စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
6

သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေး

လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေး

ပန်းတိုင် (၆) - သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး

ရေရှားပါးမှုသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာနှုန်းကျော်အား ထိခိုက်စေပြီး စိုးရိမ်ဖွယ်ရာအချက်မှာ အပူချိန်များမြင့်တက်လာသည်နှင့်အမျှ ရေရှားပါးမှုနှုန်းမြင့်တက်မည်ဟု ခန့်မှန်းရခြင်းဖြစ်ပါသည်။  လူဦးရေ ၂.၁ ဘီလီယံသည် ၁၉၉၀ ခုနှစ်မှစ၍ ရေသန့်ရရှိမှု တိုးတက်လာသော်လည်း သောက်သုံးရေရရှိမှု လျော့ကျလာခြင်း ပြဿနာသည် တိုက်ကြီးများအား ထိခိုက်နေပါသည်။

နိုင်ငံအများစုသည် ရေရှားပါးမှုဒဏ်ကို ကြုံတွေ့ခံစားနေရပါသည်။ မိုးခေါင်ခြင်းနှင့် သဲကန္တာရများ တိုးများလာခြင်းသည် ဤအချက်ကိုပိုမိုဆိုးရွားစေပါသည်။ ၂၀၅၀ ကျလျှင် လူလေးဦးတွင် တစ်ဦးသည် ရေပြတ်လပ်မှုကို ကြုံတွေ့ရမည်ဟု ခန့်မှန်းရပါသည်။

၂၀၃၀တွင် လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး ဈေးအားဖြင့်လည်းသက်သာသော သောက်သုံးရေ ရရှိဖို့ဆိုလျှင် လုံလောက်သည့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ မိလ္လာစနစ်များ ထောက်ပံပေးခြင်း နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကိုအားပေးရန်လိုအပ်ပါသည်။ ရေနှင့်ဆိုင်သော ဂေဟစနစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းသည် အလွန်အရေးကြီးပါသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုံခြုံပြီးစျေးနှုန်းချိုသာသော သောက်ရေကိုရရှိရန်ပြုလုပ်ရာတွင် အခြေခံဝန်ဆောင်မှုများ မရရှိသောလူပေါင်းသန်း ၈၀၀ ကျော်ထံ ရောက်ရှိစေခြင်းနှင့် လူပေါင်း ဘီလီယံနှစ်ထောင်ကျော်အတွက် ဝန်ဆောင်မှုများအား လက်လှမ်းမီရေးနှင့်ဘေးကင်းလုံခြုံရေးကို တိုးမြှင့်ခြင်းတို့ပါဝင်သည်။

၂၀၁၅ ခုနှစ်တွင် လူဦးရေ ၄.၅ ဘီလီယံသည် ဘေးအန္တရာယ်ကင်းရှင်းစွာ စီမံခန့်ခွဲနိုင်သည့် သန့်ရှင်းရေး ဝန်ဆောင်မှုများ (အညစ်အကြေးများ လုံလောက်စွာ စွန့်ပစ်ခြင်း)မရှိခဲ့သည့်အပြင် အခြား ၂.၃ ဘီလီယံသည် အခြေခံသန့်ရှင်းရေးစနစ်များပင် မရှိခဲ့ပါ။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org) 

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၆) - သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။