အချိန်နှင့် ကုန်ကျစရိတ်သည် အရေးကြီးမှု - မြန်မာနိုင်ငံရှိ တီဘီရောဂါဖြစ်ပွားမှုမြင့်မားသော ဒေသများတွင် တစ်နေရာတည်း၌ ပြီးမြောက်နိုင်သည့် တီဘီဝန်ဆောင်မှုများကို ရပ်ရွာလူထုအနီးသို့ ပို့ဆောင်ခြင်း
ရန်ကုန်၊ မြန်မာ — ရန်ကုန်မြို့ရှိ လူဦးရေသိပ်သည်းသည့် စက်မှုမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်တွင် လူနေထိုင်မှုကျပ်တည်းခြင်းနှင့် သွားလာရွှေ့ပြောင်းမှုမြင့်မားခြင်းတို့ကြောင့် တီဘီရောဂါ ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုမိုမြင့်မားနေပြီး ရပ်ရွာလူထုအတွင်း တိတ်တဆိတ် ဆက်လက်ပျံ့နှံ့ နေဆဲဖြစ်သည်။
ဒေသခံများစွာ၏ နေ့စဉ်ဘဝသည် အလုပ်ချိန်ရှည်ကြာခြင်း၊ စီးပွားရေးအခက်အခဲများနှင့် ကျန်းမာရေးစောင့်ရှောက်မှုသို့ လက်လှမ်းမီနိုင်မှု ကန့်သတ်ချက်များအောက်တွင် ဖြတ်သန်းနေရသည်။ ထိုအခြေအနေတွင် ဆက်တိုက်ချောင်းဆိုးနေသည့် လက္ခဏာတစ်ခုတောင် ရောဂါပိုမို ဆိုးရွားလာသည့်အထိ စစ်ဆေးမှုမခံရဘဲ ကျန်ရှိနေနိုင်သည်။
အသက် ၇၂ နှစ်အရွယ် ဦးမောင်စီအတွက် ရောဂါကို စောစောစီးစီးသိပြီး အချိန်မီ ကုသမှုခံယူခြင်းက ကြီးမားသော ရလဒ်ကောင်းတစ်ခု ဖြစ်စေခဲ့ပါသည်။
“ကျွန်တော် ချောင်းဆိုးတာ မပျောက်ဘဲ ဆက်တိုက်ဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။ “ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးက စစ်ဆေးကြည့်ဖို့ တိုက်တွန်းပြီး ရင်ဘတ်ဓာတ်မှန် စစ်ဆေးနိုင်ဖို့ ဆေးခန်းသို့ သွားရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။”
ဆေးစစ်ချက် အဖြေတွေအရ သူ့ရဲ့ အဆုတ်မှာ အနာအစက်အပြောက် သေးသေးလေးတစ်ခု ရှိနေတာကို တွေ့ရှိခဲ့ရပြီး ရောဂါကို စောစောစီးစီး သိရှိသွားတဲ့အတွက် ကုသမှုကိုလည်း ချက်ချင်း လျင်လျင်မြန်မြန် စတင်နိုင်ခဲ့ပါတယ်။
“ကျွန်တော် ဒီရောဂါကို မိသားစုဝင်တွေကို ရောဂါကူးစက်သွားမလားဆိုပြီး အလွန်စိုးရိမ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒါပေမယ့် ကျွန်တော်ဆီကနေ သူတို့ဆီ မကူးစက်ခဲ့တဲ့အတွက် စိတ်သက်သာရာရပြီး ဝမ်းသာမိပါတယ်။”
ခေါင်းစဉ်-လှိုင်သာယာမြို့နယ်ရှိ တီဘီ (TB) ဆေးခန်းတွင် ဦးမောင် ရင်ခေါင်းဓာတ်မှန် (Chest X-ray) စစ်ဆေးမှု ခံယူနေစဉ်။
ဓာတ်ပုံ - © WHO Myanmar
|
ခေါင်းစဉ်-တီဘီ (TB)ရောဂါဝေဒနာရှင်တစ်ဦးကို ဆွေးနွေးကုသပေးနေသည့် ဒေသခံကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဒေါက်တာဖြိုးသီဟထွန်း။
ဓာတ်ပုံ - © WHO Myanmar
|
ဤကဲ့သို့ တီဘီရောဂါကုသမှုအောင်မြင်မှုများရှိသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေဟာ တစ်နေရာတည်းတွင် ရောဂါရှာဖွေခြင်း၊ ကုသခြင်း မဆောင်ရွက်နိုင်ခြင်းက အဓိက စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ မြို့နယ်အနှံ့မှ လွှဲပြောင်းပေးပို့တဲ့ လူနာတွေကို လက်ခံကုသပေးနေတဲ့ တီဘီ (TB) ဆေးခန်းမှာ တာဝန်ထမ်းဆောင်နေသော ဒေါက်တာဖြိုးသီဟထွန်းကလည်း လူနာအများအပြားဟာ ဆေးရုံ၊ ဆေးခန်း လွှဲပြောင်းကုသမှု လမ်းကြောင်းတစ်လျှောက်မှာတင် တိကျတဲ့ ကုသမှုဆီ မရောက်ဘဲ ပျောက်ဆုံးသွား (ကုသမှုပြတ်တောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းသို့ မသွားတော့ခြင်း) တတ်သည်ဟု ဆိုပါသည်။
