စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
13

ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး

ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အကျိုးသက်ရောက်မှုများ လျော့ပါးစေရေးအတွက် အရေးကြီးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး

ပန်းတိုင် (၁၃) - ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး

ကမ္ဘာပေါ်တွင် ပြောင်းလဲမှု၏ ပြင်းထန်သောအကျိုးဆက်များကို မကြုံတွေ့မခံစားဘူးသည့် နိုင်ငံဟူ၍မရှိပေ။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၁၉၉၀ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် ပို၍မြင့်တတ်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာခြင်းသည် ကျွန်ုပ်တို့၏ ရာသီဥစနစ်အပေါ် ရေရှည်ပြောင်းလဲခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ကျွန်ုပ်တို့ အရေးတယူဆောင်ရွက်မှုမရှိပါက ပြန်လည်ပြုပြင်ရမရနိုင်သည့် အကျိုးဆက်များဖြင့် ချိန်းခြောက်လာမည်ဖြစ်သည်။

ရာသီဥတုနှင့်ဆက်စပ်နေသည့် ဘေးအန္တရာယ်များကြောင့် နှစ်စဉ်ပျမ်းမျှ စီးပွားရေး ဆုံးရှုံးမှုများသည် ဒေါ်လာဘီလျံရာချီအထိရှိနေသည်။ ထိုအထဲတွင် ၁၉၉၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် လူဦးရေ ၁.၃ ဘီလျံအထိ သေကြေပျက်စီးခဲ့ပြီး ၄.၄ ဘီလျံ မှာဒဏ်ရာအနာတရဖြစ်ကျန်ခဲ့သည့် ၉၁ ရာခိုင်နှုန်းခန့်မှာ ရာသီဥတုနှင့်ဆက်စပ်နေသည့် ကမ္ဘာမြေမျက်နှာပြင်ဆိုင်ရာ ဘေးအန္တရာယ်များမှ လူသားများအပေါ် ဆိုးကျိုးများကို ရည်ညွှန်းရခြင်းမရှိသေးပေ။ ဤရည်မှန်းချက်မှ ၂၀၂၀အမီ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေနေနိုင်ရေး၊ ကာဗွန်လျှော့ချမည့် ဖွံ့ဖြိုးတိုးတက်ရေးများတွင်ရင်းနှီးမြှုပ်နှံရေးနှစ်ရပ်၏ လိုအပ်ချက်များကိုဖြေရှင်းပေးရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထိ စုစည်းပေးနိုင်ရန် ရည်ရွယ်လျက်သည်။

ထိခိုက်လွယ်သော ဒေသများကို ပံပိုးပေးခြင်းဖြင့် ရည်မှန်းချက် ၁၃ ကိုသာမက အခြား SDG များကိုပါ တိုက်ရိုက်ပါဝင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်များဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ဘေးဒုက္ခဖြစ်နိုင်ခြေ ပေါင်းစပ်လျော့ချရန်၊ စဉ်ဆက်မပြတ် သဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲရန်၊ နိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများအတွင်း လူသားလုံခြုံမှု ထည့်သွင်းရန်တို့ကို အင်တိုက်အားတိုက် လက်တွဲလုပ်ဆောင်သွားရမည်ဖြစ်သည်။ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုကြိုခေတ် အဆင့်များအထက် ၂ ဒီဂရီမြင့်တက်လာမှုကို ၁.၅ °C ထိရည်ရွယ်ကာ အားကောင်းသောနိုင်ငံရေးဆန္ဒ၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်း နှင့် လက်ရှိနည်းပညာများကိုအသုံးပြု၍ ကန့်သတ်ထားနိုင်ရန်မှာ ဖြစ်နိုင်ခြေရှိသေးသော်လည်း ထိုသို့ဆောင်ရွက်ရန်မှာ အရေးတကြီးနှင့် ရည်ရွယ်ချက်ကြီးကြီးဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org) 

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၁၃) - ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး (undp.org)

 

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။