UN Women Myanmar

မြန်မာနိုင်ငံရှိကုလသမဂ္ဂ

A group of women in Mrauk-U/Rakhine, supported by UN Women to receive agripreneurship training, watering their crops. The programme is funded by the Government of Japan.
ဓာတ်ပုံ - © UN Women/Salai Hsan Myat Htoo/2019

ကုလသမဂ္ဂသည် ကျား-မ၊ လူမျိုး၊ လူမျိုးစု၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာ၊ အသက်အရွယ်၊ မသန်စွမ်းခြင်း၊ လိင်စိတ်ခံယူမှု၊ နိုင်ငံရေး (သို့မဟုတ်) လူမှုအသင်းအဖွဲ့ပါဝင်မှုနှင့် အခြားအခြေအနေတို့ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ လူအားလုံးအား ပံ့ပိုးကူညီပါသည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံသူနိုင်ငံသားများကို မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် လူမှု-စီးပွား ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် လူ့အခွင့်အရေးစသည့် မဏ္ဍိုင်ကြီး ၄ ရပ်ဖြင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် ပံ့ပိုးကူညီနေပါသည်။ ထိုကဲ့သို့ပံ့ပိုးရာတွင် အားလုံးပါဝင်ရေးနှင့် စဉ်ဆက်မပြတ် တည်တံ့ရေး အခြေခံမူများဖြင့် ထိန်းညှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုယူထားသော အခြေခံမူများနှင့် စံနှုန်းများအပေါ် အခြေခံသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းများအကြောင်းကို ပိုမိုသိရှိနိုင်ရန်  interactive မြေပုံ တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ သို့မဟုတ် အခြား မှီငြမ်းရန်အချက်အလက်များကို မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) စာမျက်နှာတွင် ရယူပါ။

UN 3W Dashboard UN 3W Dashboard

မှတ်တိုင်များ

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။