“ကျွန်တော်တို့ တီဘီသံသယရှိသူတွေကို ဒီမှာ စစ်ဆေးပြီး သလိပ်နမူနာတွေကို အခြားဌာနတစ်ခုဆီ ပို့ရပါတယ်။ ထို့နောက် အတည်ပြုလူနာတွေကို ကုသမှုစတင်နိုင်ဖို့ မြို့နယ်တီဘီဌာနဆီ ပြန်လွှဲရပါတယ်” ဟု ၎င်းက ပြောသည်။ “ဒီအဆင့်တွေကြားမှာ လူနာအချို့ ဆက်လက်စောင့်ကြည့်ကုသမှုမှ မခံယူပဲ ပျက်ကွက်သွားတတ်ပါတယ်။”
လှိုင်သာယာမြို့နယ်တွင် နေထိုင်သောဒေသခံအများစုမှာ စက်ရုံအလုပ်သမားများနှင့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသဖြင့် တီဘီရောဂါ ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုမိုမြင့်မားနေသည်။
“လူနေထူထပ်တဲ့ အခြေအနေတွေက တီဘီရောဂါကူးစက်မှုကို အလွန်လွယ်ကူစေပါတယ်။ လွှဲပြောင်းကုသမှုခရီးစဉ်အတွင်း သံသယရှိတီဘီလူနာတွေကို ဆက်လက်မလိုက်နိုင်တော့တဲ့အခါ ရပ်ရွာအတွင်း နောက်ထပ် ရောဂါကူးစက်ပြန့်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါတယ်” ဟု ၎င်းက ဆိုသည်။
|
|
ခေါင်းစဉ်-လှိုင်သာယာမြို့နယ်ရှိ တီဘီ (TB) ဆေးခန်းတွင် ဦးမောင်စီအား အခြားတီဘီ(TB) ရောဂါဝေဒနာရှင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-© WHO Myanmar
တီဘီရောဂါအားအောင်မြင်စွာကုသနိုင်ရန်အတွက် နောက်ဆက်တွဲစစ်ဆေးမှုခံယူရန် သို့မဟုတ် လွှဲပြောင်းကုသမှုကို အပြီးသတ်ရန် အလွန်အရေးကြီးပါသည်။ ငွေကြေးအခက်အခဲသည် လူနာများအနေဖြင့် တီဘီရောဂါအား ဆက်လက်ကုသမှုခံယူခြင်းမှ ပျက်ကွက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ နောက်အကြောင်းအရင်းတစ်ချက်မှာ ဆေးခန်းသို့ သွားရောက်ရန် အချိန်ယူရခြင်းသည် ၎င်းတို့၏ နေ့စဉ်ဝင်ငွေကို ထိခိုက်စေနိုင်ခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် လူနာအများစုသည် မိသားစုဝင် သို့မဟုတ် အဖော်တစ်ဦးလိုက်ပါရန် လိုအပ်သောကြောင့် အလုပ်ပျက်ချိန်နှင့် နေ့စဉ်ဝင်ငွေဆုံးရှုံးမှုသည် နှစ်ဆတိုးလာနိုင်ပြီး မိသားစုများအတွက် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးလာသည်။
“ကျွန်တော်တို့ရဲ့ လူနာအများစုက ရွှေ့ပြောင်းအလုပ်သမားတွေပါ” ဟု ဒေါက်တာဖြိုးက ရှင်းပြသည်။ “ဆေးကုသမှုခံယူဖို့အတွက် သူတို့ရဲ့သွားလာစရိတ်တွေကိုတောင် ရုန်းကန်နေရပြီး အကြိမ်ကြိမ်သွားရောက်ဆေးကုသမှုခံယူဖို့အတွက် စရိတ်ကို အမြဲတမ်းမတတ်နိုင်ကြပါဘူး။”
“ကျွန်တော်တို့ ခရီးစရိတ်အကူအညီတွေ ပေးနေပေမယ့် စရိတ်တွေမြင့်တက်လာတာက ကျွန်တော်တို့ရဲ့အကူအညီလုံလောက်မှုမရှိတော့ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။
ဤအခြေအနေအရပ်ရပ်ကြောင့် လူနာအများအပြားသည် လွှဲပြောင်းကုသမှုအတွင်း ပျောက်ဆုံးသွားကြသည်။ ဤကွာဟချက်သည် တီဘီရောဂါကုသမှုအောင်မြင်မှုကို တိုက်ရိုက်ထိခိုက်စေပါသည်။
