နောက်ဆုံးပေါ်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်။
၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂနေ့ သတင်းစကား
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။
သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
မိန့်ခွန်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂနေ့ သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)“ကျွန်ုပ်တို့ ကုလသမဂ္ဂအဖွဲ့၏ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်......”ဒီစကားရပ်တွေဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အဖွင့်စကားဖြစ်ရုံသာမကဘဲ ကျွန်တော်တို့တတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဖွင့်ဆိုထားတာပါ။ကုလသမဂ္ဂဆိုတာ အဖွဲ့အစည်းတစ်ခုဆိုတာထက် ပိုပါတယ်။ နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့တိုက်ကြီးတွေကို ပေါင်းကူးပေးကာ မျိုးဆက်တွေကို စေ့ဆော်ပေးနေတဲ့ ရှင်သန်နေတဲ့ ကတိတစ်ခုဖြစ်ပါတယ်။နှစ်ပေါင်း ရှစ်ဆယ်တာကာလအတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ပိုမို ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။ရှေ့ကို မျှော်ကြည့်မယ်ဆိုရင် ပြင်းထန်လာနေတဲ့ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ ထိန်းမနိုင် သိမ်းမရ နည်းပညာတွေနဲ့ ကျွန်တော်တို့ အဖွဲ့ကြီးရဲ့ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်နေမှုတွေ စတဲ့ ကြီးထွားလာနေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။တွန့်ဆုတ်နေဖို့ ဒါမှမဟုတ် နောက်ဆုတ်ဖို့ အချိန်မဟုတ်ပါဘူး။အခုအချိန်အခါက ပိုလို့ပင် ဘယ်နိုင်ငံကမှ မိမိဖာသာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့ ကမ္ဘာကြီးက ထပ်မံ ကတိကဝတ်ပြုကြရမဲ့ အချိန် ဖြစ်ပါတယ်။ယနေ့ကျရောက်တဲ့ ကုလသမဂ္ဂနေ့မှာ အားလုံးရဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထူးခြားတဲ့ ကတိကဝတ်ကို အတူတကွ ရပ်တည်ကာ အကောင်အထည်ဖော်ကြရအောင်ပါ။“ကျွန်ုပ်တို့ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့” တစုတစည်းတည်း လုပ်ဆောင်ဖို့ ရွေးချယ်တဲ့အခါ ဘယ်အရာတွေ ဖြစ်နိုင်သလဲဆိုတာ ကမ္ဘာကို ပြကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်။
ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗွီဒီယိုသတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်က စစ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာမှာ နိုင်ငံတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို အနိုင်ယူနိုင်ဖို့ စုရုံးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကတည်းက ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သတိမလစ်ဟင်းသင့်ကြောင်း မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေက သက်သေပြနေပါတယ်။ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ဖို့နဲ့ အားလုံးကို ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ထောက်ပံ့နိုင်ဖို့ ကိရိယာတွေ၊ အသိပညာနဲ့ အရင်းမြစ်တွေ ရှိပါတယ်။ လိုအပ်နေတာက စည်းလုံးညီညွတ်မှုပါ။ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၆၇၃ သန်းဟာ ညတိုင်း ဆာလောင်မွတ်သိပ်လျက် အိပ်ရာဝင်နေရဆဲဖြစ်ပါတယ်။ လူပေါင်းများစွာကလည်း နောက်တစ်နပ်အတွက် မသေချာမရေရာမှုကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်မှုက အလွန် နှေးကွေးနေပြီး တချို့ဒေသတွေမှာ နောက်ပြန်သွားနေပါတယ်။ဆယ်စုနှစ်တလျောက် အဝလွန်တာတွေ တိုးမြင့်လာမှုကနေ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတဲ့ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေအထိ စိန်ခေါ်မှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရှက်စရာကောင်းတာက ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချနေတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ အစာရေစာခေါင်းပါးစေပြီး လူတွေကို ငတ်မွတ်နေစေတဲ့ ထိပ်လန့်ဖွယ် အဖြစ်မှန်ကို ရင်ဆိုင်နေရပါတယ်။ဒီနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လက်ချင်းတွဲညီ၊ ပိုမိုကောင်းမွန်တဲ့ အစာအာဟာရနဲ့ အနာဂတ်ဆီ” က နယ်နမိတ်တွေ၊ ကဏ္ဍတွေနဲ့ လူမှုအသိုက်အဝန်းတွေအကြား စည်းလုံးညီညွတ်မှုရှိဖို့ တောင်းဆိုချက် ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ စားနပ်ရိက္ခာစနစ်များထိပ်သီးအစည်းအဝေးမှာ နိုင်ငံတွေ ထုတ်ဖော်ခဲ့တဲ့ ဦးစားပေးကိစ္စရပ်တွေနဲ့ ဆောင်ရွက်ရမယ့် အဓိက နယ်ပယ် ခြောက်ခုကို သတ်မှတ်ထားတဲ့ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်ရန် တောင်းဆိုချက်တို့ကို ထပ်မံ ဖော်ထုတ်မှုလည်း ဖြစ်ပါတယ်။အတူတကွ တုံ့ပြန်ဆောင်ရွက်ကြရအောင်ပါ။ လူတွေကို အာဟာရရှိစေပြီး ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ အစားအစာစနစ်တွေ ဖန်တီးဖို့ နောက်ထပ် တစ်ဖန် အတူတကွ ပူးပေါင်းကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့ သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)လူမှုကူညီပေးလုပ်သားတွေဟာ ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်တွင်း ပိတ်မိနေတဲ့ လူဦးရေ သန်း ၃၀၀ ကျော်အတွက် နောက်ဆုံးကျန်ရစ်သော ရှင်သန်ရေးမဏ္ဍိုင် ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီရှင်သန်ရေးမဏ္ဍိုင်အတွက် ငွေကြေးထောက်ပံ့မှု များစွာ လျော့နည်းလာနေပါတယ်။နောက်ပြီး လူမှုကူညီပေးလုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကလည်း မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာအနှံ့မှာ လူမှုကူညီပေးလုပ်သား ၃၉၀ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး၊ စံချိန်တင် မြင့်မားတဲ့ သေဆုံးမှုအရေအတွက် ဖြစ်ပါတယ်။ဂါဇာမှ ဆူဒန်၊ မြန်မာနဲ့ အခြားနိုင်ငံတွေအထိ ဖြစ်ပွားခဲ့တာပါ။လူမှုကူညီပေးလုပ်သားတွေကို လေးစားကာ အကာအကွယ်ပေးရမယ်ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါတယ်။ သူတို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဘယ်တော့မှ မပြုရပါဘူး။အဲဒီစည်းမျဉ်းဟာ ညှိနှိုင်းဆွေးနွေးစရာ မဟုတ်သလို ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး အမြဲတမ်း နေရာမရွေး လိုက်နာရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ပြစ်ဒဏ်မကျခံရဘဲ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်မှုတွေ ရှိနေပါတယ်။အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားကြပြီး လုံခြုံရေးကောင်စီကလည်း လူမှုကူညီပေးလုပ်သားတွေနဲ့ သူတို့ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကာအကွယ်ပေးရေး လမ်းကြောင်းကို ချမှတ်ထားပြီးဖြစ်ပါတယ်။စည်းမျဥ်းတွေနဲ့ ယန္တရားတွေလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။ ပျောက်ဆုံးနေတာကတော့ နိုင်ငံရေးသဘောဆန္ဒနဲ့ ကိုယ်ကျင့်တရားဆိုင်ရာသတ္တိတွေ ဖြစ်ပါတယ်။ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ ကျဆုံးသွားသူတွေကို လုပ်ဆောင်မှုနဲ့ ဂုဏ်ပြုကြရအောင်ပါ။လူမှုကူညီပေးလုပ်သားတိုင်းကို ကာကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံဖို့၊ အသက်တွေပေးဆပ်ရတဲ့ လိမ်ညာမှုတွေကို ရပ်တန့်ဖို့၊တာဝန်ယူမှုအတွက် တင်းကျပ်စွာ ကိုင်တွယ်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ဖို့၊နိုင်ငံတကာဥပဒေကို ချိုးဖောက်သူတွေဆီ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖို့ စတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ကြရအောင်ပါ။ လူမှုကူညီပေးလုပ်သားတွေကို တိုက်ခိုက်ခြင်းက လူသားမျိုးနွယ်တွေကို တိုက်ခိုက်ခြင်း ဖြစ်တယ်ဆိုတာ အတူတကွ တစ်သံတည်း ပြောကြရအောင်ပါ။နောက်ပြီး လူသားမျိုးနွယ်တွေအတွက် အတူတကွ ဆောင်ရွက်ကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့နှင့် တွေ့ဆုံမေးမြန်းခြင်း
