နောက်ဆုံးပေါ်
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်။
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးအခါသမယအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်။
ပဋိပက္ခများအကြား ဆာလောင်မွတ်သိပ်မှုချောက်ကမ်းပါးပေါ်ရောက်ရှိနေသော မြန်မာနိုင်ငံ
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
မိန့်ခွန်း
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်။
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးအခါသမယအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယပါ။ဒီနှစ်ကျရောက်တဲ့ မြွေနှစ်နဲ့ တရုတ်နှစ်သစ်ကူး ဆင်နွဲကြသူတိုင်းအတွက် နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မြွေဟာ ဉာဏ်ပညာကြီးခြင်း၊ ကြံ့ကြံ့ခံနိုင်ခြင်းနဲ့ တစ်ဖန်ပြန်လည်စတင်ခြင်းတွေကို ကိုယ်စားပြုပါတယ်။အခုလို ခက်ခဲတဲ့ အချိန်တွေမှာ အဲဒီလို အရည်အသွေးတွေရဲ့ လမ်းညွှန်မှုခံယူပြီး ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတမှုတို့အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို တဖန်အတည်ပြုကြရအောင်ပါ။အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ သန္နိဋ္ဌာန်တို့နဲ့အတူ အသစ်တဖန် စတင်မှုတွေပြုတဲ့ ဒီအခါသမယကို ကြိုဆိုကြရအောင်ပါ။မြွေနှစ်မှာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ ပြည့်စုံကြွယ်ဝခြင်းနဲ့ သစ်လွင်တဲ့ စတင်မှုတွေ ယူဆောင်လာပါစေ။ ကျေးဇူးတင်ပါတယ်။, filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်။
Statement by the Resident and Humanitarian Coordinator a.i. for Myanmar
The humanitarian community is deeply alarmed by the recent reports of civilian casualties in Rakhine State. On 8 January 2025 an aerial attack in Kyauk Ni Maw Village in Ramree Township reportedly killed over 40 civilians, including children and women, and injured more than 20 people. It is reported that around 500 homes were allegedly destroyed, with children, women, and elderly people among the casualties. Fighting in Rakhine has recently escalated, with civilians paying the highest price of the conflict. Civilians face extreme risks, acute food insecurity and a near total collapse of critical public services. The humanitarian community reiterates our call on all parties to the conflict to uphold their obligations under international humanitarian law, to ensure the protection of civilians and civilian property, humanitarian workers and supplies, and to guarantee unimpeded humanitarian access to deliver aid to the most vulnerable., filtered_html
5 ၏ 1
မိန့်ခွန်း
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်။
လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) ကြောင့် အသက်ဆုံးရှုံးခဲ့သူများအား အောက်မေ့ဖွယ် နိုင်ငံတကာနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) အဆုံးသတ်ခဲ့တာ ဒီနှစ်မှာ နှစ် ၈၀ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။လူမျိုးစုတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ရာမှာ နာဇီတွေနဲ့ သူတို့အပေါင်းအပါတွေရဲ့ သတ်ဖြတ်မှုခံခဲ့ကြရတဲ့ ဂျူးလူမျိုး ၆ သန်းအတွက် ကျွန်တော်တို့ ခေတ္တငြိမ်သက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုကြပါတယ်။ ကျွန်ပြုခံရ၊ ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခံခဲ့ကြရတဲ့ Roma နဲ့ Sinti လူမျိုးစုတွေ၊ မသန်စွမ်းသူတွေနဲ့ အခြားသူတွေ အားလုံးအတွက် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေနဲ့အတူ တသားတည်း ရပ်တည်ပါတယ်။နောက်ပြီး ဘယ်တော့မှ မမေ့ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါတယ်။လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) ဖြစ်ရပ်ကို ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ကနေ မှေးမှိန်သွားစေတာဟာ အတိတ်ကို အရှက်ရစေတာဖြစ်သလို အနာဂတ်ကို သစ္စာဖောက်တာလည်းဖြစ်ပါတယ်။အောက်မေ့သတိရတာက ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ နောက်ပြီး လုပ်ဆောင်ဖို့ နှိုးဆော်မှုတစ်ခုလည်းဖြစ်ပါတယ်။လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust)ရဲ့ သမိုင်းကြောင်းကိုသိတာက လူသားတွေ နစ်မြုပ်နိုင်တဲ့ နက်ရှိုင်းမှုတွေကို သိနားလည်တာ …တခြားသူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ နာဇီတွေ ဘယ်လို ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်ဆိုတာကို သိနားလည်နိုင်တာ …နောက်ပြီး အမုန်းတရားကို ဆန့်ကျင် ထုတ်ဖော်ပြောဆိုဖို့နဲ့ အားလုံးရဲ့ လူ့အခွင့်အရေးတွေအတွက် ရပ်တည်ဖို့ဆိုတဲ့ လေးနက်တဲ့ တာဝန်တစ်ခု ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ရှိတယ်ဆိုတာကို သိမြင်နိုင်တာ ဖြစ်ပါတယ်။လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) ငရဲခန်းဖြစ်ပွားပြီးနောက် နိုင်ငံတွေ စုဝေးခဲ့ကြတယ်။ ဒါ့ပြင် လူတိုင်းရဲ့ ဂုဏ်သိက္ခာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ထည့်သွင်းပြဌာန်းခဲ့ကြတယ်။ မှောင်မိုက်တဲ့အချိန်တွေမှာတော့ အဲဒီစာတမ်းက တောက်ပတဲ့အလင်းရောင်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။ လူအမြောက်အမြားသတ်ဖြတ်မှု (Holocaust) အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၈၀ ကြာသည့်တိုင် နာဇီတွေ လူမျိုးတုံး သတ်ဖြတ်မှုကို ဖြစ်စေခဲ့တဲ့ အလားတူ မုသားတွေနဲ့ မလိုမုန်းထားမှုတွေကြောင့် ဂျူးမုန်းတီးရေးဝါဒဟာ ကျွန်တော်တို့နဲ့အတူ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒါက တိုးမြင့်လာနေတာပါ။ခွဲခြားဆက်ဆံမှုတွေ ထူပြောလာသလို မလိုမုန်းတီးမှုကလည်း ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေပါတယ်။ ဖျောက်ဖျက်လို့ မရနိုင်တဲ့ သမိုင်းဝင် အချက်အလက်တွေကို လိုရာဆွဲပြီး မမှန်မကန်ပြောနေကြတာ၊ သေးသိမ်အောင်လုပ်နေကြပြီး ငြင်းပယ်နေကြပါတယ်။ နောက်ပြီး နာဇီတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကို ပြန်လည်ဦးမော့လာနိုင်အောင်နဲ့ အသွင်ပြောင်း လှုပ်ရှားနိုင်အောင် အားထုတ်ကြိုးပမ်းနေကြပါတယ်။ အဲဒီ ဆိုးသွမ်းမှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ရဲရပါမယ်။မတူကွဲပြားမှုတွေရှိနေတဲ့ လက်ရှိကာလမှာ နောက်ပြီး Hamas တွေရဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ အောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး ၁-နှစ်ကျော်ကြာပြီးတဲ့အ ချိန်မှာ ကျွန်တော်တို့တွေရဲ့ လူသားဖြစ်တည်မှုကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားရပါမယ်။လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှုနဲ့ ဘာသာရေး အယူသည်းမှု ပုံစံအားလုံးကို ရှုတ်ချရမှာဖြစ်သလို ဂျူးမုန်းတီးရေးဝါဒကိုလည်း ဆန့်ကျင်ရပါမယ်။နောက်ပြီး အားလုံးရဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုရပါမယ်။အဲဒီအကြောင်းတရားတွေက ကုလသမဂ္ဂရဲ့ အဓိကကြောရိုးပါ။ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ဘယ်တော့မှ ယိမ်းယိုင်မှာမဟုတ်သလို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။, filtered_html
5 ၏ 1
ထုတ်ဝေမှု
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၀၃ ရက်။
Myanmar Humanitarian Update No. 43
