မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့

Gwyn Lewis

ဂွင် လူးဝစ်စ်

RCO
ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
 
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်း ၂၅ နှစ်တာ အတွေ့အကြုံရှိခဲ့သော မစ္စဂွင်လူးဝစ်စ်သည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဤအခန်းကဏ္ဍတွင် ကုလသမဂ္ဂ အေဂျင်စီများ၊ အစီအစဉ်များနှင့် ရန်ပုံငွေများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှုကို ဦးဆောင်လျက်ရှိ ပါသည်။

မစ္စဂွင်လူးဝစ်စ်သည် ကုလသမဂ္ဂနှင့် ပြင်ပနေရာအနှံ့အပြားတွင် ကျယ်ပြန့်သည့် လုပ်ငန်းအတွေ့အကြုံ ရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုသာမက မဟာဗျူဟာမြောက် အမြင်ရှိသူ ဖြစ်ပါသည်။ လက်ရှိတာဝန်ကို မြန်မာနိုင်ငံတွင်မထမ်းဆောင်မီတွင် မစ္စလူးဝစ်စ်သည် ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီတွင် West Bank ရှိ ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီဌာန (UNRWA) ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အရှေ့ဂျေရုဆလင်အပါအဝင် West Bank တစ်လျောက်ရှိ ပါလက်စတိုင်းဒုက္ခသည် ၈၅၀,၀၀၀ ကျော်အား အရေးကြီးဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဝန်ထမ်း ၄,၀၀၀ ကျော်ပါဝင်သော အဖွဲ့ကို ဦးဆောင်ခဲ့သည်။ သူမသည် လက်ဘနွန်ရှိ UNRWA ရေးရာ အစီအစဉ်များတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကိုလည်း ထမ်းဆောင်ခဲ့သည်။

သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလများတွင် မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရေးပေါ်ဌာနရှိ Global Clusters Coordination ဌာနခွဲကို စီမံခန့်ခွဲခဲ့သည်။မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကိုဆိုဗိုရှိ ကုလသမဂ္ဂမစ်ရှင် (UNMIK)၊ ပါလက်စတိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အယ်လ်ဘေးနီးယားနှင့် တာဂျစ်ကစ္စတန်ရှိ NGO အဖွဲ့များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စလူးဝစ်စ်သည် Canterbury ရှိ Kent တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပရေးရာ ဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်သည်။
Geeta Kuttiparambil

Geeta Kuttiparambil

UN Women
ဌာနေကိုယ်စားလှယ်
 
Geeta Kuttiparambil သည် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (မြန်မာ) ၏ ဌာနေကိုယ်စားလှယ် ဖြစ်ပါသည်။ ဤတာဝန်ကို မထမ်းဆောင်မီ၊ သူမသည် ၂၀၂၁ ခုနှစ်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့၏ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့သို့ မဝင်ရောက်မီ၊ သူမသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းဌာန (Department of Peace Operations) တွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ သူမသည် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ နိုင်ငံများတွင် လူသားချင်း စာနာမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နယ်ပယ်များ၌ ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အဓိကထား၍ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်းများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ကျယ်ပြန့်သော အတွေ့အကြုံများစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Ms. Kuttiparambil သည် အောက်စဖို့ဒ် ဘရွတ်ခ်စ် တက္ကသိုလ် (Oxford Brookes University) မှ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ဘာသာရပ်ဖြင့် မဟာဘွဲ့ နှင့် အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် (University of Delhi) မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူ ဖြစ်ပါသည်။
Justin Brady

ဂျပ်စတင် ဘရေဒီ

OCHA
မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ
 
ဂျပ်စတင် ဘရေဒီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ အကြီးအကဲဖြစ်သည်။ လတ်တလောတွင် ၎င်းသည် ၂၀၂၅ ခုနှစ် မတ်လမှ ဇူလိုင်လအထိ Inter-Agency Standing Committee (IASC) အတွင်းရေးမှူးရုံးအဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပ်စတင်သည် OCHA တွင် ခေါင်းဆောင်ပိုင်း တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ဆူဒန်နိုင်ငံ ရုံးအကြီးအကဲ (ယာယီ ၂၀၂၂ ခုနှစ် မေလမှ အောက်တိုဘာလ၊ စက်တင်ဘာလ ၂၀၂၃ မှ အတည်အဖြစ်)၊ ဆိုမာလီယာ (မေလ ၂၀၁၂ မှ ဩဂုတ်လ ၂၀၂၃) နှင့် လစ်ဗျား (ဇွန်လ ၂၀၂၀ မှ အောက်တိုဘာလ ၂၀၂၂) တို့တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် IASC လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ရွေးချယ်လျာထားခံရသူများအနက် တစ်ဦးဖြစ်သည်။

၎င်း၏ အစောပိုင်းကာလအလုပ်များတွင် ဂျပ်စတင်သည် နယူးယောက်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးဌာန (UN Department of Peacekeeping Operations )အောက်ရှိ မိုင်းရှင်းလင်းရေးဝန်ဆောင်မှု (Mine Action Service) တွင်၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ယာယီဒါရိုက်တာအဖြစ် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် လက်နက်အကြွင်းအကျန်များ ရှင်းလင်းရေးတွင် ၎င်း၏ တာဝန်ထမ်းဆောင်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပေးအပ်သောဆုကို ရရှိခဲ့သည်။ မိုင်းရှင်းလင်းရေးတာဝန် ၁၇ နှစ်ကြာ သက်တမ်းအတွင်း ဂျပ်စတင်သည် အီရီထရီးယား၊ ယေမင်နိုင်ငံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Norwegian People's Aid နှင့် (လူသတ်မိုင်းများကို တားဆီးရန် ကမ္ဘာ့ လှုပ်ရှားမှုတွင် ပံ့ပိုးမှုအတွက် ၁၉၉၇ ခုနှစ် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့သည့်) Vietnam Veterans of America Foundation အပါအဝင် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည်။
Srinivasa Popuri

