စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
2

ငတ်မွတ်ခေါင်းပါးမှု မရှိရေး

ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာ ဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး

ပန်းတိုင် (၂) - ငတ်မွတ်ခေါင်းပါးမှု မရှိရေး

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း အာဟာရချို့တဲ့သော လူဦးရေသည် စီးပွားရေးတိုးတက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းတို့ကြောင့် ထက်ဝက်နီးပါး ကျဆင်းခဲ့သည်။ အစာခေါင်းပါးခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများကို ခံစားခဲ့ရသော ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် ယခုအခါ ၎င်းတို့၏ အာဟာရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြပြီ ဖြစ်သည်။ အာရှ အလယ်ပိုင်းနှင့် အရှေ့ပိုင်း လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများသည် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးတွင် ကြီးမားသော တိုးတက်မှုများ ပြုလုပ်ခဲ့ကြသည်။

ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့သည် နိုင်ငံများစွာတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အတားအဆီးဖြစ်နေပါသည်။ ၂၀၁၇ ခုနှစ်၌ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ မိုးခေါင်ခြင်းနှင့် ဇီ၀မျိုးကွဲများ ဆုံးရှုံးခြင်း၏ တိုက်ရိုက်အကျိုးဆက်များကြောင့် လူပေါင်း ၈၂၁ သန်းသည် နာတာရှည် အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပါသည်။ ငါးနှစ်အောက် ကလေးငယ်သန်း ၉၀ သည် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်ပင် ပိန်လှီလျက် ရှိနေပါသည်။ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက်တို့တွင် အာဟာရချို့တဲ့ခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းတို့ မြင့်မားလာနေပါသည်။

SDGs ပန်းတိုင်များသည် ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု အားလုံးကို ရပ်တန့်စေပြီး လူသားအားလုံး၊ အထူးသဖြင့် ကလေးသူငယ်များသည် တစ်နှစ်ပတ်လုံး လုံလောက်သော အာဟာရရှိသော အစားအစာများ ရရှိစေရန်ဖြစ်သည်။ ၎င်းတွင် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ခြင်း၊ အသေးစား လယ်သမားများကို ထောက်ပံ့ခြင်းနှင့် မြေယာများကို ညီမျှစွာ ပိုင်ဆိုင်ခွင့် ရရှိစေခြင်း၊ နည်းပညာနှင့် ဈေးကွက်ကို လက်လှမ်းမီစေခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေခံအဆောက်အအုံနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၂) - ငတ်မွတ်ခေါင်းပါးမှု မရှိရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။