စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
1

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး

ကမ္ဘာပေါ်ရှိနေရာတိုင်းတွင် ဆင်းရဲနွမ်းပါးမှု ပုံစံအမျိုးမျိုး အဆုံးသတ်ရေး

ပန်းတိုင် ၁ - ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး

ဆင်းရဲနွမ်းပါးမှုကို ပပျောက်စေခြင်းသည် လူသားတို့ ရင်ဆိုင်နေရသော အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်သောလူဦးရေမှာ ၁၉၉၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း ထက်ဝက်ကျော် ကျဆင်းသွားသော်လည်း လူအများစုသည် အခြေခံလိုအပ်ချက်များအတွက် ရုန်းကန်နေရဆဲဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် လူပေါင်း ၇၃၆ သန်းခန့်သည် တစ်နေ့လျင် အမေရိကန်ဒေါ်လာ ၁.၉၀ အောက်တွင် ရှိသော ဝင်ငွေသာရရှိခဲ့ကြသည်၊ အများစုမှာ အစားအစာ၊ သန့်ရှင်းသော သောက်သုံးရေနှင့် သန့်ရှင်းမှု မရှိဘဲ နေထိုင်ခဲ့ကြရသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် သန်းနှင့်ချီသော ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားပေးနိုင်သော်လည်း တိုးတက်မှုမှာ ညီမျှမှု မရှိသည်ကို တွေ့ရသည်။ အမျိုးသမီးများသည် အမျိုးသားများထက် လုပ်ခလစာ၊ ပညာရေးနှင့် ပိုင်ဆိုင်မှုနည်းပါးသောကြောင့် ပိုမိုဆင်းရဲနွမ်းပါးနေကြရသည်။

အခြားဒေသများ၌လည်း တိုးတက်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိသည်။ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု၏ ၈၀ ရာခိုင်နှုန်းသည် တောင်အာရှနှင့် ဆာဟာရ အာဖရိက တောင်ပိုင်းဒေသများမှ ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၊ ပဋိပက္ခနှင့် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုအသစ်များကြောင့် လူသားများကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် ထပ်မံဆောင်ရွက်ဖွယ်ရာများ များစွာရှိလာသည်။

SDGs များသည် ကျွန်ုပ်တို့စတင်ခဲ့သော အရာများကို အဆုံးသတ်ရန်နှင့် ဆင်းရဲနွမ်းပါးမှုကို ၂၀၃၀ ပြည့်နှစ်တွင် အဆုံးသတ်ရန် ရဲရင့်သောကတိကဝတ်တစ်ခုဖြစ်သည်။ ၎င်းတွင် အထိခိုက်လွယ်ဆုံးသူများအား ပစ်မှတ်ထားခြင်း၊ အခြေခံ အရင်းအမြစ်များနှင့် ၀န်ဆောင်မှုများ တိုးမြှင့်ခြင်းနှင့် ပဋိပက္ခနှင့် ရာသီဥတုနှင့်ဆက်စပ်သော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် ရပ်ရွာလူထုများအား ထောက်ပံ့ခြင်းတို့ ပါဝင်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)  

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ပန်းတိုင် ၁ - ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။