စရီနီဗာဆာ ပိုပူရီ

UN Habitat
CPM a.i. (UN-Habitat Myanmar); ရုံးအဖွဲ့မှူး (နိုင်ငံစုံဆိုင်ရာ စီမံကိန်းရုံး - ဘန်ကောက်); ဒုတိယ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (ROAP)
 
စရီနီဗာဆာ ပိုပူရီ သည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်ရာနှင့် ရေရှည်တည်တံ့သော လူနေမှုအခြေပြုစနစ်များဆိုင်ရာ နယ်ပယ်တို့တွင် လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိသည့် ဖွံ့ဖြိုးရေးပညာရှင်တစ်ဦး ဖြစ်ပါသည်။ အိန္ဒိယအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကုလသမဂ္ဂတွင် ၂၅ နှစ်ကျော်ကြာ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

အဓိကဆောင်ရွက်ချက်များမှာ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ မြေယာပိုင်ဆိုင်ခွင့်၊ အိမ်ရာနှင့် မြို့ပြဝန်ဆောင်မှုများကို ရရှိနိုင်စေရန်အတွက် ထိရောက်သော မူဝါဒများ ချမှတ်ကျင့်သုံးရန် နိုင်ငံတော်အစိုးရများအား တိုက်တွန်းအားပေးခြင်းဖြင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကို အဓိကထား လုပ်ဆောင်ပါသည်။

UN-Habitat နှင့်အတူ 'လူထုဗဟိုပြုလုပ်ငန်းစဉ်' (People’s Process) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ၎င်း၏ ကြိုးပမ်းအားထုတ်မှုများသည် အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံအများအပြားတွင် ဘေးအန္တရာယ်ဆိုင်ရာ ထည့်သွင်းစဉ်းစားသည့် စီမံကိန်းများကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ခိုင်မာသော မြို့ပြ၊ အိမ်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ပေါ်ထွက်လာစေခဲ့ပါသည်။

မှတစ်ဆင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံအများအပြားတွင် ဘေးအန္တရာယ်ဆိုင်ရာ ထည့်သွင်းစဉ်းစားသည့် စီမံကိန်း (Risk-sensitive Planning) များအပါအဝင် ခိုင်မာသော မြို့ပြ၊ အိမ်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ပေါ်ထွက်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် UN-Habitat ၏ UN-ESCAP၊ DCO နှင့် အခြားသော ဒေသတွင်း အစုအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် ဘန်ကောက်မြို့အခြေစိုက် UN-Habitat နိုင်ငံစုံဆိုင်ရာ အစီအစဉ်ရုံး (Multi Country Programme Office) တွင် ရုံးအဖွဲ့မှူး (Chief of Office) အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ထို့အပြင် ဒုတိယဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (Deputy Regional Director) အဖြစ်လည်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

ထိုင်းနိုင်ငံသို့ မပြောင်းရွှေ့မီက ဂျပန်နိုင်ငံ၊ ဖူကူအိုကမြို့တွင် လူနေမှုအခြေပြုစနစ်ဆိုင်ရာ အရာရှိကြီး (Senior Human Settlements Officer) အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသတစ်လွှားရှိ UN-Habitat အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံဆိုင်ရာ UN-Habitat ကိုယ်စားလှယ် (Representative) အဖြစ် တာဝန်ယူ ထမ်းဆောင်လျက်ရှိပါသည်။
Sara Netzer

ဆာရာနက်ထ်ဇာ

UNOPS
ဌာနေညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်
 
ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS Myanmar) မြန်မာနိုင်ငံ၏ ဌာနေညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်အဖြစ် လုပ်ငန်းတာဝန်မထမ်းဆောင်မီ ဆာရာသည် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာရန်ပုံငွေ (Livelihoods and Food Security Fund - LIFT) ၏ ရန်ပုံငွေညွှန်ကြားရေးမှူးအဖြစ် မြန်မာနိုင်ငံရှိ UNOPS ရုံးသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိခဲ့ပါသည်။ ယင်းမတိုင်မီက ဆာရာသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဂျမေကာနိုင်ငံတွင်း အဖွဲ့အစည်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ယူခဲ့ပြီး COVID-19 ကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို အားကောင်းစေရန် ဂျမေကာအစိုးရအား ကူညီပံ့ပိုးပေးခြင်းနှင့် အင်္ဂလိပ်နှင့် ဒတ်ခ်ျစကားပြော ကာရေဘီယံနိုင်ငံများဖြစ်သည့် (Bahamas၊ Barbados၊ Belize၊ British Virgin Islands၊ Dominica၊ Guyana) နိုင်ငံအခြေစိုက်သည့်အဖွဲ့အား ကြီးကြပ် ကွပ်ကဲခြင်းတို့ကိုလည်း တာဝန်ယူခဲ့ပါသည်။

ဆာရာသည် နိုင်ငံပေါင်း ၃၀ ကျော် တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ USAID အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် (Team Leader) အဖြစ်လည်းကောင်း၊ Save the Children (US) အဖွဲ့တွင် သက်ဆိုင်ရာနိုင်ငံရှိ ရုံးများသို့ နိုင်ငံတကာမှ ပံပိုးမှုများအား ပေးပို့ရသည့် အဖွဲ့အား ဦးဆောင်ရသည့် အရေးပေါ် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အကြီးတန်းဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဆာရာသည် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ကို ရရှိထားပြီး၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုကဏ္ဍတွင် နှစ် ၂၀ကျော် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပါသည်။

Daihei Mochizuki

ဒိုင်ဟေး မိုချိဇုကိ

IOM
မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ
 
ဒိုင်ဟေး မိုချိဇုကိ သည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်) ၏ အကြီးအကဲတစ်ယောက်ဖြစ်ပါသည်။ ဒိုင်ဟေး သည် ဂျပန်နိုင်ငံသားတစ်ယောက် ဖြစ် ပြီး အိုင်အိုအမ်တွင် လူသားချင်းအကူအညီပေးရေး ကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ထောက်ခံအားပေးမှု ၊ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေး ကဏ္ဍနှင့် စီမံခန့်ခွဲမှုစသော ကဏ္ဍများတွင် နှစ်ပေါင်း ၁၆ နှစ်ကျော် လုပ်သက် အတွေ့အကြုံရှိပေသည်။ အိုင်အိုအမ် မြန်မာ တွင် ၂၀၂၄ ခုနှစ် ဇူလှိုင်လ ကတည်းက စတင်ကာ အဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန်ယူ ထမ်းဆောင်လျက်ရှိသည်။