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၀၇ ရက်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု။
မတ်လ ၈ ရက်နေ့မှာ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါသည်။ ကျယ်ပြန့်သော ပဋိပက္ခများနှင့် ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကြားတွင် ၎င်းတို့သည် ခေါင်းဆောင်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများကို ဆက်လက်ပြသနေပါသည်။ ၎င်းတို့၏ စွမ်းအားသည် ငြင်းဆိုဖွယ်ရာမရှိနိုင်သော်လည်း၊ ၎င်းတို့သည် ဤစိန်ခေါ်မှုများကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ပါ။ဤနှစ်သည် အမျိုးသမီးများ၏ အခွင့်အရေး တိုးတက်ရေးအတွက် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်သည့် သမိုင်းဝင် ပေကျင်းကြေညာစာတမ်းနှင့် လုပ်ဆောင်ချက်အစီအစဉ်၏ ၃၀နှစ်ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ပါသည်။ ကမ္ဘာတဝန်းတွင် ကျား၊မရေးရာတန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် တိုးတက်မှုများ ရှိခဲ့သော်လည်း၊ ၎င်းတို့သည် နှေးကွေးပြီး အားနည်းကာ ညီမျှမှုမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ များပြားလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းနှင့် စီးပွားရေး ပြိုလဲခြင်းတို့ကြောင့် ယခင်က ရရှိခဲ့သော တိုးတက်မှုများ ဆုတ်ယုတ်သွားပြီး၊ ကျား၊မရေးရာတန်းတူညီမျှမှု ကွာဟချက်များ ပိုမိုနက်ရှိုင်းလာပါသည်။၂၀၂၅ ခုနှစ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ် "အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးအတွက် - အခွင့်အရေး၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု" ကို အခြေခံ၍၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်သည့် ချက်ချင်းလုပ်ဆောင်မှုများနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရန် တောင်းဆိုလိုက်ပါသည်။ ၎င်းတွင် အသက်ကယ်အရေးကြီးသော လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများကို ရရှိစေရန်၊ ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများငယ်ကို စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများ ပါဝင်ပါသည်။အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပကတိအခြေအနေများသည် တုံ့ပြန်ဆောင်ရွက်မှုများကို တောင်းဆိုနေပါသည်။၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ဆိုးရွားနေဆဲဖြစ်ပါသည်။ လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး၊ ၎င်းတို့တွင် ဖြစ်ပွားနေသော အကျပ်အတည်းများကို အဓိက ခံစားနေရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်း ပါဝင်ပါသည်။ ဒေသခံ အမျိုးသမီးအဖွဲ့အစည်းများက ကျား၊မခြေပြုအကြမ်းဖက်မှုများ၊ ရင်းနှီးကျွမ်း၀င်သူမှအကြမ်းဖက်မှုများ၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုးမြင့်လာကြောင်း အစီရင်ခံဖော်ပြ ထားပါသည်။ စီးပွားရေး အခက်အခဲများကြောင့် အသက်မွေးဝမ်းကြောင်းများ ထိခိုက်ခဲ့ပြီး၊ အမျိုးသမီးများစွာကို ခေါင်းပုံဖြတ်ခံရသည့် အခြေအနေများဆီသို့ ပို့ဆောင်လိုက်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ အတွက် ရန်ပုံငွေပံ့ပိုးမှု လိုအပ်နေဆဲဖြစ်သည်။ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစု စီမံကိန်းနှင့် အရေးကြီးသော ကျား၊မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ရေးဝန်ဆောင်မှုများကို လက်လှမ်းမမီခြင်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်နှင့် အနာဂတ်ကို အန္တရာယ်ဖြစ်စေပါသည်။ ပဋိပက္ခ ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရခြင်း၊ မလုံခြုံသော ရွှေ့ပြောင်းနေထိုင်မှုနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အမျိုးသမီးနှင့် မိန်းကလေး အများအပြားသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘေးကင်းလုံခြုံသည့် ခိုလှုံစရာ နေရာ ဒါမှမဟုတ် အခြေခံ ဝန်ဆောင်မှုများလည်း တခါတလေ မရရှိကြသည့်အတွက် ပိုမို၍တောင် အခက်ကြုံနေရပါသည်။ ထပ်တလဲလဲ ဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များသည် ဤအခက်အခဲများကို ပိုမိုဆိုးရွားစေပြီး ကျား၊မ အခြေုပြု တုံ့ပြန်မှုဆိုင်ရာ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ ကြံ့ခိုင်သော ခိုလှုံစရာနေရာများနှင့် လူထုက ဦးဆောင်သော ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်များ၏ အရေးတကြီး လိုအပ်ချက်ကိုလည်း မီးမောင်းထိုးပြနေပါသည်။ တုံ့ပြန်ဆောင်ရွက်ခြင်းမရှိမှု၏ ကုန်ကျစရိတ်သည် အလွန်မြင့်မားလှပါသည်။မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများသည် အကူအညီပေးခြင်း၊ စီးပွားရေးအရ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ခြင်း၊ လူ့အခွင့်အရေးနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ သို့သော် ၎င်းတို့သည် အရင်းအမြစ်များ လုံလောက်စွာ မရရှိဘဲ ဝန်ပိလာကာ အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေရပါသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP)[1] အောက်ရှိ လိုအပ်သော ရန်ပုံငွေ၏ ၃၆% သာ ရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ငွေကြေးအကူအညီများသည် ရုတ်တရက် ရပ်တန့်ခြင်းနှင့် လျှော့ချခြင်းများ ကြုံတွေ့နေရပါသည်။ ၎င်းတွင် မြန်မာနိုင်ငံအတွက် ဦးတည်ထားသော ရန်ပုံငွေများလည်း ပါဝင်ပါသည်။ဤငွေကြေးပံ့ပိုးမှု မလုံလောက်ခြင်း၏အကျိုးဆက်များမှာအလွန်ပြင်းထန်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ငွေကြေးပံ့ပိုးမှုမလုံလောက်ခြင်းကြောင့် ကလေးငယ်ပေါင်း ၈၀၀,၀၀၀ ကျော်သည် ပညာရေးအထောက်အပံ့များ မရရှိခဲ့ပါ။ ထို့ကြောင့် မိန်းကလေးငယ်များသည် ကလေးလက်ထပ်ခြင်း၊ ကလေးအလုပ်သမားဖြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ခန့်မှန်းခြေ ၁.၁ သန်းသော ကျား၊မအခြေပြုအကြမ်းဖက်မှုခံစားရသူများသည် အရေးကြီးသော အထောက်အပံ့များ မရရှိခဲ့ပါ။ ထို့အပြင် ၁.၁ သန်းသော ကလေးများသည် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို မရရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့သည် အကြမ်းဖက်မှု၊ လစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။[2]မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန်နှင့် ဆောင်ရွက်ရန် ကုလသမဂ္ဂ၏ ကတိကဝတ်ဤနှစ်တွင် ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကွန်ရက်များပါဝင်သည့် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသော အမျိုးသမီးနှင့် မိန်းကလေးငယ် ၂.၈၆ သန်းကို အသက်ကယ်အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားပါသည်။ ကမ္ဘာတဝန်းတွင် အကူအညီငွေကြေးများ လျော့နည်းလာသော်လည်း၊ ယခုအချိန်သည် လက်လျှော့ရန် အချိန်မဟုတ်ပါ။ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးပန်းတိုင်များကို အောင်မြင်ရန် ငါးနှစ်သာ လိုတော့သည့်အချိန်တွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကတိကဝတ်များကို နှစ်ဆတိုးရန် လိုအပ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ကျွန်ုပ်တို့အားလုံးသည် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုတို့ကို လူတိုင်း၊ နေရာတိုင်းတွင် အမှန်တကယ်ဖြစ်လာစေရန် ခိုင်မာစွာရပ်တည်ရမည်” ဟု သတိပေးထားပါသည်။အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် နေ့ရက်တိုင်းတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ကာကွယ်ရန် ခိုင်မြဲစွာ ကတိပြုထားပါသည်။
[1] Myanmar 2025 Humanitarian Needs and Response Plan. UN OCHA. Available online.[2] ibid.
[1] Myanmar 2025 Humanitarian Needs and Response Plan. UN OCHA. Available online.[2] ibid.