HIGHLIGHTS & KEY MESSAGES2024 has left people in Myanmar grappling with deepening humanitarian crisis, marked by escalating needs amid unabated conflict, recurrent monsoon flooding, and record-high displacement, and a response that is under-resourced.Conflict between the Myanmar Armed Forces (MAF) and various ethnic and resistance groups has persisted in Rakhine, the Northeast, Northwest and Southeast. As a result, the total number of internally displaced persons (IDP) to over 3.5 million at the end of 2024.Civilians face extreme protection risks, acute food insecurity, the near collapse of critical public services, and economic shocks driving up inflation and resulting in loss of livelihoods.Humanitarian partners provided assistance to nearly 3 million people in the first three quarters of 2024, with an estimated 3.9 million people expected to be reached by the year’s end, despite access constraints, with an operation that remains critically under resourced.Humanitarian actors in Myanmar continue to face a range of challenges when trying to provide humanitarian assistance to vulnerable people served through the clusters, primarily pertaining to access, logistics, resources, and security. Efforts continue to gain improved access to people in need.As of 31 December, the 2024 Humanitarian Needs and Response Plan (HNRP) was funded only 36 per cent, which drastically affected the capacity of humanitarian partners to deliver assistance to people who were prioritized for urgent assistance.People’s humanitarian needs are increasing to unprecedented levels in Myanmar, with an estimated 19.9 million people in need of assistance in 2025. The 2025 HNRP has been launched prioritizing to reach 5.5 million people with life-saving assistance in 2025, for which US$1.1 billion is required., filtered_html
5 ၏ 1
ထုတ်ဝေမှု
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
A/HRC/57/56: မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာ
အစီရင်ခံစာ အနှစ်ချုပ်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၅၂/၃၁ အရ ပြင်ဆင်ထားသော ဤ စီရင်ခံစာသည် ၂၀၂၃ ခုနှစ် ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ စောင့်ကြည့်လေ့လာမှုနှင့် ဆန်းစစ် အတည်ပြုချက်များအပေါ် အခြေခံသည့် တွေ့ ရှိချက်များကို တင်ပြထားပါသည်။ အစီရင်ခံစာတွင် လူထု၏ စိတ်ကျန်းမာရေးအပေါ် ပဋိပက္ခ၏ သက်ရောက်မှု၊ နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း၊ ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများက ပေးသော စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၏ ကောင်းမွန်သော အလေ့အထကို ဆန်းစစ်လေ့လာထားခြင်းဖြင့် အဆုံးသတ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာ စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့ အကြံပြု တိုက်တွန်းချက်များဖြင့် နိဂုံးချုပ်ထားပြီး တာဝန်ခံမှုရှိစေရေး အတွက် အကြံပြုချက်များလည်း ပါဝင်ပါသည်။, filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၀၅ ရက်။
ဒုတိယမြောက်အခွင့်အလမ်း
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆေးခန်းငယ်လေးတစ်ခုမှာ အသက် ၄၁ နှစ်အရွယ် ဒေါ်လိုင်တစ်ယောက် သူ့ကိုယ်ဝန်ပေါ်လက်လေးတင်ရင်း တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ "ရှင့်မှာ ရောဂါပိုးရှိနေပြီ" ဆိုတဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ် ကြားခဲ့ရတာဟာ အခုဆိုရင် လပိုင်းလောက်ရှိခဲ့ပါပြီ။“ဒီလိုအဖြစ်မျိုးကျွန်မမှာဖြစ်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှမထင်ခဲ့ဘူး” လို့ ဒေါ်လိုင်က ကိုယ်ဝန်အပ်စဉ်မှာ HIV ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့နေ့ကိုအမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိခဲ့ဖူးပေမယ့် အခုလိုမျိုး သူ့ကိုပါ ရောဂါကူးစက်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။“စသိသိချင်းမှာ ကျွန်မအိပ်လို့တောင်မရဘူး။ ကျွန်မတော်တော်ငိုခဲ့ရတယ်။ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်မိတယ်" လို့ ပြောပြပါတယ်။ "ကျွန်မအကြောက်ဆုံးကတော့ ကျွန်မကလေးတွေအတွက်ပါ - သူတို့လည်း ကူးသွားရင် ဘယ်လိုလုပ်မလဲ"။ ပြီးတော့ ဗိုက်ထဲကကလေးလေးရော ဘယ်လိုဖြစ်မလဲ။"ပံ့ပိုးမှုမှုနှင့် ခွန်အားကိုရှာဖွေခြင်းနောက်ပိုင်းမှာတော့ သူ့ကို မြစ်ကြီးနားမြို့က ပြည်သူ့ကျန်းမာရေး ဆေးပေးခန်းတစ်ခုကို လွှဲပို့ပေးခဲ့ပါတယ်။ ဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက ဆေးဝါးစောင့်ရှောက်မှုတင်မကဘဲ စိတ်ခွန်အားတွေပါ ပေးနိုင်ခဲ့တဲ့အတွက် ဒေါ်လိုင်တစ်ယောက် မျှော်လင့်ချက်တွေ ပြန်လည်ရရှိခဲ့ပါတယ်။ "ကျန်းမာရေးဝန်ထမ်းတွေက ကျွန်မကို အားလုံးရှင်းပြပေးတယ်။ ပြီးတော့ ဆေးသာမှန်မှန်သောက်မယ်ဆိုရင် ကလေးကို ဘာမှမထိခိုက်ဘဲ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာမယ်လို့ ကျွန်မကို သေသေချာချာ ပြောပြပေးခဲ့တယ်" လို့ ဆိုပါတယ်။ဒီဆေးပေးခန်းက မိခင်ကတစ်ဆင့် ကလေးအား ကူးစက်ခြင်းကို ကာကွယ်တားဆီးရေး (PMTCT) အစီအစဉ်ကတစ်ဆင့် သန္ဓေသားကို ကာကွယ်ပုံနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခဲ့သလို နောက်ထပ်စစ်ဆေးမှုတွေဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီနဲ့စီပိုးတို့ကိုလည်း စစ်ဆေးပေးခဲ့ပါတယ်။ ဒေါ်လိုင်မှာ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုး မရှိပါဘူး။ ဒေါ်လိုင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ရောဂါတွေ့ရှိပြီး တစ်လအကြာ နိုဝင်ဘာလအစောပိုင်းမှာစတင်ပြီး Antiretrovirla therapy (ART) ကို စသောက်ခဲ့ကြပါတယ်။ "စသောက်သောက်ချင်း ရက်ပိုင်းလောက်မှာတော့ လူက နုံးသလိုခံစားရတယ်။ အခုတော့ ပုံမှန်ဖြစ်သွားပါပြီ" လို့ သူက ဆိုပါတယ်။ ART ဆေးကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ကျန်းမာရေးဌာနတွေမှာ မိခင်ဖြစ်သူအတွက်ရော၊ ကလေးအတွက်ပါ လိုအပ်ရင် အခမဲ့ ရရှိနိုင်ပါတယ်။ရောဂါကိုလက်ခံနိုင်ဖို့အတွက် စတင်ခြင်းဒေါ်လိုင်ရဲ့ ခရီးက မလွယ်ကူခဲ့ပါဘူး။ "ကလေးအဆင်ပြေပါ့မလားလို့ ကျွန်မတောက်လျှောက် မေးနေမိတယ်။" "ကျွန်မဆေးကို နေ့တိုင်းအချိန်မှန်သောက်ရင် ကလေးကို မကူးနိုင်ဘူးလို့ သူတို့က သေချာပြောပြတယ်။ ဒါပေမဲ့ ကျွန်မဆေးသောက်တဲ့အခါတိုင်း ဆုတောင်းပြီးမှ သောက်နေတုန်းပဲ။" HIV ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ထဲက ကလေးကူးစက်မှာကို စိုးရိမ်တတ်ကြတာများတယ်လို့ မစန်က ရှင်းပြပါတယ်။ "မိခင်တော်တော်များများက ART ဆေးက မိခင်ကနေ ကလေးဆီ ရောဂါကူးစက်နိုင်မှုကို တားဆီးပေးနိုင်တယ်ဆိုတာကို အပြည့်အဝ မယုံကြည်ကြဘူး။ သူတို့က မေးခွန်းတွေအများကြီး မေးတတ်ကြသလို ယုံကြည်စိတ်ချရမှုလည်း လိုအပ်ကြတယ်။ ဒါကြောင့် ကျွန်မတို့က နှစ်သိမ့်ဆွေးနွေးဖို့နဲ့ ပညာပေးဖို့ကို အလေးပေးပြီးလုပ်ကြရတယ်။"ကလေးများနှင့် မိခင်များအတွက် ယူနီဆက်ရဲ့ ပံ့ပိုးမှုဒေါ်လိုင်လို အမျိုးသမီးတွေကို ပိုပြီးပံ့ပိုးကူညီနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ယူနီဆက်ရဲ့ ပံ့ပိုးမှုနဲ့ မြစ်ကြီးနားမြို့က ရပ်ရွာအခြေစိုက်အဖွဲ့အစည်းတွေက ဒေသခံလုပ်အားပေးတွေဟာ စစ်ဘေးရှောင်စခန်းတွေနဲ့ ရပ်ကွက်ကျေးရွာတွေက လူထုတွေဆီ သွားရောက်ပြီး HIV/AIDS နဲ့ မိခင်ကတစ်ဆင့် ကလေးထံ ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရေး (PMTCT) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ "သူတို့ထဲက အများစုက ဒီလိုဆွေးနွေးပွဲတွေ များများလုပ်စေချင်တယ်လို့ ပြောကြတယ်" လို့ မစန်ကပြောပြပါတယ်။အသိပညာပေးဆွေးနွေးပွဲတွေပြီးနောက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်အပ်ချိန်မှာ ပြုလုပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ရောဂါပိုးရှိမရှိစစ်ဆေးကြည့်ဖို့ တိုက်တွန်းထားပါတယ်။ "ဒါက ပညာပေးရုံသက်သက်မကပါဘူး"။ "စောင့်ရှောက်မှုရဖို့ သူတို့ဘယ်ကိုသွားရမယ်၊ မိခင်ရော ကလေး ကျန်းမာရေးအတွက်ပါ နောက်အဆင့်တွေ ဘာဆက်လုပ်ရမယ်ဆိုတာ သူတို့သိအောင် ကျွန်မတို့ကြိုးစားရပါတယ်" လို့ မစန်က ပြောပြပါတယ်။ယူနီဆက်က ဒေါ်လိုင်လို မိခင်တွေ ဆေးခန်းရက်ချိန်းပြဖို့နဲ့ ဆေးထုတ်ဖို့အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ အဆင်ပြေပြေသွားနိုင်ဖို့အတွက် ခရီးစရိတ်ကိုလည်း