန့်သော ဆေးရုံတစ်ခုသည် WHO ၏ အရေးပေါ်ပစ္စည်းများကို လက်ခံရရှိခဲ့ပြီး၊ မန္တလေးအထွေထွေဆေးရုံသည် နောက်ထပ် ပစ္စည်းများ ရောက်ရှိရန် ပြင်ဆင်လျက်ရှိသည်။ ထိုပစ္စည်းများတွင် ပြင်းထန်သော ဒဏ်ရာများကို ကုသရန် အရေးပေါ်ဒဏ်ရာကုသရေးပစ္စည်းများနှင့် လူနာများ များပြားလာမှုအတွက် နေရာချဲ့ထွင်ရန် တဲများ ပါဝင်သည်။
သို့သော်၊ လိုအပ်ချက်များမှာ အလွန်များပြားနေဆဲဖြစ်သည်။ မေ့ဆေးပစ္စည်းများ၊ သွေးသွင်းကုသရေးဆိုင်ရာပစ္စည်းများနှင့် စိတ်ကျန်းမာရေးအထောက်အပံ့များ လိုအပ်နေဆဲဖြစ်သည်။ သန့်ရှင်းသောရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြတ်တောက်နေခြင်းကြောင့်၊ ရောဂါဖြစ်ပွားမှုများ၊ အထူးသဖြင့် ကာလဝမ်းရောဂါနှင့် ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။
**အကျပ်အတည်းဒေသ**
ကနဦးအကဲဖြတ်မှုများအရ၊ ဆေးရုံ ၃ ခု လုံးဝပျက်စီးသွားပြီး ၂၂ ခု အချို့အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ ပျက်စီးနေသော လမ်းများနှင့် ကျိုးပျက်နေသော တံတားများကြောင့် ကျေးလက်ဒေသများသို့ သွားရောက်ရန် အလွန်ခက်ခဲနေသည်။ အဆိုးရွားဆုံး ထိခိုက်ခဲ့သော စစ်ကိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး မပြန်လည်ရရှိသေးဘဲ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေဆဲဖြစ်သည်။
ဤအခက်အခဲများကြားတွင်၊ WHO သည် ဒုတိယအသုတ်အဖြစ် အဖွဲ့အစည်းများအကြား အရေးပေါ်ကျန်းမာရေးပစ္စည်းများ (Inter-Agency Emergency Health Kits) ကို ပြင်ဆင်လျက်ရှိသည်။ ၎င်းတို့သည် လူ ၁၀,၀၀၀ အား သုံးလကြာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ WHO သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအဖွဲ့များ (Emergency Medical Teams - EMT) ကွန်ရက်ကို စတင်ခဲ့ပြီး၊ အဖွဲ့ ၂၆ ဖွဲ့သည် လာရောက်ရန် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
**ရှေ့လုပ်ငန်းစဉ်**
လာမည့် ၃၀ ရက်အတွင်း WHO ၏ အဓိကဦးစားပေးလုပ်ငန်းများမှာ:
- မိုဘိုင်းအဖွဲ့များနှင့် အရေးပေါ်အဖွဲ့များမှ ဒဏ်ရာနှင့် ခွဲစိတ်ကုသမှုများ ပေးအပ်ခြင်း၊
- ရောဂါဖြစ်ပွားမှုများ ကာကွယ်ရန် ရောဂါစောင့်ကြည့်ရေးစနစ်များ အားကောင်းလာစေခြင်း၊
- မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် နာတာရှည်ရောဂါများ ကုသရေးဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ခြင်း၊
- ဘေးဒုက္ခသည်များနှင့် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများအတွက် စိတ်ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း တို့ဖြစ်သည်။
သို့သော်၊ ဤလုပ်ငန်းများအားလုံးကို လုပ်ဆောင်နိုင်ရန် အချိန်နှင့် ငွေကြေးအရင်းအမြစ်များ အရေးကြီးသည်။
"ဤသည်မှာ အချိန်နှင့် ပြေးပြိုင်နေရသော လုပ်ငန်းတစ်ခုဖြစ်သည် — ယနေ့ အသက်များကို ကယ်တင်ရန်သာမက၊ နက်ဖြန်အတွက် ကျန်းမာရေးစနစ်များ ပြိုလဲမသွားစေရန် ကာကွယ်ရေးလည်း ဖြစ်သည်" ဟု ဒေါက်တာ ဖာနန်ဒိုက ပြောကြားခဲ့သည်။ ဖုန်မှုန့်များ အနည်ထိုင်သွားသည့်တိုင်၊ WHO ၏ ကတိကဝတ်မှာ မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ရန် — အကြပ်အတည်းအချိန်များတွင်သာမက၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိရေးအတွက်ပါ ဖြစ်သည်။
မီဒီယာမေးမြန်းလိုပါကDr. Thushara Fernando | WHO Representative to Myanmar | fernandot@who.int
Dr. Elena Vuolo | Deputy Head of WHO Country Office | vuoloe@who.int
Dr. Nilmini Nilangani Hemachandra| Acting Emergency Team Lead, WHO Myanmar | hemachandran@who.int
Seng Lat Aung| Communication Support Officer| Seng.aung@who.int
, filtered_html
ငလျင်နှစ်ကြိမ် လှုပ်ခတ်ပြီး ၂၄ နာရီအတွင်း၊ WHO သည် ရန်ကုန်ရှိ အရေးပေါ်ပစ္စည်းသိုလှောင်ရုံမှ ဒဏ်ရာကုသရေးအတွက် ပစ္စည်းများ၊ ခွဲစိတ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အသုံးဝင်သည့် တဲများကို တန်ချိန် ၃ နီးပါးခန့် နေပြည်တော်နှင့် မန္တလေးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးရုံများတွင် ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာကို ကုသရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကြိုးပမ်းနေကြသည်။
သို့သော်၊ ဤသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုထက် ပိုမိုနက်ရှိုင်းသော အကျပ်အတည်းတစ်ခု ဖြစ်နေသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းနှင့် COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာများကြောင့် ကြုံတွေ့နေရပြီးဖြစ်သော အလယ်ပိုင်းဒေသရှိ ကျေးရွာများသည် ယခုအခါ ပျက်စီးနေသော ကျန်းမာရေးစင်တာများ၊ အခြေခံအဆောက်အအုံများ ပြိုလဲမှုနှင့် ရောဂါဖြစ်ပွားမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်မှုများကို ရင်ဆိုင်နေရသည်။ ငလျင်သည် စစ်ဘေးဒုက္ခသည်များ များပြားပြီး အထိခိုက်လွယ်ဆုံးဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် အရှေ့ပိုင်း ရှမ်းပြည်နယ်တို့တွင် လှုပ်ခတ်ခဲ့သည်။ ထိုဒေသများတွင် ကျန်းမာရေးစနစ်များသည် ယခင်ကတည်းက အလွန်အားနည်းနေပြီး ဖြစ်သည်။ "မြန်မာနိုင်ငံသားများသည် မယုံနိုင်လောက်အောင် ခက်ခဲသည့် အခြေအနေများကို ကြုံတွေ့နေရသည်။ ဤငလျင်သည် ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အားနည်းသော ကျန်းမာရေးစနစ်နှင့် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းတို့နှင့် ရုန်းကန်နေရသော ကျေးရွာများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်" ဟု WHO မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါက်တာ သူရှာရ ဖာနန်ဒိုက ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့သည် လိုအပ်နေသော အကူအညီများကို အရေးပေါ်ပေးအပ်ရန် လုပ်ဆောင်နေပါသည်။" WHO သည် ဤအခြေအနေကို အဆင့် ၃ အရေးပေါ်အခြေအနေ (Grade 3 emergency) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၎င်း၏ အရေးပေါ်တုံ့ပြန်မှုများအတွက် အမြင့်ဆုံးအဆင့်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများကို စတင်ခဲ့သည်။ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပေးခဲ့ပြီး အခြားအမေရိကန်ဒေါ်လာ ၈ သန်းအတွက် အရေးပေါ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင်၊ WHO သည် ဒဏ်ရာကုသရေး၊ ရောဂါဖြစ်ပွားမှုများ ကာကွယ်ရေးနှင့် အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ရန် လုပ်ငန်းများကို ချဲ့ထွင်လုပ်ဆောင်လျက်ရှိသည်။
**အရေးပေါ်ဆေးရုံများ**
တုံ့ပြန်မှု၏ အဓိကအချက်မှာ အများပြည်သူဆေးရုံများ ဖြစ်သည်။ ၎င်းတို့ထဲမှ အများအပြားသည် ပျက်စီးနေသော်လည်း၊ မဖြစ်နိုင်သည့်အရာများကို ရင်ဆိုင်ကာ လုပ်ဆောင်နေကြသည်။ နေပြည်တော်ရှိ အိပ်ရာ ၁,၀၀၀ ဆန့်သော ဆေးရုံတစ်ခုသည် WHO ၏ အရေးပေါ်ပစ္စည်းများကို လက်ခံရရှိခဲ့ပြီး၊ မန္တလေးအထွေထွေဆေးရုံသည် နောက်ထပ် ပစ္စည်းများ ရောက်ရှိရန် ပြင်ဆင်လျက်ရှိသည်။ ထိုပစ္စည်းများတွင် ပြင်းထန်သော ဒဏ်ရာများကို ကုသရန် အရေးပေါ်ဒဏ်ရာကုသရေးပစ္စည်းများနှင့် လူနာများ များပြားလာမှုအတွက် နေရာချဲ့ထွင်ရန် တဲများ ပါဝင်သည်။
သို့သော်၊ လိုအပ်ချက်များမှာ အလွန်များပြားနေဆဲဖြစ်သည်။ မေ့ဆေးပစ္စည်းများ၊ သွေးသွင်းကုသရေးဆိုင်ရာပစ္စည်းများနှင့် စိတ်ကျန်းမာရေးအထောက်အပံ့များ လိုအပ်နေဆဲဖြစ်သည်။ သန့်ရှင်းသောရေ၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြတ်တောက်နေခြင်းကြောင့်၊ ရောဂါဖြစ်ပွားမှုများ၊ အထူးသဖြင့် ကာလဝမ်းရောဂါနှင့် ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။
**အကျပ်အတည်းဒေသ**
ကနဦးအကဲဖြတ်မှုများအရ၊ ဆေးရုံ ၃ ခု လုံးဝပျက်စီးသွားပြီး ၂၂ ခု အချို့အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ ပျက်စီးနေသော လမ်းများနှင့် ကျိုးပျက်နေသော တံတားများကြောင့် ကျေးလက်ဒေသများသို့ သွားရောက်ရန် အလွန်ခက်ခဲနေသည်။ အဆိုးရွားဆုံး ထိခိုက်ခဲ့သော စစ်ကိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး မပြန်လည်ရရှိသေးဘဲ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေဆဲဖြစ်သည်။