အိုင်အိုအမ်မြန်မာတွင် တာဝန်မထမ်းဆောင်မီ အိုင်အိုအမ် ဂျပန်၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ အိုင်အိုအမ်၏ အစီအစဉ်များကို ကြီးကြပ် လုပ်ဆောင်ခြင်းအပြင် ဂျပန်အစိုးရနှင့် အိုင်အိုအမ် ၏ ကမ္ဘာတစ်လွှား အခြားသော အိုင်အိုအမ် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုတည်ဆောင်ခြင်းနှင့် အလှူရှင်နှင့် ဆက်သွယ်ပြောဆိုရေးစသည့် အခန်း ကဏ္ဍကိုလဲတာဝန်ယူထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီကလည်း ဂျနီဗာရှိ အိုင်အိုအမ် ရုံးချူပ် တွင် မူဝါဒရေးရာပိုင်းကိုတာဝန်ယူခဲ့ပြီး အီရတ်၊ ဆိုမာလီနှင့် ဇင်ဘာဘွေနိုင်ငံ ရှိ အိုင်အိုအမ်ရုံးများ တွင်လည်းတာဝန်ထမ်းဆောင်ခဲ့ကာ မြေပြင်တွင် အလုပ်လုပ်သည့် အတွေ့အကြုံများစွာ ရှိသူတစ်ယောက်လည်း ဖြစ်ပေသည်။ ယင်းမတိုင်မီ ဂျပန်နိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဠိပက္ခတားဆီးကာကွယ်ရေးဆိုင်ရာ ဂျပန် ဌာန စသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတို့တွင် လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒိုင်ဟေး သည် ဂျပန်နိုင်ငံ ကေးအိအို တက္ကသိုလ် (Keio University) မှ ဥပဒေ ဘွဲ့ကို ဆည်းပူးသင်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု ရှိ ဆီရကူးစ် တက္ကသိုလ် (Syracuse University) မှ နိုင်ငံတကာ ဆက်ဆံရေးပညာ ဘာသာရပ်ဖြင့် မဟာဝိဇာ ဘွဲ့ ကို လေ့လာဆည်းပူး သင်ယူခဲ့ပါသည်။

Norimasa Shimomura

နိုရီမစ ရှီမိုမူရာ

UNDP
ဌာနေကိုယ်စားလှယ်
 
 
 
မစ္စတာနိုရီမစ ရှီမိုမူရာသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) ၏ ဌာနေကိုယ်စားလှယ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ကုလသမဂ္ဂတွင် (၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိပြီး၊ နိုင်ငံများစွာတွင် ရေရှည်တည်တံ့သော လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံတွင်ယူအန်ဒီပီဌာနေကိုယ်စားလှယ်အဖြစ် တာဝန် မထမ်းဆောင်မီ၊ ၂၀၂၀ မှ ၂၀၂၅အထိ အင်ဒိုနီးရှားနိုင်ငံတွင် ယူအန်ဒီပီ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီ ၂၀၁၅ မှ ၂၀၂၀ အထိ ကာဇက်စတန်နိုင်ငံ၏ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၅ မှ ၂၀၁၈ အထိ ကာဇက်စတန်နိုင်ငံတွင် ယူအန်ဒီပီဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီက မွန်တီနီဂရိုးနိုင်ငံတွင် ယူအန်ဒီပီ ယာယီဌာနေ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ တာဂျစ်ကစ်စတန်နိုင်ငံ နှင့် အယ်လ်ဘေးနီးယားနိုင်ငံ ဆိုင်ရာ ယူအန်ဒီပီညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံတွင် ယူအန်ဒီပီ တွဲဖက် ဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ဂျော်ဂျီယာနိုင်ငံ တွင် ယူအန်ဒီပီ ယာယီတွဲဖက်ဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ယူအန်ဒီပီ ဌာနချုပ်ရှိ ဥရောပ နှင့် CIS နိုင်ငံများဆိုင်ရာရုံး ၊ အနောက်ဘော်လကန် ဌာနခွဲတွင် အစီအစဉ် အရာရှိအဖြစ် လည်းကောင်း၊ ယူအန်ဒီပီ၏ ဘေးအန္တရာယ်ကာကွယ်ရေး နှင့် ပြန်လည် ထူထောင်ရေးဌာနတွင် ညွှန်ကြားရေးမှူး၏ အထူးလက်ထောက်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။

ယင်းမတိုင်မီက ၎င်းသည် ကုလသမဂ္ဂရှိ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ရုံး၌ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဒုတိယ ကော်မတီ၊ ECOSOC နှင့် ၎င်း၏ လက်အောက်ခံကော်မတီများ၊ UNDP/UNFPA အုပ်ချုပ်ရေးဘုတ်အဖွဲ့များတွင် ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သည်။ ၎င်းသည် တက်မန် နစ်စတန် နှင့် ဘော့စနီးယား-ဟာဇီဂိုဗီနာနိုင်ငံများတွင် အစီအစဉ်အရာရှိ အဖြစ် ယူအန်ဒီပီ တွင် စတင်တာ၀န်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာနိုရီမစ ရှီမိုမူရာသည် နယူးယောက်မြို့ရှိ Columbia University မှ နိုင်ငံတကာရေးရာ မဟာဘွဲ့ (Master of International Affairs) နှင့် တိုကျိုမြို့ရှိ Sophia University မှ ဝိဇ္ဇာဘွဲ့ ရရှိထားပါသည်။
PHAM Thi Thanh Hang

