နောက်ဆုံးပေါ်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပြန်လည်ထူထောင်ရေးမှ မမြင်ရသော ဒဏ်ရာဒဏ်ချက်များနှင့် ကုစားရေးလမ်း
ပိုမိုလေ့လာရန်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပထမခြေလှမ်းများစတင်ခြင်းတစ်နှစ်တာခရီးနှင့် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ဦးဦးဖျားဖျား ခြေလှမ်းများ
ပိုမိုလေ့လာရန်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင်း အောက်ခြေကစ ပြန်လည်ထူထောင်ခြင်း
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
မိန့်ခွန်း
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ ပညာရေးနေ့ အထိမ်းအမှတ် သတင်းစကား
ပညာရေးဟာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ ပိုမိုကြီးမားတဲ့ အခွင့်အလမ်း၊ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးတို့ဆီ တက်လှမ်းစေနိုင်ပါတယ်။ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်နဲ့ လူငယ်ပေါင်း ၂၇၂ သန်းဟာ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားဆက်ဆံမှု၊ ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်နေရမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ပညာရေးနေ့မှာ အစိုးရများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ အလှူရှင်နိုင်ငံများအနေနဲ့ မိမိတို့ရဲ့ မူဝါဒတွေ၊ ဘတ်ဂျက်တွေနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု စတဲ့လုပ်ငန်းစဥ်တွေမှာ ပညာရေး ကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းပါတယ်။ လူငယ်တွေ သူတို့ ရှာဖွေနေတဲ့ ရယူပိုင်ဆိုင်ထိုက်တဲ့ အနာဂတ်တွေကနေ ဝေးကွာစေတဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာသင်ကြားခွင့်ဆိုင်ရာနဲ့ အရည်အသွေးဆိုင်ရာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ကွာဟချက်တွေ မရှိအောင် လုပ်ဆောင်ကြရပါမယ်။ယခုနှစ်ရဲ့ ဆောင်ပုဒ်က သတိပေးထားတဲ့အတိုင်း လူငယ်တွေရဲ့ အသံတွေကို အထူးတလည် နားဆင်ဖို့ လိုပါတယ်။ နောက်ပြီး အရည်အချင်းပြည့်မီတဲ့ ဆရာ/ဆရာမတွေရရှိရေး၊ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည် သင်တန်းတွေ ရရှိရေးနဲ့ နည်းပညာကို တန်းတူညီမျှ လက်လှမ်းမီနိုင်ရေးတို့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ လိုပါတယ်။လူသားအားလုံးအတွက် အားလုံးပါဝင်ကာ ကြံ့ကြံ့ခိုင်နိုင်ပြီး ဆန်းသစ်တဲ့ ပညာရေးစနစ်တွေကို အတူ လက်တွဲ တည်ဆောက်ကြရအောင်ပါ။
5 ၏ 1
ထုတ်ဝေမှု
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်။
Myanmar: Emergency and Resilience Plan, 2026 - 2028
Synopsis (Short Abstract)Myanmar continues to face compounded humanitarian, economic and environmental shocks that are undermining agricultural livelihoods and food security, particularly among conflict-affected and displaced rural households. The Emergency and Resilience Plan (ERP) 2026–2028 outlines the integrated approach of the Food and Agriculture Organization of the United Nations (FAO) to protecting livelihoods, restoring food production and strengthening resilience. Combining time-critical agricultural assistance with climate-resilient practices, natural resource management, anticipatory action and strengthened evidence and coordination, the ERP bridges humanitarian response and medium-term recovery. With a funding requirement of USD 54.2 million, the ERP aims to support 176 000 households with coordinated, risk-informed interventions that reduce vulnerability and sustain agrifood systems.