ဤအခက်အခဲများကြားတွင်၊ WHO သည် ဒုတိယအသုတ်အဖြစ် အဖွဲ့အစည်းများအကြား အရေးပေါ်ကျန်းမာရေးပစ္စည်းများ (Inter-Agency Emergency Health Kits) ကို ပြင်ဆင်လျက်ရှိသည်။ ၎င်းတို့သည် လူ ၁၀,၀၀၀ အား သုံးလကြာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ WHO သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအဖွဲ့များ (Emergency Medical Teams - EMT) ကွန်ရက်ကို စတင်ခဲ့ပြီး၊ အဖွဲ့ ၂၆ ဖွဲ့သည် လာရောက်ရန် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
**ရှေ့လုပ်ငန်းစဉ်**
လာမည့် ၃၀ ရက်အတွင်း WHO ၏ အဓိကဦးစားပေးလုပ်ငန်းများမှာ:
- မိုဘိုင်းအဖွဲ့များနှင့် အရေးပေါ်အဖွဲ့များမှ ဒဏ်ရာနှင့် ခွဲစိတ်ကုသမှုများ ပေးအပ်ခြင်း၊
- ရောဂါဖြစ်ပွားမှုများ ကာကွယ်ရန် ရောဂါစောင့်ကြည့်ရေးစနစ်များ အားကောင်းလာစေခြင်း၊
- မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် နာတာရှည်ရောဂါများ ကုသရေးဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ခြင်း၊
- ဘေးဒုက္ခသည်များနှင့် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများအတွက် စိတ်ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း တို့ဖြစ်သည်။
သို့သော်၊ ဤလုပ်ငန်းများအားလုံးကို လုပ်ဆောင်နိုင်ရန် အချိန်နှင့် ငွေကြေးအရင်းအမြစ်များ အရေးကြီးသည်။
"ဤသည်မှာ အချိန်နှင့် ပြေးပြိုင်နေရသော လုပ်ငန်းတစ်ခုဖြစ်သည် — ယနေ့ အသက်များကို ကယ်တင်ရန်သာမက၊ နက်ဖြန်အတွက် ကျန်းမာရေးစနစ်များ ပြိုလဲမသွားစေရန် ကာကွယ်ရေးလည်း ဖြစ်သည်" ဟု ဒေါက်တာ ဖာနန်ဒိုက ပြောကြားခဲ့သည်။ ဖုန်မှုန့်များ အနည်ထိုင်သွားသည့်တိုင်၊ WHO ၏ ကတိကဝတ်မှာ မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ရန် — အကြပ်အတည်းအချိန်များတွင်သာမက၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိရေးအတွက်ပါ ဖြစ်သည်။
မီဒီယာမေးမြန်းလိုပါကDr. Thushara Fernando | WHO Representative to Myanmar | fernandot@who.int
Dr. Elena Vuolo | Deputy Head of WHO Country Office | vuoloe@who.int
Dr. Nilmini Nilangani Hemachandra| Acting Emergency Team Lead, WHO Myanmar | hemachandran@who.int
Seng Lat Aung| Communication Support Officer| Seng.aung@who.int
, filtered_html
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၀၇ ရက်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် အချက် ခြောက် ချက်
မြန်မာနိုင်ငံတွင် ပြင်းထန်သော ပဋိပက္ခများဖြစ်ပွားလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်တွင် လေးနှစ်တိုင်အောင်ရှိလာခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းရေးအရိပ်အယောင်မှာ မှေးမှိန်နေပါသေးသည်။ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉.၉ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိပါသည်။ ၎င်းတွင် ကလေးငယ် ၆.၄ သန်း ပါဝင်ပြီး ဤပမာဏမှာ မြန်မာကလေးငယ်များ၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။ ဤကြီးမားသော လိုအပ်ချက်သည် ကလေးသူငယ်များနှင့် အရပ်သားများအပေါ် ပျက်စီးဆုံးရှုံးမှုများကို မီးမောင်းထိုးပြနေပြီး မျိုးဆက်တစ်ခုလုံး နောက်ကျကျန်နေခဲ့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း အချက်ပြနေပါသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် အရေးပါသည့် အချက်ခြောက်ချက်မှာ - ၁ ။ ပညာရေးအကျပ်အတည်း - အန္တရာယ်ကြုံတွေ့နေရသည့်မျိုးဆက်ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကြရပါသည်။ သင်ယူမှုအခွင့်အလမ်းများ လျော့နည်းလာခြင်းအပြင် ကလေးများသည် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် အခြားပြင်းထန်သောအခွင့်အရေးချိုးဖောက်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။ အကယ်၍ ၂၀၂၅ ခုနှစ်တွင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ၂။ ခြိမ်းခြောက်မှုအောက်ကျရောက်နေသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း - အချိန်နှင့်တပြေးညီယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲမြန်မာနိုင်ငံရှိ ကလေးငယ် ၁ သန်းကျော်သည် ရောဂါများမှ ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်တွင် "ကာကွယ်ဆေးလုံးဝမရရှိသေးသော" ကလေးများ အများဆုံးရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ပဋိပက္ခများ၊ ကိုဗစ်-၁၉ နှင့် ကျန်းမာရေးဝန်ထမ်းများ အစုလိုက်နှုတ်ထွက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး ကလေးငယ်များ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ ကလေးငယ်များမှာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခြင်း မရှိသောကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေကြရပါသည်။ ၂၀၂၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သော ကာကွယ်ဆေးများ ပြန်လည်ထိုးနှံတိုက်ကျွေးရေး အစီအစဉ်များတွင် တိုးတက်မှုအချို့ ရရှိခဲ့ပါသည်။ သို့သော်လည်း ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် ထိုတိုးတက်မှုများ ပြောင်းပြန်ဖြစ်လာနိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင်ပါ အစုလိုက်ရောဂါဖြစ်ပွားစေနိုင်ခြေ ပိုမိုများပြားလာစေနိုင်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ လုံခြုံစွာသွားလာနိုင်ရေးနှင့် အချိန်မီရန်ပုံငွေရရှိရေးသည် အရေးကြီးဆုံးဖြစ်လာပါသည်။ ၃။ အာဟာရချို့တဲ့မှုကို လျှော့ချခြင်း - အသံတိတ်အရေးပေါ်အခြေအနေလက်ရှိဖြစ်ပွားနေသောပဋိပက္ခများအပြင် အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းနှင့် ပြင်းထန်သော ရာသီဥတု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် အာဟာရဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ ယခုနှစ်တွင် ကလေးငယ် ၅ သိန်း ကျော်သည် ပြင်းထန်အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အရေးပေါ်ထောက်ပံ့မှုမရရှိသောကြောင့် အများအပြားမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာခြင်း တို့သည် တိုင်ဖွန်းယာဂီနှင့် နှစ်စဉ်မုတ်သုံရာသီရေကြီးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ပို၍ဆိုးရွားလာပြီး မိဘများသည် ၎င်းတို့၏ ကလေးများအတွက် လုံလောက်ပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဖြစ်နေပါသည်။ အာဟာရဆိုင်ရာ ပံ့ပိုးမှုများကို အမြန်ဆုံး မပြုလုပ်နိုင်ပါက ကလေးငယ်များ၏ ရေရှည်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးတို့မှာ မရေရာ မသေချာသော အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၄။ မြေမြှုပ်မိုင်း - ရက်စက်ကြမ်းကြုတ်သောပဋိပက္ခများ၏ သေစေနိုင်သော လက်ကျန်အမွေအနှစ်မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးမှု[1] အများဆုံးနိုင်ငံ ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁,၀၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါသည်။ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးသူငယ်များသည် အချိုးအစားမမျှတစွာ ထိခိုက်ခံစားနေရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းမှာပင် အနည်းဆုံး ကလေး ၂၅၀ ဦး သေဆုံးဒဏ်ရာရရှိခဲ့ရာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်ခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးတွင် မြေမြှုပ်မိုင်းများ ပျံ့နှံ့နေပြီး နေအိမ်များ၊ လယ်ကွင်းများနှင့် ကစားကွင်းများမှာ အန္တရာယ်ဇုန်များအဖြစ် ပြောင်းလဲနေပြီဖြစ်ပါသည်။ မိုင်းရှင်းလင်းရေးလုပ်ငန်းများ မရှိသေးသည့်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုသည် ကလေးများ၏ လုံခြုံရေး၊ ကလေးဘဝနှင့် အနာဂတ်ကို ဆုံးရှုံးစေပြီး ဘဝတစ်သက်စာ ဒဏ်ရာဒဏ်ချက်များ ကျန်နေရစ်စေမည်ဖြစ်သည်။ ထို့အပြင် မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးကို ခြိမ်းခြောက်နေပြီး မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများကို ပိုမိုကြီးထွားလာစေပါသည်။ ၅ ။ အကြပ်အတည်းအခက်အခဲများကြား ဖြစ်လာနိုင်ခြေရှိသော ရွေးကောက်ပွဲများ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်တွင် ကျင်းပနိုင်ခြေရှိသည့် ရွေးကောက်ပွဲများ မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တစ်ခုဖြစ်လာနိုင်ပါသည်။ သို့သော်လည်း နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပေါ်လာသော ပဋိပက္ခများ၊ လူပေါင်း ၃. ၅ သန်းကျော် စံချိန်တင်နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုများ၊ အစုအဖွဲ့အမျိုးမျိုး၏ အပြိုင်အဆိုင် နယ်မြေထိန်းချုပ်မှုများနှင့် သက်ဆိုင်သူများအကြား မတူညီသောအမြင်အမျိုးမျိုးသည် အလွန်ရှုပ်ထွေးပြီး မသေချာမရေရာသောပတ်ဝန်းကျင်ကို ဖန်တီးလျက်ရှိပါသည်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလအတွင်း သို့မဟုတ် ရွေးကောက်ပွဲအပြီး အငြင်းပွားမှုများသည် ပြင်းထန်နေပြီးဖြစ်သည့် ပဋိပက္ခကို ပိုမိုအရှိန်မြင့်စေနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကာ အရပ်သားပြည်သူများ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ၆။ အကြိမ်ကြိမ် ဖြစ်လေ့ရှိသည့် ရေကြီးရေလွှမ်းမိုးမှုများနှင့် မြင့်တက်လာသည့် ရောဂါဖြစ်ပွားမှုအန္တရာယ်များ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့် ၂၀၂၄ ခုနှစ်တွင် တိုင်ဖွန်းမုန်တိုင်းယာဂီအပါအဝင် အကြိမ်ကြိမ် ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုဘေးအန္တရာယ်များ၊ နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံရှိ ရေပေးဝေရေးစနစ်များ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး မိသားစုများ အထူးသဖြင့် နေရပ်စွန့်ခွာစခန်းများနှင့် ချို့တဲ့သော လူမှုအသိုင်းအဝိုင်းများသည် ညစ်ညမ်းသော ရေအရင်းအမြစ်များကို အားထားနေရပါသည်။ ဤအခြေအနေသည် ကာလဝမ်းရောဂါနှင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှာရောဂါကဲ့သို့သော ရေကြောင့်ဖြစ်ပွားသော ရောဂါများ ဖြစ်ပွားမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ကဲ့သို့သော လူထူထပ်သော ဒေသများနှင့် ရခိုင်ကဲ့သို့သော ဝေးလံခေါင်ဖျားသော ဒေသများတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည်။ပဋိပက္ခကာလအတွင်း အရေးပါသော ရေပေးဝေရေးစနစ်များနှင့် ရေတွင်းရေကန်များ ပိုမိုပျက်စီးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုမြင့်တက်ခြင်းနှင့် အရင်းအမြစ်များ ကုန်ခမ်းလာခြင်းတို့ကြောင့် မိသားစုများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများကို အသုံးပြုရန်လက်လှမ်းမမီကြတော့ပါ။ အထူးသဖြင့် လူဦးရေထူထပ်လွန်းသောနေရာများရှိ မိသားစုများသည် မသန့်ရှင်းသောရေနှင့် အားနည်းသည့်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကြောင့် မြင့်တက်လာသော အန္တရာယ်များကို ရင်ဆိုင်နေကြရပါသည်။ ရေပေးဝေရေးစနစ်များ ပြန်လည်ထူထောင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး တိုးတက်စေရန်နှင့် အသက်ကယ် တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရန် အရေးပေါ်လုပ်ဆောင်ခြင်းမရှိပါက စုပေါင်းသက်ရောက်မှုများသည် ရောဂါဖြစ်ပွားမှုများကို ဆက်လက်ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ချက်ချင်းနှင့်စဉ်ဆက်မပြတ် ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းမြန်မာနိုင်ငံသည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေသည့်နှစ်တွင် ကလေးများနှင့် အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်အခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေး၊ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် အကျပ်အတည်းသံသရာကို ရပ်တန့်နိုင်မည့် ရေရှည်ဖြေရှင်းချက်များကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ အန္တရာယ်များကို ပိုမိုခံစားရနိုင်သူများထံ အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေရန် လုံလောက်သော ရန်ပုံငွေများ အခက်အခဲမရှိ၊ အချိန်မီ ထောက်ပံ့နိုင်ရေးသည် အရေးကြီးပါသည်။ ထို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် လက်ရှိအခြေအနေမှ ထွက်ပေါက်ရှာနိုင်ရန် မြန်မာနိုင်ငံအား ကူညီရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေပါသည်။ မြန်မာနိုင်ငံ၏ အဆိုးဆုံးထိခိုက်ခံစားနေရသော ကလေးသူငယ်များနှင့် မိသားစုများ၏ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများရှိပါသည်။ သို့သော် ထိုသို့ဖြေရှင်းနိုင်သည့် အခွင့်အလမ်းများမှာ လျင်လျင်မြန်မြန် လျော့ပါးလာလျက်ရှိပါသည်။ ချက်ချင်းနှင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ မရှိပါက နောက်ဆက်တွဲ အကျိုးဆက်များသည် ယနေ့မြန်မာ့ကလေးငယ်များသာမက လာမည့်မျိုးဆက်များအထိ ဆိုးရွားစွာ သက်ရောက်သွားမည်ဖြစ်သည်။ [1] Landmine Monitor 2024: https://www.the-monitor.org/reports/landmine-monitor *ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။, filtered_html
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၀၅ ရက်။
ဒုတိယမြောက်အခွင့်အလမ်း
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆေးခန်းငယ်လေးတစ်ခုမှာ အသက် ၄၁ နှစ်အရွယ် ဒေါ်လိုင်တစ်ယောက် သူ့ကိုယ်ဝန်ပေါ်လက်လေးတင်ရင်း တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ "ရှင့်မှာ ရောဂါပိုးရှိနေပြီ" ဆိုတဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ် ကြားခဲ့ရတာဟာ အခုဆိုရင် လပိုင်းလောက်ရှိခဲ့ပါပြီ။“ဒီလိုအဖြစ်မျိုးကျွန်မမှာဖြစ်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှမထင်ခဲ့ဘူး” လို့ ဒေါ်လိုင်က ကိုယ်ဝန်အပ်စဉ်မှာ HIV ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့နေ့ကိုအမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိခဲ့ဖူးပေမယ့် အခုလိုမျိုး သူ့ကိုပါ ရောဂါကူးစက်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။“စသိသိချင်းမှာ ကျွန်မအိပ်လို့တောင်မရဘူး။ ကျွန်မတော်တော်ငိုခဲ့ရတယ်။ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်မိတယ်" လို့ ပြောပြပါတယ်။ "ကျွန်မအကြောက်ဆုံးကတော့ ကျွန်မကလေးတွေအတွက်ပါ - သူတို့လည်း ကူးသွားရင် ဘယ်လိုလုပ်မလဲ"။ ပြီးတော့ ဗိုက်ထဲကကလေးလေးရော ဘယ်လိုဖြစ်မလဲ။"ပံ့ပိုးမှုမှုနှင့် ခွန်အားကိုရှာဖွေခြင်းနောက်ပိုင်းမှာတော့ သူ့ကို မြစ်ကြီးနားမြို့က ပြည်သူ့ကျန်းမာရေး ဆေးပေးခန်းတစ်ခုကို လွှဲပို့ပေးခဲ့ပါတယ်။ ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးစောင့်ရှောက်မှုတင်မကဘဲ စိတ်ခွန်အားတွေပါ ပေးနိုင်ခဲ့တဲ့အတွက် ဒေါ်လိုင်တစ်ယောက် မျှော်လင့်ချက်တွေ ပြန်လည်ရရှိခဲ့ပါတယ်။ "ကျန်းမာရေးဝန်ထမ်းတွေက ကျွန်မကို အားလုံးရှင်းပြပေးတယ်။ ပြီးတော့ ဆေးသာမှန်မှန်သောက်မယ်ဆိုရင် ကလေးကို ဘာမှမထိခိုက်ဘဲ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာမယ်လို့ ကျွန်မကို သေသေချာချာ ပြောပြပေးခဲ့တယ်" လို့ ဆိုပါတယ်။ဒီဆေးပေးခန်းက မိခင်ကတစ်ဆင့် ကလေးအား ကူးစက်ခြင်းကို ကာကွယ်တားဆီးရေး (PMTCT) အစီအစဉ်ကတစ်ဆင့် သန္ဓေသားကို ကာကွယ်ပုံနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခဲ့သလို နောက်ထပ်စစ်ဆေးမှုတွေဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီနဲ့စီပိုးတို့ကိုလည်း စစ်ဆေးပေးခဲ့ပါတယ်။ ဒေါ်လိုင်မှာ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုး မရှိပါဘူး။ ဒေါ်လိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ရောဂါတွေ့ရှိပြီး တစ်လအကြာ နိုဝင်ဘာလအစောပိုင်းမှာစတင်ပြီး Antiretrovirla therapy (ART) ကို စသောက်ခဲ့ကြပါတယ်။ "စသောက်သောက်ချင်း ရက်ပိုင်းလောက်မှာတော့ လူက နုံးသလိုခံစားရတယ်။ အခုတော့ ပုံမှန်ဖြစ်သွားပါပြီ" လို့ သူက ဆိုပါတယ်။ ART ဆေးကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ကျန်းမာရေးဌာနတွေမှာ မိခင်ဖြစ်သူအတွက်ရော၊ ကလေးအတွက်ပါ လိုအပ်ရင် အခမဲ့ ရရှိနိုင်ပါတယ်။ရောဂါကိုလက်ခံနိုင်ဖို့အတွက် စတင်ခြင်းဒေါ်လိုင်ရဲ့ ခရီးက မလွယ်ကူခဲ့ပါဘူး။ "ကလေးအဆင်ပြေပါ့မလားလို့ ကျွန်မတောက်လျှောက် မေးနေမိတယ်။" "ကျွန်မဆေးကို နေ့တိုင်းအချိန်မှန်သောက်ရင် ကလေးကို မကူးနိုင်ဘူးလို့ သူတို့က သေချာပြောပြတယ်။ ဒါပေမဲ့ ကျွန်မဆေးသောက်တဲ့အခါတိုင်း ဆုတောင်းပြီးမှ သောက်နေတုန်းပဲ။" HIV ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ထဲက ကလေးကူးစက်မှာကို စိုးရိမ်တတ်ကြတာများတယ်လို့ မစန်က ရှင်းပြပါတယ်။ "မိခင်တော်တော်များများက ART ဆေးက မိခင်ကနေ ကလေးဆီ ရောဂါကူးစက်နိုင်မှုကို တားဆီးပေးနိုင်တယ်ဆိုတာကို အပြည့်အဝ မယုံကြည်ကြဘူး။ သူတို့က မေးခွန်းတွေအများကြီး မေးတတ်ကြသလို ယုံကြည်စိတ်ချရမှုလည်း လိုအပ်ကြတယ်။ ဒါကြောင့် ကျွန်မတို့က နှစ်သိမ့်ဆွေးနွေးဖို့နဲ့ ပညာပေးဖို့ကို အလေးပေးပြီးလုပ်ကြရတယ်။"ကလေးများနှင့် မိခင်များအတွက် ယူနီဆက်ရဲ့ ပံ့ပိုးမှုဒေါ်လိုင်လို အမျိုးသမီးတွေကို ပိုပြီးပံ့ပိုးကူညီနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ယူနီဆက်ရဲ့ ပံ့ပိုးမှုနဲ့ မြစ်ကြီးနားမြို့က ရပ်ရွာအခြေစိုက်အဖွဲ့အစည်းတွေက ဒေသခံလုပ်အားပေးတွေဟာ စစ်ဘေးရှောင်စခန်းတွေနဲ့ ရပ်ကွက်ကျေးရွာတွေက လူထုတွေဆီ သွားရောက်ပြီး HIV/AIDS နဲ့ မိခင်ကတစ်ဆင့် ကလေးထံ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရေး (PMTCT) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ "သူတို့ထဲက အများစုက ဒီလိုဆွေးနွေးပွဲတွေ များများလုပ်စေချင်တယ်လို့ ပြောကြတယ်" လို့ မစန်ကပြောပြပါတယ်။အသိပညာပေးဆွေးနွေးပွဲတွေပြီးနောက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်အပ်ချိန်မှာ ပြုလုပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ရောဂါပိုးရှိမရှိစစ်ဆေးကြည့်ဖို့ တိုက်တွန်းထားပါတယ်။ "ဒါက ပညာပေးရုံသက်သက်မကပါဘူး"။ "စောင့်ရှောက်မှုရဖို့ သူတို့ဘယ်ကိုသွားရမယ်၊ မိခင်ရော ကလေး ကျန်းမာရေးအတွက်ပါ နောက်အဆင့်တွေ ဘာဆက်လုပ်ရမယ်ဆိုတာ သူတို့သိအောင် ကျွန်မတို့ကြိုးစားရပါတယ်" လို့ မစန်က ပြောပြပါတယ်။ယူနီဆက်က ဒေါ်လိုင်လို မိခင်တွေ ဆေးခန်းရက်ချိန်းပြဖို့နဲ့ ဆေးထုတ်ဖို့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ အဆင်ပြေပြေသွားနိုင်ဖို့အတွက် ခရီးစရိတ်ကိုလည်း ပံ့ပိုးပေးထားပါတယ်။မျှော်လင့်ချက်တွေနဲ့ရှေ့ဆက်ဒေါ်လိုင်တစ်ယောက် အစပိုင်းမှာ ထိတ်လန့်ခဲ့ပေမယ့်လည်း ဆေးကိုပုံမှန်သောက်မယ်၊ ကလေးကို ဆက်ပြီးကျန်းမာအောင်ထားမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ "ကျွန်မ ဆေးကို နေ့တိုင်း ည ၇ နာရီ မပျက်မကွက်သောက်တယ်" လို့ သူကပြောပါတယ်။ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ ဆေးခန်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို မျှော်လင့်ချက်အသစ်၊ ရည်မှန်းချက်အသစ်တွေ ရရှိစေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာလည်း မူးယစ်ဆေးသုံးစွဲမှုကို ရပ်လိုက်ပြီး နေ့တိုင်း ဆေးပုံမှန်သောက်ပါတယ်။ဒေါ်လိုင်တစ်ယောက် သူ့ရဲ့ တတိယမြောက်ကလေးကို မွေးဖွားဖို့ပြင်ဆင်နေချိန်မှာ ဒေသန္တရကျန်းမာရေးဌာနတွေကတစ်ဆင့်ပေးတဲ့ PMTCT လို ယူနီဆက်က ပံ့ပိုးပေးထားတဲ့ အစီအစဉ်တွေရဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုကြောင့် ဆက်ပြီးမျှော်လင့်ချက်တွေ ပြည့်ဝလာခဲ့ရပါတယ်။ “ကျွန်မမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားနေရတဲ့အချိန်မှာ ဒီဆေးခန်းကြောင့် ကျွန်မ မျှော်လင့်ချက်တွေ ပြန်ပြည့်ဝလာခဲ့ရတယ်။ သူတို့က ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြောပြတယ်။ အဲဒီစကားက ကျွန်မကြားဖို့လိုအပ်နေခဲ့တဲ့ အရေးကြီးဆုံးစကားပဲ။"ဒေါ်လိုင်ရဲ့ စိတ်ပျက်အားငယ်မှုမှသည် မျှော်လင့်ချက်ဆီသို့ ခရီးစဉ်က HIV ရောဂါအတွက် စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုတွေကို လက်လှမ်းမီရရှိခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြသပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖြစ်ရပ်က တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုမဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းက ချို့တဲ့ပြီး ပဋိပက္ခဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေက အလားတူအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အခြားအခြားသော မိခင်တွေအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ခဲ့ပါတယ်။, filtered_html
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
AI နည်းပညာသုံး ကျူးလွန်သည့် ရာဇဝတ်မှုများ တိုးမြင့်လာခြင်း - အရှေ့တောင်အာရှ၏ ကြီးထွားလာနေသည့် ခြိမ်းခြောက်မှု
ရန်ကုန် (မြန်မာ)– ကျွန်ုပ်တို့သည် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့ (TOC) အထိမ်းအမှတ်အားကျင်းပနေစဥ်တစ်ပြိုင်နက်တည်းတွင် လျင်မြန်စွာ ပြောင်းလဲနေသော ခြိမ်းခြောက်မှုများနှင့် ရာဇဝတ်မှုများမှာ အရှေ့တောင်အာရှတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို စိန်ခေါ်လျက်ရှိနေသည်။ ခေတ်မီနည်းပညာများကို အသုံးချ၍ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်များ ထွန်းကားလာခြင်းနှင့်အတူ ရာဇ၀တ်မှုများသည် ပိုမိုအန္တရာယ်များသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ရာဇ၀တ်ဂိုဏ်းများသည် သမရိုးကျနည်းလမ်းများအပြင် ယခင်က မထင်မှတ်ထားနိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ လက်လှမ်းမီမှုနှင့် ခေတ်မီဆန်းသစ်မှုတို့ကို ချဲ့ထွင်ကာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စွမ်းဆောင်လာကြသည်။စိုးရိမ်ဖွယ်ရာအခြေအနေများထဲမှတစ်ခုမှာ generative artificial intelligence (AI) နှင့် deepfake နည်းပညာများအား တရားမ၀င် ကာစီနိုလောင်းကစားရုံများ၊ ဆိုက်ဘာလိမ်လည်မှုနှင့် လူကုန်ကူးခြင်း အပါအဝင် အတင်းအကျပ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားလုပ်ခြင်း ဖြစ်သည်။ AI ကို အလွဲသုံးစားလုပ်ခြင်းဖြင့် ရာဇ၀တ်ကောင်များသည် အထောက်အထားအတုများ၊ စာရွက်စာတမ်းများနှင့် လိမ်လည်မှုများကောင်းမွန်စွာပြုလုပ်နိုင်ပြီး သားကောင်များကို လှည့်ဖြားလေ့ရှိပါသည်။ ထိုသို့သောလုပ်ဆောင်မှုများကြောင့် ရာဇ၀တ်မှုကြူးလွန်သူများသည် ၎င်းတ်ု့၏ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်နှင့် တွင်တွင်ကြယ်ကြယ် လုပ်ဆောင်လာနိုင်ကြသည်။ဤရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ၏ သက်ရောက်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သည်။ UNODC ၏ မကြာသေးမီက အစီရင်ခံစာအရ 2023 ခုနှစ်တွင် အရှေ့နှင့် အရှေ့တောင်အာရှတွင် သားကောင်များကို ပစ်မှတ်ထားသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများသည် ဒေါ်လာ 18 ဘီလီယံနှင့် ဒေါ်လာ ၃၇ ဘီလီယံကြား ငွေကြေးဆုံးရှုံးမှုအတွက် တာဝန်ရှိခဲ့သည်ဟု သိရသည်။ရာဇ၀တ်မှုကျူးလွန်သူများသည် ငွေကြေးခဝါချမှုနှင့် မြေအောက်ဘဏ်လုပ်ငန်းမှတစ်ဆင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများမှ ရရှိလာသော တရားမဝင်ငွေကြေးများမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်သို့ ချောမွေ့စွာ ပေါင်းစပ်လာနိုင်ကြသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ဤကဲ့သို့သောပြဿနာမှာ လူမှုအသိုင်းအဝိုင်းအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးမျှသာမဟုတ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုလိုအပ်လျှက်ရှိနေသော ဒေသတွင်း လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအတွက် တိုက်ရိုက်စိန်ခေါ်မှု ဖြစ်နေပါသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများသည် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းအတွက် ဗဟိုချက်ဖြစ်လာခဲ့သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှုများကို စီရင်ရန်အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားသို့ လူပေါင်း နှစ်သိန်းကျော် လူကုန်ကူးခံရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားသည်။ ဤကဲ့သို့သော AI အား နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာခြင်းများသည် ကမ္ဘာလုံးဆိုင်ရာအရေးတကြီး တုံ့ပြန်မှု လိုအပ်သည့် အခြေအနေအပြောင်းအရွှေ့တစ်ရပ်ကို ကိုယ်စားပြုနေသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးတကြီး ပြန်လည်သုံးသပ်ခြင်းတွင် UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် တောင်းဆိုသည့် အပြည်ပြည်ဆိုင်ရာနေ့အထိမ်းအမှတ် TOC တွင် သူမ၏သဝဏ်လွှာတွင် ပြောကြားခဲ့သည်။အဆိုပါကိစ္စများအားတုံ့ပြန်သည့်အနေဖြင့် UNODC ၏ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့တွင် (TOC) UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly ကဤသို့ ပြောကြားခဲ့သည်။“ရာဇ၀တ်မှုဆိုင်ရာ စိန်ခေါ်မှုတွေက ကြီးထွားလာပေမယ့် ဒီခြိမ်းခြောက်မှုတွေကို့တုံ့ပြန်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေလည်း ပိုမိုရှင်သန်လာနေတာကို တွေ့မြင်ကြရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ မြောက်ပိုင်းနှင့် တောင်ဘက်ရှိ အစိုးရများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများ၊ လူငယ်လူရွယ်များဟာ အတူတကွလက်တွဲပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့ဟာ ဒီရာဇ၀တ်မှုတွေကိုတွန်းလှန်နိုင်မှာဖြစ်ပြီးတော့၊ ဘေးကင်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးသာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ဟာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”ယခုနှစ် အပြည်ပြည်ဆိုင်ရာ TOC နေ့သည် ရာဇ၀တ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများအကြောင်း အသိပညာပေးခြင်း၊ အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တောင်းဆိုနေပါသည်။AIနည်းပညာ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ရာဇ၀တ်မှု၏ မူလဇစ်မြစ်ကိုကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသော တုံ့ပြန်မှုများအားကောင်းလာစေရန်၊ မူဝါဒများနှင့်၊ အသိပညာမျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ရန် ယခုအခါ အလွန်အရေးကြီးပါသည်။ တစ်ချိန်တည်းမှာပင်၊ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ ဆန်းသစ်သောဖြေရှင်းနည်းများအနေနှင့်သော်၎င်း၊ စိန်ခေါ်မှုတစ်ခုအဖြစ်သော်၎င်း၊ နည်းပညာ၏ ဤအခန်းကဏ္ဍနှစ်ခုကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှေ့သို့တွေးခေါ်နည်းဗျူဟာများနှင့် စည်းလုံးညီညွတ်သောချဉ်းကပ်မှုဖြင့်သာ ကျွန်ုပ်တို့သည် ပိုမိုဘေးကင်းပြီး ပိုမိုခံနိုင်ရည်ရှိသောကမ္ဘာကို တည်ဆောက်နိုင်မည်ဖြစ်သည်။ပိုမိုသိရှိလိုပါက unodc-myanmarfieldoffice@un.org သို့ ဆက်သွယ်ပါ။အရှေ့တောင်အာရှတွင်းဖြစ်ပွားသည့် ရာဇဝတ်မှုများအပေါ် သက်ရောက်မှုကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။UNODC ၏ ဆောင်ရွက်မှုများကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။, filtered_html
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။
မိဘများအတွက် ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အခါ ဘေးကင်းစွာနေထိုင်နိုင်ရေး သိကောင်းစရာအချက်များ
ရေကြီးရေလျှံမှု ကြုံတွေ့ရခြင်းက လူတိုင်းအတွက် ခက်ခဲပြီး ပျက်စီးမှုများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေအတွက် ပိုပြီးခက်ခဲပါတယ်။ အကယ်၍ မိမိက ရေကြီးရေလျှံမှုအန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်ပါက မိမိနဲ့မိမိရဲ့မိသားစု ဘေးကင်းလုံခြုံစေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို လိုက်နာပါ။ရေကြီးရေလျှံမှုအကြောင်း အချက်အလက်များရေကြီးတယ်ဆိုတာ ဘာလဲရေကြီးတယ်ဆိုတာ အများအားဖြင့် ခြောက်သွေ့နေတတ်တဲ့ မြေပေါ်ကို ရေတွေလျှံကျစီးဆင်းလာတာ ဖြစ်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း တဖြည်းဖြည်းနဲ့ ရေလွှမ်းမိုးပြီး ရေကြီးတာမျိုးရှိသလို ရုတ်တရက် သတိမပေးဘဲ ချက်ချင်း ရေကြီးလာတာမျိုးလည်း ရှိပါတယ်။ မြစ်ရေလျှံမှုဆိုတာက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ဖြစ်ဖြစ်၊ နှင်းခဲတွေအရည်ပျော်လာတာကြောင့်ဖြစ်ဖြစ် ဖြစ်ပွားတတ်ပါတယ်။ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေကတော့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေနဲ့ ဆက်စပ်နေတဲ့ မုန်တိုင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဘာတွေက ရေကြီးရေလျှံမှုကို ဖြစ်စေတာလဲမိုးရွာသွန်းမှု များပြားလွန်းတဲ့အခါနဲ့ ဆည်တမံတွေ ကျိုးတဲ့အခါ ရေကြီးမှု ဖြစ်နိုင်ပါတယ်။ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း ရေကြီးတာနဲ့ပတ်သက်ပြီး မိသားစုနဲ့ စကားပြောပါရေကြီးတဲ့အကြောင်းနဲ့ ရေကြီးရတဲ့အကြောင်းရင်းတွေကို မိသားစုနဲ့ ဆွေးနွေးပါ။မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအစီအစဉ်ကို လေ့ကျင့်ပါရေကြီးတဲ့အခါ ဘေးကင်းလုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းဖို့ စိတ်ချရတဲ့လမ်းကြောင်းကို မိသားစုနဲ့အတူ တိုင်ပင်ပြီး ရှာဖွေထားပါ။ လူကွဲသွားခဲ့တဲ့အခါ ဆုံရမယ့်နေရာတစ်ခုကို ကြိုပြီး သတ်မှတ်ထားပါ။ ကိုယ့်နေရာကနေ ရွှေ့ပြောင်းဖို့လိုလာတဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ ပြတ်တောက်ပြီး မရရှိတော့တဲ့အခါပဲဖြစ်ဖြစ် ရက်အတန်ကြာ လိုလိုမယ်မယ် အသုံးပြုနိုင်အောင် ကြာရှည်ခံတဲ့အစားအစာ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီး၊ ဓာတ်ခဲနဲ့ ရေအပါအဝင် အရေးပေါ်ပစ္စည်းအိတ်တစ်ခု ပြင်ထားပါ။ ရေကြီးတဲ့အခါ သင့်ကလေးကျောင်းကို စုံစမ်းပြီး ကျောင်းက ဘယ်လိုစီစဉ်ထားလဲ သိအောင်လေ့လာပါ။ မိမိအန္တရာယ်ကို သိထားပါကိုယ့်ဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ ရေကြီးမှုအမျိုးအစားအကြောင်း လေ့လာပြီး ရေကြီးမှုဖြစ်လာတဲ့အခါ အကူအညီရယူနိုင်ဖို့ မိမိရဲ့ ဒေသခံ အရေးပေါ် အဆက်အသွယ်တွေကို သိအောင်လုပ်ထားပါ။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေရှိကြောင်း ကြိုတင်ခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ပါ။ ဒေသခံ သတိပေးစနစ်တွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက သတိပေးတယ်၊ ဘယ်လိုထုတ်လွှင့်အသိပေးတယ်၊ အချိန်ဘယ်လောက်ကြိုတင်ပြီး သတိပေးတယ်ဆိုတာတွေကို သေချာလေ့လာပြီး သိအောင်လုပ်ထားပါ။ ကိုယ့်အိမ်ရဲ့ အန္တရာယ်ရှိနိုင်တဲ့အနေအထားကို သိထားဖို့လည်း အရေးကြီးပါတယ်။ကလေးတွေကို ရေကူးတတ်အောင်သင်ပေးပါရေကြီးရေလျှံမှုတွေအတွင်း သေဆုံးမှု အများစုဟာ ရေနစ်သေဆုံးမှုကြောင့် ဖြစ်ပါတယ်။ ကလေးတွေကို ရေကူးတတ်အောင် သင်ကြားပေးခြင်းက အရေးပေါ်အခြေအနေတွေမှာ သူတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ စာရွက်စာတမ်းတွေကိုလုံခြုံအောင်ထားပါအပျက်အစီးအနည်းဆုံးဖြစ်အောင် မှတ်ပုံတင်ကတ်လို အရေးကြီး စာရွက်စာတမ်းတွေကို အမြင့်နေရာမှာ သိမ်းပါ ဒါမှမဟုတ် ရေမစိုနိုင်တဲ့နေရာတစ်ခုခု (ဥပမာ အလုံပိတ်ပလစ်စတစ်အိတ်) ထဲ ထည့်သိမ်းထားပါ။ရေကြီးနေချိန်အတွင်း ဘာလုပ်ရမလဲ ဒေသဆိုင်ရာအာဏာပိုင်တွေ ပြောတာကိုနားထောင်ပါနောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို ဒေသခံ သတင်းတွေ၊ ရေဒီယိုတွေကနေ အမြဲနားထောင်ပါ။ မိမိကို ထွက်ခွာဖို့ပြောတဲ့အခါ အရေးပေါ်ပစ္စည်းအိတ်နဲ့ မှတ်ပုံတင် စာရွက်စာတမ်းတွေကို ယူပြီး ချက်ချင်းထွက်ခွာပါ။ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက အတားအဆီးတွေ ချထားတဲ့အခါ ဖြတ်ဖို့မကြိုးစားပါနဲ့ ။ ဒီအတားအဆီးတွေက လူတွေကို အန္တရာယ်ရှိတဲ့နေရာတွေအနီးမှာ ဘေးအန္တရာယ်ကင်းကင်းသွားနိုင်ဖို့ ချထားတာဖြစ်ပါတယ်။ သင့်အိမ်ကိုလုံခြုံအောင်လုပ်ပါအသုံးအဆောင်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားပါ၊ လျှပ်စစ်မီး၊ ဂက်စ်မီးဖိုတွေနဲ့ ထိန်းသိမ်းဖို့လိုတဲ့ အရေးကြီးပစ္စည်းတွေကို ပိတ်ထားပါ။မြေမြင့်ရာနေရာကို သွားပါတန့်နေတဲ့၊ စီးနေတဲ့ ဒါမှမဟုတ် မြင့်တက်လာတဲ့ရေကို