ဖန်သီသာဟန်

FAO
ခေတ္တ ဌာနေကိုယ်စားလှယ်
 
မစ္စဖန်သီသာဟန် သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ စ၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ခေတ္တဌာနေကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ သူမသည် သဘာဝဘေးအန္တရာယ် လျှော့ချစီမံခန့်ခွဲရေး၊ ရာသီဥတုပြောင်းလဲမှု ကိုက်ညီအောင် လိုက်လျောညီထွေဖြစ်စေရေး၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အတွေ့အကြုံ ၃၀ နှစ်ခန့် ရှိသူဖြစ်ပါသည်။

၂၀၁၆ ခုနှစ်မှ ယနေ့ထိ FAO အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာရုံးတွင် Senior Resilience Officer အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဒေသအတွင်း FAO ၏ မြေယာ၊ ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ခံနိုင်ရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းစီမံခန့်ခွဲလျက်ရှိပါသည်။ ထို့အပြင် ဖိလစ်ပိုင်၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် အီရန် အစ္စလာမစ်သမ္မတနိုင်ငံ တို့တွင် လည်း FAO ခေတ္တဌာနေကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၀ မှ ၂၀၁၆ ကာလများအတွင်း ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျှော့ချရေးရုံး (UNDRR) အာရှ–ပစိဖိတ် ဒေသဆိုင်ရာရုံးတွင် Regional Programme Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့တောင်အာရှဒေသအတွက် အဓိကဆက်သွယ်ညှိနှိုင်းသူ (focal point) အဖြစ် တာဝန်ယူခဲ့ပါသည်။ ဝာာဝန်ထမ်းဆောင်စဥ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံအုပ်ချုပ်ရေး ခေါင်းဆောင်များ အတွက် မူဝါဒဆိုင်ရာကိစ္စရပ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ မှ ၂၀၁၀ အထိ မဲခေါင်မြစ် ကော်မရှင်၏ River Basin Development Plan Programme ကို ညှိနှိုင်းစီမံခန့်ခွဲခဲ့ပြီး ဘက်စုံအထူးပြုအဖွဲ့ကို ဦးဆောင်ကာ မြစ်ဝှမ်းအနှံ့ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေမျိုးစုံကို ဖန်တီးရေးဆွဲခဲ့ပါသည်။ ထို့အပြင် သက်ဆိုင်သူများနှင့် မြစ်ကမ်းနိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးမှုများကို လမ်းညွှန်ပံ့ပိုးခဲ့ပြီး Basin Development Management Strategy ကို ရေးဆွဲကာ အတည်ပြုခွင့်ရရှိစေရန် ဦးဆောင်ဆောင်ရွက်ခဲ့ပါသည်။

ထိုမတိုင်မီ UNDP ဗီယက်နမ်ရုံးတွင် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Programme Analyst အဖြစ် UNDP ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အစီအစဉ်ကို ဦးဆောင်ခဲ့ပါသည်။ ထို့အပြင် ဆင်းရဲမှုလျှော့ချရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် အထွေထွေအစီအစဉ် စီမံခန့်ခွဲမှုများတွင်လည်း ပါဝင်ကူညီခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသား ဖြစ်ပြီး စီးပွားရေးနှင့်ပြည်သူရေးရာစီမံခန့်ခွဲမှု ဘာသာရပ်များတွင် မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါသည်။
Barnaby Jones

ဘာနဘီဂျုံးစ်

UNHCR
မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်
 
မစ္စတာဘာနဘီဂျုံးစ်သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်ဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေးနယ်ပယ် တွင် အတွေ့အကြုံနှစ်ပေါင်း၃၀ရှိသူဖြစ်သည်။

သူသည် များမကြာမှီက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဗျူရို၏ မဟာ ဗျူဟာစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဒေသတွင်း မဟာဗျူဟာမြောက်လမ်းညွှန်မှုနှင့် အရင်းအမြစ်စီမံ ခန့်ခွဲမှုကိုကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ဤရာထူး မတိုင်မီက မစ္စတာဘာနဘီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ ဟန်ဂေရီနှင့် ဒိန်းမတ်နိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု ဗဟိုဌာနအကြီးအကဲအဖြစ်လုပ်ကိုင်ခဲ့ပြီး၊ အီသီယိုးပီးယားနိုင်ငံရှိစီမံကိန်းလုပ်ငန်းများအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်စည်းမျဉ်းလိုက်နာမှုအကြီးတန်းအကြံပေးအရာရှိအဖြစ်လုပ်ကိုင်ခဲ့သည်။ မစ္စတာဘာနဘီသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)ရုံးချုပ်တွင် အမှုဆောင်အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သောကြောင့် အေဂျင်စီများအကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိသူ ဖြစ်ပြီး၊ ယင်းမတိုင်မီက ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ဒုတိယဌာနေကိုယ်စားလှယ် (စီမံကိန်းများဆိုင်ရာ)အဖြစ် ပါကစ္စတန်၊ ဗီယက်နမ်နှင့် နီပေါနိုင်ငံတို့တွင် တာ၀န်ယူဆောင်ရွက်ခဲ့သူဖြစ် ပါသည်။ မစ္စတာဘာနဘီ၏ ကုလသမဂ္ဂ၀န်ထမ်းဘ၀ကို နိုင်ရိုဘီရှိ ကုလသမဂ္ဂရုံးတွင် စတင်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအလုပ်အကိုင်ကို ကမ္ဘောဒီးယားနှင့် ရဝမ်ဒါနိုင်ငံရှိ နိုင်ငံတကာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင်လုပ်ကိုင်ရင်းအစပြုခဲ့သည်။

မစ္စတာဘာနဘီသည် ဗြိတိန်(ယူနိုက်တက်ကင်းဒမ်း) နိုင်ငံသားတစ်ဦးဖြစ်ပြီး လန်ဒန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို တောင်အာရှသမိုင်းနှင့်ဘာသာရေးဆိုင်ရာလေ့လာမှုဘာသာရပ်ဖြင့်လည်းကောင်း၊ ဘာမင်ဂမ်တက္ကသိုလ်မှ လူမှုရေးသိပ္ပံမဟာဘွဲ့ကို ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့်လည်းကောင်း ရရှိထားသူဖြစ်သည်။
Michael Dunford