ပံ့ပိုးပေးထားပါတယ်။မျှော်လင့်ချက်တွေနဲ့ရှေ့ဆက်ဒေါ်လိုင်တစ်ယောက် အစပိုင်းမှာ ထိတ်လန့်ခဲ့ပေမယ့်လည်း ဆေးကိုပုံမှန်သောက်မယ်၊ ကလေးကို ဆက်ပြီးကျန်းမာအောင်ထားမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ "ကျွန်မ ဆေးကို နေ့တိုင်း ည ၇ နာရီ မပျက်မကွက်သောက်တယ်" လို့ သူကပြောပါတယ်။ ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ ဆေးခန်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို မျှော်လင့်ချက်အသစ်၊ ရည်မှန်းချက်အသစ်တွေ ရရှိစေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာလည်း မူးယစ်ဆေးသုံးစွဲမှုကို ရပ်လိုက်ပြီး နေ့တိုင်း ဆေးပုံမှန်သောက်ပါတယ်။ဒေါ်လိုင်တစ်ယောက် သူ့ရဲ့ တတိယမြောက်ကလေးကို မွေးဖွားဖို့ပြင်ဆင်နေချိန်မှာ ဒေသန္တရကျန်းမာရေးဌာနတွေကတစ်ဆင့်ပေးတဲ့ PMTCT လို ယူနီဆက်က ပံ့ပိုးပေးထားတဲ့ အစီအစဉ်တွေရဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုကြောင့် ဆက်ပြီးမျှော်လင့်ချက်တွေ ပြည့်ဝလာခဲ့ရပါတယ်။ “ကျွန်မမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားနေရတဲ့အချိန်မှာ ဒီဆေးခန်းကြောင့် ကျွန်မ မျှော်လင့်ချက်တွေ ပြန်ပြည့်ဝလာခဲ့ရတယ်။ သူတို့က ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြောပြတယ်။ အဲဒီစကားက ကျွန်မကြားဖို့လိုအပ်နေခဲ့တဲ့ အရေးကြီးဆုံးစကားပဲ။"ဒေါ်လိုင်ရဲ့ စိတ်ပျက်အားငယ်မှုမှသည် မျှော်လင့်ချက်ဆီသို့ ခရီးစဉ်က HIV ရောဂါအတွက် စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုတွေကို လက်လှမ်းမီရရှိခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြသပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖြစ်ရပ်က တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုမဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းက ချို့တဲ့ပြီး ပဋိပက္ခဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေက အလားတူအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အခြားအခြားသော မိခင်တွေအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ခဲ့ပါတယ်။, filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
AI နည်းပညာသုံး ကျူးလွန်သည့် ရာဇဝတ်မှုများ တိုးမြင့်လာခြင်း - အရှေ့တောင်အာရှ၏ ကြီးထွားလာနေသည့် ခြိမ်းခြောက်မှု
ရန်ကုန် (မြန်မာ)– ကျွန်ုပ်တို့သည် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့ (TOC) အထိမ်းအမှတ်အားကျင်းပနေစဥ်တစ်ပြိုင်နက်တည်းတွင် လျင်မြန်စွာ ပြောင်းလဲနေသော ခြိမ်းခြောက်မှုများနှင့် ရာဇဝတ်မှုများမှာ အရှေ့တောင်အာရှတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို စိန်ခေါ်လျက်ရှိနေသည်။ ခေတ်မီနည်းပညာများကို အသုံးချ၍ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်များ ထွန်းကားလာခြင်းနှင့်အတူ ရာဇ၀တ်မှုများသည် ပိုမိုအန္တရာယ်များသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ရာဇ၀တ်ဂိုဏ်းများသည် သမရိုးကျနည်းလမ်းများအပြင် ယခင်က မထင်မှတ်ထားနိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ လက်လှမ်းမီမှုနှင့် ခေတ်မီဆန်းသစ်မှုတို့ကို ချဲ့ထွင်ကာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စွမ်းဆောင်လာကြသည်။စိုးရိမ်ဖွယ်ရာအခြေအနေများထဲမှတစ်ခုမှာ generative artificial intelligence (AI) နှင့် deepfake နည်းပညာများအား တရားမ၀င် ကာစီနိုလောင်းကစားရုံများ၊ ဆိုက်ဘာလိမ်လည်မှုနှင့် လူကုန်ကူးခြင်း အပါအဝင် အတင်းအကျပ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားလုပ်ခြင်း ဖြစ်သည်။ AI ကို အလွဲသုံးစားလုပ်ခြင်းဖြင့် ရာဇ၀တ်ကောင်များသည် အထောက်အထားအတုများ၊ စာရွက်စာတမ်းများနှင့် လိမ်လည်မှုများကောင်းမွန်စွာပြုလုပ်နိုင်ပြီး သားကောင်များကို လှည့်ဖြားလေ့ရှိပါသည်။ ထိုသို့သောလုပ်ဆောင်မှုများကြောင့် ရာဇ၀တ်မှုကြူးလွန်သူများသည် ၎င်းတ်ု့၏ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်နှင့် တွင်တွင်ကြယ်ကြယ် လုပ်ဆောင်လာနိုင်ကြသည်။ဤရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ၏ သက်ရောက်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သည်။ UNODC ၏ မကြာသေးမီက အစီရင်ခံစာအရ 2023 ခုနှစ်တွင် အရှေ့နှင့် အရှေ့တောင်အာရှတွင် သားကောင်များကို ပစ်မှတ်ထားသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများသည် ဒေါ်လာ 18 ဘီလီယံနှင့် ဒေါ်လာ ၃၇ ဘီလီယံကြား ငွေကြေးဆုံးရှုံးမှုအတွက် တာဝန်ရှိခဲ့သည်ဟု သိရသည်။ရာဇ၀တ်မှုကျူးလွန်သူများသည် ငွေကြေးခဝါချမှုနှင့် မြေအောက်ဘဏ်လုပ်ငန်းမှတစ်ဆင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများမှ ရရှိလာသော တရားမဝင်ငွေကြေးများမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်သို့ ချောမွေ့စွာ ပေါင်းစပ်လာနိုင်ကြသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ဤကဲ့သို့သောပြဿနာမှာ လူမှုအသိုင်းအဝိုင်းအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးမျှသာမဟုတ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုလိုအပ်လျှက်ရှိနေသော ဒေသတွင်း လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအတွက် တိုက်ရိုက်စိန်ခေါ်မှု ဖြစ်နေပါသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများသည် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းအတွက် ဗဟိုချက်ဖြစ်လာခဲ့သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှုများကို စီရင်ရန်အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားသို့ လူပေါင်း နှစ်သိန်းကျော် လူကုန်ကူးခံရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားသည်။ ဤကဲ့သို့သော AI အား နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာခြင်းများသည် ကမ္ဘာလုံးဆိုင်ရာအရေးတကြီး တုံ့ပြန်မှု လိုအပ်သည့် အခြေအနေအပြောင်းအရွှေ့တစ်ရပ်ကို ကိုယ်စားပြုနေသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးတကြီး ပြန်လည်သုံးသပ်ခြင်းတွင် UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် တောင်းဆိုသည့် အပြည်ပြည်ဆိုင်ရာနေ့အထိမ်းအမှတ် TOC တွင် သူမ၏သဝဏ်လွှာတွင် ပြောကြားခဲ့သည်။အဆိုပါကိစ္စများအားတုံ့ပြန်သည့်အနေဖြင့် UNODC ၏ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့တွင် (TOC) UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly ကဤသို့ ပြောကြားခဲ့သည်။“ရာဇ၀တ်မှုဆိုင်ရာ စိန်ခေါ်မှုတွေက ကြီးထွားလာပေမယ့် ဒီခြိမ်းခြောက်မှုတွေကို့တုံ့ပြန်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေလည်း ပိုမိုရှင်သန်လာနေတာကို တွေ့မြင်ကြရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ မြောက်ပိုင်းနှင့် တောင်ဘက်ရှိ အစိုးရများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများ၊ လူငယ်လူရွယ်များဟာ အတူတကွလက်တွဲပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့ဟာ ဒီရာဇ၀တ်မှုတွေကိုတွန်းလှန်နိုင်မှာဖြစ်ပြီးတော့၊ ဘေးကင်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးသာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ဟာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”ယခုနှစ် အပြည်ပြည်ဆိုင်ရာ TOC နေ့သည် ရာဇ၀တ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများအကြောင်း အသိပညာပေးခြင်း၊ အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တောင်းဆိုနေပါသည်။AIနည်းပညာ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ရာဇ၀တ်မှု၏ မူလဇစ်မြစ်ကိုကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသော တုံ့ပြန်မှုများအားကောင်းလာစေရန်၊ မူဝါဒများနှင့်၊ အသိပညာမျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ရန် ယခုအခါ အလွန်အရေးကြီးပါသည်။ တစ်ချိန်တည်းမှာပင်၊ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ ဆန်းသစ်သောဖြေရှင်းနည်းများအနေနှင့်သော်၎င်း၊ စိန်ခေါ်မှုတစ်ခုအဖြစ်သော်၎င်း၊ နည်းပညာ၏ ဤအခန်းကဏ္ဍနှစ်ခုကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှေ့သို့တွေးခေါ်နည်းဗျူဟာများနှင့် စည်းလုံးညီညွတ်သောချဉ်းကပ်မှုဖြင့်သာ ကျွန်ုပ်တို့သည် ပိုမိုဘေးကင်းပြီး ပိုမိုခံနိုင်ရည်ရှိသောကမ္ဘာကို တည်ဆောက်နိုင်မည်ဖြစ်သည်။ပိုမိုသိရှိလိုပါက unodc-myanmarfieldoffice@un.org သို့ ဆက်သွယ်ပါ။အရှေ့တောင်အာရှတွင်းဖြစ်ပွားသည့် ရာဇဝတ်မှုများအပေါ် သက်ရောက်မှုကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။UNODC ၏ ဆောင်ရွက်မှုများကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။, filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။
မိဘများအတွက် ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အခါ ဘေးကင်းစွာနေထိုင်နိုင်ရေး သိကောင်းစရာအချက်များ
ရေကြီးရေလျှံမှု ကြုံတွေ့ရခြင်းက လူတိုင်းအတွက် ခက်ခဲပြီး ပျက်စီးမှုများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေအတွက် ပိုပြီးခက်ခဲပါတယ်။ အကယ်၍ မိမိက ရေကြီးရေလျှံမှုအန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်ပါက မိမိနဲ့မိမိရဲ့မိသားစု ဘေးကင်းလုံခြုံစေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို လိုက်နာပါ။ရေကြီးရေလျှံမှုအကြောင်း အချက်အလက်များရေကြီးတယ်ဆိုတာ ဘာလဲရေကြီးတယ်ဆိုတာ အများအားဖြင့် ခြောက်သွေ့နေတတ်တဲ့ မြေပေါ်ကို ရေတွေလျှံကျစီးဆင်းလာတာ ဖြစ်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း တဖြည်းဖြည်းနဲ့ ရေလွှမ်းမိုးပြီး ရေကြီးတာမျိုးရှိသလို ရုတ်တရက် သတိမပေးဘဲ ချက်ချင်း ရေကြီးလာတာမျိုးလည်း ရှိပါတယ်။ မြစ်ရေလျှံမှုဆိုတာက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ဖြစ်ဖြစ်၊ နှင်းခဲတွေအရည်ပျော်လာတာကြောင့်ဖြစ်ဖြစ် ဖြစ်ပွားတတ်ပါတယ်။ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေကတော့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေနဲ့ ဆက်စပ်နေတဲ့ မုန်တိုင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဘာတွေက ရေကြီးရေလျှံမှုကို ဖြစ်စေတာလဲမိုးရွာသွန်းမှု များပြားလွန်းတဲ့အခါနဲ့ ဆည်တမံတွေ ကျိုးတဲ့အခါ ရေကြီးမှု ဖြစ်နိုင်ပါတယ်။ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း ရေကြီးတာနဲ့ပတ်သက်ပြီး မိသားစုနဲ့ စကားပြောပါရေကြီးတဲ့အကြောင်းနဲ့ ရေကြီးရတဲ့အကြောင်းရင်းတွေကို မိသားစုနဲ့ ဆွေးနွေးပါ။မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအစီအစဉ်ကို လေ့ကျင့်ပါရေကြီးတဲ့အခါ ဘေးကင်းလုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းဖို့ စိတ်ချရတဲ့လမ်းကြောင်းကို မိသားစုနဲ့အတူ တိုင်ပင်ပြီး ရှာဖွေထားပါ။ လူကွဲသွားခဲ့တဲ့အခါ ဆုံရမယ့်နေရာတစ်ခုကို ကြိုပြီး သတ်မှတ်ထားပါ။ ကိုယ့်နေရာကနေ ရွှေ့ပြောင်းဖို့လိုလာတဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ ပြတ်တောက်ပြီး မရရှိတော့တဲ့အခါပဲဖြစ်ဖြစ် ရက်အတန်ကြာ လိုလိုမယ်မယ် အသုံးပြုနိုင်အောင် ကြာရှည်ခံတဲ့အစားအစာ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီး၊ ဓာတ်ခဲနဲ့ ရေအပါအဝင် အရေးပေါ်ပစ္စည်းအိတ်တစ်ခု ပြင်ထားပါ။ ရေကြီးတဲ့အခါ သင့်ကလေးကျောင်းကို စုံစမ်းပြီး ကျောင်းက ဘယ်လိုစီစဉ်ထားလဲ သိအောင်လေ့လာပါ။ မိမိအန္တရာယ်ကို သိထားပါကိုယ့်ဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ ရေကြီးမှုအမျိုးအစားအကြောင်း လေ့လာပြီး ရေကြီးမှုဖြစ်လာတဲ့အခါ အကူအညီရယူနိုင်ဖို့ မိမိရဲ့ ဒေသခံ အရေးပေါ် အဆက်အသွယ်တွေကို သိအောင်လုပ်ထားပါ။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေရှိကြောင်း ကြိုတင်ခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ပါ။ ဒေသခံ သတိပေးစနစ်တွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက သတိပေးတယ်၊ ဘယ်လိုထုတ်လွှင့်အသိပေးတယ်၊ အချိန်ဘယ်လောက်ကြိုတင်ပြီး သတိပေးတယ်ဆိုတာတွေကို သေချာလေ့လာပြီး သိအောင်လုပ်ထားပါ။ ကိုယ့်အိမ်ရဲ့ အန္တရာယ်ရှိနိုင်တဲ့အနေအထားကို သိထားဖို့လည်း အရေးကြီးပါတယ်။ကလေးတွေကို ရေကူးတတ်အောင်သင်ပေးပါရေကြီးရေလျှံမှုတွေအတွင်း သေဆုံးမှု အများစုဟာ ရေနစ်သေဆုံးမှုကြောင့် ဖြစ်ပါတယ်။ ကလေးတွေကို ရေကူးတတ်အောင် သင်ကြားပေးခြင်းက အရေးပေါ်အခြေအနေတွေမှာ သူတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ စာရွက်စာတမ်းတွေကိုလုံခြုံအောင်ထားပါအပျက်အစီးအနည်းဆုံးဖြစ်အောင် မှတ်ပုံတင်ကတ်လို အရေးကြီး စာရွက်စာတမ်းတွေကို အမြင့်နေရာမှာ သိမ်းပါ ဒါမှမဟုတ် ရေမစိုနိုင်တဲ့နေရာတစ်ခုခု (ဥပမာ အလုံပိတ်ပလစ်စတစ်အိတ်) ထဲ ထည့်သိမ်းထားပါ။ရေကြီးနေချိန်အတွင်း ဘာလုပ်ရမလဲ ဒေသဆိုင်ရာအာဏာပိုင်တွေ ပြောတာကိုနားထောင်ပါနောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို ဒေသခံ သတင်းတွေ၊ ရေဒီယိုတွေကနေ အမြဲနားထောင်ပါ။ မိမိကို ထွက်ခွာဖို့ပြောတဲ့အခါ အရေးပေါ်ပစ္စည်းအိတ်နဲ့ မှတ်ပုံတင် စာရွက်စာတမ်းတွေကို ယူပြီး ချက်ချင်းထွက်ခွာပါ။ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက အတားအဆီးတွေ ချထားတဲ့အခါ ဖြတ်ဖို့မကြိုးစားပါနဲ့ ။ ဒီအတားအဆီးတွေက လူတွေကို အန္တရာယ်ရှိတဲ့နေရာတွေအနီးမှာ ဘေးအန္တရာယ်ကင်းကင်းသွားနိုင်ဖို့ ချထားတာဖြစ်ပါတယ်။ သင့်အိမ်ကိုလုံခြုံအောင်လုပ်ပါအသုံးအဆောင်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားပါ၊ လျှပ်စစ်မီး၊ ဂက်စ်မီးဖိုတွေနဲ့ ထိန်းသိမ်းဖို့လိုတဲ့ အရေးကြီးပစ္စည်းတွေကို ပိတ်ထားပါ။မြေမြင့်ရာနေရာကို သွားပါတန့်နေတဲ့၊ စီးနေတဲ့ ဒါမှမဟုတ် မြင့်တက်လာတဲ့ရေကို ရှောင်ဖို့ ပိုမြင့်တဲ့နေရာကို သွားပါ။ အမြန်နှုန်းနဲ့တက်လာတဲ့ရေထဲ လမ်းမလျှောက်ပါနဲ့၊ ရေမကူးပါနဲ့၊ ကားဖြတ်မမောင်းပါနဲ့။ ရေစီးမြန်နေတဲ့အချိန်မှာ ရေတိမ်ပိုင်း၊ ရေပိုလွှဲပေါက်၊ တံတား၊ မြေအောက်ပိုက်လိုင်း ဒါမှမဟုတ် လမ်းမကြီးတွေကို ဖြတ်ကူးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရေကြီးနေတဲ့ နေရာမှာ ပြောင်းရွှေ့ရမယ်ဆိုရင် အသက်ကယ်အင်္ကျီ ဒါမှမဟုတ် တခြား ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေကို အသုံးပြုရပါမယ်။ ကားထဲမှာ ရေတွေပြည့်လာရင် အမိုးပေါ်ကိုတက်ပါ။ အဆောက်အအုံထဲမှာ ပိတ်မိနေရင် အမြင့်ဆုံးအဆင့်ကို တက်ပြီး လိုအပ်မှသာ အိမ်ခေါင်မိုးပေါ်ကို တက်ပါ။ တက်လာတဲ့ရေတွေကြောင့် ပိတ်မိနိုင်တဲ့အတွက် သင့်အိမ်ရဲ့ အမြင့်ဆုံးမှာရှိတဲ့ အပိတ်နေရာတစ်ခု ဥပမာ အပေါ်ထပ်ထပ်ခိုးလိုနေရာမျိုးမှာ မနေပါနဲ့။ ကလေးတွေကို တက်လာနေတဲ့ ဒါမှမဟုတ် ငြိမ်နေတဲ့ ရေထဲသွားခွင့်မပြုပါနဲ့ရေကြီးတဲ့အခါ တက်လာတဲ့ရေတွေက ထင်ရတာထက် ပိုနက်ပြီး ရေစီးပိုမြန်တဲ့အတွက် မတော်တဆဖြစ်ဖို့ လွယ်ကူတာကြောင့် ကလေးတွေကို ရေလွှမ်းမိုးနေတဲ့နေရာတွေ ဒါမှမဟုတ် ရေစီးဆင်းနေတဲ့နေရာတွေကို ဖြတ်ပြီး ကစားတာ၊ ရေကူးတာမျိုး မလုပ်ဖို့ အနီးကပ် စောင့်ကြည့်ပြီး သတိပေးပါ။ ချစ်ရသူတွေကို အသိပေးပါသင် ဘေးကင်းပြီး ဆက်သွယ်နိုင်တဲ့နေရာတစ်ခုခုကို ရောက်တာနဲ့ ကိုယ့်ရဲ့တခြားမိသားစုဝင်တွေ၊ ကိုယ်နဲ့ရင်းနှီးသူတွေကို အသိပေးပါ။ရေကြီးပြီးနောက်ပိုင်း ဘာလုပ်ရမလဲ နောက်ဆုံးရသတင်းတွေကို နားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေဆီက နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပြီး ဘေးကင်းကြောင်း ကြေညာပြီးမှသာ မိမိတို့အိမ်ကိုပြန်ပါ။မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါရေလွှမ်းမိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းတဲ့ရေတွေဟာ မိမိနဲ့မိသားစုတွေကို ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါလို ရေကြောင့်ဖြစ်တဲ့ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေတွေက ညစ်ညမ်းပြီး ရောဂါပိုးမွှားတွေ ပါနိုင်တဲ့အတွက် ကလေးတွေကို တတ်နိုင်သမျှ ရေနဲ့ဝေးရာမှာ ထားပါ။ ကလေးက ရေကြီးနေတဲ့ရေတွေနဲ့ ထိတွေ့မိခဲ့ရင် တတ်နိုင်သမျှ အမြန်ဆုံးရေချိုးပေးပြီး လက်တွေကို မကြာခဏဆေးခိုင်းပါ။ မိမိနဲ့ မိမိရဲ့ မိသားစုဝင်တစ်ဦးဦး နေမကောင်းဖြစ်ပါက အဆင်ပြေတာနဲ့အမြန်ဆုံး ဆရာဝန်နဲ့ပြပါ။ အစားအစာနှင့်ရေကို လုံခြုံအောင်ထားပါအစားအစာနဲ့ ရေညစ်ညမ်းမှုမဖြစ်အောင် ဖုံးအုပ်ထားပြီး သန့်စင်ထားခြင်းမရှိတဲ့ ရေထွက်ပင်ရင်းက ခပ်ထားတဲ့ ရေကို အသုံးမပြုခင် အနည်းဆုံး သုံးမိနစ်ခန့် ကြိုချက်ပါ။ အစားအစာတွေကို ချက်ပြုတ်ဖို့နဲ့ အိုးခွက် ပန်းကန်တွေနဲ့ အစာစားရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆေးကြောဖို့ ကျိုချက်ထားတဲ့ရေကို အသုံးပြုပါ။ ညစ်ညမ်းတဲ့ရေကို မသောက်ပါနဲ့၊ ရေစိုနေတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားပါနဲ့။ ဘေးကင်းလုံခြုံစွာ သန့်ရှင်းရေးလုပ်ပါသန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ရာဘာလက်အိတ်နဲ့ ဘွတ်ဖိနပ်အပါအဝင် အကာအကွယ်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုပါ။ အိမ်ထဲကနေ ရေစုပ်ထုတ်မယ်ဆိုရင် သတိထားပါ။ ဖြည်းဖြည်းချင်းစုပ်ထုတ်ပြီး အပျက်အစီးအစအနတွေနဲ့ လျှပ်စစ်ဝါယာကြိုးလို အန္တရာယ်ရှိတာတွေကို သတိထားကြည့်ပါ။ ဖြစ်နိုင်ရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခြောက်နိုင်သလောက် မြန်မြန်ခြောက်အောင်လုပ်ပါ။ စိုစွတ်တဲ့နေရာတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ခြောက်အောင်လုပ်လို့မရနိုင်တော့တဲ့၊ ပြင်လို့မရနိုင်တော့တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပါ။ သန့်ရှင်းရေးလုပ်တဲ့အခါ တတ်နိုင်သမျှ ကလေးတွေကို မပါခိုင်းပါနဲ့။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ပြန်မလာခင်မှာ ကစားစရာတွေ၊ အဝတ်အစားတွေနဲ့ နေထိုင်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ထားသင့်ပါတယ်။ ရေကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကို စွန့်ပစ်သင့်ပါတယ်။ ရေကြီးပြီးနောက် ကလေးတွေကို အားပေးနှစ်သိမ့်ပါ ပွင့်ပွင့်လင်းလင်း စကားစပြောပါကလေးတွေကို ရေကြီးမှုကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။စိတ်အေးအောင်အားပေးပါရေကြီးတာနဲ့ နောက်ဆက်တွဲပြဿနာတွေက အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း သိအောင်ပြောပြပါ။ ရေကြီးတယ်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ကလေးတွေကို အချိန်ပေးပြီး ကြင်နာဖေးမပါ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို စောင့်ကြည့်ပါကလေးအတော်များများက ကပ်ဘေးတစ်ခုဖြစ်ပြီးနောက်ဖြစ်စေ၊ တစ်လလောက်အကြာမှာဖြစ်စေ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အောင် လုပ်တာလို လက္ခဏာတွေ ခံစားလာရရင် မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေကို အတူတူလေ့ကျင့်ပါဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ ကိုယ့်ရဲ့ နည်းနည်းကြီးတဲ့ ကလေးငယ်တွေနဲ့အတူတူ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။လုပ်ရိုးလုပ်စဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါတော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ရေဘေးမတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။, filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်။
ဘိန်းစိုက်ခင်းတွေမှသည် ကော်ဖီစိုက်ခင်းများဆီသို့ - ရှမ်းပြည်နယ်က တောင်သူတစ်ယောက်ရဲ့ ပြောင်းလဲမှု ခရီးလမ်း
“အရင်တုန်းက တခြား သီးနှံတွေက စျေးကွက် မရှိတဲ့အပြင် စျေးကောင်းမရလို့ ကျွန်မအနေနဲ့ ဘိန်းစိုက်ပျိုးဖို့ကိုပဲ ရွေးချယ်ခဲ့ရတယ်” ဟု သာယာလှပတဲ့ ရှမ်းပြည်နယ်ရှိ ကျေးရွာလေး တစ်ရွာမှာ နေထိုင်နေတဲ့ ကလေး သုံးယောက်ရဲ့ မိခင်လည်းဖြစ် မုဆိုးမတစ်ဦးလည်းဖြစ်သည့် မနန်းထွေးက ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှုကနေ ကော်ဖီပြောင်းလဲစိုက်ပျိုးတဲ့ အခွင့်အရေးကို လက်ခံယုံကြည်ပြီးတဲ့နောက် မနန်းထွေးဟာ သူ့မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရှာဖွေနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မနန်းထွေးအတွက် ကော်ဖီစိုက်ပျိုးတာဟာ ငွေရေးကြေရေး ချောင်လည်လာရုံမက ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အပြင် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ဖန်တီးဖို့ မျှော်လင့်ချက် ရောင်ခြည်လည်း သန်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆို မနန်းထွေးဟာ တောင်သူတစ်ဦးအနေနဲ့ ရွေးချယ်စရာ များများစားစား မရှိခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ ဘိန်းစိုက်ပျိုးခြင်းသာလျှင် စျေးကောင်းရပြီး ခိုင်မာတဲ့ စျေးကွက်ရှိလို့ အလားအလာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရွာရဲ့ သာယာဝပြောမှုတို့အပေါ် ဘိန်းစိုက်ပျိုးမှုကနေ ရလာတဲ့ ထိခိုက်နစ်နာမှုတွေကြောင့် အပြစ်ရှိသလို သူမ ခံစားလာခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) မှ မိတ်ဆက်ပေးခဲ့တဲ့ အစားထိုး သီးနှံစိုက်ပျိုးရေး စီမံချက်ကြောင့် မနန်းထွေးတစ်ယောက် မျော်လင့်ချက်လေး ရှိလာခဲ့ပါတယ်။ ကော်ဖီဟာ တရား၀င်သီးနှံ ဖြစ်သလို နှစ်ရှည်ပင် ဖြစ်တဲ့အတွက် ဘိန်းစိုက်ပျိုးတဲ့ လောက ကနေ ထွက်ခွာဖို့ မနန်းထွေးတစ်ယောက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူမနဲ့ သူ့မကလေးတွေအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို မှန်းမျှော်ရင်း ၂.၅ ဟတ်တာလောက်နီးပါးကျယ်တဲ့ မြေမှာ ကော်ဖီတွေ စတင် စိုက်ပျိုးခဲ့ပါတယ်။ ကော်ဖီကနေ ခိုင်မာတဲ့ ဝင်ငွေ ရရှိခဲ့သလို နောက်နှစ်တွေအထိ သူ့ရဲ့ မိသားစုကို အထောက်အပံ့ပြုနိုင်တဲ့ နှစ်ရှည် သီးပင်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း သက်သေပြခဲ့ပါတယ်။ မနန်းထွေးရဲ့ ကြိုးစားအားထုတ်မှု့ အသီးအပွင့် အနေဖြင့် ၂၀၂၂ ခုနှစ်တွင် သူမရဲ့ ကော်ဖီစိုက်ခင်းကနေ တင်ပို့ရောင်းချနိုင်မှုနဲ့ ဪဂဲနစ် အသီးအနှံဖြစ်ကြောင်း ထောက်ခံချက် စံနှုန်းတွေကို မှီတဲ့ ကော်ဖီအသီးပေါင်း ၄၈၀၀ ကီလိုဂရမ် ထွက်ရှိခဲ့ပါတယ်။ အံ့အားသင့်ဖွယ် ဒီအောင်မြင်မှုကြောင့် ဘဏ္ဍာရေးပိုင်း ပြေလည်လာရုံသာမက သူမမိသားစုရဲ့ အဓိကဝင်ငွေ ဖြစ်လာခဲ့ပါတယ်။ ကော်ဖီကရတဲ့ ၀င်ငွေက ဂျုံ၊ ပြောင်း တို့လို တခြား သီးနှံတွေထက် ပိုမို သာလွန်နေလို့ ကော်ဖီစိုက်ပျိုးတာကိုပဲ တစိုက်မတ်မတ် စိုက်ပျိုးဖို့ စိတ်ကူးထားတဲ့ မနန်းထွေးရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမို ခိုင်မာစေခဲ့ပါတယ်။“ကော်ဖီမစိုက်ခင်က ငွေရေးကြေးရေး အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒုက္ခရောက်ချိန်တွေမှာ မိသားစုကို ထောက်ပံ့ဖို့နဲ့ ငွေရှာဖို့ ထိုင်းနိုင်ငံကို သွားခဲ့ရတယ်။ ဒါပေမဲ့ ကော်ဖီစိုက်ပျိုးတာကြောင့် ငွေကြေး ချောင်လည်လာသလို ရွာမှာပဲ အလုပ်လုပ်ပြီး မိသားစုနဲ့လည်း အတူတူ အိုးမကွာ အိမ်မကွာ အတူတူ ရှိနေနိုင်လို့ မိသားစုကိုလည်း လုံခြုံစိတ်ချစွာ ထောက်ပံ့နိုင်တယ်။ ဂရုစိုက်ပေးနိုင်ပါတယ်။ ဒါတွေဟာ ကော်ဖီစိုက်ပျိုးမှုတွေကနေ ရရှိလာတဲ့ သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေပဲ” လို့ မနန်းထွေးက ပြောပါတယ်။ UNODC ရဲ့ ကနဦး စီမံကိန်းဟာ မနန်းထွေးတို့လို လယ်သမားတွေနဲ့တင် ရပ်တန့်မသွားပဲ ခိုင်မာတဲ့ ဝင်ငွေ ရရှိဖို့နဲ့ နိုင်ငံတကာစျေးကွက်တွေထိ လက်လှမ်းမီးနိုင်အောင် ကော်ဖီစိုက်ပျိုးတောင်သူတွေကို ထောက်ပံ့ဖို့အတွက် တောင်သူတွေကိုယ်တိုင်ပါ၀င်တဲ့ အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ မနန်းထွေးကိုယ်တိုင်ကလည်း သူမရဲ့ ရွာက တခြား ကော်ဖီစိုက် တောင်သူတွေနဲ့အတူ အသင်းဝင်ခဲ့ပြီး ဂုဏ်ယူရတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ စုပေါင်း အားထုတ်မှုကြောင့် ပြင်သစ်နိုင်ငံ အခြေစိုက် ကော်ဖီ ကုမ္ပဏီတစ်ခုနဲ့ ၅ နှစ် သဘောတူ စာချုပ်အထိ ရရှိခဲ့လို့ ကမ္ဘာတစ်ဝန်းက အခွင့်အရေးတွေကို လမ်းဖွင့်ပေးတဲ့ တံခါးပေါက်တွေ ဖြစ်လာခဲ့ပါတယ်။ ကော်ဖီစိုက်တောင်သူတစ်ယောက်အဖြစ် မနန်းထွေးရဲ့ ခရီးလမ်းဟာ ဘဏ္ဍာရေး အောင်မြင်မှု တစ်ခုတင် မကပါဘူး။ ကျေးရွာအဆင့် ကော်ဖီကြိတ်ခွဲရေး လုပ်ငန်းရပ်တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ပန်လင်းကျေးရွာမှာ ရှိတဲ့ ကော်ဖီကြိတ်ခွဲရေးအဖွဲ့ရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ကျေးရွာပေါင်း ၄၈ ရွာမှာ သူမတို့ရွာဟာ ကော်ဖီအကောင်းဆုံး ထုတ်လုပ်နိုင်တဲ့ ကျေးရွာအဖြစ် ပထမဆုကို ရရှိခဲ့ပါတယ်။ အံ့မခန်း ဒီအောင်မြင်မှုကြောင့် မနန်းထွေးတစ်ယောက် အင်မတန် ဂုဏ်ယူရသလို ကျေးဇူးလည်း တင်ရပါတယ်။ မနန်းထွေး စိုက်တဲ့ ကော်ဖီရဲ့ အရည်အသွေးကောင်းမွန်မှုနဲ့ သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ ရလဒ်တစ်ခုအနေနဲ့ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကော်ဖီပြပွဲတစ်ခုကို တက်ရောက်ဖို့ မနန်းထွေး ရွေးချယ်ခံခဲ့ရပါတယ်။ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ တောင်သူတစ်ယောက်အဖြစ်ကနေ နိုင်ငံတကာစင်မြင့်ထက်မှာ ကျေးရွာကိုယ်စားပြု တောင်သူတစ်ယောက် ဖြစ်လာတဲ့ မနန်းထွေးရဲ့ ခရီးလမ်းဟာ ကော်ဖီစိုက်ခင်းကနေ သူမကို ပေးအပ်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ဂုဏ်သိက္ခာရှိမှုတို့ရဲ့ ပြယှဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကော်ဖီစိုက် တောင်သူ မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ UNODC အဖွဲ့ရဲ့ အစားထိုးသီးနှံ ဖွံ့ဖြိုးရေးစီမံချက်ကြောင့် အပြောင်းအလဲကို ထင်ဟပ်စေတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။ ကော်ဖီ စိုက်ပျိုးတာကနေ ငွေကြေးခိုင်မာတောင့်တင်းလာရုံသာမက ဂုဏ်သိက္ခာ၊ ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်တို့ အသစ်တဖန် ပြန်လည်မွေးဖွားလာတာကို မနန်းထွေး တစ်ယောက် သိရှိခဲ့ပါတယ်။ မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ လူတိုင်းမှာ ကိန်းအောင်းနေတဲ့ မဖော်ထုတ်ရသေးတဲ့ စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြသနေတာ ဖြစ်လို့ တခြားတောင်သူတွေကိုလည်း ခွန်အားဖြစ်စေပါတယ်။ UNODC အနေနဲ့ လူမှုအသိုင်းအဝန်းတွေကို ဆက်လက် အားပေးကူညီထောက်ပံ့နေလို့ မနန်းထွေးရဲ့ အဖြစ်အပျက်လိုမျိုး ဖြစ်စဥ်တွေဟာ ကော်ဖီစိုက်တောင်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဆက်လက်ပေါ်ထွန်းနေမှာ ဖြစ်ပါတယ်။ *ဤဆောင်းပါးကို UNODC ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။ , filtered_html
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။
မျှော်လင့်ခြင်းအတွက်မိုးရေစက် - Tametotto မိုးရေသိုလှောင်မှုစနစ်ပံ့ပိုးပေးခြင်းကြောင့် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် နေထိုင်သော ရပ်ရွာလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲမှုများ။
လူစည်ကားသော ရန်ကုန်မြို့တွင် ပဋိပက္ခဒဏ်ခံရသော ဒေသများမှ ပြည်သူများ ခိုလှုံလာမှုကြောင့် ရေရှားပါးမှုနှင့် ရေညစ်ညမ်းမှု ပိုမိုဆိုးရွားလာသည်။ အိမ်ထောင်စုများ၏ ၆ ရာခိုင်နှုန်းသာ ရေသွယ်ပိုက်မှ ရေကို သုံးစွဲခွင့်ရရှိသော ဤရန်ကုန်မြို့၏ အလွတ်သဘောအခြေချနေထိုင်မှုများတွင် နေထိုင်ကြသော လူများသည် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များ အတွက် ဘေးကင်းလုံခြုံစိတ်ချရမှု မရှိသော ရေအရင်းအမြစ်များမှ ရေကို အချိန်အတော်ကြာ မှီခိုအသုံးပြုခဲ့ကြသည်။ အဆိုပါ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မကြာခဏ ရေကြီးလေ့ရှိပြီး၊ စိန်ခေါ်မှု ပြဿနာများ ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ပြဿနာမှာ ရေရှားပါးရုံသာမက ဘေးကင်းသော သန့်ရှင်းသော သောက်သုံးရေ မရနိုင်ခြင်း ဖြစ်ပါသည်။ လူအများစုသည် အများပြည်သူပိုင် သို့မဟုတ် ရပ်ရွာအခြေပြု ပံ့ပိုးပေးသူများမှပေးဝေသောစျေးနှုန်းထက် ပိုမိုကောက်ခံသော ပုဂ္ဂလိက စျေးသည်များအပေါ်တွင် မှီခိုနေရသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် လုပ်ခများ မတိုးမြင့်လာခြင်းတို့ကြောင့် အဆိုပါကုန်ကျစရိတ်များကို ပေးဆောင်ရန် ပိုမိုရုန်းကန်လာကြရသည့် အတွက် အိမ်ထောင်စုများသည် ကျန်းမာရေးအတွက်ဘေးကင်းလုံခြုံမှုမရှိသော (သို့မဟုတ်) ယုံကြည်စိတ်ချရမှုမရှိသော ရေအရင်းအမြစ်များကို မဖြစ်မနေ သုံးစွဲနေကြရသည်။ဤအရေးပေါ်လိုအပ်ချက်ကိုဖြေရှင်းရန်အတွက် UN-Habitat သည် Tametotto မိုးရေသိုလှောင်စနစ်ကို ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ "မြို့ပြ အလွတ်သဘောအခြေချနေထိုင်မှုများတွင် အမှိုက်စီမံခန့်ခွဲမှု ပံ့ပိုးပေးခြင်းဖြင့် COVID-19 ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း" စီမံကိန်းသည် UN-Habitat နှင့် ဂျပန်ကုမ္ပဏီ Daiken တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Tametotto မိုးရေသိုလှောင်စနစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် မိတ်ဆက်အကောင်အထည်ဖော်ခဲ့သည်။ ရေတန်ချိန် ၁၅၀ ကျော် ဆံ့သည့် ဤမိုးရေသိုလှောင်ကန်သည် ခြောက်သွေ့လများအပါအဝင် တစ်နှစ်ပတ်လုံး ဘေးကင်းလုံခြုံသောရေကို ထောက်ပံ့ပေးသည်။ ဤသဘာဝအခြေခံစနစ်သည် စုဆောင်းရရှိထားသော မိုးရေများကို စိတ်ချစွာ သောက်သုံးနိုင်ပြီး စျေးကြီးသော ရေသန့်ဗူးများ သို့မဟုတ် ရေရှည်မတည်တံ့နိုင်သော မြေအောက်ရေထုတ်ယူမှုအပေါ် မှီခိုအားထားရမှုကို လျှော့ချပေးပါသည်။ ရပ်ရွာမိုးရေသိုလှောင်ကန်သည် အထူးသဖြင့် အကျိုးရှိသော သက်ရောက်မှုများ ရှိခဲ့သည်။ အဆိုပါ မိုးရေကန် တည်ဆောက် တပ်ဆင်ခြင်းသည် စီမံကိန်းဒေသများရှိ စာသင်ကျောင်းများတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျောင်းများအနက်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ မသီတာက “အရင်ကဆို ရေက သောက်ဖို့ ဘေးကင်းလုံခြုံမှုမရှိတဲ့အတွက် အိမ်ကနေ ရေယူလာရတယ်။ အခုတော့ ကန်ထဲကရေကို သောက်နိုင်ပါပြီ။ နေမကောင်းဖြစ်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။" ဟု ဆိုသည်။ရပ်ရွာလူထုကိုလည်း မိုးရေသိုလှောင်ကန်စနစ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးခဲ့ပါသည်။ စီမံကိန်းတွင် ပါ၀င်သည့် ရပ်ရွာစည်းရုံးရေးမှူး ဦးဆန်းဝင်းက “မိုးရေသိုလှောင်ကန်စနစ်သည် အလွန်ထိရောက်ပြီး ပြုပြင်ထိန်းသိမ်းရ လွယ်ကူသည်။ ကျွန်ုပ်တို့သည် ရပ်ရွာလူထုနှင့် ကျောင်းဆရာ၊ ဆရာမ များကို မိုးရေသိုလှောင်ကန်စနစ် စီမံခန့်ခွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့် နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ပြီး၊ သူတို့ကလည်း ထူးချွန်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဤရိုးရှင်းသောဖြေရှင်းနည်းက ကြီးမားသော အပြောင်းအလဲ ဖြစ်စေခဲ့သည်ကို မြင်ရတာ ဝမ်းမြောက်စရာပါ" ဟု ပြောသည်။ မိုးရေသိုလှောင်ကန်များကို နေရာလွတ်သက်သာစေရန် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့အပေါ်ရှိ ဧရိယာအား ကစားကွင်းများ သို့မဟုတ် ကားရပ်နားရန်နေရာများအဖြစ် အသုံးပြုနိုင်ခြင်းက ဤလူနေထူထပ်သောမြို့ပြဒေသများတွင် မရှိမဖြစ်အင်္ဂါရပ်တစ်ခုဖြစ်သည်။ ဤစီမံကိန်းသည် UN-Habitat ၏ ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်—ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်—လူနေမှုဘဝကို တိုက်ရိုက်တိုးတက်စေနိုင်ပုံ၏ သာဓက တစ်ခုဖြစ်သည်။ ရေ ဘေးကင်းလုံခြုံမှုကို ဖြေရှင်းခြင်းအားဖြင့် စီမံကိန်းသည် ချက်ချင်းလိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက လူထုများ၏ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် ရေရှည်ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးပါသည်။ ဤနည်းပညာကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို ပြသပြီး မြို့ပြပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဆန်းသစ်သော ဖြေရှင်းနည်းများအတွက် အလားအလာကို မီးမောင်းထိုးပြပါသည်။ဤစီမံကိန်းသည် မြန်မာနိုင်ငံအနှံ့ အဆင့်မြင့်နည်းပညာမလိုအပ်သော၊ ကုန်ကျစရိတ်သက်သာသော မိုးရေသိုလှောင်စနစ်ကို ကျယ်ပြန့်စွာ တိုးချဲ့လျက်ရှိရာ အလွတ်သဘောအခြေချနေထိုင်မှုများတွင် ဘေးကင်းလုံခြုံမှုမရှိသောသောက်သုံးရေပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စံနမူနာ တစ်ခုဖြစ်သည်။ UN-Habitat သည် ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မိုးရေသိုလှောင်ရေကန်စနစ် ၁၀ လုံးကို တည်ဆောက် တပ်ဆင်ခဲ့သည်။ ဤကြိုးပမ်းအားထုတ်မှုသည် မှန်ကန်သောပံ့ပိုးကူညီမှုနှင့် နည်းပညာဖြင့်၊ ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုပင်လျှင် ပိုမိုကျန်းမာပြီး ပိုမိုရေရှည်တည်တံ့သောအနာဂတ်ကို ရရှိနိုင်ကြောင်း သက်သေပြနေပါသည်။ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ၂၀၂၄ တွင် "လူသားချင်းစာနာမှုအတွက်လုပ်ဆောင်ပါ" ဟူသော ဆောင်ပုဒ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့်၊ ဤစီမံကိန်းသည် လိုအပ်နေသူများအတွက် ဆန်းသစ်တီထွင်သော လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ ဤလုပ်ဆောင်မှုမှ ရရှိသော ရေတစ်စက်စီသည် ရန်ကုန်မြို့၏ ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် ပိုမိုတောက်ပပြီး၊ ကျန်းမာသော အနာဂတ်ဆီသို့ ခြေလှမ်းတစ်လှမ်းကို ကိုယ်စားပြုနေသည်။“ဆန်းသစ်တီထွင်သောဖြေရှင်းနည်းများသည် ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုအတွက် ကွဲပြားသောကမ္ဘာတစ်ခုကို ဖန်တီးပေးနိုင်သည်။ UN-Habitat သည် #actforhumanity ကို ကတိကဝတ်ပြုပြီး ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်ရည်အား မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒီ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ မှာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေကြသောကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးနေသော ဒေသခံလူထုများ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်” ဟု Country Programme Manager a.i, UN-Habitat, Myanmar မှ Ms. Catarina Camarinhas က ပြောကြားခဲ့သည်။ ဤဆောင်းပါးကို UN-Habitat Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။, filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ဝင်များအား တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်မှ အာဏာရယူခဲ့သည့် ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက် ယိုယွင်းပျက်စီးနေပြီး၊ အရပ်သား ပြည်သူများအတွက် ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အကြမ်းဖက်မှုပုံစံ အားလုံးကို ရှုတ်ချသကဲ့သို့ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပဋိပက္ခဖြစ်နေသည့် အဖွဲ့များအားလုံးကို တောင်းဆိုပါသည်။ လူမှုအသိုင်းအဝိုင်းများကြား တင်းမာမှုများနှင့် အကြမ်းဖက်မှု လှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးကြရန်အတွက်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။ မြန်မာပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု အပါအဝင် နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်သည့် အခြေအနေများ မရှိခြင်းအပြင်၊ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပဋိပက္ခများ ပြင်းထန်လာနေချိန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ထုတ်ဖော်ပြောဆိုထားသည့် စစ်တပ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ သူ၏ စိုးရိမ်မှုကို ထပ်မံပြောကြားပါသည်။ စစ်တပ်မှ နိုင်ငံ့အာဏာမသိမ်းယူခင် လွန်ခဲ့သည့် ၄ နှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူ ဦးရေ ၁ သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၉.၉ သန်းကျော်ရှိပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံကျော် ဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရေးပါသည့် ကူညီလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများကို အဟန့်အတားမရှိ သွားလာခွင့်ပြုရမည် ဖြစ်သည်။ အားလုံးပါဝင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ရေးနှင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားနိုင်ရေးတို့အတွက် မြန်မာပြည်သူများအား ကူညီရန်အတွက်လည်းကောင်း၊ တင်းမာမှုများ အဆုံးသတ်ရန်အတွက်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအကြား ပိုမို၍ ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံတောင်းဆိုပါသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမို ထောက်ပံ့ကူညီရန်နှင့် ပဋိပက္ခနှင့် ညှဥ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာသူများအား ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်များပေးရန် ဒေသတွင်း နိုင်ငံများကိုလည်း ကုလအတွင်းရေးမှူးချုပ်က ပန်ကြားပါသည်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် Julie Bishop သည် မြန်မာနိုင်ငံမှ ဦးဆောင်သည့် အကျပ်အတည်း ဖြေရှင်းရေးလမ်းစဉ်ရှာဖွေရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အနီးကပ် ပူပေါင်းဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အားလုံးနှင့်လည်း အပြန်အလှန် ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိသည်။မြန်မာနိုင်ငံ၏ အနာဂတ်တွင် ရိုဟင်ဂျာများအပါအ၀င် လူမှုအသိုက်အဝန်းအားလုံးအတွက် ဘေးကင်းလုံခြုံမှု၊ တာဝန်ခံမှုနှင့် အခွင့်အလမ်းများ ရှိစေရမည် ဖြစ်ပြီး၊ ဂဏ္ဍပေါင်းစုံ အလွှာမျိုးစုံက မဲပေးခွင့် ရုပ်သိမ်းခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများနှင့် ပဋိပက္ခဖြစ်ရသည့် အခြေခံ အကြောင်းတရားများကိုလည်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ဤသို့ကြိုးပမ်းဆောင်ရွက်ချက်ရာတွင် မြန်မာနိုင်ငံသားများကို ကုလသမဂ္ဂအနေဖြင့် မဆုတ်မနစ် ထောက်ပံ့ကူညီမှုများ ပေးသွားရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်း အတည်ပြုပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်။
ပဋိပက္ခများအကြား ဆာလောင်မွတ်သိပ်မှုချောက်ကမ်းပါးပေါ်ရောက်ရှိနေသော မြန်မာနိုင်ငံ
ရန်ကုန်မြို့ – မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုအခြေအနေသည် အလွန်ပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၅ တွင် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးပြောကြားသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ ၁၅ သန်းမှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယမန်နှစ်၏ လူဦးရေ ၁၃.၃ သန်းမှ တိုးလာခြင်း ဖြစ်သည်။ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စသည့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် နေထိုင်သူများသည် နိုင်ငံအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံ လူသားချင်းစာနာမှုလိုအပ်ချက်နှင့်တုံ့ပြန်ရေးအစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါး (လူ ၃ ဦးတွင် ၁ ဦးနှုန်း) သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မည်ဖြစ်သည်။“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေ ကြီးထွားလာတာ၊ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေရှိတာ၊ စီးပွားရေး ပြိုလဲတာနဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆာလောင်မွတ်သိပ်မှုအခြေအနေဟာ စံချိန်တင် မြင့်တက်လာနေတာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ဒဿမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသည်။ ပဋိပက္ခများသည် ပိုမိုနက်ရှိုင်းလာပြီး နေရာဒေသသစ်များဆီ ဆက်လက်ကူးစက်နေသည့်အတွက် ၂၀၂၅ ခုနှစ်တွင် လူပေါင်း ၄ ဒဿမ ၅ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာသည် အကြီးမားဆုံး လိုအပ်မှုတစ်ခုဖြစ်နေသော်လည်း တရိပ်ရိပ်တက်လာသည့် ကုန်ကျစရိတ်များနှင့် မြန်ဆန်လွန်းသည့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အများစုမှာ လိုအပ်သည့်စားနပ်ရိက္ခာကို လက်လှမ်းမမီနိုင်ကြပေ။ မြန်မာနိုင်ငံတွင် အဓိကကျသောစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား နှင့် ပဲတို့၏ စျေးနှုန်းများသည် မနှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာသည်။ “မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေကလည်း လစဉ်လတိုင်း မြင့်တက်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာ ရောင်းကုန်ရှိနေရင်တောင် လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ ဒီတော့ ထမင်းအနပ်ရေလျှော့စားပြီး မဝမလင် စားသောက်နေကြရပါတယ်။” ဟု Mr. Dunford က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များသည် ကမ္ဘာတစ်ဝန်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများအကြား တိမ်မြုပ်နေပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိပေ။“မြန်မာနိုင်ငံရဲ့ အရှိန်အဟုန်မြင့်လာတဲ့ပဋိပက္ခတွေကို ကမ္ဘာကြီးက လစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံတကာအနေနဲ့ ပံ့ပိုးကူညီမှုတွေကို ချက်ချင်းလက်ငင်း ပိုမိုတိုးမြှင့်ပေးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လူထောင်ပေါင်းများစွာဟာ ချောက်ကမ်းပါးစွန်းဆီ တွန်းပို့ခံရမှာ ဖြစ်ပါတယ်။” ဟု Mr. Dunford က ပြောကြားခဲ့သည်။WFP သည် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ အနည်းဆုံး ၁ ဒဿမ ၆ သန်းထံ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အကူအညီများ ပေးအပ်သွားနိုင်ရန် ရည်မှန်းထားပါသည်။ အထောက်အပံ့များကို လိုအပ်သူများထံ ထိထိရောက်ရောက် ပို့ဆောင်ပေးအပ်နိုင်ရန်အတွက် WFP သည် ပဋိပက္ခတွင်ပါဝင်ပတ်သက်နေကြသူများအားလုံးနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ # # #ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။