ရှောင်ဖို့ ပိုမြင့်တဲ့နေရာကို သွားပါ။ အမြန်နှုန်းနဲ့တက်လာတဲ့ရေထဲ လမ်းမလျှောက်ပါနဲ့၊ ရေမကူးပါနဲ့၊ ကားဖြတ်မမောင်းပါနဲ့။ ရေစီးမြန်နေတဲ့အချိန်မှာ ရေတိမ်ပိုင်း၊ ရေပိုလွှဲပေါက်၊ တံတား၊ မြေအောက်ပိုက်လိုင်း ဒါမှမဟုတ် လမ်းမကြီးတွေကို ဖြတ်ကူးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရေကြီးနေတဲ့ နေရာမှာ ပြောင်းရွှေ့ရမယ်ဆိုရင် အသက်ကယ်အင်္ကျီ ဒါမှမဟုတ် တခြား ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေကို အသုံးပြုရပါမယ်။ ကားထဲမှာ ရေတွေပြည့်လာရင် အမိုးပေါ်ကိုတက်ပါ။ အဆောက်အအုံထဲမှာ ပိတ်မိနေရင် အမြင့်ဆုံးအဆင့်ကို တက်ပြီး လိုအပ်မှသာ အိမ်ခေါင်မိုးပေါ်ကို တက်ပါ။ တက်လာတဲ့ရေတွေကြောင့် ပိတ်မိနိုင်တဲ့အတွက် သင့်အိမ်ရဲ့ အမြင့်ဆုံးမှာရှိတဲ့ အပိတ်နေရာတစ်ခု ဥပမာ အပေါ်ထပ်ထပ်ခိုးလိုနေရာမျိုးမှာ မနေပါနဲ့။ ကလေးတွေကို တက်လာနေတဲ့ ဒါမှမဟုတ် ငြိမ်နေတဲ့ ရေထဲသွားခွင့်မပြုပါနဲ့ရေကြီးတဲ့အခါ တက်လာတဲ့ရေတွေက ထင်ရတာထက် ပိုနက်ပြီး ရေစီးပိုမြန်တဲ့အတွက် မတော်တဆဖြစ်ဖို့ လွယ်ကူတာကြောင့် ကလေးတွေကို ရေလွှမ်းမိုးနေတဲ့နေရာတွေ ဒါမှမဟုတ် ရေစီးဆင်းနေတဲ့နေရာတွေကို ဖြတ်ပြီး ကစားတာ၊ ရေကူးတာမျိုး မလုပ်ဖို့ အနီးကပ် စောင့်ကြည့်ပြီး သတိပေးပါ။ ချစ်ရသူတွေကို အသိပေးပါသင် ဘေးကင်းပြီး ဆက်သွယ်နိုင်တဲ့နေရာတစ်ခုခုကို ရောက်တာနဲ့ ကိုယ့်ရဲ့တခြားမိသားစုဝင်တွေ၊ ကိုယ်နဲ့ရင်းနှီးသူတွေကို အသိပေးပါ။ရေကြီးပြီးနောက်ပိုင်း ဘာလုပ်ရမလဲ နောက်ဆုံးရသတင်းတွေကို နားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေဆီက နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပြီး ဘေးကင်းကြောင်း ကြေညာပြီးမှသာ မိမိတို့အိမ်ကိုပြန်ပါ။မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါရေလွှမ်းမိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းတဲ့ရေတွေဟာ မိမိနဲ့မိသားစုတွေကို ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါလို ရေကြောင့်ဖြစ်တဲ့ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေတွေက ညစ်ညမ်းပြီး ရောဂါပိုးမွှားတွေ ပါနိုင်တဲ့အတွက် ကလေးတွေကို တတ်နိုင်သမျှ ရေနဲ့ဝေးရာမှာ ထားပါ။ ကလေးက ရေကြီးနေတဲ့ရေတွေနဲ့ ထိတွေ့မိခဲ့ရင် တတ်နိုင်သမျှ အမြန်ဆုံးရေချိုးပေးပြီး လက်တွေကို မကြာခဏဆေးခိုင်းပါ။ မိမိနဲ့ မိမိရဲ့ မိသားစုဝင်တစ်ဦးဦး နေမကောင်းဖြစ်ပါက အဆင်ပြေတာနဲ့အမြန်ဆုံး ဆရာဝန်နဲ့ပြပါ။ အစားအစာနှင့်ရေကို လုံခြုံအောင်ထားပါအစားအစာနဲ့ ရေညစ်ညမ်းမှုမဖြစ်အောင် ဖုံးအုပ်ထားပြီး သန့်စင်ထားခြင်းမရှိတဲ့ ရေထွက်ပင်ရင်းက ခပ်ထားတဲ့ ရေကို အသုံးမပြုခင် အနည်းဆုံး သုံးမိနစ်ခန့် ကြိုချက်ပါ။ အစားအစာတွေကို ချက်ပြုတ်ဖို့နဲ့ အိုးခွက် ပန်းကန်တွေနဲ့ အစာစားရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆေးကြောဖို့ ကျိုချက်ထားတဲ့ရေကို အသုံးပြုပါ။ ညစ်ညမ်းတဲ့ရေကို မသောက်ပါနဲ့၊ ရေစိုနေတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားပါနဲ့။ ဘေးကင်းလုံခြုံစွာ သန့်ရှင်းရေးလုပ်ပါသန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ရာဘာလက်အိတ်နဲ့ ဘွတ်ဖိနပ်အပါအဝင် အကာအကွယ်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုပါ။ အိမ်ထဲကနေ ရေစုပ်ထုတ်မယ်ဆိုရင် သတိထားပါ။ ဖြည်းဖြည်းချင်းစုပ်ထုတ်ပြီး အပျက်အစီးအစအနတွေနဲ့ လျှပ်စစ်ဝါယာကြိုးလို အန္တရာယ်ရှိတာတွေကို သတိထားကြည့်ပါ။ ဖြစ်နိုင်ရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခြောက်နိုင်သလောက် မြန်မြန်ခြောက်အောင်လုပ်ပါ။ စိုစွတ်တဲ့နေရာတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ခြောက်အောင်လုပ်လို့မရနိုင်တော့တဲ့၊ ပြင်လို့မရနိုင်တော့တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပါ။ သန့်ရှင်းရေးလုပ်တဲ့အခါ တတ်နိုင်သမျှ ကလေးတွေကို မပါခိုင်းပါနဲ့။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ပြန်မလာခင်မှာ ကစားစရာတွေ၊ အဝတ်အစားတွေနဲ့ နေထိုင်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ထားသင့်ပါတယ်။ ရေကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကို စွန့်ပစ်သင့်ပါတယ်။ ရေကြီးပြီးနောက် ကလေးတွေကို အားပေးနှစ်သိမ့်ပါ ပွင့်ပွင့်လင်းလင်း စကားစပြောပါကလေးတွေကို ရေကြီးမှုကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။စိတ်အေးအောင်အားပေးပါရေကြီးတာနဲ့ နောက်ဆက်တွဲပြဿနာတွေက အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း သိအောင်ပြောပြပါ။ ရေကြီးတယ်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ကလေးတွေကို အချိန်ပေးပြီး ကြင်နာဖေးမပါ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို စောင့်ကြည့်ပါကလေးအတော်များများက ကပ်ဘေးတစ်ခုဖြစ်ပြီးနောက်ဖြစ်စေ၊ တစ်လလောက်အကြာမှာဖြစ်စေ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အောင် လုပ်တာလို လက္ခဏာတွေ ခံစားလာရရင် မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေကို အတူတူလေ့ကျင့်ပါဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ ကိုယ့်ရဲ့ နည်းနည်းကြီးတဲ့ ကလေးငယ်တွေနဲ့အတူတူ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။လုပ်ရိုးလုပ်စဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါတော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ရေဘေးမတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။, filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဧပြီလ ၀၁ ရက်။
မီဒီယာများအား အသိပေးခြင်း - မြန်မာနိုင်ငံဆိုင်ရာ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့သည် ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ယခင်ကတည်းက ဆိုးရွားနေပြီးဖြစ်သည့် အခြေအနေများပိုမိုဆိုးရွားလာသည့် မြန်မာပြည်သူပြည်သားများနှင့်အတူ တသားတည်းရပ်တည်လျက်ရှိပါသည်။ သူမသည် ငလျင်ဒဏ်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများ၏ ဆင်းရဲဒုက္ခများအတွက် များစွာ ဝမ်းနည်းကြေကွဲရပါသည်။ ပျက်စီးဆုံးရှုံးမှုများ ကြီးမားပြင်းထန်သောကြောင့် များစွာသော ငလျင်ဘေးသင့်ခဲ့သူများထံ ယခုထိ ကူညီထောက်ပံ့မှုများ မရောက်ရှိဆဲဖြစ်ပါသည်။ ငလျင်သည် မြန်မာပြည်သူပြည်သားများ ကြုံတွေ့နေရသည့် ပိုမိုနက်ရှိုင်းသည့် အားနည်းချက်များကို ပေါ်လွင်စေပြီး၊ ပိုမိုကျယ်ပြန့်လာသည့် အကျပ်အတည်းကို နိုင်ငံတကာမှ ဆက်လက် အာရုံစိုက်ရန် လိုအပ်ကြောင်း ထင်ရှားစေခဲ့ပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအတွက် အဖက်ဖက်မှ အရေးတကြီး လမ်းဖွင့်ပေးရမည်ဖြစ်ပြီး၊ အကူအညီပေးရေး လုပ်သားများ ဘေးကင်းလုံခြုံစွာ လှုပ်ရှားဆောင်ရွက်နိုင်စေရပါမည်။ သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဒေသများမှာ စစ်ရေးလုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် နောက်ထပ် အသက်ဆုံးရှုံးမှုများ ရှိလာနိုင်သည့်အပြင် တုံ့ပြန်ဆောင်ရွက်ရေးများ လုပ်ဖို့ အရေးပါသည့် ပူးတွဲတာဝန်ကိုပါ ထိခိုက်စေနိုင်ပါသည်။အထူးကိုယ်စားလှယ်အနေဖြင့် အကြမ်းဖက်မှု မည်သည့်ပုံစံကိုမဆို ရှုတ်ချပြီး၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် စစ်မက်ပြုခြင်းများကို ချက်ချင်း ရပ်တန့်ရန်နှင့် အကူအညီပေးရေးလုပ်သားများအပါအဝင် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အသက်ကယ်အကူအညီများပေးပို့ရေးတို့တွင်သာ ၎င်းတို့၏ အားထုတ်မှုများကို အာရုံစိုက်ပေးရန် တောင်းဆိုပါသည်။မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံသည့် အထူးကိုယ်စားလှယ်၏ခရီးစဉ်သည် အိန္ဒိယနိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် ဒေသတွင်း စိုးရိမ်ပူပန်မှုများကို ဆွေးနွေးဖလှယ်ခဲ့သည့်အပြင် ဝင်ရောက်သွားလာခွင့်နှင့် အကူအညီများ ပံ့ပိုးနိုင်ရန် ပိုမိုကောင်းမွန်သည့် ညှိနှိုင်းဆောင်ရွက်မှုအတွက် အလားအလာများကို အလေးပေးဆွေးနွေးခဲ့သည်။အထူးကိုယ်စားလှယ်သည် ငလျင်၏ အကျိုးဆက်များနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ပိုမိုကျယ်ပြန့်လာနေသည့် ဒေသတွင်း သက်ရောက်မှုများအတွက် သဟဇာတရှိပြီး အားလုံးပါဝင်သော အခြေခံမူများနှင့်အညီ တုံ့ပြန်ဆောင်ရွက်မှုများကို ထောက်ခံအားပေးဖို့အတွက် မကြာမီ ဒေသတွင်းသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ပါသည်။ သူမသည် အာဆီယံအထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။အထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တို့၏ ပံ့ပိုးမှုဖြင့် အိမ်နီးချင်းနိုင်ငံများ၊ တခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးတို့နှင့် ဆက်လက်၍ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေ ပါသည်။မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ၏ ယန္တရားများအပါအဝင် နိုင်ငံများစွာတို့မှ ချက်ချင်း ပံ့ပိုးကူညီမှုများ ပေးခဲ့ပါသည်။ အထူးကိုယ်စားလှယ်အနေနဲ့လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြား အလှူရှင်များထံသို့ တုံ့ပြန်ဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သလို အသုံးပြုနိုင်သည့် ရန်ပုံငွေများ အလျင်အမြန် ထောက်ပံ့ပေးရန် တောင်းဆိုထားပါသည်။နယ်မြေဒေသဆိုင်ရာ ထိန်းချုပ်မှုမရှိဘဲ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းများနှင့်အညီ ရရှိနိုင်သည့် လမ်းကြောင်းများနှင့် ပါဝင်ပတ်သက်သူများမှတဆင့် ဘေးဒဏ်သင့် ပြည်သူများနှင့် ဒေသများဆီသို့ လုံခြုံစိတ်ချရပြီး အတားအဆီးမရှိ ဝင်ရောက်ခွင့် ရရှိရပါမည်။ ရောက်ရှိရန်ခက်ခဲသောနေရာများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြု တုံ့ပြန်ဆောင်ရွက်နေသူများသည် ရှေ့လာမည့်နေ့ရက်များတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းတစ်ခုတွင် အကြမ်းဖက်မှု အဆုံးသတ်ရန် လိုအပ်ပြီး၊ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ အထူးသဖြင့် ထိခိုက်လွယ်ဆုံးနှင့် အမေ့လျော့ခံ ပြည်သူများကြား ဖြေရှင်းဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်လည်းလိုအပ်ပါသည်။, filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ ငလျင်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်
ရန်ကုန် - ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်များကြောင့် ကြီးစွာသော အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်ခဲ့သည်ကို မြန်မာနိုင်ငံရှိကုလသမဂ္ဂအနေဖြင့် နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်ဝမ်းနည်းရပါသည်။ ဤဘေးအန္တရာယ်ဖြစ်ပွားမှု ပမာဏမှာ လွန်စွာ ကြီးမားပါသည်။ လူမှုအသိုက်အဝန်း တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ အကူအညီများ အရေးပေါ် လိုအပ်နေပါသည်။ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များအရ အသက်ဆုံးရှုံးမှုများစွာ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန် ဖြစ်သောကြောင့် လူအများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါသည်။ သို့သော် ဤကပ်ဘေး၏ ပကတိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ "ဤကြေကွဲဖွယ်အဖြစ်အပျက်ကြောင့် ထိခိုက်ခံစားရသူအားလုံးနှင့်အတူ ကျွန်တော်တို့ တသားတည်း ရှိနေပါသည်။ စာနာဂရုဏာသက်မိပါသည်” ဟု ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီမှ ပြောပါသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို ကူညီထောက်ပံ့ရန် အရေးတကြီး ဆော်သြစည်းရုံးနေပြီး မည်သည့်နေရာဒေသတွင်မဆို ငလျင်ဒဏ်သင့်ခဲ့သည့် လူမှုအဖွဲ့အစည်းအားလုံးကို ကူညီထောက်ပံ့ရန် အသင့်ရှိနေပါသည်။ ရစ်ချ်တာစကေး ၇.၇ နှင့် ၆.၄ ပြင်းအားရှိသော ငလျင်များသည် မန္တလေးနှင့် စစ်ကိုင်းမြို့အနီးတဝိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ပဲခူး၊ မကွေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အချို့ဒေသများတွင်ပါ သက်ရောက်မှုများရှိခဲ့သည်။ ငလျင်ဒဏ်သင့်ခဲ့သောဒေသများရှိ ဆေးရုံများတွင် လူနာများဖြင့် ပြည့်ကျပ်နေပြီး ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှာလည်း ဆိုးဆိုးရွားရွား ပြတ်တောက်နေပါသည်။ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည့် စိုးရိမ်မှုများကြောင့် လူထောင်ပေါင်းများစွာသည် ပျက်စီးနေသော အိမ်များသို့ ပြန်မဝင်ရဲဘဲ ပြင်ပတွင် အိပ်စက်နေကြရသည်။"ဤငလျင်မလှုပ်မီကတည်းက မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေပြီးဖြစ်သည်" ဟု မစ္စတာကော်စီက အလေးပေးပြောကြားခဲ့သည်။ "ဤနောက်ဆုံးကြေကွဲဖွယ်ဖြစ်ရပ်သည် ယခင်ကတည်းက ဆိုးရွားနေသော အကျပ်အတည်းကို ပိုမိုဆိုးဝါးစေပြီး ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ယခင်က ဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ဘေးသင့်ခဲ့ရသော လူမှုအဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုကျဆင်းစေနိုင်သည်။" ဟုလည်း ပြောပါသည်။ မြန်မာနိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားရေးအဖွဲ့သည် ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသန္တရ အာဏာပိုင်များ၊ ကျေးရွာအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ အရေးပေါ်လိုအပ်ချက်များကို ဆန်းစစ်အကဲဖြတ်ခြင်းများကို အလျင်အမြန် လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ယခုကဲ့သို့သော ဘေးအန္တရာယ်များတွင် ပိုမိုခံစားခဲ့ကြရသည့် အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏လိုအပ်ချက်များကို အထူးဂရုပြုဆောင်ရွက်လျက်ရှိပါသည်။ ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုများအပြင် ဤအကျပ်အတည်းသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းရပ်များကို မြှင့်တင်ရန်နှင့် အနာဂတ်တွင် ထပ်မံကြုံတွေ့နိုင်သော ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိနိုင်စေသည့် အစီအမံများတွင် ရင်းနှီးမြှုပ်နှံရန် အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။ကုလသမဂ္ဂအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အသက်ကယ် တုံ့ပြန်ဆောင်ရွက်မှုများအတွက် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်း ထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားရှိခဲ့သည်။ ၎င်းတို့ကို အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ ခိုလှုံစရာ ပစ္စည်းများ၊ အရေးပါသည့် တကိုယ်ရေသုံးပစ္စည်းများနှင့် စားနပ်ရိက္ခာအထောက်အပံ့တို့အတွက် ခွဲဝေသုံးစွဲနေပါသည်။“ကျွန်တော်တို့တွေသည် မန္တလေးနဲ့ အနီးတဝိုက်ဒေသတွေမှာ သိသာထင်ရှားစွာ ရှိနေပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများရှိနေပေမယ့်လည်း အကူအညီလိုအပ်နေသူများထံ ရောက်ရှိဖို့ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားလျက်ရှိသည်။ ဒါပေမဲ့လည်း ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ပိုလိုအပ်လာမှာပါ။ မြန်မာပြည်သူတွေသည် နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံး၏ ခိုင်မာသော ထောက်ပံ့ကူညီမှုကို အခုလက်ငင်းကို လိုအပ်နေတာ ဖြစ်ပါသည်။” ဟု မစ္စတာကော်စီမှ ပြောကြားထားပါသည်။ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအား မည်သည့် နေရာဒေသ သို့မဟုတ် ထိန်းချုပ်မှုများမရှိဘဲ ဘေးဒဏ်သင့်သည့် ဒေသများသို့ အတားအဆီးမရှိ သွားရောက်နိုင်ရေးအတွက် တောင်းဆိုပါသည်။ထို့အပြင် တုံ့ပြန်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်နေသည့် လိုအပ်သလိုသုံးစွဲနိုင်သည့် ရန်ပုံငွေများကို ဆောလျင်စွာ ထောက်ပံ့ပေးကြပါရန် အလှူရှင်များအား ကုလသမဂ္ဂမှ အရေးတကြီးတောင်းဆိုပါသည်။အကျပ်အတည်း ပိုမို မဆိုးရွားလာစေရန် အချိန်မီထောက်ပံ့ကူညီမှုသည် ယခင်ကထက်ပင် အရေးကြီးနေပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ သတင်းထုတ်ပြန်ချက်
မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ရစ်ချ်တာစကေး ပြင်းအား ၇.၇ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေရာအနှံ့ ပျက်စီးဆုံးရှုံးမှု များစွာ ရှိခဲ့ပြီး ဒေသခံ ပြည်သူများအပေါ် ကြီးစွာသော သက်ရောက်မှုများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီသည် လွန်စွာ ဝမ်းနည်းကြောင်းနှင့် ဤကြေကွဲဖွယ် အချိန်ကာလတွင် မဆုတ်မနစ် မြန်မာပြည်သူများနှင့်အတူ ရှိနေကြောင်း ဖော်ပြပါသည်။ သတင်းအချက်အလက် အသစ်များ ထပ်မံရရှိပါက ထိခိုက်သေဆုံးသူ ဦးရေကို ထပ်မံ ဖော်ပြသွားမည် ဖြစ်သော်လည်း ကနဦးသတင်းများအရ သေဆုံးသူ ၇၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၆၀၀ ကျော် ရှိပြီး၊ သေဆုံးထိခိုက်ဒဏ်ရာရသူ အရေအတွက် ဆက်လက် မြင့်တက်လာဖွယ်ရှိပါသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများကို ကူညီထောက်ပံ့ရန် အရေးပေါ် ဆော်သြစည်းရုံးနေပြီး မည်သည့်နေရာဒေသမှမဆို ငလျင်ဒဏ် သင့်ခဲ့သည့် လူမှုအဖွဲ့အစည်းများအားလုံးကို ကူညီထောက်ပံ့ရန် အသင့်ရှိနေပါသည်။ဤငလျင်သည် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းများကြောင့် ယိမ်းယိုင်နေပြီးသော အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအကျပ်အတည်းများမှာ ရေရှည်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ထပ်တလဲလဲဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များကြောင့် အဓိက ဖြစ်ပါသည်။ ဤကဲ့သို့ လွန်စွာ အရေးကြီးသည့်အချိန်တွင် မြန်မာနိုင်ငံသားများသည် နိုင်ငံတကာ အသိုင်းအဝန်း၏ ခိုင်မာသော ပံ့ပိုးမှုကို အရေးတကြီး လိုအပ်နေပါသည်။, filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်။
ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းရတော့မည်ဟု WFP သတိပေး
ရန်ကုန်၊ မြန်မာ – ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်၍ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းရပါတော့မည်ဖြစ်ကြောင်း ယနေ့တွင် သတိပေးပြောကြားသည်။ နိုင်ငံအတွင်းတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့် အချိန်မှာမှ ယခုကဲ့သို့ အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်သည်။ရန်ပုံငွေအသစ်မရရှိပါက WFP သည် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ပါသည်။ “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွား ရိုက်ခတ်နိုင်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားသည်။ “ကျွန်တော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဆိုပေမဲ့လည်း အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးပါတယ်။” ဟု ဖြည့်စွက်ပြောကြားသည်။ လာမည့်အထောက်အပံ့ရပ်ဆိုင်းမှုသည် စားနပ်ရိက္ခာရရှိရန် WFP ၏ အထောက်အပံ့ကိုသာ အားထားနေရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မည် ဖြစ်ပါသည်။ ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန် WFP သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိပါသည်။ “လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန်ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသောအခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာဖြစ်ပါတယ်” ဟု Mr. Dunford က ပြောကြားသည်။WFP သည် စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးဖြစ်ကာ အခက်ခဲဆုံးရာသီချိန်ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွက် တွေးမျှော်ကာ အရေးပေါ်အစီအစဥ်အနေဖြင့် ထိုလများတွင် စားနပ်ရိက္ခာပြတ်တောက်နိုင်မည့် လူဦးရေ ၃၀၀,၀၀၀ အား ပြန်လည်ပြီး အထောက်အပံ့များပေးအပ်သွားနိုင်ရန် ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်သည် တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်သည့်အရေးကြုံနေရပြီး၊ ယခင်နှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ တိုးမြင့်လာခြင်းဖြစ်သည်။ ထိုအထဲမှ လူဦးရေ ၂ ဒဿမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင်နေကြရသည်။ WFP ၏ ပုံမှန်ပံ့ပိုးကူညီမှုရနေသည့်တိုင် ဤစားနပ်ရိက္ခာအထောက်အပံ့တစ်ခုတည်းကိုသာ မှီခိုနေကြရသည့်မိသားစုများသည် ဆက်လက်အသက်ရှင်သန်ရန်တည်နိုင်ရန်အတွက် ထမင်းအနပ်ရေလျှော့စားနေရကာ ပိုင်ဆိုင်မှုများကို ရောင်းချနေကြရသလို၊ သို့မဟုတ်ပါကလည်း အကြွေးနွံထဲ ရုန်းကန်နေရကြောင်း လေ့လာသိရှိရပါသည်။ ဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ဝင်များအား တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်မှ အာဏာရယူခဲ့သည့် ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက် ယိုယွင်းပျက်စီးနေပြီး၊ အရပ်သား ပြည်သူများအတွက် ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အကြမ်းဖက်မှုပုံစံ အားလုံးကို ရှုတ်ချသကဲ့သို့ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပဋိပက္ခဖြစ်နေသည့် အဖွဲ့များအားလုံးကို တောင်းဆိုပါသည်။ လူမှုအသိုင်းအဝိုင်းများကြား တင်းမာမှုများနှင့် အကြမ်းဖက်မှု လှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးကြရန်အတွက်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။ မြန်မာပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု အပါအဝင် နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်သည့် အခြေအနေများ မရှိခြင်းအပြင်၊ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပဋိပက္ခများ ပြင်းထန်လာနေချိန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ထုတ်ဖော်ပြောဆိုထားသည့် စစ်တပ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ သူ၏ စိုးရိမ်မှုကို ထပ်မံပြောကြားပါသည်။ စစ်တပ်မှ နိုင်ငံ့အာဏာမသိမ်းယူခင် လွန်ခဲ့သည့် ၄ နှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူ ဦးရေ ၁ သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၉.၉ သန်းကျော်ရှိပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံကျော် ဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရေးပါသည့် ကူညီလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများကို အဟန့်အတားမရှိ သွားလာခွင့်ပြုရမည် ဖြစ်သည်။ အားလုံးပါဝင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ရေးနှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားနိုင်ရေးတို့အတွက် မြန်မာပြည်သူများအား ကူညီရန်အတွက်လည်းကောင်း၊ တင်းမာမှုများ အဆုံးသတ်ရန်အတွက်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအကြား ပိုမို၍ ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံတောင်းဆိုပါသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမို ထောက်ပံ့ကူညီရန်နှင့် ပဋိပက္ခနှင့် ညှဥ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာသူများအား ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်များပေးရန် ဒေသတွင်း နိုင်ငံများကိုလည်း ကုလအတွင်းရေးမှူးချုပ်က ပန်ကြားပါသည်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop သည် မြန်မာနိုင်ငံမှ ဦးဆောင်သည့် အကျပ်အတည်း ဖြေရှင်းရေးလမ်းစဉ်ရှာဖွေရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အနီးကပ် ပူပေါင်းဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အားလုံးနှင့်လည်း အပြန်အလှန် ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိသည်။မြန်မာနိုင်ငံ၏ အနာဂတ်တွင် ရိုဟင်ဂျာများအပါအ၀င် လူမှုအသိုက်အဝန်းအားလုံးအတွက် ဘေးကင်းလုံခြုံမှု၊ တာဝန်ခံမှုနှင့် အခွင့်အလမ်းများ ရှိစေရမည် ဖြစ်ပြီး၊ ဂဏ္ဍပေါင်းစုံ အလွှာမျိုးစုံက မဲပေးခွင့် ရုပ်သိမ်းခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများနှင့် ပဋိပက္ခဖြစ်ရသည့် အခြေခံ အကြောင်းတရားများကိုလည်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ဤသို့ကြိုးပမ်းဆောင်ရွက်ချက်ရာတွင် မြန်မာနိုင်ငံသားများကို ကုလသမဂ္ဂအနေဖြင့် မဆုတ်မနစ် ထောက်ပံ့ကူညီမှုများ ပေးသွားရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်း အတည်ပြုပါသည်။ , filtered_html
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
1 / 11