မိုက်ကယ် ဒန်ဖို့ဒ်

WFP
ဌာနေကိုယ်စားလှယ်နှင့် ဌာနေညွှန်ကြားရေးမှူး
 
မိုက်ကယ် ဒန်ဖို့ဒ်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက တာဝန်ထမ်းဆောင်လျက်ရှိသည်။ မိုက်ကယ်သည် တရားဝင်လိုင်စင်ရ ရှေ့နေတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် တာဝန်မထမ်းဆောင်မီ သြစတြေးလျနိုင်ငံနှင့် UK တို့တွင် ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။ မိုက်ကယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ နယ်ပယ်အသီးသီးနှင့် နေရာအနှံ့အပြားတွင် လုပ်ငန်းအတွေ့အကြုံ ၂၅ နှစ်နီးပါးရှိသည်။

ဤခန့်အပ်မှုမတိုင်မီ မိုက်ကယ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အာဖရိကအရှေ့ပိုင်းရှိ WFP တွင် လုပ်ကိုင်ခဲ့ပြီး၊ မကြာသေးမီက နာရိုဘီမြို့ရှိ WFP အရှေ့အာဖရိကဗျူရို၏ ဒေသဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေသဆိုင်ရာညွှန်ကြားရေးမှူးအနေဖြင့် ၎င်းသည် WFP လုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ WFP အတွက် အကြီးဆုံးနှင့် အရှုပ်ထွေးဆုံး လုပ်ငန်းအချို့အပါအဝင် နိုင်ငံပေါင်း ဆယ်နိုင်ငံအား မဟာဗျူဟာမြောက် လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများ ပေးခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ယူဂန်ဒါနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့ရှိ WFP တွင် တွဲဖက်ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရာ မိုက်ကယ်တွင် စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိပါသည်။ ၎င်းသည် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာဒုက္ခသည်အရေးအခင်း စတင်ချိန်တွင် ကော့ဘဇား၌ WFP ၏ အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

မိုက်ကယ်သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တန်ဇန်းနီးယားနိုင်ငံတွင် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ကုလသမဂ္ဂစေတနာ့ဝန်ထမ်းအဖြစ် မိုက်ကယ်သည် ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသရှိ နိုင်ငံမဲ့သူများဆိုင်ရာ အစီအစဉ်တစ်ခုတွင် စတင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် WFP ၏ ရောမမြို့ရှိ ရုံးချုပ်တွင် စီးပွားရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျော်ဂျီယာနိုင်ငံနှင့် ရုရှားနိုင်ငံ (အင်ဂူရှီးယား) တို့တွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

မိုက်ကယ်သည် သြစတြေးလျအမျိုးသားတက္ကသိုလ် (ANU) မှ နိုင်ငံရေးသိပ္ပံဘွဲ့ နှင့် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ နည်းပညာတက္ကသိုလ် (UTS) မှ ဥပဒေဘွဲ့ (LLB) ကို ရရှိထားသည်။ သြစတြေးလျနိုင်ငံသားဖြစ်သူ မိုက်ကယ်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သားသမီးနှစ်ယောက်ရှိသည်။
generic profile

ယတ္တာ ဒါကိုဝါ

UNODC
မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ
 
မစ္စယတ္တာဒါကိုဝါသည် ဘရပ်ဆဲလ်ရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အကြီးအကဲနှင့် ဆက်ဆံရေးရုံး (BRULO) အကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်မှ စတင်ကာ တာဝန် ထမ်းဆောင် ခဲ့သည်။ ယင်းမတိုင်မီက ညွှန်ကြားရေးမှူးချုပ်ရုံးတွင် မူဝါဒညှိနှိုင်းရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး ၏ အရေးပါသောမူဝါဒ၊ စီမံကိန်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ဆောင်နေသော မူဝါဒနှင့် အေဂျင်စီအချင်းချင်း ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ မစ္စဒါကိုဝါသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတွင် ပင်မ UN.GIFT ၏ အဖွဲ့၀င်တစ်ဦးအဖြစ် ၂၀၀၇ ခုနှစ်တွင်စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး အဖွဲ့အစည်းပေါင်းစုံဆိုင်ရာ ကိစ္စရပ်များ၊ အလှူရှင်များ ဆက်ဆံရေး နှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုဆိုင်ရာရုံးတွင် တာ၀န်မထမ်းဆောင်မီက မစ္စဒါကိုဝါသည် နယူးယောက်မြို့ရှိ UNDP အာဖရိက ဒေသဆိုင်ရာဗျူရိုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး MDGS၊ ကျားမရေးရာနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဗြိတိသျှနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ University of Kingston (2002) နှင့် University of Northumbria၊ Newcastle upon Tyne (1995) မှဘွဲ့ရတစ်ဦးဖြစ်သည်။

မစ္စဒါကိုဝါသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ စီမံကိန်းရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ အဖြစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Yasumasa Kimura