ခေါင်းစဉ်-ဒေသခံ တီဘီ(TB)ဆေးခန်းမှ ရပ်ရွာ ကျန်းမာရေး စေတနာ့ဝန်ထမ်း ဒေါ်စမ်းသီတာ။
ဓာတ်ပုံ - © WHO Myanmar
|
ခေါင်းစဉ်-ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးက ရပ်ရွာလူထုကို တီဘီရောဂါအကြောင်း အသိပညာပေးနေစဉ်။
ဓာတ်ပုံ - © WHO Myanmar
|
ရပ်ရွာကျန်းမာရေး စေတနာ့ဝန်ထမ်းများသည် ဤကွာဟချက်များကို ပေါင်းကူးပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး လူထုများအား မရှိမဖြစ်လိုအပ်သော တီဘီရောဂါဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးလျက်ရှိပါသည်။
“ကျွန်မက MHAA ရဲ့ ရပ်ရွာကျန်းမာရေး စေတနာ့ဝန်ထမ်း မစမ်းသီတာပါ” ဟု သူမက ဆိုသည်။ “ကျွန်မတို့ဟာ သံသယရှိတီဘီလူနာတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သလို ရောဂါရှာဖွေစစ်ဆေးမှုနဲ့ ကုသမှုကို လက်လှမ်းမီနိုင်အောင်လည်း ကူညီပေးပါတယ်။”
ရပ်ရွာအတွင်း အသိပညာပေးဟောပြောပွဲများမှတစ်ဆင့် တီဘီရောဂါဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ယခုအခါ လူအများအပြားသည် မိမိဘာသာ ဆေးခန်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်လာကြသည်ကိုတွေ့မြင်ရပါသည်။
“ကျွန်မတို့ တီဘီရောဂါသံသယရှိလူနာတွေကို တွေ့ရှိတဲ့အခါ အခမဲ့တီဘီဆေးခန်းတွေဆီ လွှဲပြောင်းပေးပါတယ်” ဟု သူမက ဆိုသည်။ “ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ကုသမှုခံယူရာမှာ ဝင်ငွေဆုံးရှုံးနိုင်ခြေရှိတဲ့ လူနာတွေအတွက် သွားလာစရိတ်တွေဟာ သိသာထင်ရှားတဲ့ အတားအဆီးတစ်ခုဖြစ်နိုင်တာကြောင့် ကျွန်မတို့ ကုသမှုအတွင်း ခရီးစရိတ်တွေကိုလည်း ပံ့ပိုးပေးပါတယ်။”
“ကုသမှုကာလအတွင်း သွားလာစရိတ်ကိုလည်း ကူညီပေးပါတယ်။ သွားလာစရိတ်ဟာ ငွေကြေးအခက်အခဲရှိပြီး ကုသမှုခံယူဖို့ သွားလာချိန်မှာ ဝင်ငွေဆုံးရှုံးနိုင်ခြေရှိတဲ့ လူနာတွေအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ သိထားပါတယ်။”
"ကုသမှုကာလအတွင်း ခရီးစရိတ်များသည် လူနာများအတွက် ကြီးမားသောအခက်အခဲတစ်ရပ် ဖြစ်နိုင်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ အထူးသဖြင့် ငွေကြေးအခက်အခဲရှိပြီး ကုသမှုခံယူရန် သွားရင်း ၀င်ငွေဆုံးရှုံးနိုင်သည့် လူနာများအတွက် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရီးစရိတ်များကိုလည်း ပံ့ပိုးပေးပါသည်။"
သို့သော် ငွေကြေးဆိုင်ရာ အတားအဆီးများသည် မိသားစုအများအပြားအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း သူမက မှတ်ချက်ပြုပါသည်။
တွေ့ဆုံမေးမြန်းမှုများတစ်လျှောက်တွင် အန္တရာယ်များသောဒေသများတွင် တီဘီရောဂါအားအောင်မြင်စွာထိန်းချုပ်နိုင်မှုသည် ထိရောက်သော ရောဂါရှာဖွေကုသမှုအပေါ်တွင်သာမက ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်စေရန်နှင့် လူနာများရင်ဆိုင်နေရသော လက်တွေ့အခြေအနေများအပေါ် အခြေခံ၍ ဒီဇိုင်းထုတ်ဆောင်ရွက်ရန်လည်း မူတည်ပါသည်။ ဒေါက်တာဖြိုးက ရလဒ်များကို ပြောင်းလဲစေနိုင်သည်ဟု ယုံကြည်သည်။
