စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
7

လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသော စွမ်းအင် ရရှိရေး

လူသားတိုင်း လက်လှမ်းမီမှုရှိသော၊ စိတ်ချရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းအင် ရရှိရေး

ပန်းတိုင် (၇) - လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင် ရရှိရေး

၂၀၀၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူဦးရေသည် ၇၈ မှ ၈၇ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး လျှပ်စစ်မီးမရှိသူအရေအတွက်သည်လည်း တစ်ဘီလီယံအောက်သို့ကျဆင်းခဲ့ပါသည်။

လူဦးရေတိုးပွားလာသည်နှင့်အမျှ စျေးပေါသော စွမ်းအင်လိုအပ်ချက်သည်လည်း တိုးမြင့်လာပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအပေါ်  မှီခိုသောစီးပွားရေးသည် ကျွန်ုပ်တို့၏ ရာသီဥတုအား အကြီးအကျယ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။

၂၀၃၀ တွင် ရည်မှန်းချက် (၇) အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် နေရောင်ခြည်စွမ်းအင်၊ လေနှင့် ဘူမိစွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံကာ စွမ်းအင်ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်းဖြင့် လူအားလုံးအတွက် စွမ်းအင်ကိုရရှိနိုင်ရန် လိုအပ်ပါသည် ။

နိုင်ငံအားလုံးတွင် သန့်ရှင်းပြီး ပိုမိုထိရောက်သောစွမ်းအင်အား ပေးနိုင်ရန် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် နည်းပညာအဆင့်မြှင့်ခြင်းတို့ ပြုလုပ်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရုံသာမက ပတ်ဝန်းကျင် ကိုလည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

ကိုးကားချက်။ Sustainable Development Goals | UNDP in Myanmar 

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၇) - လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသောစွမ်းအင် ရရှိရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။