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နှစ်သစ်သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)နှစ်သစ်ကို ကူးပြောင်းဝင်ရောက်တာနဲ့အမျှ ကမ္ဘာကြီးဟာ အဆုံးအဖြတ်ပေးရမယ့် လမ်းစုံလမ်းခွတစ်ခုကို ရောက်ရှိနေပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မငြိမ်သက်မှုတွေနဲ့ မရေရာ မသေချာမှုတွေရှိနေပါတယ်။ခွဲခြားမှု၊ အကြမ်းဖက်မှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့ နိုင်ငံတကာ ဥပဒေကို စနစ်တကျ ချိုးဖောက်နေမှုတွေ ဖြစ်ပေါ်နေပါတယ်။လူသားမိသားစုအနေနဲ့ ကျွန်တော်တို့တွေ လိုက်နာဆောင်ရွက်ကြရတဲ့ အခြေခံမူတွေကနေ ဆုတ်ခွာနေပါတယ်။နေရာစုံက လူတွေက “ခေါင်းဆောင်တွေ တကယ် နားထောင်နေကြရဲ့လား။ လက်တွေ့ဆောင်ရွက်ဖို့ အသင့်ဖြစ်ပြီလား။ “ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။လှိုင်းထန်တဲ့ နှစ်တစ်နှစ်ကနေ နောက်စာမျက်နှာတစ်ခုကို လှန်တဲ့အခါ စကားလုံးတွေထက် ကျယ်ကျယ်လောင်လောင်ဖော်ပြနေတဲ့ အချက်တစ်ခုက -ကမ္ဘာလုံးဆိုင်ရာ စစ်ရေး အသုံးစာရိတ်ဟာ ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီး ၂.၇ ထရီလီယံဒေါ်လာအထိ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။အဲဒီပမာဏဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအားလုံးထက် ၁၃ ဆ ပိုများနေပြီး အာဖရိကတစ်တိုက်လုံးရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်နဲ့ ညီမျှပါတယ်။ဒုတိယကမ္ဘာစစ်ကတည်းက မတွေ့ကြုံဖူးသေးတဲ့ အတိုင်းအတာနဲ့ ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ဒါတွေအားလုံး ဖြစ်ပျက်နေတာပါ။ဒီနှစ်သစ်မှာ ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်ရမှာတွေကို မှန်မှန်ကန်ကန် သတ်မှတ်လုပ်ဆောင်နိုင်ဖို့ သန္နိဋ္ဌာန်ချကြရအောင်ပါ။ပိုမိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာကိုတည်ဆောက်ဖို့အတွက် စစ်အသုံးစရိတ်တွေ လျှော့ချပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ ရင်းနှီးမြှုပ်နှံခြင်းနဲ့ စတင်ရပါမယ်။ ငြိမ်းချမ်းရေးကသာ လွှမ်းမိုးအောင်နိုင်ရပါမယ်။လူ့ဘဝတွေကို မြှင့်တင်ဖို့၊ ကမ္ဘာမြေကို ကုစားဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ ကမ္ဘာကြီးမှာ အရင်းအမြစ်တွေရှိတာက ရှင်းပါတယ်။၂၀၂၆-ခုနှစ်မှာ အလေးအနက်ထားဆောင်ရွက်ဖို့၊ နာကျင်ခံစားမှုတွေထက် လူသားတွေနဲ့ ကမ္ဘာမြေကို ရွေးချယ်ဖို့ နေရာစုံက ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်။နောက်ပြီး ဒီသတင်းစကားကို ကြားသိရသူတိုင်းကိုလည်း မိမိတို့ရဲ့ ဆိုင်ရာ ကဏ္ဍအသီးသီးက ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ကျွန်တော်တို့ရဲ့ အနာဂတ်က လက်တွေ့လုပ်ဆောင်ဖို့ စုပေါင်းသတ္တိအပေါ်မှာ မူတည်ပါတယ်။တရားမျှတမှုအတွက်၊ လူသားဆန်မှုအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ဒီနှစ်သစ်မှာ အတူတကွ နိုးထကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့ သတင်းစကား
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့ပါ။ ဒီနေ့မှာ မြန်မာပြည်အတွင်းရော၊ ပြည်ပမှာရော ရှိနေကြတဲ့ ရွှေ့ပြောင်းသွားလာ နေထိုင်သူများတွေကို ဂုဏ်ပြုလိုက်ပါတယ်။ ရွေးချယ်စရာမရှိလို့ မဟုတ်ဘဲ မဖြစ်မနေလိုအပ်လို့ အရာအားလုံးစွန့်ခွာခဲ့ရတဲ့ သူတွေရဲ့ သတ္တိကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။ သူတို့ရဲ့ ခရီးက မလွယ်ကူပေမယ့် သူတို့ရဲ့ ဇွဲ၊ ကြံ့ကြံ့ခံနိုင်စွမ်း၊ ကျွမ်းကျင်မှုနှင့် ပံ့ပိုးမှုတွေက အရေးပါပါတယ်။ ဘေးကင်းလုံခြုံပြီး အထောက်အကူဖြစ်စေတဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ အသက်အန္တရာယ်ကို ကာကွယ်ပေးရုံသာမက မိသားစုတွေနဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းတွေကိုပါ အားကောင်းလာစေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇာတ်လမ်းတွေဟာ အသိအမှတ်ပြုခံထိုက်ပြီး နားထောင်ထိုက်တဲ့ ဇာတ်လမ်းတွေပါ။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။
ILO calls for safe migration and decent work for Myanmar migrants on International Migrants Day
YANGON (ILO News) – The International Labour Organization (ILO), together with Myanmar civil society organizations, community-based organizations and labour organizations, commemorated International Migrants Day with an event held in Yangon on 14 December 2025. This year’s observance was celebrated under the theme “Every Migrant, Every Story, One Humanity.” The event was organized by the European Union (EU)-funded Ship to Shore Rights South-East Asia: Safe Migration for Decent Work in the Blue Economy and the TRIANGLE in ASEAN programme funded by the Australian Department of Foreign Affairs and Trade. The aim was to raise awareness of the individuality, dignity and shared humanity of migrant workers, and the invaluable contributions that they make, even amidst increased vulnerability in Myanmar resulting from political instability and conflict.More than 200 participants attended in person and online, including potential and returned migrant workers and their families and the civil society and labour organizations supporting them. The programme highlighted the voices of migrant workers from Myanmar currently employed in Thailand and the United Arab Emirates, as well as sharing the experiences of returnees. A panel discussion addressed labour migration policies in Thailand and Japan, and fair recruitment initiatives for Myanmar migrant workers in Thailand’s seafood processing sector.Yutong Liu, Liaison Officer and Country Representative for ILO Myanmar, stated:
“The contributions of migrant workers deserve to be acknowledged and celebrated in Myanmar. Migrants continue to provide an essential lifeline to their families and communities back home, which is especially critical during these challenging times. The ILO is committed to working with its social partners and other relevant stakeholders to help ensure robust protection of the rights of Myanmar migrant workers throughout the migration process.”On 18 December 2025, the ILO published a series of migrant workers’ stories on the ILO Myanmar Facebook page to highlight their achievements and to raise awareness of the importance of safe and fair labour migration in Myanmar."On International Migrants Day, it’s important to recognize that labour migration provides an essential livelihood strategy for the Myanmar people, particularly with diminished employment opportunities in the local labour market. As availability of safe migration pathways has been reduced in recent years, Myanmar migrants are now more vulnerable to exploitation and abuse. Through the EU-funded Ship to Shore Rights South-East Asia programme, the ILO and its partners have been working to expand access to safe migration, decent working conditions, and protection of fundamental labour rights for Myanmar migrant workers, particularly in the fishing, seafood processing and aquaculture sectors," said Benjamin Harkins, Technical Specialist, ILO Regional Office for Asia and the Pacific.Ship to Shore Rights South-East Asia: Safe Migration for Decent Work in the Blue Economy is a regional initiative funded by the EU. The ILO implements the programme in collaboration with the International Organization for Migration and the Food and Agriculture Organization of the United Nations, with the overall objective of promoting safe migration and decent work for a sustainable fish and seafood supply chain in South-East Asia. The programme addresses the specific vulnerabilities that migrant workers face in these sectors, as well as the risks they encounter during the labour migration process, which can lead to decent work deficits, labour rights abuses and forced labour.
“The contributions of migrant workers deserve to be acknowledged and celebrated in Myanmar. Migrants continue to provide an essential lifeline to their families and communities back home, which is especially critical during these challenging times. The ILO is committed to working with its social partners and other relevant stakeholders to help ensure robust protection of the rights of Myanmar migrant workers throughout the migration process.”On 18 December 2025, the ILO published a series of migrant workers’ stories on the ILO Myanmar Facebook page to highlight their achievements and to raise awareness of the importance of safe and fair labour migration in Myanmar."On International Migrants Day, it’s important to recognize that labour migration provides an essential livelihood strategy for the Myanmar people, particularly with diminished employment opportunities in the local labour market. As availability of safe migration pathways has been reduced in recent years, Myanmar migrants are now more vulnerable to exploitation and abuse. Through the EU-funded Ship to Shore Rights South-East Asia programme, the ILO and its partners have been working to expand access to safe migration, decent working conditions, and protection of fundamental labour rights for Myanmar migrant workers, particularly in the fishing, seafood processing and aquaculture sectors," said Benjamin Harkins, Technical Specialist, ILO Regional Office for Asia and the Pacific.Ship to Shore Rights South-East Asia: Safe Migration for Decent Work in the Blue Economy is a regional initiative funded by the EU. The ILO implements the programme in collaboration with the International Organization for Migration and the Food and Agriculture Organization of the United Nations, with the overall objective of promoting safe migration and decent work for a sustainable fish and seafood supply chain in South-East Asia. The programme addresses the specific vulnerabilities that migrant workers face in these sectors, as well as the risks they encounter during the labour migration process, which can lead to decent work deficits, labour rights abuses and forced labour.