ယာဆုမဆ ကိမုရ

UNICEF
ဌာနေကိုယ်စားလှယ်
 
Mr. Yasumasa Kimura ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါသည်။

လက်ရှိခန့်အပ်မှုမတိုင်မီ Mr. Kimura သည် ၂၀၂၃ ခုနှစ် မေလမှစ၍ ဆီးရီးယားနိုင်ငံတွင် ယူနီဆက်ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းတွင် ရှုပ်ထွေးပြီးကြာရှည်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများထဲမှတစ်ခုတွင် မဟာဗျူဟာမြောက်၊ အစီအစဉ်ရေးရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာခေါင်းဆောင်မှုများကို ပံ့ပိုးပေးခဲ့ပါသည်။ Mr. Kimura သည် ဆီးရီးယားနိုင်ငံ ယူနီဆက်ရုံးကို တစ်စုတစ်စည်းတည်းသောနိုင်ငံရုံးဖွဲ့စည်းပုံသို့ ပေါင်းစည်းနိုင်ရန် ဦးဆောင်ကူညီခဲ့ပြီး၊ ညှိနှိုင်းမှု၊လုပ်ငန်းလည်ပတ်မှုဆိုင်ရာအချိတ်အဆက်ရှိမှုနှင့် အစီအစဉ်ဆိုင်ရာထိရောက်မှုရှိရေးကို တိုးတက်စေခဲ့ပါသည်။ ထို့အပြင် အသက်ကယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုမှ၊ အစောပိုင်းပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သို့ မဟာဗျူဟာပြောင်းလဲမှုကို ဦးဆောင်ကာ ဆီးရီးယားနိုင်ငံ၏ သမိုင်းဝင်ပြောင်းလဲမှုကာလတွင် ယူနီဆက်ကို နိုင်ငံ၏အဓိကမိတ်ဖက်အဖြစ် တည်ရှိနိုင်စေရန်လုပ်ဆောင်နိုင်ခဲ့ပါသည်။

Mr. Kimura သည်ယူနီဆက်တွင်၂၅ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ယူနီဆက်အိန္ဒိယ (၂၀၂၁-၂၀၂၃) အတွက် ဒုတိယဌာနေကိုယ်စားလှယ် (အစီအစဉ်များ) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယူနီဆက်၏ အကြီးမားဆုံးနိုင်ငံအစီအစဉ်တစ်ခုအားပံ့ပိုးပေးခဲ့ကာ၊ ပြည်နယ်၂၃ ခုနှင့် ပြည်ထောင်စုနယ်မြေနှစ်ခုကိုလွှမ်းခြုံထားသည့် ကွင်းဆင်းရုံး ၁၃ ခုအတွက် အကြံပေးခြင်းနှင့် စီမံခန့်ခွဲမှုအထောက်အပံ့များ ပံ့ပိုးပေးခဲ့ပါသည်။ ၎င်းသည်ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ယူနီဆက်ပြည်သူ့မိတ်ဖက်ဌာနခွဲ၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း (၂၀၁၆-၂၀၂၀)၊ ဘန်ကောက်မြို့ရှိ အရှေ့အာရှနှင့်ပစိဖိတ်ဒေသရုံးတွင် ယူနီဆက်ပုဂ္ဂလိကရန်ပုံငွေရှာဖွေရေးနှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ဒေသဆိုင်ရာအကြီးအကဲအဖြစ်လည်းကောင်း (၂၀၁၂-၂၀၁၅) ဆောင်ရွက်ခဲ့ပါသည်။ Mr. Kimura သည် နယူးရော့ခ်ရှိ ယူနီဆက်ရုံးချုပ်တွင်လည်း ရာထူးပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဂျပန်နိုင်ငံသားဖြစ်သူ Mr. Kimura သည် အမေရိကန်ပြည်ထောင်စု၊ ကလာ့ခ်တက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့်လူမှုရေးပြောင်းလဲမှုဆိုင်ရာဘွဲ့ကိုရရှိခဲ့ပါသည်။
Yutong Liu