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်။
၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့
ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၈၀ တာကာလအတွင်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်တဲ့ တိုးတက်မှုတို့အတွက် ကုလသမဂ္ဂရဲ့ မယိမ်းယိုင်တဲ့ သန္နိဋ္ဌာန်ကို ပြန်လည် ဆန်းစစ်တဲ့ အခိုက်အတန့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကလို ယနေ့တိုင် အရေးပါတဲ့ အဲဒီတန်ဖိုးတွေက ဆက်ရှိနေမှာ ဖြစ်ပါတယ်။ တကဲ့အနှစ်သာရက ကုလသမဂ္ဂနေ့ဟာ မကြာခဏဆိုသလို မယုံနိုင်လောက်အောင် ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန်တွေကို ရဲစွမ်းသတ္တိ၊ ဂရုဏာ၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ အကောင်အထည်ဖော်နေကြတဲ့ စိတ်အားထက်သန်သူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။ အငြိမ်းစား ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ခဲ့မှုတွေကလည်း ကျွန်တော်တို့ အတူတကွ ရှေ့ဆက် ထိန်းသိမ်းလုပ်ဆောင်ရမဲ့ ထာဝရ အမွေအနှစ်ဖြစ်ပြီး သူတို့ကို ကြိုဆိုခွင့်ရပြီး သူတို့ရဲ့ စကားသံတွေကို နားထောင်ခဲ့ရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ခွန်အားဟာ စည်းလုံးညီညွတ်မှုမှာ တည်ရှိပြီး တိုးတက်မှုကို တွန်းအားပေးကာ အားလုံး အတူထားရှိကြရမဲ့ ကတိကဝတ်တစ်ခုလည်း ဖြစ်တာကို ကုလသမဂ္ဂနေ့က သတိပေးနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စဂွင်လူးဝစ်စ် ပြောကြားခဲ့သလို ကမ္ဘာကြီးမှာ ထိရှလွယ်လာပြီး အရင်းမြစ်တွေကလည်း အကန့်အသတ်ရှိလာနေချိန်မှာ မြန်မာနိုင်ငံသားတို့အတွက် ပံ့ပိုးဆောင်ရွက်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဌာန်ကတော့ မယိမ်းယိုင်သေးပါဘူး။ အဲဒီ စိတ်ဆန္ဒနဲ့အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဆက်လက် ရပ်တည်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီ ၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့ အခမ်းအနားအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနဲ့ အစီအစဉ်များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်။
ဂန္ဓမာပန်းများနှင့်အတူ ဖူးပွင့်လာသော အနာဂတ် – လယ်ယာလုပ်ကိုင်နေသောအမျိုးသမီးများရဲ့ ပြောင်းလဲလာသော အသက်မွေးဝမ်းကျောင်း
မရေရာသော ရိတ်သိမ်းမှုဘဝမှ စည်ပင်ဖွံ့ဖြိုးသော ပန်းစိုက်ပျိုးရေးသို့မနက်ခင်းတိုင်း မစိုးစိုးဝင်းသည် သူမရဲ့ လှပသေးငယ်တဲ့ ပန်းခြံထဲကို ဝင်ရောက်ပြီး အစိမ်းရင့်ရောင် အဖူးလေးများမှ ရွှေဝါရောင် ဂန္ဓမာပန်းများ အဖြစ် တဖြည်းဖြည်း ဖူးပွင့်လာပုံကို စောင့်ကြည့်လေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်ကအထိတော့ အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုအဖြစ်သာ ရှိနေခဲ့တာပါ။ “အရင်တုန်းကဆို ပန်းစိုက်တာဟာ ကျွန်မတို့လို လူတွေအတွက် မဟုတ်ဘူးလို့ပဲ ထင်ခဲ့မိတယ်” ဟု မစိုးစိုးဝင်းက အားတက်သရော ပြောပြပါတယ်။ သူမက အသက် ၄၀ အရွယ်ဖြစ်ပြီး သူမရဲ့မိဘ၊ အစ်မနဲ့ အတူ ကြအိုကျွန်းမှာ နေထိုင်ပါတယ်။ “ဒါပေမယ့် အခုဆိုရင် ဒီမြေကွက်လေးကနေပဲ လစဉ် ဝင်ငွေရအောင် လုပ်နိုင်နေပြီ” လို့ သူမက ဆက်ပြောပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ကမ်းခြေကျေးရွာလေးတစ်ခုဖြစ်တဲ့ ကြအိုကျွန်းမှာရှိတဲ့ မိသားစုအတော်များများလိုပဲ မစိုးစိုးဝင်းတို့မိသားစုဟာလည်း စိုက်ပျိုးရေး၊ အသေးစား ကုန်သွယ်ရေးနှင့် ငါးဖမ်းလုပ်ငန်းတို့ကို အားကိုးအားထားပြု လုပ်ကိုင်ကြရပါတယ်။ သူမနဲ့ သူ့အစ်မတို့ဟာ ချဉ်ပေါင်နှင့် ပြောင်းဖူးလို ရာသီစာ သီးနှံတွေကို အဓိက စိုက်ပျိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဝင်ငွေရဲ့ မရေရာမှုကတော့ ကြီးမားတဲ့ စိုးရိမ်စရာ တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။တည်ငြိမ်သောအသက်မွေးမှုဆီသို့ ပထမဆုံးခြေလှမ်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ UNDP ရဲ့ ENCORE စီမံကိန်းက ကျေးရွာမှာ “ပူးပေါင်းပါဝင်သော အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အကဲဖြတ်ခြင်း (PLA)” ကို ကျင်းပပေးတဲ့အခါမှာ အခြေအနေတွေ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကျေးရွာအတွင်းက အထိခိုက်လွယ်ဆုံး အိမ်ထောင်စုတွေမှ အမျိုးသမီးများကိုစုစည်းပြီး အသက်မွေးမှုဘဝကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းအသစ်တွေကို ရှာဖွေဖို့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒေသခံအမျိုးသမီးများရဲ့ လက်ရှိကျွမ်းကျင်မှုများ၊ ဈေးကွက်ရဲ့လိုအပ်ကို ဆန်းစစ်မှုများနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲ အဟန့်အတားများကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အားလုံးရဲ့ စိတ်ကူးတစ်ခုကတော့ ဂန္ဓမာပန်း စိုက်ပျိုးမှုဖြစ်ပြီး ထိုအကြောင်းအရာကို ပဲ တစ်ညီတစ်ညွှတ်တည်း ထပ်ခါ ထပ်ခါဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဂန္ဓမာပန်းတွေဟာ ပန်းတစ်ခုဆိုတာထက်ပိုတဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်။ နေ့စဉ်ဘဝမှာရော ရိုးရာ ဓလေ့ထုံးစံတွေမှာပါ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတာပါ။ ဂန္ဓမာပန်းများကို ဘုရားကျောင်းတွေမှာ ကပ်လှူခြင်း၊ အိမ်တွင်းဘုရားစင်များတွင် ကပ်လှူခြင်း၊ အခမ်းအနားများတွင် အလှဆင်ခြင်းများအပြင် ဆေးကုသရာမှာလည်း အသုံးပြုကြပါတယ်။ ထို့အပြင် ဂန္ဓမာပန်းကို သက်တမ်းရှည်ပြီး စင်ကြယ်သော နမိတ်လက္ခဏာ အဖြစ်လည်း ယုံကြည်မှုတွေရှိပါတယ်။ ယခုလိုမျိုး အဓိပ္ပါယ်ပြည့်ဝနေတဲ့ ဂန္ဓမာပန်း ဟာ ဈေးကွက်မှာ ဝယ်လိုအား အမြဲရှိနေပြီး ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တန်ဖိုးတစ်ခုဖြစ်နေတာပါ။“အနီးအနားက ကျေးရွာတစ်ခုမှာ သူတို့ ဂန္ဓမာပန်းစိုက်ကြပြီး ဈေးကွက်မှာလည်းဈေးကောင်းကောင်းနဲ့ ရောင်းရတယ်ဆိုတာကို ကျွန်မတို့ အမြဲကြားနေရတာ” လို့ မစိုးစိုးဝင်းက ပြောပြပါတယ်။ “ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကပ်လှူမှုတွေနဲ့ ပွဲတွေမှာ အသုံးပြုတာမလို့ ဈေးကွက်ရှိတာကိုလည်းသိပေမယ့် ဘယ်လိုစတင်ရမယ်၊ စိုက်ပျိုးရမယ် ဆိုတာကို မသိခဲ့ဘူး”PLA လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေက လုပ်ငန်းအသစ်တစ်ခုကို စတင်ရန် စိတ်အားထက်သန်နေတဲ့ အမျိုးသမီး ခုနှစ်ဦးကို ဖွဲ့စည်းပေးခဲ့ပါတယ်။ သူတို့ဟာ စီမံကိန်းရဲ့ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းမှု စတင်ရန် အထောက်အပံ့ များပေးတဲ့ (SLAW) အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် “တိုးပွား အသက်မွေးဝမ်းကျောင်းမှု အဖွဲ့” ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ပတ်အကြာမှာပဲ သူတို့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။မျိုးပင်တွေ၊ မြေဩဇာနဲ့ ကိရိယာတွေအပါအဝင် အခြေခံလိုအပ်ချက်တွေကို စီမံကိန်းက ထောက်ပံ့ပေးခဲ့ပြီး လက်တွေ့သင်ကြားပို့ချမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ပျိုးခင်းဘယ်လိုတည်ဆောက်ရမယ်၊ အပင်ငယ်လေးတွေကို ဘယ်လိုဂရုစိုက်ရမယ်၊ ပြီးတော့ သူတို့ကို အောင်မြင်စွာ မြေကြီးထဲကို ဘယ်လိုရွှေ့စိုက်ရမယ်ဆိုတာတွေကို လက်တွေ့ သင်ကြားပြသမှုတွေကို ပြုလုပ်ပေးခဲ့တယ်။ “သင်တန်းကြောင့် အခုဆို မျိုးပျိုးခင်း အဆင့်ဆင့် ဘယ်လိုစီမံရမယ်ဆိုတာကို နားလည်သွားပြီ” လို့ မစိုးစိုးဝင်းက ပြောပါတယ်။ “ကျွန်မတို့ရဲ့ ဝင်ငွေက တည်ငြိမ်မှုမရှိခဲ့ဘူး” ဟု သူမက ပြန်လည်အမှတ်ရနေပုံဖြင့် ပြောပြပါတယ်။ “တစ်ချို့လတွေမှာဆို ကျပ်ငွေ ၂၀၀,၀၀၀ (US$ ၄၈ ခန့်) လောက်ပဲ ရရှိခဲ့တယ်” ။ “ ဒီဝင်ငွေတွေက ကျွန်မတို့အတွက် လုံလောက်မှုမရှိဘူး” လို့ သူမက ဆိုပါတယ်။ သင်ယူခြင်း၊ ကြီးထွားခြင်း၊ ဝင်ငွေရှာခြင်းပထမဆုံး အကြိမ်မှာတော့ အမျိုးသမီးတစ်ဦးချင်းစီက ပန်းပင် ၁,၅၀၀ စီ စိုက်ပျိုးခဲ့ကြပါတယ်။ ဒီပမာဏက ပထမဆုံး အနေနဲ့ဆို