စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်
17

ရည်မှန်းချက်များအားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာနည်းလမ်းများ ခိုင်မာအားကောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ရှင်သန်အားကောင်းစေရေး

ပန်းတိုင် (၁၇) - ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

SDG များကို အားကောင်းသော အပြည်ပြည်ဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အသက်ဝင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှုမှာ ရည်ရွယ်သည့် အောက်တွင်တည်ငြိမ်စွာရှိနေပြီး ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၇ ဘီလျံအထိ ရှိခဲ့သည်။ ပဋိပက္ခများ (သို့) သဘာဝဘေးအန္တရာယ်များမှ သယ်ဆောင်လာသည့် လူသားခြင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခများကိုကြုံတွေ့နေရစဉ် ဘဏ္ဍ‌ရေး အရင်းအမြစ်များနှင့် အကူအညီများကို ပိုမို၍ လိုအပ်လာမည်ဖြစ်သည်။ များစွာသောနိုင်ငံများသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးအတွက် တရားဝင် ဖွဲ့ဖြိုးတိုးတက်ရေး ထောက်ပံရေး(ODA)ကို လိုအပ်နေဆဲဖြစ်သည်။

ကမ္ဘာကြီးသည်လည်း ယခင်ကထက် ပိုမိုကောင်းမွန်စွာဆက်သွယ်လာနိုင်ပြီဖြစ်သည်။ နည်းပညာနှင့် အသိပညာ လက်လှမ်းမီမှုမြင့်မားလာခြင်းသည် စိတ်ကူးအကြံဉာဏ်များကို မျှဝေရာနှင့် တီထွင်ဆန်းသစ်မှုများကို အဆင့်မြှင့်တင်နိုင်ရာတို့တွင် အရေးပါသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအား ၎င်းတို့၏ကြွေးမြီများကို စီမံခန့်ခွဲရေးတွင် ကူညီရန်အတွက် မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့်အတူ ဖွံ့ဖြိုးမှုနိမ့်ပါးသည့် ဒေသများအတွက် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ခြင်းများသည် စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အရာများဖြစ်သည်။

ရည်မှန်းချက်အားလုံးသည် ၎င်း၏မျှော်မှန်းချက်အားလုံးကို ပြည့်မီရရှိနိုင်ရန် နိုင်ငံဆိုင်ရာ စီမံချက်များကို အထောက်အပံ့ပေးခြင်းဖြင့် မြောက်ပိုင်းနိုင်ငံများနှင့် တောင်ပိုင်းနိုင်ငံများ ကြား၊ တောင်ပိုင်နိုင်ငံအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်ပြီး ဖွံဖြိုးဆဲနိုင်ငံများအား ပို့ကုန်ပိုမိုထုတ်လုပ်နိုင်အောင် အကူအညီပေးခြင်းသည် အားလုံးအတွက် မျှတ၊ ပွင့်လင်း၊ အကျိုးရှိသည့် နိုင်ငံအားလုံးဆိုင် စည်းမျဉ်းစည်းကမ်းများအခြေပြု မျှတသည့် ကုန်သွယ်ရေးစနစ်တစ်ခု ပေါ်ပေါက်ရရှိနိုင်ခြင်း၏ အစိတ်အပိုင်းများအားလုံးတွင်ပါဝင်သည်။

ကိုးကားချက်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (SDGs) (undp.org)

ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ။ ပန်းတိုင် (၁၇) - ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး (undp.org)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။