တွေ့ဆုံမေးမြန်းမှုများအတွင်း ထင်ရှားစွာ ပေါ်လွင်လာသော သတင်းစကားတစ်ခုမှာ တီဘီထိန်းချုပ်ရေးသည် ထိရောက်သော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအပေါ်သာ မူတည်သည့်အရာ မဟုတ်ဘဲ လူနာများ ရင်ဆိုင်နေရသော လက်တွေ့ဘဝအခြေအနေများနှင့် ကိုက်ညီပြီး လက်လှမ်းမီရလွယ်ကူသော ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်ခြင်းအပေါ်လည်း မူတည်နေသည်ဆိုသည့် အချက်ဖြစ်သည်။ ပိုမိုပေါင်းစည်းချိတ်ဆက်ထားသော ဝန်ဆောင်မှုပုံစံတစ်ခုသည် ရလဒ်များကို ပြောင်းလဲတိုးတက်စေနိုင်ကြောင်း ဒေါက်တာ ဖြိုးသီဟထွန်းက ယုံကြည်သည်။
“အန္တရာယ်များတဲ့ ဒေသတွေမှာ အစုလိုက်စစ်ဆေးခြင်းနဲ့ တီဘီရောဂါစစ်ဆေးကုသမှုဆိုင်ရာဝန်ဆောင်မှုများကို တစ်နေရာတည်းတွင်ပေးနိုင်ရင် ရောဂါကို စောစီးစွာသိရှိခြင်းနဲ့ ကုသမှုအောင်မြင်မှုကို သိသိသာသာ တိုးတက်စေမှာပါ” ဟု ၎င်းက ဆိုသည်။
“ရောဂါကူးစက်မှုအန္တရာယ် မြင့်မားတဲ့ဒေသတွေမှာ လူထုအခြေပြု အစုလိုက် ရောဂါရှာဖွေရေးနဲ့ တစ်နေရာတည်းမှာတင် အလုံးစုံ ဝန်ဆောင်မှုပေးနိုင်တဲ့ တီဘီစောင့်ရှောက်မှုလုပ်ငန်း (One-stop TB service) ကို တည်ထောင်ပေးနိုင်မယ်ဆိုရင် ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်မှုနဲ့ ကုသမှု အောင်မြင်မှုနှုန်းတွေကို သိသိသာသာ မြင့်မားလာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လူနာများသည် စစ်ဆေးခြင်းမှ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ကုသမှုစတင်ခြင်းအထိ ဌာနများစွာကြားတွင် သွားလာနေကြရသည်။
“ဒီအဆင့်ပေါင်းများစွာပါတဲ့ လုပ်ငန်းစဉ်ကြောင့် တစ်ခါတစ်ရံ လွှဲပြောင်းကုသမှုအတွင်း လူနာတွေ ပျောက်ဆုံးသွားတတ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ “တီဘီရောဂါဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင်ပေးနိုင်ပါက ဒီကွာဟချက်တွေကို လျှော့ချပေးနိုင်မှာပါ။”
ဤစနစ်ပိုင်းဆိုင်ရာ ကွာဟချက်များသည် လူနာအများအပြားရင်ဆိုင်နေရသော လက်တွေ့အခြေအနေများကြောင့် ပိုမိုဆိုးရွားလာသည်။ ဝန်ဆောင်မှုပေးသူများနှင့် ရပ်ရွာစေတနာ့ဝန်ထန်းများအတွက် တီဘီရောဂါသည် ဆေးဘက်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုသာမက ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ကုသမှုကိုလက်လှမ်းမီမှုဆိုင်ရာ အတားအဆီးများဖြင့် ပုံဖော်ထားသော စနစ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်ပါသည်။
“လူနာအများအပြားဟာ သူတို့ရဲ့ ဇာတိနေရပ်တွေဆီ ပြန်လေ့ရှိကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပါတယ်” ဟု ဒေါက်တာဖြိုးက ဆိုသည်။ “ကုသမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု စဉ်ဆက်မပြတ် ဆက်လက်မရရှိရင် သူတို့ဟာ တီဘီရောဂါကို (သူတို့ကိုယ်တိုင်လည်း) မသိလိုက်ဘဲ သူတို့မြို့မှာရှိတဲ့ တစ်ခြားသူတွေကိုထပ်မံကူးစက်ပြန့်ပွားစေစေနိုင်ပါတယ်။”