တနိုင်တပိုင်လေးဖြစ်လို့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ပမာဏပါ။ သူတို့ဟာ ဂန္ဓမာပန်းစိုက်ပျိုးတဲ့ ခရီးသစ်ကို စတင်တဲ့အချိန်မှာ စိုက်ပျိုးနေ ကျဖြစ်တဲ့ ပြောင်းဖူးသီးနှံတွေကိုလည်းဆက်လက်စိုက်ပျိုးပြီး မမျှော်လင့်ပဲ ကြုံတွေ့လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ကြိုတင်ကာကွယ်ခဲ့ကြပါတယ်။မေလရောက်တဲ့အခါမှာတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ပွင့်ဖူးလာခဲ့ပါတယ်။မစိုးစိုးဝင်းဟာ သူမရဲ့ ပထမဆုံးစိုက်ပျိုးခဲ့တဲ့ ဂန္ဓမာပန်းကို ကျပ်ငွေ ၃၀၀,၀၀၀ (US$ ၇၂ ခန့် )နီးပါး ဖြင့် ဂုဏ်ယူစွာ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ သူမ ယခင်က အများဆုံးရရှိခဲ့ဖူးတဲ့ တစ်လစာ ဝင်ငွေထက်တောင် ပိုမိုများပြားခဲ့ပါတယ်။ “အခုဆိုရင် ကျွန်မတို့ လုပ်နိုင်တယ်ဆိုတာ သိသွားပြီ” ဟု သူမက ပြောပါတယ်။ “နောက်ရာသီမှာ ချဲ့ထွင်စိုက်ပျိုးဖို့ကိုပါ အခုကတည်းက စီစဉ်နေပြီ။ ကျွန်မတို့ရဲ့ ယုံကြည်မှုက ဂန္ဓမာပန်းတွေနဲ့အတူ တိုးပွားလာနေပါတယ။” ဒီအောင်မြင်မှုကနေ ပြီးတော့ SLAW အဖွဲ့ဝင်တွေဟာ နောက်လာမယ့် စိုက်ပျိုးရာသီမှာ ပန်းပင် ၁၅,၀၀ ထက်ပိုပြီး စိုက်ပျိုးဖို့ကို စိတ်အားထက်သန်နေကြပါပြီ။ ပထမခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပြီးနောက်မှာတော့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ အတူ လျှောက်လှမ်းတော့မှာဖြစ်ပါတယ်။ ယခုလို အောင်မြင်မှုတွေကို အခြေခံပြီး မစိုးစိုးဝင်းဟာ နောက်တစ်ဆင့် ရှေ့ဆက်လိုက်ပါတယ်။ သူမသင်ယူခဲ့ရတဲ့ နည်းစနစ်တွေကို အသုံးချပြီး မျိုးပျိုးပင် ၅၀၀ ကို ထပ်မံပြီး စိုက်ပျိုးခဲ့ပါတယ်။ “ကျွန်မတို့ သင်ယူခဲ့ရတဲ့ နည်းပညာအသစ်တွေနဲ့ ရိုးရာနည်းတွေကို ပေါင်းစပ်ပြီး လုပ်ဆောင်နေတယ်” လို့ သူမက ရှင်းပြပါတယ်။ သူမကတော့ ဂန္ဓမာပန်းစိုက်ပျိုးမှုကို အရှိန်အဟုန် ရှေ့ဆက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါ။အမျိုးသမီးများသည် ပန်းတစ်ပွင့်ချင်းစီဖြင့် သူတို့၏ အနာဂတ်ကို ပြန်လည်ပုံဖော်နေကြသည် ပထမဆုံးခြေလှမ်းစတင်မှုမှာတင် ရရှိခဲ့တဲ့အောင်မြင်မှုက အဖွဲ့ဝင်တွေကြားမှာ မျှော်လင့်ချက်ကို နိုးကြားစေခဲ့ပါတယ်။ ဒါဟာ အတွေးအမြင်တွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။“အရင်တုန်းက ပန်းစိုက်တာကို ကျွန်မတို့ မလုပ်နိုင်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် စနစ်တကျ သင်ကြားပေးမှုနဲ့ အထောက်အပံ့တွေရှိလာတော့ ကျွန်မတို့လည်း အောင်မြင်လာတယ်ဆိုတာကို မြင်တွေ့လာရပြီ” လို့ စိုးစိုးဝင်းက ပြောပါတယ်။ “ဒါဟာ တကယ်ကို လှပတဲ့အပြင် စိတ်ကျေနပ်စရာလည်း ကောင်းပါတယ်။ တခြားအမျိုးသမီးတွေကိုလည်း စမ်းကြည့်ဖို့ ပြောချင်တယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေပေမယ့် သင်ယူရင်းနဲ့ပဲကျွန်မတို့ ရှေ့ဆက်လျှောက်နေရမှာပါ”။ဂန္ဓမာပန်းတွေ ဖူးပွင့်နေတဲ့ ပန်းခြံထဲမှာ မစိုးစိုးဝင်းကို အမြဲမြင်တွေ့နေရမှာပါ။ သူမကိုယ်တိုင် သူမရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီး တည်ဆောက်နေတာကို မြင်တွေ့ရမှာပါ။ __________________________________________________________________________________________UNDP မြန်မာရဲ့ "Enabling Community Recovery and Resilience (ENCORE)" စီမံကိန်းကို Korea International Cooperation Agency (KOICA)၊ နော်ဝေအစိုးရနှင့် Swiss Agency for Development and Cooperation (SDC) တို့က ပံ့ပိုးထားပါတယ်။ * ဤဇာတ်ကြောင်းကို UNDP မြန်မာ ဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က ထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၀၁ ရက်။
ဦးမြတ်သိန်းထွန်း ၊ “ကလေးတွေ မနက်စာ စားတိုင်း နွားနို့တစ်ခွက်ပါ သောက်တတ်တဲ့ အလေ့အကျင့် ရလာဖို့ ဆန္ဒပြုမိတယ်”
မြန်မာနိုင်ငံမှာ မနက်စာလို့ပြောရင် အများအားဖြင့် မုန်ဟင်းခါး (ငါးဆီသတ်ထားတဲ့ ငါးပြုတ်ရည် တစ်မျိုးဖြစ်တဲ့ မြန်မာ့အစားအစာတစ်ခု)၊ ထမင်းကြော် သို့မဟုတ် အသုတ်စုံ နဲ့အတူ လက်ဖက်ရည် သို့မဟုတ် အင်စတန့်ကော်ဖီ တို့နဲ့သာ တွဲစားလေ့ရှိကြပါတယ်။ ဒါပေမယ့် မနက်စာစားရင်း နွားနို့တစ်ခွက်သောက်တဲ့ အလေ့အကျင့်ကတော့ အတော်များများအတွက် အကျင့်မရှိသလို၊ ဝယ်ယူ သောက်နိုင်စွမ်းလည်း နည်းပါးနေဆဲဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးမှ နို့ နှင့် နို့ထွက်ပစ္စည်းတွေထုတ်လုပ်တဲ့ ဦးမြတ်သိန်းထွန်းဟာဆိုရင် နွားနို့သောက်တဲ့အလေ့အကျင့်ကို မိသားစုတိုင်းရဲ့ မနက်တိုင်း စတင်နိုင်ဖို့ ဆန္ဒထားပြုထားသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီးတော့ သူ့ရဲ့ Top Dairy Farm ကို နွား အကောင် ၄၀ နဲ့ စတင်ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နွားတွေရဲ့ ကျန်းမာရေး ပြဿနာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သက်တမ်း ကြာရှည်အောင် ထားနိုင်ဖို့ လိုအပ်တဲ့ နည်းပညာအခက်အခဲတွေကြောင့် သူခြံထွက်ကုန်တွေကို အနီးအနားက စျေးကွက်မှာသာ ရောင်းချနိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကတော့ ၂၀၂၃ ခုနှစ်မှာ လုပ်တဲ့ခဲ့ FAO ရဲ့ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ အတွက် အရေးပေါ်စင်တာ (ECTAD) က ဦးစီးကျင်းပပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတစ်ခု ကို တက်ရောက်ပြီးနောက်မှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ နွားနို့ကို စနစ်တကျထုတ်လုပ်နည်းမှ စတင်ကာ ပိုးမွှားအန္တရာယ်ရှိပုံများကို ခွဲခြားသိနိုင်နည်း၊ အရေးကြီးသည့် အစာအဆိပ်မဖြစ်အောင် ထိန်းသိမ်းနည်းများ၊ အစားအစာသန့်ရှင်းရေးနှင့် အဆင့်မြင့်နည်းပညာများကို သင်ယူခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူသိလာတဲ့ နည်းပညာ အသစ်တွေကို အသုံးချပြီး နွားစာအတွက် ကိုယ်ပိုင်မြက်ခင်းကို စိုက်ပျိုးခဲ့ သည့်အပြင် ထုတ်ကုန်အရည်အသွေးကို တဖြည်းဖြည်း တိုးတက်အောင်ပြုပြင်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်တွင် သူ့ ရဲ့ နို့ထွက်ပစ္စည်း ထုတ်ကုန်တွေကို သက်တမ်း (shelf life) တိုးလာအောင် လုပ်နိုင်ခဲ့တဲ့ အပြင် ရန်ကုန်အထိ စျေးကွက်ကို ထိုးဖောက်နိုင်နေပြီလို့ ပြောပါတယ်။ဒါပေမဲ့ ဦးမြတ်သိန်းထွန်းရဲ့ ရည်ရွယ်ချက်က စီးပွားရေးအရ အောင်မြင်မှု ထက် ကျော်လွန်ပါတယ်။ မိမိနေရပ်ဒေသတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို လျော့ချဖို့ အတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန (LBVD) နှင့် ပူးပေါင်းကာ School Milk Programme ကို စတင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှ စတင်ပြီး လိုအပ်တဲ့ မူလတန်း စာသင်ကျောင်းတွေကို စီစစ်ရွေးချယ်ပြီး အခမဲ့နွားနို့ တိုက်ကျွေးတဲ့ အစီအစဥ် မကြာခဏ ပါဝင်ဆောင်ရွက်ပေးနေခဲ့ပါတယ်။“ကျွန်တော်တို့ အဓိကအားဖြင့် ယုံကြည်မှု တည်ဆောက်ချင်တယ်၊ အလေ့အကျင့်ပြောင်းလဲချင်တယ်၊ ဒီ စာသင်ကျောင်းတွေမှာ အခမဲ့ နွားနို့တိုက်ကျွေးတဲ့အစီအစဥ်နဲ့ အတူ ကလေးတွေ ကြီးထွားလာပုံကို မျက်ဝါးထင်ထင် တွေ့ချင်တယ်” ဟု ဦးမြတ်သိန်းထွန်း က ပြောသည်။ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွင်းတည်းမှာပင် ဦးမြတ်သိန်းထွန်းအနေနဲ့ နီးစပ်ရာကျောင်း ၁၂ ကျောင်း ရှိ ကျောင်းသား ၁၆၅၅၃ ဦးထံ နို့တိုက်ကျွေးခဲ့ပါတယ်။စာသင်ကျောင်းရှိ ကျောင်းသားများကို အခမဲ့နွားနို့တိုက်ကျွေးတဲ့အစီအစဉ်ကနေ သိသာတဲ့ ပြောင်းလဲမှုတွေကို မြင်နေရပါတယ်။ မူလက နွားနို့သောက်လေ့မရှိတဲ့ ကလေးတွေ အခုဆို ပို ကျန်းမာသန်စွမ်းလာဟန်ရှိလာပါတယ်။ မိဘတွေကလည်း နွားနို့သောက်ခြင်း ရဲ့ အကျိုးကျေးဇူးကို အရင်က မသိသေးဘဲနေခဲ့ပေမယ့် အခုဆိုရင် အိမ်မှာသောက်ဖို့ သူ့ဆီက နွားနို့ဝယ်ယူလာတာကိုလည်း သတိထားမိလာတယ်လို့ ဆိုပါတယ်။ “မိဘတွေက နွားနို့သောက်တာကို သရေစာတစ်ခုလို မမြင်တော့ဘဲ အာဟာရအဖြစ် မြင်လာကြပြီ” ဟု ဦးမြတ်သိန်းထွန်းက ပြောပါတယ်။ ဦးမြတ်သိန်းထွန်းရဲ့ အတွေ့အကြုံကို ကြည့်မယ်ဆိုရင် နွားနို့ထုတ်လုပ်မှုနည်းပညာ တိုးတက်ဖို့ ကြိုစားခြင်းဟာ သူ့စီးပွားရေးအတွက်သာမက သူ့လိုမျိုး နို့စားနွား မွေးမြူရေးသမားတွေ၊ စာသင်ကျောင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရင်း လူထုအတွက် အာဟာရပိုမိုကောင်းမွန်စေနိုင်တဲ့ ရလဒ်တစ်ခုကို ပြသနေပါတယ်။