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပြန်လည်ထူထောင်ရေးမှ မမြင်ရသော ဒဏ်ရာဒဏ်ချက်များနှင့် ကုစားရေးလမ်း
မြန်မာနိုင်ငံမှာ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး အဆောက်အအုံတွေ ဘယ်လောက် ပြန်ဆောက်နိုင်ခဲ့ပြီလဲဆိုတာတွေထက်၊ လူတွေ သူတို့ရဲ့ နေ့စဉ်ဘဝထဲကို ပုံမှန်အတိုင်း ပြန်ဝင်ဆံ့နိုင်ပြီလား ဆိုတာတွေနဲ့ တိုင်းတာပါတယ်။ လူတော်တော်များများဟာ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေကို ယခုတိုင် ခံစားနေရဆဲဖြစ်ပါတယ်။ အိပ်စက်မရအောင် ကြောက်နေတာ၊ သွားလာဖို့ စိုးရိမ်နေတာနဲ့ ဆုံးရှုံးမှုတွေကြောင့် ဆုံးဖြတ်ချက်မချရဲတာမျိုးတွေ ဖြစ်နေကြတာပါ။ ဒါ့ကြောင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အားပေးကူညီမှုတွေဟာ ပြန်လည်ထူထောင်ရေးအတွက် တကယ့်ကို လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါမှသာ လူတွေဟာ စိတ်ဓာတ်ပြန်ခိုင်မာလာမယ်၊ တခြားသူတွေနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံလာနိုင်မယ်၊ ပြီးတော့ သူတို့ဘဝတွေကို ပြန်ထူထောင်လာနိုင်ကြမှာ ဖြစ်ပါတယ်။မန္တလေးက စကားဝိုင်းလေးတစ်ခုမှာ ဒေါ်ခိုင်ကို သူမရဲ့မျက်နှာပုံလေး ဆွဲခိုင်းပါတယ်။ ပြီးတော့ အဲဒီစာရွက်လေးကို လုံးချေခိုင်းပါတယ်။ နောက် ဖြည်းဖြည်းချင်း ပြန်ဖြန့်ခိုင်းခဲ့ပါတယ်။စာရွက်ပေါ်မှာ ခေါက်ကျိုးရာတွေ ထင်ကျန်ခဲ့ပေမဲ့ သူမရဲ့မျက်နှာပုံလေးကတော့ ပျက်မသွားဘဲ ရှိနေဆဲ။ "ကျွန်မ ရင်ထဲမှာ ဘယ်လောက်တောင် မျိုသိပ်ထားနေခဲ့လဲဆိုတာကို အဲဒီတော့မှ သတိထားမိတော့တယ်" လို့ ဒေါ်ခိုင်က ပြောပြပါတယ်။ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်တော့ ဒေါ်ခိုင်ရဲ့ သစ်သားအိမ်လေး ပြိုကျသွားချိန်မှာ သူမ ထွက် ပြေးခဲ့ရပါတယ်။ သူမ ဘေးကင်းခဲ့ပါတယ်။ ဒါပေမဲ့ လှုပ်ခတ်တာရပ်တန့်သွားပြီး အချိန်အတော်ကြာတဲ့တိုင် ကြောက်စိတ်တွေက ကျန်ရှိနေခဲ့ပါတယ်။ "ကျွန်မ အိပ်လို့မရဘူး၊ စိတ်ထဲမှာ အဲဒီအချိန်က မြင်ကွင်းတွေပဲ ခဏခဏ ပြန်ပေါ်လာနေတာ" လို့ သူမက ဆိုပါတယ်။မြန်မာပြည်အလယ်ပိုင်းက လူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ ပျက်စီးသွားတာတွေကို ပြန်ပြုပြင်ရုံတင် မဟုတ်ပါဘူး။ မျက်မြင်မတွေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေနဲ့ ဘယ်လို ရှင်သန်နေထိုင်ရမလဲကိုလည်း ဆိုလိုပါတယ်။ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းမှ စီမံခန့်ခွဲသော ရန်ပုံငွေအဖွဲ့များ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှုတွေနဲ့ ပြုလုပ်တဲ့ ယခုကဲ့သို့ ဆွေးနွေးမှုအစီအစဉ်တွေဟာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ၎င်းတို့ ကြုံတွေ့ခဲ့ရတာတွေကို စတင်ကုစားနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပါတယ်။ပြန်လည်ထူထောင်ရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်တော့တဲ့အခါငလျင်ဒဏ်ကြောင့် တော်တော်လေး ပျက်စီးသွားခဲ့တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်မှာ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ချက်ဟာ အချိန်ကြာလာတာနဲ့အမျှ လျော့မသွားဘဲ ပိုတောင်များလာခဲ့ပါတယ်။ဒါပေမဲ့ ရပ်ရွာအတော်များများမှာ စိတ်ကျန်းမာရေးအကြောင်း ထုတ်ပြောဖို့က သိပ်တော့မလွယ်လှပါဘူး။ စိတ်ဆင်းရဲစရာတွေကို ကိုယ်ရေးအဖြစ် မိသားစုအတွင်းမှာပဲ ဆွေးနွေးတာမျိုး ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောတာမျိုးတွေ ရှိတတ်ကြပါတယ်။ တချို့အတွက်ကျတော့လည်း အကူအညီတောင်းရမှာကို မရင်းနှီးသလို ခံစားတတ်ကြပါတယ်။"ငလျင်လှုပ်ခဲ့တာ တစ်နှစ်ရှိပြီ၊ ဒါပေမဲ့ အခုမှပဲ အကူအညီလာတောင်းတဲ့သူတွေ ပိုများလာတယ်" လို့ ထိခိုက်ခံစားခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ဒေါ်စုစုက ပြောပါတယ်။ "အခုချိန်ထိတောင် လူတွေရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို တွေ့နေရတယ်။"နောက်ဆက်တွဲ ငလျင်လေးတွေ ထပ်လှုပ်တိုင်း အရင်က ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တွေကို ပြန်သတိရစေပါတယ်။ တချို့မှာ မြေပြင်က တကယ်တမ်း ငြိမ်နေပေမဲ့ သူတို့စိတ်ထဲမှာတော့ မငြိမ်တော့သလို ခံစားနေကြရပါတယ်။"လူတွေ ကျွန်မတို့ဆီ လာတဲ့အခါ သူတို့ စိတ်လုံခြုံမှုရှိတယ်လို့ ခံစားရအောင် အရင်ဆုံး ကြိုးစားပေးပါတယ်။ သူတို့ အကူအညီ ထပ်လိုအပ်ရင်တော့ နှစ်သိမ့်ဆွေးနွေးပေးတာမျိုး ဒါမှမဟုတ် ပိုပြီးကျွမ်းကျင်တဲ့ ကုသမှုတွေရအောင် လွှဲပြောင်းပေးတာမျိုးတွေ လုပ်ပေးပါတယ်" လို့ သူမက ပြောပြပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေဆီမှာ ဒီလို စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရင်ကထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပြန်လည်ထူထောင်ရေးဆိုတာ စိတ်ဒဏ်ရာတစ်ခုတည်းကို ကုစားတာ မဟုတ်ပါဘူးလို့ သူမက ရှင်းပြပါတယ်။ဘေးအန္တရာယ်တွေအလွန်မှာ စားနပ်ရိက္ခာ၊ ခိုလှုံစရာနဲ့ အလုပ်အကိုင် အကူအညီတွေထက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက ထင်သာမြင်သာ မရှိတတ်ပါဘူး။ ဒါပေမဲ့ ဒီစိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေက တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုစောင့်ရှောက်မှုတွေ မရှိရင် လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်ဖို့၊ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဒါမှမဟုတ် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် တော်တော်လေး ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းမှုတွေက ဆုံးဖြတ်ချက်တွေအပေါ် မသိမသာ လွှမ်းမိုးသွားနိုင်သလို၊ သွားလာလှုပ်ရှားရမှာကို ကြောက်ရွံ့စေပြီး နောက်ဆုံးမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြန်ထူထောင်ဖို့တောင် ခက်ခဲသွားစေနိုင်ပါတယ်။စီးပွားရေး ကျပ်တည်းနေတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် ဒီလိုဖိအားတွေက သာလို့တောင် ဆိုးပါသေးတယ်။ မိသားစုတွေက ပျက်စီးသွားတဲ့အိမ်ကို ပြင်ဖို့၊ စားဖို့သောက်ဖို့ ရှာဖွေဖို့နဲ့ ဝင်ငွေပြန်ရဖို့တွေအတွက်ပဲ အာရုံစိုက်နေရတဲ့အခါ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘေးဖယ်ထားတတ်ပါတယ်။ တကယ်တော့ အဲဒီလို ရုန်းကန်နေရတဲ့ ဖိအားတွေကြောင့်ပဲ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေက ပိုပိုပြီးတော့ များလာနေတာပါ။ အဲဒီလိုမျိုး အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ သူတို့ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ပြီးသွားတာတောင်မှ ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ ဆက်ရှိနေပြီး ကူညီပေးနေကြတာပါ။ အချိန်ကြာလာတာနဲ့အမျှ အရေးပေါ်အကူအညီထက် ရေရှည်ပြန်လည်ထူထောင်ရေးက ပိုအရေးကြီးလာတာချိန်မှာ သူတို့ရဲ့အခန်းကဏ္ဍကလည်း ပိုပြီး အရေးပါလာပါတယ်။ ရပ်ရွာတော်တော်များများအတွက် စိတ်ဓာတ်ပြန်ခိုင်မာလာစေဖို့နဲ့ ဘဝတွေကို ဆက်ပြီး ပြန်လည်တည်ဆောက်ဖို့အတွက် အမြဲတမ်း ရယူနိုင်တဲ့ တစ်ခုတည်းသော ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။နေ့စဥ်ဘဝ ရှင်သန်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဟန်ချက်ညီအောင်လုပ်ဆောင်ခြင်းစီးပွားရေး ကျပ်တည်းနေတဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဟာ နေ့စဉ် ဘဝရှင်သန်ရပ်တည်ရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ မန္တလေးက မိခင်တစ်ဦးဖြစ်တဲ့ မအိအိ*ဟာ မိသားစုကို လုပ်ကျွေးဖို့ နေ့တိုင်း ရုန်းကန်နေရသူပါ။ ငလျင်ကြောင့် သူမအိမ်လေး ပြိုကျသွားကတည်းက အခက်အခဲတွေက ပိုတောင် များလာခဲ့ပါတယ်။မိုးတွင်းဆိုရင် အိမ်ခေါင်မိုးကနေ မိုးယိုတယ်။ သူမတတ်နိုင်သမျှနဲ့ ဖြည်းဖြည်းချင်းပဲ ပြင်ရတယ်။ တစ်ဖက်မှာလည်း ဝင်ငွေရှာရင်းနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ကြိုးပမ်းနေခဲ့ရပါတယ်။"ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ (Child Safe Space) ရှိနေတာက ကလေးတွေရော၊ ကျွန်မအတွက်ပါ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။” လို့ သူမက ပြောပါတယ်။ "ကျွန်မ အလုပ်လုပ်နေချိန်မှာ ကလေးတွေက ဘေးကင်းတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့အတူ ပညာသင်ကြားရင်း အချိန်ကုန်ဆုံးနိုင်ကြတယ်လေ။" အဲဒီအကူအညီမျိုး မရှိရင် မအိအိအတွက် အလုပ်ကို ပုံမှန်လုပ်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ရဲ့ ပံ့ပိုးမှုတွေ၊ ယူနီဆက်ရဲ့ ကလေးသူငယ် အပန်းဖြေကစားစရာ အထောက်အကူပြုပစ္စည်း (Recreation kits) တွေနဲ့အတူ အခုလို ကလေးသူငယ်တွေအတွက် ဖော်ရွေတဲ့ ဝန်းကျင်လေးတွေကို ဖန်တီးပေးထားပါတယ်။ ဒီနေရာလေးတွေဟာ ကလေးငယ်တွေအတွက် စနစ်တကျနဲ့ သင်ယူနိုင်ဖို့၊ ဆော့ကစားနိုင်ဖို့နဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် အဓိက အထောက်အကူပြုပေးနေတာပဲ ဖြစ်ပါတယ်။သူမအတွက်တော့ ဒီအကူအညီက စိတ်လှုပ်ရှားစေသလို လက်တွေ့အသုံးကျပါတယ်။ သူမရဲ့ ရင်သွေးတွေ ဘေးကင်းတယ်ဆိုတာ သိနေတော့ သူမ စိတ်အေးအေးနဲ့ အလုပ်လုပ်လို့ရပါတယ်။ "ကလေးတွေက အဲဒီကို သွားရတာ ပျော်ကြတယ်။” လို့ သူမက ဆိုပါတယ်။ “မိခင်တစ်ယောက်အနေနဲ့ သူတို့လေးတွေ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိစေချင်တာပါ။"ကလေးတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ လူကြီးတွေနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်တတ်ပါတယ်။အဲဒီလို နေရာတွေမှာ ပံ့ပိုးမှုတွေက ကြီးကြပ်စီမံပေးရုံတင် မဟုတ်ပါဘူး။ စနစ်တကျ စီစဥ်ထားတဲ့ လှုပ်ရှားမှုတွေ၊ ပုံဆွဲတာတွေနဲ့ ကစားတာတွေကတစ်ဆင့် ကလေးတွေဟာ စကားနဲ့ ရှင်းပြလို့မရတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြခွင့်ရကြပါတယ်။ စာရွက်တွေပေါ်က ပြိုကျနေတဲ့ အိမ်ပုံတွေနဲ့ မှောင်မည်းနေတဲ့ ပုံရိပ်တွေဟာ သူတို့မှတ်ဉာဏ်ထဲက အစအနတွေကို မြင်သာအောင် ချရေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပုံတွေကို ကြည့်ပြီး အဓိပ္ပာယ်ဖော်ဖို့ မလွယ်ပေမဲ့ ဒါဟာ ကလေးတွေအတွက် သူတို့ရဲ့ ကြောက်စိတ်တွေကို ဖြေဖျောက်ဖို့၊ ပုံမှန်ဘဝကို ပြန်ရဖို့နဲ့ ဖြစ်ပျက်ခဲ့တာတွေကို နားလည်လက်ခံနိုင်ဖို့အတွက် အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၊ ကုလသမဂ္ဂ စီမံခန့်ခွဲတဲ့ ရန်ပုံငွေအစီအစဉ်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ အလားတူဆောင်ရွက်ချက်တွေဟာ ကလေးငယ်တွေအတွက် သူတို့ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို ဘေးကင်းပြီး စနစ်တကျရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဖော်ထုတ်ကုစားနိုင်ဖို့ ကူညီပေးနေပါတယ်။တဆင့်ပြီးတဆင့် ကိုယ့်အားကိုယ်ကိုးနိုင်လာခြင်းပြန်လည်ထူထောင်ရေးဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝထဲ ပြန်ဝင်နိုင်ဖို့ကနေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြောင်းလဲသွားတဲ့ အခြေအနေသစ်တွေနဲ့ အသားကျအောင် နေထိုင်တာမျိုးထိ ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းက ဦးစိန်ဟာ ငလျင်လှုပ်တုန်းက သူခိုလှုံနေတဲ့ အဆောက်အအုံ ပြိုကျလို့ သူ့ရဲ့ ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ လယ်သမားတစ်ယောက်ဖြစ်ပြီး မိသားစုကို ဦးဆောင်နေသူတစ်ဦးအတွက် ဒီဆုံးရှုံးမှုက နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းကို ထိခိုက်စေခဲ့ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကူညီပံ့ပိုးမှုတွေကြောင့် သူဟာ လက်တုတစ်ခု ရရှိခဲ့ပါတယ်။"အခုတော့ လက်မရှိတော့တာကို မရှက်တော့ပါဘူး" လို့ သူက ဆိုပါတယ်။ "အရင်ကတော့ အဲဒါကို အမြဲတမ်း ဖုံးကွယ်ထားဖို့ပဲ ကြိုးစားခဲ့တာပါ။"အဲဒီအပြောင်းအလဲက သူ့ကို နေ့စဉ်အလုပ်တွေ ပြန်လုပ်နိုင်စေပြီး မိသားစုကိုလည်း ဆက်ပြီး ထောက်ပံ့နိုင်စေခဲ့ပါတယ်။ သူ့အတွက်တော့ ပြန်လည်ထူထောင်ရေးဆိုတာ အလုပ်ပြန်လုပ်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီထက် အရေးကြီးတာကတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်ရလိုက်တာဖြစ်ပါတယ်။ထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေ၊ အထောက်အကူပြု ပစ္စည်းတွေ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းကနေတစ်ဆင့် စောင့်ရှောက်တာမျိုးတွေကနေတဆင့်ဖြစ်ဖြစ် အဲဒီလို အကူအညီတွေက လူတွေကို ပြန်ပြီး