ရခိုင်ပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာမှု အထောက်အပံ့ဆိုင်ရာ WFP ၏ ထုတ်ပြန်ချက်
လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့သည်။ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိပါ။ ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFPက ထပ်လောင်း တောင်းဆိုလိုက်သည်။ ၎င်းတို့အနေဖြင့်လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီးကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ပြီး ဖြစ်ပါသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဌာနေကိုယ်စားလှယ်အသစ် ရောက်ရှိတာဝန်ထမ်းဆောင်
မြန်မာနိုင်ငံအနေဖြင့် ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန်၊ နိုင်ငံအတွက်အရေးကြီးသောအခိုက်အတန့်တွင် Mr. Dunford ကို WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် ရာထူးခန့်အပ်လိုက်ခြင်းဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃.၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃.၅ သန်းနီးပါးမှာ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရသည်။"မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ကျော်ဖြတ်နေကြရပေမဲ့ အံ့သြရလောက်အောင် ကြံ့ကြံ့ခံနိုင်ရည်နဲ့ မျှော်လင့်ချက်တွေရှိကြတာတွေ့ရတော့ ကျွန်တော်တကယ့်ကို အထင်ကြီးလေးစားမိပါတယ်။” ဟု Mr. Dunford က ပြောပါသည်။ “လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ WFP ဟာ ကျွန်တော်တို့ရဲ့ အကူအညီအထောက်အပံ့တွေ နေရာဒေသမရွေးက ထိခိုက်လွယ်ဆုံးလူတွေဆီ အသေအချာရောက်ရှိနိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေသွားမှာဖြစ်သလို ဘက်ပေါင်းစုံနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။" ဟု ၎င်းက ပြောသည်။Mr. Dunford ၏ ပထမဦးစားပေးမှာ WFP ၏ ကယ်ဆယ်ရေးအထောက်အပံ့များသည် အရေးပေါ်အကူအညီလိုအပ်နေသူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ရပ်ရွာလူထုထံသို့ အသေအချာ ရောက်ရှိနိုင်ရေးဖြစ်ပါသည်။ Mr. Dunford ၏ ဦးဆောင်မှုအောက်တွင် WFP သည် ရပ်ရွာလူထုနှင့်အတူ ဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲကာ အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းခန့်အား အကူအညီများပေးအပ်ရန် စီစဥ်ထားရှိပါသည်။ ဤခန့်အပ်မှုမတိုင်မီ Mr. Dunford သည် WFP အရှေ့အာဖရိက ဒေသဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူးအဖြစ် အာဖရိကအရှေ့ပိုင်းရှိ WFP ၏ အထောက်အပံ့လုပ်ငန်းများကို ဦးဆောင်ခဲ့ပါသည်။ ဩစတေးလျနိုင်ငံသားဖြစ်သူ Mr. Dunford သည် WFP တွင် လုပ်သက် ၂၅ နှစ်နှင့်အတူ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အတွေ့အကြုံကောင်းများရှိသူဖြစ်ပါသည်။ သူသည် ၂၀၁၇ခုနှစ် ရိုဟင်ဂျာဒုက္ခသည်အရေးစတင်ချိန်တွင် Cox’s Bazar ၌ WFP ၏ အရေးပေါ်အခြေအနေတုံ့ပြန်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။ အယ်ဒီတာများအတွက် ဖြည့်စွက်ဖော်ပြချက်WFP သည် မြန်မာနိုင်ငံတွင် အကူအညီများပေးအပ်နေသည့် အကြီးမားဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ WFP ၏ အထောက်အပံ့များတွင် ပဋိပက္ခဒဏ်ခံစားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေး အထောက်အပံ့များအပြင် ကလေးငယ်များ၊ မိခင်များနှင့် HIV/TB ဆေးကုသမှုခံယူနေသူများအတွက် အာဟာရအထောက်အပံ့များပေးအပ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ကျောင်းတွင်းနေ့လယ်စာကျွေးမွေးခြင်း နှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များ ပါဝင်ပါသည်။ WFP သည် ဇွန်လမှစတင်ခဲ့သည့် ရေကြီးရေလွှမ်းမိုးမှု တုံ့ပြန်ရေးအနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေပေါင်း ၃၇၀,၀၀၀ ထံ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရ အကူအညီများ ပေးအပ်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း လက်ရှိအချိန်အထိဆိုရပါလျှင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းခန့်သည် WFP ထံမှ အထောက်အပံ့များ ရရှိခဲ့ပြီး ဖြစ်ပါသည်။ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။ , filtered_html
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။
ပူးတွဲသတင်းထုတ်ပြန်ချက်၊ မြန်မာ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေ ဆိုးရွားလာချိန် WFP ထံ ဥရောပသမဂ္ဂက ရံပုံငွေများ ထပ်ဆောင်းပေးအပ်
ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO) မှတစ်ဆင့် ပေးအပ်ခဲ့သည့် အဆိုပါရံပုံငွေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရသူများအား အရေးပေါ်အသက်ကယ်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါရေကြီးရေလျှံမှုအတွင်း လူဦးရေ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြရပြီး စိုက်ပျိုးမြေ ဧက ၁ သန်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၃.၃ သန်းသည် စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး ထိုထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရသည်။ အခြေခံစားသောက်ကုန်များ၏ ကုန်စျေးနှုန်းသည်လည်း မနှစ်ကနှင့် နှိုင်းယှဥ်ပါက ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိရှိလာပြီး ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်း ထက် အဆများစွာတိုးများလာခဲ့ခြင်း ဖြစ်သည်။“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ။” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က ပြောကြားသည်။ “အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။ "သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ အခက်ဒုက္ခတွေကို ဖြေလျှော့ပေးနိုင်ဖို့ရာ ဥရောပသမဂ္ဂက ရက်ရက်ရောရာ ပေးအပ်တဲ့လှူဒါန်းမှုလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ အားကိုးအားထားပြုရပါတယ်။" ဟု Mr. Mattei က ဆက်လက်ပြောသည်။ ဤထပ်ဆောင်းရံပုံငွေအပါအဝင် ယခုနှစ်အတွက် ဥရောပသမဂ္ဂ၏ စုစုပေါင်းထောက်ပံ့မှုပမာဏသည် ယူရို ၇ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) အထိ ရှိခဲ့ပြီဖြစ်သည်။ အဆိုပါရန်ပုံငွေသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၂ သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရများ ပေးအပ်ကူညီသွားမည့် WFP ၏ အထောက်အပံ့လုပ်ငန်းများအား ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။WFP အနေဖြင့် အကူအညီအလိုအပ်ဆုံးရပ်ရွာလူထုများထံ ဥရောပသမဂ္ဂ၏ အထောက်အပံ့များ တိုက်ရိုက်ရောက်ရှိနိုင်စေရေးအတွက် စေတနာ့ဝန်ထမ်းများ၊ ပြည်တွင်း အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။EU Civil Protection and Humanitarian Aid အကြောင်း ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကိုကယ်တင်ရန်၊ လူသားများဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ဘေးအန္တရာယ်များနှင့် အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရည်ရွယ်သည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော အကူအညီလိုအပ်နေသူများကိုကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများပေးအပ်လျက်ရှိပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်းကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
, filtered_html
, filtered_html
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
1 / 11