*ဤဆောင်းပါးကို FAO Website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
*ဤဆောင်းပါးကို FAO Website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။
ကျွန်မကလေးတွေကို အသက်ရှင်ရက်တွေ့လိုက်ရတာက ကျွန်မအတွက် အကြီးမားဆုံးစိတ်သက်သာရာရတာပါပဲ
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ခြောက်လကြာမြင့်ခဲ့ပြီဖြစ်ပြီး အပြင်းထန်ဆုံးထိခိုက်ခဲ့တဲ့နေရာတွေမှာ ပျက်စီးဆုံးရှုံးမှု များစွာကျန်ရှိနေခဲ့ပါတယ်။ မသူဇာလွင်၊ ၃၉ နှစ်၊ အတွက် အဲဒီနေ့က အမှတ်တရတွေမှာ ထိတ်လန့်မှုတွေ၊ ရှင်သန်ဖို့ကြိုးစားခဲ့ရတာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန်မှာ မသူဇာနဲ့ ခင်ပွန်းဖြစ်သူက နှစ်ဦးသား အလုပ်လုပ်ရာ ဈေးထဲမှာ ရှိနေခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ မြေကြီးက ရုတ်တရက်လှုပ်ခတ်ပြီး ယိမ်းထိုးလာပါတယ်။ "လှုပ်တာတော်တော်ပြင်းတယ်။ ကုန်သေတ္တာတွေ ပြိုကျတယ်။ လူတွေကလည်း အော်တာဆူညံနေတာပဲ။ ကျွန်မတို့ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး အဆောက်အဦကြီး ပြိုမကျခင် ပြေးထွက်ခဲ့ကြတယ်"။ခဏလည်းနေရော ဈေးခေါင်းမိုးကြီးက ကျွံကျလာပြီး ဈေးသည်တွေရော၊ ဝယ်သူတွေပါ အများကြီး အပျက်အစီးအောက်မှာ ပိတ်မိကုန်ကြတယ်။ အဲဒီထဲမှာ သူတို့တစ်သက်လုံး သိကျွမ်းခင်မင်လာတဲ့ အိမ်နီးချင်းမိတ်ဆွေတွေလည်း ပါပါတယ်။ "ကျွန်မအိမ်မက်ထဲမှာ သူတို့အသံတွေကို အခုထိကြားနေတုန်းပဲ။ ကျွန်မတို့တော့ အသက်ရှင်ခဲ့ပေမယ့် တော်တော်များများတော့ အသက်ဆုံးရှုံးခဲ့ကြတယ်။" ငလျင်လှုပ်ခတ်ချိန်မှာ ကိုယ်ဝန်ခုနစ်လရှိနေသူ မသူဇာလွင်က အိမ်မှာ နေ့လယ်စာစားနေကြတဲ့ ၁၁ နှစ်အရွယ် သား မောင်ထက်နိုင်နဲ့ ၇ နှစ်အရွယ် သား မောင်ဇော်မင်းတို့အတွက် စိုးရိမ်သွားခဲ့ရပါတယ်။ "ငလျင်ကြောင့်ရော၊ ကလေးတွေအတွက် စိတ်ပူတာကြောင့်ရော ကျွန်မ ဒူးတွေတုန်လာတယ်။ ကိုယ်ဝန်ကလည်း အန္တရာယ်များတော့ တစ်ချိန်တည်း ကျွန်မကလေးသုံးယောက်လုံးကိုများ ဆုံးရှုံးလိုက်ရမလားလို့ စိုးရိမ်သွားတယ်။"နှစ်ဦးသား အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်က အက်ကြောင်းလိုက်နေပေမယ့် မပြိုမလဲဘဲ ရှိနေပါသေးတယ်။ သားနှစ်ယောက်က ထိတ်လန့်နေပြီး ပြိုလဲနေတဲ့ နံရံတွေနဲ့ ထိတ်လန့်နေတဲ့ အိမ်နီးချင်းတွေကြားထဲမှာ တွေ့ရပါတယ်။ လမ်းတစ်ဖက်က အိမ်တွေကတော့ လုံးဝပြိုကျသွားခဲ့ပါတယ်။ "ကျွန်မကလေးတွေ အသက်ရှင်နေတာမြင်ရလိုက်တာက ကျွန်မအတွက် ဘဝမှာ အကြီးဆုံးစိတ်သက်သာရာရသွားသလိုပဲ၊ ဒါပေမဲ့ ကျွန်မတို့ အိမ်နီးချင်း မိသားစုတွေကတော့ မိသားစုဝင်တွေကို ဆုံးရှုံးရလို့ ငိုနေကြတဲ့သူတွေလည်း ရှိတယ်။"အဲနောက်ပိုင်းရက်တွေကတော့ စိတ်ဆင်းရဲစရာအပြည့်ပါပဲ။ မသူဇာတို့ မိသားစုအပါအဝင် မိသားစုတွေက မရပ်မနားလှုပ်ခတ်နေတဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် စိုးရိမ်ပြီး ပြင်ပမှာ အပူဒဏ်၊ အအေးဒဏ်ခံပြီး အိပ်စက်ကြရပါတယ်။ ရေ၊ မီးမရှိသလို စားစရာလည်း အနည်းငယ်ပဲရှိပါတယ်။ ရပ်ကွက်ထဲက လူတွေက ရနိုင်သမျှ စားစရာတွေရှာကြံပြီး လမ်းဘေးမှာ မီးဖိုပြီး ချက်ပြုတ်စားကြရပါတယ်။ လေထုက မီးခိုးငွေ့တွေအပြင် ဝမ်းနည်းပူဆွေးမှုတွေနဲ့ လေးလံနေပါတယ်။ "နောက်ဆက်တွဲငလျင်တွေလှုပ်တိုင်း ကလေးတွေက အော်ငိုကြတယ်။ ဘယ်သူမှ လုံခြုံတယ်လို့ မခံစားရတော့ဘူး။ ညဘက်ဆို လူတွေ ငိုနေတာကို ကြားနေရတယ်။ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရလိုက်ရတာကိုး။အကူအညီတွေက မကြာခင်ရောက်ရှိလာခဲ့ပါတယ်။ ယူနီဆက် တံဆိပ်နဲ့ ကားတွေက ရပ်ကွက်ထဲရောက်လာပြီး ရေသန့်တွေ၊ ဆပ်ပြာတွေ၊ လစဉ်သုံးပစ္စည်းတွေနဲ့ ရေသန့်ပစ္စည်းတွေ ဝေပေးခဲ့ပါတယ်။ ကိုယ်ဝန်လရင့်နေသူ မသူဇာအတွက် အချိန်က အသက်တမျှအရေးကြီးပါတယ်။ "ကျွန်မလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို စာရင်းသွင်းပေးပြီး အနုအာဟာရမှုန့်တွေ ပေးတယ်၊ ကျန်းမာရေးစစ်ဆေးပေးတယ်။ ဒါက အန္တရာယ်ဖြစ်နိုင်ချေများတဲ့ ကိုယ်ဝန်ရှိသူ ကျွန်မကို မျှော်လင့်ချက်တွေ ပြန်ရစေတယ်။" လွန်ခဲ့တဲ့ နှစ်လက တတိယမြောက်ကလေးကို မွေးဖွားခဲ့ပြီး သားလေးကို မျိုးလို့ အမည်ပေးထားပါတယ်။ အဲဒီအချိန်ကစပြီး ယူနီဆက်က ပံ့ပိုးပေးတဲ့ နယ်လှည့်ကျန်းမာရေး ဆေးပေးခန်းမှ ပုံမှန် ပံ့ပိုးမှုတွေအပြင် အနုအာဟာရမှုန့်၊ မိခင်နို့သီးသန့်တိုက်ကျွေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို သိရှိခဲ့ပါတယ်။ မျိုးက သူ့ရဲ့ ပထမအသုတ် ကာကွယ်ဆေးတွေကို ထိုးနှံထားပြီး အောက်တိုဘာလမှာ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးရမှာ ဖြစ်ပါတယ်။ "သားလေးကို ကျန်းကျန်းမာမာနဲ့ အကာအကွယ်ရှိစေချင်တယ်"။ "ကျွန်မသူ့ကို ချီထားတဲ့အချိန်မှာ အရာအားလုံးကို ဆုံးရှုံးရလုနီးနီးဖြစ်ခဲ့တာကို အမှတ်ရမိတယ်။ သူအသက်ရှင်လို့ ကျွန်မ အင်အားတွေ မျှော်လင့်ချက်တွေ ရခဲ့တာ။"သားအကြီးလေးတွေလည်း ပုံမှန် အာဟာရပံ့ပိုးမှုတွေကနေ အကျိုးရရှိနေပြီဖြစ်ပါတယ်။ ကျောင်းတွေကို တစ်စိတ်တစ်ပိုင်းပြုပြင်ပြီး တဖြည်းဖြည်း ပြန်ဖွင့်လာနေပြီဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေကြားကနေ အတန်းပြန်တက်နိုင်ဖို့ ယူနီဆက်က ပံ့ပိုးပေးတဲ့ စာအုပ်တွေ၊ ခဲတွေနဲ့ အခြား အခြေခံအသုံးအဆောင်တွေအပါအဝင် အရေးပေါ် သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း ရရှိထားကြပါတယ်။ မသူဇာအတွက် ပျက်စီးနေတဲ့ စာသင်ခန်းတွေထဲမှာပဲ ဖြစ်နေပါစေ၊ ကလေးတွေ ပြန်ပြီးပညာသင်နိုင်တာကို မြင်ရတာက နောက်ထပ် ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်မယ့် ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ "သူတို့ စာပြန်သင်တာကို မြင်ရတာ ကျွန်မတော်တော်စိတ်ချမ်းသာတယ်။ အရာအားလုံးဖြစ်ပျက်ပြီးသွားတာတောင် သူတို့စာသင်ဖို့ အခွင့်အရေးဆိုတာ ရှိသေးတာပဲ။” ဒါပေမယ့်လည်း ဘဝက မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ ဈေးက အပြည့်အဝ ပြန်မလည်ပတ်နိုင်သေးဘဲ ဝယ်သူလည်း နည်းနေတဲ့အတွက် ဝင်ငွေလည်း လျော့လာပါတယ်။ "ကျွန်မတို့က နေ့တိုင်းရုန်းကန်နေရတုန်းပါပဲ။ တစ်ခါတလေ အိမ်ငှားခနဲ့ စားဖို့တောင် အနိုင်နိုင်ပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မသားသမီးတွေ ကျန်းမာနေသေးတော့ စိတ်ပူစရာတစ်ခု လျော့တာပေါ့။"အလှူရှင်တွေရဲ့ အချိန်မီ ပံ့ပိုးကူညီမှုများကြောင့် ယူနီဆက်က ငလျင်လှုပ်ခတ်ပြီးပြီးချင်း အသက်ကယ်အထောက်အပံ့များဖြစ်တဲ့ ရေ၊ ကျန်းမာရေးနဲ့ အာဟာရဝန်ဆောင်မှုတွေကို မသူဇာတို့လို မိသားစုတွေ အလိုအပ်ဆုံးအချိန်မှာ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ လိုအပ်ချက်တွေကတော့ များစွာကျန်ရှိနေပါသေးတယ်။ ငလျင်လှုပ်ပြီး ခြောက်လကြာမြင့်လာတဲ့တိုင်အောင် မိသားစုတွေက ပြန်နာလန်ထူဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး မိုးရာသီရေကြီးမှုတွေကြောင့် အခက်အခဲတွေက ပိုတိုးလို့လာခဲ့ပါတယ်။ "ကျွန်မတို့ကို ကူညီပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကရှိနေတုန်းပါပဲ။ ငလျင်ဘေးနောက်ပိုင်းမှာ သန့်ရှင်းတဲ့ရေရရှိဖို့ အမြဲလိုလိုရုန်းကန်နေရပြီး ရေကြီးမှုတွေကြောင့် ပိုဆိုးလာခဲ့ပါတယ်။ မသန့်တဲ့ရေတွေကြောင့် ကလေးတွေ နေမကောင်းဖြစ်မှာကို စိုးရိမ်တယ်။ တစ်ခါတလေ ချက်ပြုတ်ဖို့၊ လျှော်ဖွပ်ဖို့တောင် ရေမလောက်ဘူး။"ငလျင်နောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်တွေဖြစ်တဲ့ ပြိုလဲနေတဲ့အိမ်တွေ၊ ကျောင်းသားကင်းမဲ့နေတဲ့ ကျောင်းဝင်းအလွတ်တွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရသူတွေရဲ့ ငွေကြွေးသံတွေဟာ မန္တလေးတိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေရာအနှံ့မှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားကနေပဲ မသူဇာတို့လို မိသားစုတွေက ခံနိုင်စွမ်းရည်နဲ့ မျှော်လင့်ချက်တွေကို ရှာဖွေနေကြပါတယ်။ "ပံ့ပိုးမှုတွေကြောင့် ကျွန်မတို့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အခု အခက်အခဲတွေရှိနေရင်တောင်မှ ကျွန်မတို့ချည်းပဲမဟုတ်ဘူး။ တခြားသူတွေ၊ ပံ့ပိုးကူညီပေးမယ့်သူတွေရှိတယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါပြီ"။*ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။