ယူတုန်လျို

ILO
ဆက်သွယ်ညှိနှိုင်းရေးအရာရှိ
 
Mr. Yutong LIU သည် မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိရုံးတွင် ဆက်သွယ်ညှိနှိုင်းရေးအရာရှိ အဖြစ် စက်တင်ဘာလ ၂၀၂၃ မှ စတင် တာဝန်ထမ်းဆောင်ပါသည်။ Yutong LIU သည် ROAP ၏ စီမံကိန်းမန်နေဂျာနှင့် ညှိနှိုင်းရေးမှူးအဖြစ် ၂၀၁၉ခုနှစ် နိုဝင်ဘာလမှစတင်၍ လုပ်ဆောင်ခဲ့ပါသည်။ ၎င်းသည် South-South and Triangular Cooperation (SSTC) မှတဆင့်၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အိုင်အယ်လ်အို-တရုတ်၏ မိတ်ဖက်စီမံကိန်းဖြစ်သော ကျွမ်းကျင်မှုဖွံ့ ဖြိုးတိုးတက်ရေးကို စီမံကိန်းကို ကြီးကြပ်ခဲ့ပါသည်။
Mr. LIU သည် ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ၊ ဂျီနီဗာမြို့တွင် အလုပ်သမားရေးရာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ခန့်အပ်ခံရသည်။ ASPAG ၏ဒေသဆိုင်ရာညှိနှိုင်းရေးမှူးအဖြစ် အာရှနှင့်ပစိဖိတ်ဒေသကို ကိုယ်စားပြုခဲ့သည်။ ၂၀၁၉ခုနှစ်တွင် ၎င်းသည် အလုံးစုံသောအဖွဲ့၏ ကော်မတီမူကြမ်းရေးဆွဲရေးအဖွဲ့ ၏ အဖွဲ့ဝင်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။
အနာဂတ်အလုပ်အကိုင်ဆိုင်ရာအိုင်အယ်လ်အိုရာပြည့်ကြေညာစာတမ်း၌၊ သူသည် ASPAG ၏ ရပ်တည်ချက်ကို လမ်းကြောင်းဖော်ပေးခဲ့သည်။
၂၀၁၈ခုနှစ် ILC အတွင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ၂၀၃၀ ကို ပံ့ပိုးကူညီရေး ထိရောက်သေ ာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီမူကြမ်း ရေးဆွဲရေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တာ၀န်ထမ်းဆောင်ပြီးနောက်ပိုင်း၌၊ International Labour Conference 2018 တွင် ၎င်းကို အောင်မြင်စွာအတည်ပြုလက်ခံရေးအတွက်၊ မျက်နှာစုံညီအစည်းအဝေးသို့ အစီရင်ခံတင်ပြရန် ကော်မတီ၏ အထူးကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရသည်။ စတုတ္ထအကြိမ် စံချိန်စံညွှန်း ပြန်လည်သုံးသပ်ရေး ယန္တရား သုံးပွင့်ဆိုင် လုပ်ငန်းကော်မတီအစည်းအဝေး၊ အိုင်အယ်လ်အိုအတွင်း အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ကနဦးအစည်းအဝေးများ၌ ပါဝင်ခဲ့သည်။
Mr. LIU သည် ၂၀၀၅မှ ၂၀၁၆ခုနှစ်အထိ တရုတ်ပြည် လူသားအရင်းအမြစ်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန (MOHRSS) ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဌာနတွင် ဌာနခွဲညွှန်ကြားရေးမှူး ဖြစ်ခဲ့သည်။ အိုင်အယ်လ်အိုနှင့် MOHRSS အကြား MOU ထုတ်ဖော်ရေးဆွဲသည့် အလုပ်တွင် ပါဝင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ၊ အိုင်အယ်လ်အိုနှင့် MOHRSSအကြား MOU ကို ပြန်လည်သုံးသပ်သည့် ပူးတွဲကော်မတီအစည်းအဝေးများလည်း တက်ရောက်ခဲ့သည်။ အိုင်အယ်လ်အိုနှင့်ပြုလုပ်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို အစပြုအကောင်အထည်ဖော်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၆ခုနှစ်အထိ၊ MOHRSS အတွက် ကျား-မတန်းတူဖြစ်ရေးဆိုင်ရာ အဓိကဆက်သွယ်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
အိုင်အယ်လ်အို-တရုတ်မိတ်ဖက်စီမံကိန်းသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် ထုတ်ပြန်သော ASEAN+3 အလုပ်သမားဝန်ကြီးများ၏ ပူးတွဲကြေညာစာတမ်းပါ အပြုသဘောဆောင်သည့် အသိအမှတ်ပြုမှုကို လက်ခံရရှိသည်။
Mr. LIU သည် အာရှတိုက်ရှိနိုင်ငံများတွင် အလုပ်လုပ်ကိုင်ခဲ့သည့် နိုင်ငံတကာအတွေ့အကြုံ အနှစ်၂၀ကျော် ရှိသည်။ ASEAN+3 နိုင်ငံများတွင် အကြီးတန်းအလုပ်သမားရေးရာအရာရှိအဖြစ် ၁၆ နှစ်အကြာ (၂၀၀၀ - ၂၀၁၆) တာဝန်ထမ်းဆောင်ခဲ့သည်။ ASEAN+3 အကြီးတန်းအလုပ်သမားရေးရာအစည်းအဝေးများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။
Mr. LIU သည် ယူကေနိုင်ငံ Lancaster University မှ အမ်ဘီအေ မဟာဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၆ခုနှစ် အောက်တိုဘာလမှဒီဇင်ဘာလအထိ၊ အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်တက္ကသိုလ်၌ ဧည့်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ခုနှစ်တွင် တရုတ်ပြည် ဘေဂျင်းမြို့၊ ဘေဂျင်း သတင်းနှင့်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိသည်။
Rangaiyan Gurumurthy

ရန်ဂိုင်းယန်း ဂုရုမူသီ

UNAIDS
ဌာနေ ဒါရိုက်တာ
 
ရန်ဂိုင်းယန်း ဂုရုမူသီ သည် အာရှ-ပစိဖိတ်၊ အရှေ့နှင် တောင်အာဖရိက၊ အနောက်နှင့်အလယ်ပိုင်းအာဖရိက နှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA) ဒေသများအပါအဝင် မတူညီသော နိုင်ငံရေးအခြေအနေ အမျိုးမျိုးတွင် ကျန်းမာရေးနှင့် အိပ်ချ်အိုင်ဗွီတုံ့ပြန်မှုလုပ်ငန်းများပိုမိုအားကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းဖြင့် 25 နှစ်ကျော် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံကို ပိုင်ဆိုင်ထားပါသည်။

UNAIDS ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာရုံး၏ ယာယီဒါရိုက်တာ အဖြစ် သုံးနှစ်ကျော် ထမ်းဆောင်နေစဉ် ကုလသမဂ္ဂဆိုင်ရာတုံ့ပြန်မှုတစ်ခုလည်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်ရည်မှန်းချက်ဖြစ်သည့် 2020 ခုနှစ်တွင် အေအိုင်ဒီအက်စ်ရောဂါအား အပြီးတိုင်တိုက်ဖျက်ရေးကို ပြည့်မီရန် ဒေသတွင်းနိုင်ငံများအား ဦးဆောင်လမ်းညွှန်မှုပေးခဲ့သည်။ ဒေသတွင်းရှိ နိုင်ငံများအား ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အောင်မြင်ပြီး ရေရှည်တည်တံ့ရန် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အိပ်ချ်အိုင်ဗွီ နှင့် ကျန်းမာရေးကို အဓိကအာရုံစိုက်ရန် ကူညီပေးခဲ့သည်။အိန္ဒိယ၊ ဂါနာနှင့် ကင်ညာနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စဉ်ဆက်မပြတ် အေအိုင်ဒီအက်စ်ရောဂါ တုံ့ပြန်မှုအတွက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စီမံချက်များချမှတ်ရာတွင် မဟာဗျူဟာကျသည့်သတင်းအချက်အလက်များ ထိရောက်စွာ အသုံးပြုနိုင်ရန် လမ်းညွှန် ဦးဆောင်မှုပေးခဲ့သည်။ UNAIDS မတိုင်မီ နိုင်ငံတကာမှ ငွေကြေးထောက်ပံ့ရေးအစီအစဉ်အရ ဖော်ဆောင်သော ကျား/မရေးရာ၊ အိပ်ချ်အိုင်ဗွီ နှင့် လိင်မှတဆင့်ကူးစက်ရောဂါများဆိုင်ရာ စီမံကိန်း ရေးဆွဲခြင်း၊အကောင်အထည်ဖော်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ဆန်းသစ်သော သုတေသနလုပ်ငန်းများကို စီမံခန့်ခွဲခဲ့သည်။

