စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
5

ကျား-မ တန်းတူညီမျှမှုရှိရေး

ကျား-မ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေး

ပန်းတိုင် (၅) - ကျား၊မ တန်းတူညီမျှမှုရှိရေး

အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး အဆုံးသတ်ခြင်းသည် အခြေခံလူ့အခွင့်အရေး တစ်ခုတင် မကပါ၊ ဤကဲ့သို့ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့သော အနာဂတ်အတွက် လွန်စွာအရေးကြီးပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဏများတွင် အထောက်အကူပြုကြောင်းသက်သေပြခဲ့ပါသည်။

UNDP သည် ကျား၊မ ရေးရာ တန်းတူညီမျှရေးအား ၎င်း၏လုပ်စဉ်များ၌ အဓိကထား လုပ်ဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀) ကြာကာလအတွင်း ထူးခြားသောတိုးတက်မှုများအား တွေ့မြင်ခဲ့ရပါသည်။ လွန်ခဲ့သည့် (၁၅) နှစ်တုန်းကဖြင့် နှိုင်းယှဉ်လျှင် ကျောင်းများ၌ မိန်းကလေးဦးရေ ပိုမိုများပြားလာကာ ဒေသအများစု၏ မူလတန်းပညာရေး၌ ကျား၊မ တန်းတူညီမျှမှု ရရှိခဲ့ပြီ ဖြစ်ပါသည်။

အလုပ်သမားဈေးကွက်တွင် အမျိုးသမီးဦးရေ များလာသော်လည်း အချို့ ဒေသများတွင် အမျိုးသမီးများအား အမျိုးသားများနှင့် တန်းတူသည့် အလုပ်အကိုင်များအား စနစ်တကျ ငြင်းပယ်ခံရနေရသည့် မမျှတမှုများ ဆက်လက်တည် ရှိနေပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနှင့် အမြတ်ထုတ်ခံရခြင်းများ၊ လုပ်ခလစာ မရရှိသော အိမ်ထောင် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်များကို ခွဲဝေရာတွင် မညီမျှမှုများ နှင့် အစိုးရရုံးများတွင် ခွဲခြားဆက်ဆံခံရခြင်းများသည် ရင်ဆိုင်ကျော်ဖြတ်ရန် ခက်ခဲသည့် ပြဿနာများအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ရာသီဥတု အပြောင်းအလဲများနှင့် သဘာဝဘေးအန္တရာယ်များ သည်လည်း ပြည်တွင်းစစ်များနှင့် အိမ်ယာအရွှေ့အပြောင်းများသကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် မမျှတသည့် အကျိုးသက်ရောက်မှုများ ဆက်လက်တည်ရှိနေပါသည်။

အမျိုးသမီးများအား မြေယာနှင့်ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ နှင့် နည်းပညာနှင့်အင်တာနက်တို့အား တန်းတူအခွင့်အရေးပေးရန် အရေးကြီးပါသည်။ ယနေ့ခေတ်တွင် အစိုးရရုံးများ၌ ယခင်ကထက် အမျိုးသမီးများ ပိုမိုများပြားလာသော်လည်း အမျိုးသမီး ခေါင်းဆောင်များအား ပိုမိုအားပေးခြင်းဖြင့် ကျား၊မ တန်းတူညီမျှမှု ရရှိရေးတွင် ကြီးမားစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)

 မျှော်မှန်း ရည်မှန်းချက်များ။ ပန်းတိုင် (၅) - ကျား၊မ တန်းတူညီမျှမှုရှိရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။