ခြေထောက်အသစ်တွေနဲ့ မတ်တပ်ရပ်ချင်လှပြီ၊ ငလျင်ဘေးသင့် ဆယ်ကျော်သက်တစ်ဦး၏ မျှော်လင့်ချက်အပြည့်ဖြင့် ပြန်လည်ထူထောင်ရေးခရီးရှည်
လဝန်းခင်တစ်ယောက် မျက်စိမှိတ်လိုက်တဲ့အခါ ဇာတိမြို့လေးဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က တောင်တန်းတွေကို မြင်ယောင်နေဆဲပါ။ ဒီလိုငြိမ်းချမ်းတဲ့ အမှတ်တရတွေဟာ ဟိုးအရင်အတိတ်ဘဝက ဖြစ်ရပ်တစ်ခုလို ခံစားရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ပဋိပက္ခတွေကြောင့် သူတို့မိသားစုဟာ မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အိမ်ငှားနေထိုင်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာပဲ ၁၁ တန်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။တစ်ပူပေါ် တစ်ပူဆင့်ဆိုသလိုပဲ သူဟာ ငလျင်ဘေးကြီးနဲ့လည်း ကြုံတွေ့ခဲ့ရပြန်ပါတယ်။"စစချင်းလှုပ်တဲ့အချိန်မှာ အသံအကျယ်ကြီး ကြားရတယ်" လို့ နူးညံ့ပေမယ့် တည်ငြိမ်တဲ့လေသံနဲ့ ပြောပြပါတယ်။ "နောက်တော့ အရာအားလုံး မှောင်မဲသွားတယ်။"၁၂ နာရီကျော်ကြာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပြီးနောက် လဝန်းခင်ဟာ သူ့ရဲ့ခြေထောက်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူ့ရဲ့ အသက် ၁၅ နှစ်အရွယ် ညီမလေးနဲ့ အဘိုးဖြစ်သူတို့က ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြပြီး အဘွားဖြစ်သူကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ဆေးရုံမှာ ဆရာဝန်တွေက သူ့ကို သူမထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ ခြေထောက်နှစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတာဖြစ်ပါတယ်။ ခွဲစိတ်မှုပြီး နှစ်လကြာတဲ့ အထိ ဆေးရုံမှာပဲ နေခဲ့ရပြီး နေ့ရက်တိုင်းက သူ့ရဲ့ စိတ်ခွန်အားကို စမ်းသပ်နေသလိုပါပဲ။ "အစကတော့ သမီးရဲ့ ဘဝတစ်ခုလုံး သွားပြီလို့ပဲ တွေးနေခဲ့တာ။ ဒါပေမဲ့ အခုတော့ သမီးဘဝကို ပြန်ပြီး စတင်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။" လို့ လဝန်းခင်က ဆိုပါတယ်။"သမီး မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်" လို့ လဝန်းခင်က သူ့ရဲ့ အိပ်မက်အသစ်ကို ပြောပြပါတယ်။ ပုံမှန်ပညာရေးလမ်းကြောင်းကို မရွေးချယ်တော့ပဲ သူ့ရဲ့ ဖန်တီးချင်စိတ်ကို အကူအညီပေးနိုင်မယ့် အသက်မွေးဝမ်းကျောင်းကိုပဲ သူက ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ ဝှီးချဲက သူ့အတွက် အမှီအခိုကင်းစေတဲ့ ပထမဆုံးအထောက်အကူ ဖြစ်လာခဲ့ပြီး နေ့ရက်တွေကို ခံနိုင်စွမ်းရည်အပြည့်နဲ့ပဲ ဖြတ်ကျော်လာခဲ့ပါတယ်။ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ယူနီဆက်၏ အထောက်အပံ့တွေက လဝန်းခင်အတွက်တော့ သူ့အိပ်မက်တွေနဲ့ နီးစပ်လာဖို့ အကူအညီဖြစ်စေပါတယ်။ ဖခင်ဖြစ်သူ ကိုမျိုးမြင့်က ယူနီဆက် ငွေသားထောက်ပံ့မှုကို စားစရာနဲ့ ဆေးဝါးအတွက် အသုံးပြုခဲ့ပုံနဲ့ ဇီဝကုထုံးပညာရှင်က အိမ်တိုင်ရာရောက်လာရောက်ပြီး သမီးဖြစ်သူ ပြန်လည်သွားလာနိုင်အောင် ခြေတု လေ့ကျင့်ပေးပုံတွေကို ပြောပြခဲ့ပါတယ်။"ဒီပံ့ပိုးမှုတွေက တကယ့်ကို တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ ပဋိပက္ခတွေကြောင့် ကျွန်တော်တို့အိမ်ကို ဆုံးရှုံးလိုက်ရတယ်။ အခု ငလျင်ကြောင့် ထပ်ပြီးဆုံးရှုံးခဲ့ရတယ်။ ဘဝကို နှစ်ကြိမ်ပြန်စဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်နီးပါးပဲ — ဒါကြောင့် ဒီအကူအညီတွေက ကျွန်တော်တို့အတွက်တော့ အသက်ကယ်ကြိုးတစ်ခုလိုပါပဲ။ ”ငလျင်လှုပ်ပြီးနောက် လပေါင်းများစွာတိုင်အောင် လဝန်းခင်တစ်ယောက် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပါ။ ညဘက်တွေမှာ အိပ်မပျော်သည့်အပြင် ငလျင်နေ့ကအဖြစ်အပျက်များ၏ မပီဝိုးတဝါးပုံရိပ်များက သူမကို ခြောက်လှန့်နေခဲ့ပါတယ်။အခုထိတိုင် နောက်ဆက်တွဲငလျင်တွေကြောင့် သူတို့အခုနေထိုင်နေတဲ့အိမ်လေး လှုပ်လာရင် မသိစိတ်က သူ့ကို တံခါးဆီရောက်သွားအောင် တွန်းပို့နေမိတတ်ပါတယ်။ သူ့ခန္ဓာကိုယ်က အန္တရာယ်ကို မှတ်မိနေတုန်းပါပဲ။ဒါပေမဲ့ နေ့အလင်းရောင်က မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းလာပါတယ်။ ဖခင်ဖြစ်သူနဲ့ အဒေါ်က လဝန်းခင်ကို အိမ်မှာလေ့ကျင့်ပေးနိုင်အောင် ကုထုံးပညာရှင် အိမ်ကို လာရောက်ပြသတဲ့အချိန်မှာ လေ့ကျင့်ပေးရမယ့် နည်းစနစ်တွေကို လိုက်ပြီးမှတ်ထားကြပါတယ်။ မိခင်ဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ပေးနေသလို သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ပုံမှန်လာကြည့်ကြရင်း အိမ်လေးမှာ ရယ်မောသံတွေ၊ အကောင်းမြင်စိတ်လေးတွေနဲ့ ပြည့်လို့နေပါတယ်။ "ကျွန်မ အပြင်ပြန်ထွက်ချင်ပြီ၊ ခရီးတွေပြန်သွားချင်ပြီ" လို့ ခြေတုတပ်မည့် အကြောင်းပြောရင်း သူ့ရဲ့ မျက်ဝန်းတွေတောက်ပလာခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး အိပ်မက်က ရိုးရိုးရှင်းရှင်းလေးပါ။ ငလျင်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရယူဖို့ မိသားစုနဲ့အတူ ခရီးသွားဖို့ပဲဖြစ်ပါတယ်။ကိုမျိုးမြင့်က သမီးငယ် ပြန်လည်ကျန်းမာလာတာကို အံ့ဩတကြီးနဲ့ အသံတိတ်ဝင့်ကြွားစွာ စောင့်ကြည့်နေမိပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစုလေးမှာ လဝန်းခင်ရဲ့ စိတ်ဓာတ်ခိုင်မာမှုက သူတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းသွားတဲ့အခါ ရှမ်းပြည်ကို ပြန်ဖို့ အိပ်မက်တွေကလည်း အပြည့်ပါပဲ။အချိန်တွေက တရွေ့ရွေ့သွားနေဆဲပါ။ ယူနီဆက်ရဲ့ မိတ်ဖက်ကုထုံးပညာရှင်တွေက အိမ်ကို လာရောက်ပြီး ခြေထောက်အသစ်အတွက် ပြင်ဆင်ပေးတဲ့နေ့ရက်တိုင်းဟာ ပြန်ပြီးလှုပ်ရှားနိုင်ဖို့၊ ဖန်တီးနိုင်ဖို့နဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာကနေ အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်မယ့် ခံနိုင်ရည်ရှိမှုတွေကို ပြသနိုင်တဲ့ လဝန်းခင်ဘဝရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနေတာပဲ ဖြစ်ပါတယ်။ *ဤ ဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။
သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
ရန်ကုန်မြို့။ အိုင်ယာလန်နိုင်ငံသူ မစ္စဂွင်လူးဝစ်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်း ၂၅ နှစ်တာ အတွေ့အကြုံရှိခဲ့သော မစ္စဂွင်လူးဝစ်စ်သည် ကုလသမဂ္ဂစနစ်အတွင်းတွင်သာမက အခြား ကျယ်ပြန့်သည့် လုပ်ငန်းအတွေ့အကြုံ ရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုသာမက မဟာဗျူဟာမြောက် အမြင်ရှိသူ ဖြစ်ပါသည်။ လက်ရှိတာဝန်ကို မြန်မာနိုင်ငံတွင်မထမ်းဆောင်မီတွင် မစ္စလူးဝစ်စ်သည် ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီတွင် West Bank ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီဌာန (UNRWA) ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့ဂျေရုဆလင်အပါအဝင် ယင်းဒေသတစ်လျောက်တွင် အရေးကြီးဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော အဖွဲ့များကို ဦးဆောင်ခဲ့သည်။ သူမသည် လက်ဘနွန်ရှိ UNRWA ရေးရာ အစီအစဉ်များတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကိုလည်း ထမ်းဆောင်ခဲ့သည်။သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလများတွင် မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရေးပေါ်ဌာနရှိ Global Clusters Coordination ဌာနခွဲကို စီမံခန့်ခွဲခဲ့သည်။မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကိုဆိုဗိုရှိ ကုလသမဂ္ဂမစ်ရှင် (UNMIK)၊ ပါလက်စတိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အယ်လ်ဘေးနီးယားနှင့် တာဂျစ်ကစ္စတန်ရှိ NGO အဖွဲ့များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။မစ္စလူးဝစ်စ်သည် Canterbury ရှိ Kent တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပရေးရာ ဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်သည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။