ထို့ကြောင့် ဒေသအလိုက် အလွယ်တကူ ရရှိနိုင်ပြီး ပေါင်းစည်းချိတ်ဆက်ထားသော ဝန်ဆောင်မှုများကို အားဖြည့်ခြင်းသည် တစ်ဦးချင်းလူနာများ၏ ကုသမှုရလဒ်များ တိုးတက်စေရန်သာမက ရပ်ရွာများနှင့် ဒေသများအကြား ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချရန်အတွက်လည်း မရှိမဖြစ်လိုအပ်သည်။
"လှိုင်သာယာမှာ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ထူးခြားဆန်းပြားတဲ့ စိန်ခေါ်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားပြီး လူဦးရေ ရွှေ့ပြောင်းသွားလာမှု များပြားတဲ့ ဒေသတွေရဲ့ မြေပြင်ပကတိ အရှိတရားကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေဟာ ရောဂါရှာဖွေမှု၊ကုသမှု တစ်စုတစ်စည်းတည်းမရှိဘဲ တီဘီရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ပြီး အဟန့်အတား ဖြစ်စေတာပဲ ဖြစ်ပါတယ်"
လွှဲပြောင်းမှုအဆင့်များစွာ၊ ခရီးဝေးသွားလာရခြင်းနှင့် စီးပွားရေးကန့်သတ်ချက်များကို ရင်ဆိုင်ဖြတ်သန်းရသော လူနာများအတွက် စနစ်အတွင်းရှိ ကွာဟချက်များသည် ကုသမှု ပြီးမြောက်နိုင်ခြင်းနှင့် ဆက်လက်စောင့်ကြည့်ကုသမှုမှ လွဲချော်သွားခြင်းကြား ကွာခြားချက် ဖြစ်လာနိုင်သည်။
“တစ်နေရာတည်းတွင်ရရှိနိုင်သော တီဘီရောဂါဝန်ဆောင်မှုတစ်ခုက ဒီကွာဟချက်တွေကို လျှော့ချပေးနိုင်ပြီး လူနာတွေကို ကုသမှုအတွင်း ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကူညီပေးမှာပါ” ဟု ဒေါက်တာဖြိုးက ဆိုသည်။ “ဒါက လိုအပ်ချက်အရှိဆုံးသူတွေအတွက် ရောဂါရှာဖွေခြင်းနဲ့ ကုသမှုကို ပိုမိုလက်လှမ်းမီနိုင်စေမှာပါ။”
တီဘီအလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သော်လည်း ကုသမှုသို့ လက်လှမ်းမီမှု ကန့်သတ်နေသည့် ရပ်ရွာလူထုများတွင် ပေါင်းစည်းချိတ်ဆက်ထားသော လူနာဗဟိုပြု ဝန်ဆောင်မှုများကို အားဖြည့်ခြင်းသည် တစ်ဦးချင်း၏ ကုသမှုရလဒ်များ တိုးတက်စေရုံသာမက ကူးစက်ပျံ့နှံ့မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်လည်း မရှိမဖြစ်လိုအပ်သည်။
ဒေါက်တာ ဖြိုးသီဟထွန်းက အလေးပေးပြောကြားသည့်အတိုင်း “ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ပေါင်းစည်းပြီး ရပ်ရွာလူထုအနီးသို့ ပိုမိုနီးကပ်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် တီဘီကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်မယ်၊ ထိရောက်စွာ ကုသနိုင်မယ်၊ ထပ်မံပျံ့နှံ့ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။”
တီဘီရောဂါ ကင်းစင်ပပျောက်ရေး ကြိုးပမ်းမှုတွင် လူနာတိုင်း အချိန်မီ ရောဂါရှာဖွေကုသမှု ရရှိစေရန် သေချာစေခြင်းနှင့် ကုသမှုနောက်ဆက်တွဲ လမ်းကြောင်းမှ ပျောက်ဆုံး (ကုသမှုပြတ်တောက်) ခြင်း၊ ခြေရာမလွတ်စေရေးမရှိစေရန် ဆောင်ရွက်ခြင်းတို့သည် လုပ်ငန်းစဉ်အားလုံးအနက် အရေးပါဆုံးသော ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ပါသည်။
*ဤဇာတ်ကြောင်းကို WHO website ၌ ၂၀၂၆ခုနှစ် ဇူလိုင်လ 8ရက်နေ့တွင် မူရင်းထုတ်ဝေထားပါသည်။