မညီမျှမှုများ လျော့နည်းသွားစေရေး
ပန်းတိုင် (၁၀) - မညီမျှမှုများ လျော့နည်းသွားစေရေး
ဝင်ငွေမညီမျှမှုသည် အတက်ဘက်တွင်ရှိနေသည်။ ဆိုလိုသည်မှာ အချမ်းသာဆုံးသူ ၁၀ ရာခိုင်နှုန်းသည် ကမ္ဘာ့ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းအထိ ရရှိနေပြီး သို့ရာတွင် အနွမ်းပါးဆုံးသူ ၁၀ ရာခိုင်နှုန်းသည် ထိုဝင်ငွေ၏ ၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း ကြားသာ ရရှိနေသည်။ အကယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေတိုးတက်မှု မညီမျှခြင်းကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက မညီမျှမှုသည် ၁၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်။
လွန်ခဲ့သော ဆယ်စုနှစ်များတွင် ဝင်ငွေမညီမျှမှုသည် နေရာတိုင်းနီးပါး၌ နှုန်းအမျိုးမျိုးဖြင့် မြင့်တက်ခဲ့သည်။ ဥရောပဒေသတွင် အနိမ်ဆုံးဖြစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် အမြင့်ဆုံး ဖြစ်သည်။
ထိုကွာခြားချက်များ၏ ကျယ်ပြောမှုကို ဖြေရှင်းရန် ဝင်ငွေပိုမို နိမ့်ပါးသူများအား စွမ်းရည်မြှင့်တင်နိုင်သည့် လိင်၊ လူမျိုး သို့မဟုတ် မျိုးနွယ်စုများကို ချန်လှပ်ထားပြီး အားလုံးပါဝင်နိုင်သော စီးပွားရေးကို မြှင့်တင်နိုင်သည့် သဟဇာတဖြစ်သော မူဝါဒများ လိုအပ်သည်။
ဝင်ငွေမညီမျှမှုသည် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းများ လိုအပ်ပေသည်။ ငွေကြေးစျေးကွက်များနှင့် အဖွဲ့အစည်းများ၏ ထိန်းချုပ်ခြင်း နှင့် စော့င်ကြည့်ထိန်းသိမ်းခြင်းကို မြှင့်တင်ခြင်း၊ အလိုအပ်မှုအရှိဆုံး ဒေသများသို့ ဖွံ့ဖြိုးရေး အကူအညီ နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကို အားပေးဆောင်ရွက်စေခြင်းတို့ ပါဝင်သည်။ ဘေးကင်းလုံခြုံသော လူသား ပြောင်းရွှေ့နေထိုင်မှု လုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းသည် ကွာဟမှု ကျယ်ပြန့်ခြင်းကို ကူးပေါင်းနိုင်သည့် အဓိကသော့ချက်ပင် ဖြစ်သည်။
ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)
ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၁၀) - မညီမျှမှုများ လျော့နည်းသွားစေရေး (undp.org)