မြန်မာနိုင်ငံ အတွင်း စံချိန်တင်မြင့်တက်လာသော ဆာလောင် မွတ်သိပ်မှုကို တုံ့ပြန်ရန် ကိုရီးယားသမ္မတနိုင်ငံ နှင့် WFP တို့ REACH အစီအစဥ်ကို စတင်အကောင်အထည်ဖော်
ရန်ကုန်မြို့ - ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် “REACH” ဟု အမည်ပေးထားသည့် ပဋိပက္ခဒဏ်ခံရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။ ပဋိပက္ခ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှုများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တို့၏ စုပေါင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများ ပိုမိုဆိုးရွားလာသည့် လက်ရှိအခြေအနေတွင် အဆိုပါ အစီအစဥ်သည် ပဋိပက္ခဒဏ်ခံစားရသော မိသားစုများထံ အရေးပေါ်အထောက်အပံ့များ ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းလည်းဖြစ်ပါသည်။ကိုရီးယားသမ္မတနိုင်ငံက ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေဖြင့် REACH အစီအစဥ်သည် ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသောဒေသများတွင် WFP မှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာဝယ်ယူရန်ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။ REACH အစီအစဥ်မှတစ်ဆင့် WFP သည် ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ သုံးသိန်း ဝန်းကျင်အား နှစ်လစာ စားနပ်ရိက္ခာများ နှင့်/သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ရန်အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာများမှတစ်ဆင့် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများပေးအပ်သွားမည်ဖြစ်ပါသည်။"အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ REACH (Responding with Emergency Assistance for Conflict-Affected Households) လို့ အမည်ပေးထားတဲ့ ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောကြားသည်။ ထိခိုက်လွယ်ရပ်ရွာလူထုထံ လက်လှမ်းမီနိုင်စေရန်နှင့် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန်အလို့ဌာ WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လက်တွဲပြီး အဆိုပါအထောက်အပံ့များကို လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပါသည်။“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူဖြစ်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ်ဦးဖြစ်လာပါပြီ။ အခု REACH အစီအစဥ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူးပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီတွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလိုပြန်လည်ပြီးတစ်ဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ “စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေပါသည်။ အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်စျေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့်ယှဥ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများအတွက် အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့်အခြေအနေကို ဖြစ်နေပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာပါသည်။ နောက်ဆုံးထွက်ရှိထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ လူဦးရေ ၂ ဒဿမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံက ယခုပေးအပ်လိုက်သောရန်ပုံငွေဖြင့် စားနပ်ရိက္ခာအကူအညီများကို အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရသည့် သွားလာရခက်ကာ ဝေးလံခေါင်းပါးသည့်ဒေသများတွင် ပြန်လည်ပေးအပ်သွားနိုင်စေမည်ဖြစ်ပါသည်။သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ရိုဟင်ဂျာလူမျိုးများနှင့် အခြား လူမှုအသိုက်အဝန်းများ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းစေခဲ့သည့် ရှစ်နှစ်ပြည့် ထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်မှ အစုလိုက် အပြုံလိုက် အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး ရှစ်နှစ် ကြာလာပြီဖြစ်သော်လည်း ၎င်းတို့ကြုံတွေ့နေရသည့် ဆိုးရွားသည့် အခြေအနေများသည် ပိုမို ဆိုးရွားလာနေခြင်းကို ဆက်လက် ရင်ဆိုင်နေရပါသည်။ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာလူမျိုးများနှင့် အခြား အရပ်သားများမှာ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ခိုက်မှုများအတွင်း ပိတ်မိနေပြီး အတင်းအဓမ္မ လူအင်အားစုဆောင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြား အကြမ်းဖက်မှုမျိုးစုံကို ခံစားနေရပါသည်။ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာလူမျိုးများ ထပ်မံ၍ အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိုထဲတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၁.၁ သန်းကျော် ရောက်ရှိနေပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။ ဒေသတွင်းတွင် ပြန်လည်နှင်ထုတ်မှုများ၊ ဖယ်ရှားရှင်းလင်းမှုများနှင့် နေရပ်ပြန်ပို့မှုများ ဖြစ်ပွားနေကြောင်း သတင်းများသည် ပြန်လည်နှင်ထုတ်ခြင်းမပြုရေး မူဝါဒကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ခြင်းနှင့် ခိုလှုံစရာ နေရာများ ကျဥ်းမြောင်းလာနေခြင်းတို့အပေါ် အလွန်အမင်း စိုးရိမ်မှုများ မြင့်တက်စေပါသည်။ ရန်ပုံငွေ ဖြတ်တောက်ခြင်းများကြောင့် ပညာရေး၊ စားနပ်ရိက္ခာအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများမှာ ဆိုးရွားစွာ လျော့နည်းလာနေပါသည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတို့အပါအဝင် နိုင်ငံတကာဥပဒေအရ တာဝန်ရှိသည်နှင့်အညီ အရပ်သားပြည်သူများအားလုံးကို အကာအကွယ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ ယခုနှစ် အစောပိုင်းက ကော့စ်ဘဇားမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဥ်တွင် ရိုဟင်ဂျာအသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြင်တွေ့ခဲ့ရပြီး၊ နိုင်ငံတကာမှ ပိုမိုစည်းလုံးညီညွတ်ဖို့နှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ဖို့ အရေးတကြီးလိုအပ်နေကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများကို ထိရောက်စွာပါဝင်စေပြီး သူတို့၏ အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရမှုနှင့် ကာလရှည်ကြာနေသည့် အကျပ်အတည်း၏ အခြေခံအကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကျယ်ပြန့်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ပါသည်။နယူးယောက်မြို့၌ စက်တင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရိုဟင်ဂျာလူမျိုးမျာနှင့် အခြား လူနည်းစုလူမျိုးစုများဆိုင်ရာ အဆင့်မြင့်ညီလာခံသည် ကုလသမဂ္ဂအထွေထွေညီလာခံမှ ပြဌာန်းထားသည့်အတိုင်း ရေရှည်ခံသည့် ဖြေရှင်းနည်းများ ရှာဖွေရန် အရေးကြီးကြောင်းကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်လာစေနိုင်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ယုံကြည်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာလူမျိုးများ မြန်မာနိုင်ငံတွင်းသို့ သူတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ အမြဲတမ်း နေရပ်ပြန်လာနိုင်ရေးအတွက် အခြေအနေကောင်းများ ဖြစ်ပေါ်လာရေးတို့ကို ဦးတည်သည့် မြန်မာနိုင်ငံမှ ဦးဆောင်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်အတွက် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆောင်ရွက်နေပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်။