မစ္စတာ ဂုရုမူသီ သည် မျိုးဆက်ပွားကျန်းမာရေးနှင့် အိပ်ချ်အိုင်ဗွီဆိုင်ရာ အထူးပြုသည့် လူထုအခြေပြုသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိထားသူဖြစ်သည်။
generic profile

ဝီလျှံနိုင်

UNCDF
တာဝန်ခံအရာရှိ
 
မြန်မာနိုင်ငံကုလသမဂ္ဂအရင်းအနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့၏ တာဝန်ခံအရာရှိ မစ္စတာဝီလျှံနိုင်သည် ဖွံ့ဖြိုးရေးကဏ္ဍတွင် နှစ်ပေါင်း(၂၀)ကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်သည်။ ကုလသမဂ္ဂအရင်းအနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့တွင် စီမံကိန်းအရာရှိအဖြစ် (၇)နှစ်တာ တာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍလမ်းပြမြေပုံ အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့သည်။ သူသည် အရေးပါသောမူဝါဒ ဆိုင်ရာထောက်ပံ့မှုပေးခြင်း၊ မဟာဗျူဟာမြောက်မိတ်ဖက်များတည်ဆောက်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုစီမံခန့်ခွဲခြင်း နှင့် အရင်းအမြစ်များအတွက်စည်းရုံးလှုံ့ဆော်ခြင်းစသည်တို့ကို တာဝန်ယူခဲ့သည်။ သက်ဆိုင်ရာအကျိုးတူအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် အဓိကအဖွဲ့အစည်းများတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍဆိုင်ရာအခင်းအကျင်း နှင့် ဒစ်ဂျစ်တယ်ငွေကြေးဂေဟစနစ်ကို ပုံဖော်ရာတွင် အရေးပါသောပါဝင်မှုများကို ပြုလုပ်ခဲ့သည်။

UNCDF တွင်မပါဝင်မီ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်တွင် USAID Myanmar တွင် ဖွံ့ဖြိုးရေးအစီအစဉ်ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမတိုင်မီက (၂၀၀၉ မှ ၂၀၁၂ အထိ) အရှေ့တီမောနိုင်ငံရှိ ကုလသမဂ္ဂပေါင်းစည်းရေးအဖွဲ့တွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးစီမံကိန်းအရာရှိအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၉ မှ ၂၀၀၄ အထိ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)တွင် ရပ်ရွာဖွံ့ဖြိုးရေးညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ရေရှည်တည်တံ့မှုအပေါ်အဓိကထားသော ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ထို့အပြင် သူ၏အစောပိုင်းလုပ်သက်ကာလအတွင်းတွင် အခြားအဖွဲ့အစည်းသုံးခု၌ အမျိုးမျိုးသောစွမ်းဆောင်ရည်များဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။

ဝီလျှံနိုင်သည် ဂျာမနီနိုင်ငံ Bochum မြို့ ရှိ Ruhr တက္ကသိုလ်မှ ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုဆိုင်ရာမဟာဘွဲ့ကိုရရှိခဲ့ပြီး လန်ဒန်စီမံခန့်ခွဲမှုကျောင်းမှ စီးပွားရေးစီမံခန့်ခွဲမှုလေ့လာမှုဆိုင်ရာဘွဲ့လွန် တို့ကို ရရှိထားသူ ဖြစ်သည်။
Jaime Nadal Roig

ဟိုင်မန် နဒဲ ရော့ဂျ်

UNFPA
ဌာနေကိုယ်စားလှယ်
 
အာဖဂန်နစ္စတန် UNFPA ၏ (ယာယီ) ဌာနေကိုယ်စားလှယ်ဟောင်းဖြစ်သူ မစ္စတာ ဟိုင်မန် နဒဲ ရော့ဂျ် သည် ၁၉၉၆ ခုနှစ်တွင် UNFPA နှင့် စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဌာနချုပ်ရှိ လက်တင်အမေရိကနှင့် ကာရေဘီယံဌာနခွဲတွင် ပရိုဂရမ်အရာရှိအဖြစ် ၁၉၉၉ ခုနှစ်တွင် အဖွဲ့သို့ဝင်ရောက်ခဲ့ကာ ဂွာတီမာလာနှင့် ဟေတီအတွက် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်၌ အင်္ဂလိပ်-ဒတ်ခ်ျစကားပြော ကာရေဘီယံ နှင့် ဂျမေကာနိုင်ငံတို့တွင် လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ဘိုလီးဗီးယား၊ အီဂျစ်၊ ဘရာဇီး၊ ယူကရိန်းတို့တွင် နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်၊ ဘီလာရုစ်တွင် နိုင်ငံဆိုင်ရာ ဒါရိုက်တာအဖြစ် သက်ဆိုင်ရာ UNFPA အဖွဲ့အသီးသီးကို ဦးဆောင်ခဲ့ကာ ဘိုလီးဗီးယားတွင် ကုသမဂ္ဂအဖွဲ့၏ ဌာနေညှိနှိုင်းရေးမှူး(ယာယီ) အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား ဆောင်ရွက်ခဲ့သည်။

မစ္စတာ နဒဲ သည် ကုလသမဂ္ဂလုပ်ငန်းနယ်ပယ်အတွင်း လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံ (ICPD) ဆိုင်ရာ လုပ်ငန်းစဥ်များ၊ Agenda 2030 တို့ တိုးတက်ကောင်းမွန်လာစေရေးနှင့် အရေးပေါ်အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို တုံ့ပြန်ရေးဆောင်ရွက်ချက်များတွင် အတွေ့အကြုံ (၂၅) နှစ်ကျော်ရှိပြီဖြစ်သည်။

UNFPA တွင် မပါဝင်မီက ပုဂ္ဂလိကကဏ္ဍတွင် စပိန်နိုင်ငံရှိ ဥရောပသမဂ္ဂ (EU) ကမကထပြုသော ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပဏာမလုပ်ငန်းများအတွက် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအား အတိုင်ပင်ခံဝန်ဆောင်မှုများပေးကာ ပါဝင်ခဲ့သည်။