စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
14

ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့နိုင်သည့်နည်းလမ်းဖြင့် အသုံးပြုရေး

ပန်းတိုင် (၁၄)- ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

ကမ္ဘာကြီး၏ သမုဒ္ဒရာများသည်- ၎င်းတို့၏ အပူချိန်ထိန်းသိမ်းမှု၊ ဓာတုပစ္စည်များပါဝင်မှု၊ ရေစီးကြောင်းများနှင့ ်သက်ရှိများသည် - ကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ် ရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်သည်။ လူသားများအားလုံးအနေဖြင့်လည်း ထိုအရေးပါသောအရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲ ထိန်းသိမ်းမည်မှာ အရေးကြီးပြီး ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းရန် ဖြစ်သည်။

လူဦးရေပေါင်းသုံးဘီလျံခန့်သည် ၎င်းတို့၏ လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်းဒေသ ဇီဝမျိုးစုံမျိုးကွဲအပေါ် မှီခိုနေရလျက်ရှိသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကမ္ဘာ့ငါးထုတ်လုပ်ငန်းများတွင် ၃၀ ရာခိုင်နှုန်းခန့် အလွန်အကျွံထုတ်ယူသုံးစွဲမှုများဖြစ်ပွားနေသည် ကိုတွေမြင်နေကြရပြီး ရေရှည်တည်တံ့စွာ ထုတ်လုပ်ပေးနိုင်မည့် ရလဒ်များအောက်သို့ ကျဆင်းနေပြီဖြစ်သည်။

သမုဒ္ဒရာများသည် လူသားများကြောင့်ဖြစ်ထွန်းလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ၃၀ ရာခိုင်နှုန်းခန့်ကိုလည်း စုပ်ယူလျက်ရှိပြီး စက်မှုတော်လှန်ရေးကာလမှစတင်၍ သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ပါဝင်နှုန်းမှာ ၂၆ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့မြင်နေရသည်။ ပင်လယ်ရေပြင်ညစ်ညမ်းမှုသည် မြေပြင်အခြေပြု ရင်းမြစ်များဆိုင်ရာများမှ သက်ရောက်သည့် လွှမ်းမိုးမှုကြီးမားသည့် အရေးပါမှုတစ်ရပ်ဖြစ်သည်။ ပင်လယ်ရေပြင်ညစ်ညမ်းမှု ပျမ်းမျှအားဖြင့် သမုဒ္ဒရာ၏ စတုရန်းကီလိုမီတာတိုင်းတွင် ပလပ်စတစ်လီတာပေါင်း ၁၃,၀၀၀ခန့်ကို တွေ့ရှိနေရခြင်းနှင့်အတူ အသိပေးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

SDG များသည် အဏ္ဏဝါနှင့် ကမ်းရိုးတန်းဒေသဂေဟစနစ်များကို ညစ်ညမ်းမှုမှ စဉ်ဆက်မပြတ် စီမံထိန်းသိမ်းရန် ရည်ရွယ်ယုံသာမက သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ပါဝင်မှုမြင့်မားခြင်း၏ အကျိုးဆက်များကိုလည်း ဖြေရှင်းသွားမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေများမှတစ်ဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုမြှင့်တင်ခြင်းနှင့် သုမဒ္ဒရာသယံဇာတများကို ရှေရှည်ထုတ်ယူသုံးစွဲခြင်းကို အားပေးခြင်းများသည် ကျွန်ုပ်တို့ သမုဒ္ဒရာများရင်ဆိုင်နေရသည့် စိန်ခေါ်မှုအချို့ကို လျော့ချနိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org) 

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၁၄)- ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။