ဆာလောင်မွတ်သိပ်မှုများမြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အတွက် ကယ်ဆယ်ရေးအကူအညီများပေးအပ်နိုင်ရန် WFP တောင်းဆို
စစ်တွေ၊ မြန်မာ။ ။ ပဋိပက္ခ၊ ပိတ်ဆို့တားဆီးမှုနှင့် ရန်ပုံငွေဖြတ်တောက်ခြင်းတို့ကြောင့် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးတကြီး တိုက်တွန်းလိုက်သည်။ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံးနိုင်သည့် မိသားစုအရေအတွက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ပါသည်။ ဤတွေ့ရှိချက်များသည် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် စားနပ်ရိက္ခာဖူလုံမှုအခြေအနေ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာအထိရောက်ရှိနေပြီဖြစ်ကြောင်းနှင့် လတ်တလောအာဟာရချို့တဲ့မှုအခြေအနေမှာလည်း ပိုမိုဆိုးရွားလာနေကြောင်း ညွှန်ပြနေပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခများနှင့် သွားလာခွင့်ကန့်သတ်မှုများကြောင့် ဒီထက်မက အခြေအနေများ ပိုမိုဆိုးရွားနေမည်ဟု ခန့်မှန်းရပါသည်။ WFP ၏ ရပ်ရွာလူထုအကြံပြုတုံ့ပြန်မှုစနစ်က လက်ခံရရှိခဲ့သည့် မှတ်တမ်းများအရ ရပ်ရွာလူထုထံမှ စိုးရိမ်ဖွယ် အကြောင်းကြားချက်များ အလွန်မြင့်တက်လာသည်ကို တွေ့ရသည်။ မိသားစုဘဝရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ကျောင်းထွက်ခြင်း၊ လူမှုရေးတင်းမာခြင်းများနှင့် လူကုန်ကူးမှုတို့အထိ နည်းမျိုးစုံဖြင့် အပူတပြင်းကြိုးစားနေကြရကြောင်း သိရှိရသည်။ “လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံရနေရတယ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့်ဆုံးရှုံးနေကြတယ်၊ လူသားချင်းစာနာမှုအကူအညီအကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျော့သံသရာထဲမှာပဲ တဝဲလည်လည်ပိတ်မိနေကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။ "ဝမ်းဆာလို့ ငိုကြွေးနေတဲ့ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့အကြောင်းလို ကြေကွဲစရာ ဇာတ်လမ်းတွေကို ကျွန်တော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမဲ့ ဒီလိုအခြေအနေမှာ သူတို့ရုန်းကန်အားတစ်ခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်" ဟု သူက ဆက်လက်ပြောကြားသည်။ရှည်ကြာစွာဖြစ်ပွားနေသည့် ပဋိပက္ခ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေများ လျော့နည်းသွားခြင်းကြောင့် အထောက်အပံ့များ လျှော့ချခံရခြင်းတို့က ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ပိုဆိုးအောင် တွန်းအားပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်ကို အထောက်အပံ့များ ရပ်ဆိုင်းခဲ့ရသည်။ရန်ပုံငွေရင်းမြစ်များနည်းပါးလာသည့်တိုင် WFP သည် အခြေအနေအဆိုးရွားဆုံးဖြစ်နေသည့်ဒေသများတွင် ကူညီထောက်ပံ့မှုများ အကန့်အသတ်ဖြင့် ပြန်လည်စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများတိုးမြှင့်ပေးအပ်ကြရန် WFP က အရေးတကြီးတောင်းဆိုလိုက်ပါသည်။ ထို့အတူ မြေပြင်ရှိအာဏာပိုင်များအနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အတားအဆီးမဲ့ဝင်ရောက်ကူညီခွင့်ပေးရန် တောင်းဆိုလိုက်သည်။ WFP သည် လာမည့်ခြောက်လအတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း ၂၇၀,၀၀၀ ကို ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်လျက်ရှိပါသည်။“အခုချက်ချင်း တုံ့ပြန်ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီအကျပ်အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟု Mr. Dunford က ပြောသည်။ “ဒါကို နိုင်ငံတကာက မျက်နှာလွှဲလိုက်လို့ မရပါဘူး။” ဟု သူက ဆက်လက်ပြောကြားသည်။ သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်။
ငလျင်ကြီးအပြီး မြန်မာနိုင်ငံတွင် လိုအပ်ချက်များ မြင့်မားလာမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးအပ်
ရန်ကုန်၊ မြန်မာ။ ။ ယခုနှစ် မတ်လပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများထဲမှ လူဦးရေ ၃၂၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များပေးအပ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ပံ့ပိုးကူညီလိုက်ပါသည်။အဆိုပါ ရန်ပုံငွေဖြင့် WFP သည် ဆန် ၄,၉၀၀ မက်ထရစ်တန် ဝယ်ယူမည်ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် နှင့် ရှမ်းပြည်နယ် စသည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့်ဒေသများရှိ ရပ်ရွာလူထုကို တစ်လစာ ဆန်ရိက္ခာအကူအညီများ ပေးအပ်နိုင်မည်ဖြစ်ပါသည်။ WFP သည် အဆိုပါအထောက်ပံ့များကို အကူအညီလိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပြီး၊ ဒေသခံမိတ်ဖက်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ငလျင်ကြီးလှုပ်ခတ်ခဲ့ရာမှာ လေးလကျော်ခဲ့ပြီဖြစ်သည့်တိုင် ငလျင်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့်ဒေသများရှိ ဝမ်းရေးဖူလုံမှုအခြေအနေမှာ ခက်ခဲဆိုးရွားနေကြဆဲ ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ နောက်ဆုံးရရှိထားသည့် ကိန်းဂဏန်းများ အရ လူဦးရေပေါင်း ၆ ဒသမ ၃ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်လျက်ရှိပါသည်။ လူထောင်ပေါင်းများစွာသည် နေအိမ်များမှစွန့်ခွာကာ မလုံခြုံသည့်အခြေအနေတွင် ခိုလှုံနေရလျက်ရှိပြီး မုတ်သုန်မိုး သည်းထန်စွာရွာသွန်းမှုကလည်း အခြေအနေများကို ပိုဆိုးရွားလာစေသည်။ WFP နှင့် FAO တို့၏ ကနဦးအကဲဖြတ်ချက်များအရ ငလျင်ဘေးဒဏ်ခံရပ်ရွာလူထု၏ ၃၈ ရာခိုင်နှုန်းသည် ၎င်းတို့၏ စားနပ်ရိက္ခာလိုအပ်ချက်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သို့မဟုတ် အခြားအထောက်အပံ့များအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း တွေ့ရှိရသည်။“ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရတာတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေပိုဆိုးလာနေတဲ့ နိုင်ငံကိုမှ ငလျင်က ထပ်ပြီး လှုပ်ခတ်သွားခဲ့တာပါ။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။ "တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ငလျင်လှုပ်ပြီးပြီးချင်း အကူအညီတွေ အလိုအပ်ဆုံးဖြစ်နေချိန်မှာ အရေးပေါ်အကူအညီတွေပေးပြီး ရှေ့တန်းအခန်းကဏ္ဍကနေ ချက်ချင်းပါဝင်ခဲ့ပါတယ်။ အရာအားလုံးဆုံးရှုံးခဲ့ရတဲ့အပြင် မုတ်သုန်မိုးကြောင့် ပိုဆိုးလာတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံနေကြရတဲ့ မိသားစုတွေအတွက် တရုတ်နိုင်ငံက အခုပေးအပ်လိုက်တဲ့ အကူအညီတွေဟာ တကယ့်ကိုအထောက်အပံ့ဖြစ်မှာပါ” ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။WFP သည် ငလျင်တုံ့ပြန်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ငလျင်ဘေးသင့်ဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ လိုအပ်ချက်များကို ဖြေဆည်းပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ စဉ်ဆက်မပြတ်သော ပံ့ပိုးကူညီမှုများသည်လည်း မရှိမဖြစ် လိုအပ်နေပါသေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယခုကဲ့သို့သောပံ့ပိုးကူညီမှုများကြောင့် ငလျင်ဘေးသင့် မိသားစုများအနေဖြင့် ဝမ်းရေးမပူပန်ရတော့ဘဲ ဘဝကို ပြန်လည်ထူထောင်တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရသည့်ဒေသများနှင့် ထိခိုက်ခံစားရသူများ၏ ဓာတ်ပုံများကို အောက်ပါလင့်ခ်တွင် ရရှိနိုင်သည်။https://multimedia.wfp.org/Share/60ln22c3kc1p27xvansrv22by2wl1b12 ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။
WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၅ ခုနှစ် ဇူလိုင်လ ၀၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
1 / 11