သွားလာလှုပ်ရှားနိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အသက် ၇၀ အရွယ် ဒေါ်အေးအေး*ဟာ ထိခိုက်ဒဏ်ရာရပြီးနောက် ဝှီးချဲ (Wheelchair) တစ်စီး ရလိုက်တာက ပြန်ပြီး သွားလာနိုင်ခဲ့ပါတယ်။"အရင်ကဆိုရင် ကျွန်မ ဈေးသွားနိုင်တယ်၊ မိသားစုကိုလည်း ကူညီနိုင်ခဲ့တာပေါ့။” လို့ သူမက ပြောပြပါတယ်။ “အခုတော့ ခက်ခဲသွားပြီ။ ဒါပေမဲ့ ဝှီးချဲရှိတော့ သွားချင်တဲ့နေရာ သွားလို့ရတယ်၊ အိမ်နီးနားချင်းတွေဆီလည်း သွားလည်လို့ရတယ်။ ဒါက ကျွန်မကို ပိုပြီး အသက်ဝင်လာအောင် လုပ်ပေးတယ်။" ဒီအတွေ့အကြုံတွေအားလုံးကို ကြည့်ရင် ပြန်လည်ထူထောင်ရေးဆိုတာ နေအိမ်တွေ ပြန်ဆောက်တာ၊ ဝင်ငွေပြန်ရှာတာတင် မဟုတ်ဘဲ အဲဒီနှစ်မျိုးလုံး ဖြစ်မြောက်လာဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပြန်လည်ရရှိဖို့လည်း ဖြစ်ပါတယ်။"ဖြစ်ပျက်ခဲ့တာတွေကတော့ ဖြစ်ပြီးသွားပြီ" လို့ ဒေါ်ခိုင်က ဆိုပါတယ်။ "အခုတော့ ရှေ့ဆက် ရှင်သန်ဖို့ကိုပဲ အာရုံစိုက်ရမယ်။"သူမဟာ လုံးချေခဲ့ပြီးမှ ပြန်ဖြန့်ခဲ့တဲ့ စာရွက်ကလေးအကြောင်းကို တွေးနေဆဲပါ။ ခေါက်ကျိုးရာတွေကတော့ ကျန်နေဆဲပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီအရာတွေကို လွယ်ထားရတာ ပိုလွယ်လာပြီလို့ သူမက ဆိုပါတယ်။ *အင်တာဗျူးဖြေဆိုသူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံစေရန် အမည်လွှဲများအသုံးပြုထားပါသည်။"ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင်း အောက်ခြေကစ ပြန်လည်ထူထောင်ခြင်း
ငလျင်လှုပ်ခတ်ပြီး တစ်နှစ်အကြာမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆိုတာ အဆောက်အဦးတွေ ပြန်ဆောက်နိုင်တာတင်မကဘဲ ရပ်ရွာလူထုကြားမှာလည်း ကူးလူးဆက်သွယ်မှုကွန်ရက်ကို ကောင်းမွန်စွာလည်ပတ်စေနိုင်ခဲ့ပါပြီ။ ဘေးဒဏ်သင့်ဒေသတွေမှာ လမ်းကြီး လမ်းငယ်တွေနဲ့ အများပိုင် အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်နေကြတာကြောင့် ဈေးသွား၊ ကျောင်းသွား၊ တခြားဝန်ဆောင်မှုတွေဆီ သွားလာတာလိုမျိုး နေ့စဉ်ဘဝတွေကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းလာနိုင်ကြသလို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း တဖြည်းဖြည်း ပြန်လည်နလန်ထူလာနေပါပြီ။ ရပ်ရွာလူထုကိုယ်တိုင် ဦးဆောင်တဲ့ ဒီလိုကြိုးပမ်းမှုတွေဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြုပြင်တာထက်မကဘဲ ပြန်လည်ထူထောင်ရေးအတွက် အခြေခံကောင်းတွေကိုပါ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။နေပြည်တော်နားက ရွာတစ်ရွာမှာဆိုရင် အရင်က ရွှံ့ဗွက်တွေနဲ့ သွားလာရခက်တဲ့ လမ်းလေးဟာ အခုတော့ ဆိုလာမီးတိုင်လေးတွေနဲ့ ကွန်ကရစ်လမ်းမကြီး ဖြစ်နေပါပြီ။ ဒီလမ်းကို အရင်ကတည်းက ဒေသခံတွေကိုယ်တိုင် နှစ်နဲ့ချီပြီး ဝိုင်းဝန်းတည်ဆောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ငလျင်လှုပ်ခတ်သွားတဲ့အခါမှာတော့ အကောင်အထည်ဖော်နေတာတွေ ရပ်တန့်သွားခဲ့ပြီး မီတာ ၉၀၀ နီးပါးလောက် အချောမသတ်နိုင်ဘဲ ကျန်ခဲ့ပါတယ်။လမ်းခင်းတဲ့အလုပ်ကို ပြန်စတဲ့အခါမှာ ကျန်နေတာကို အပြီးသတ်ဖို့သက်သက် မဟုတ်တော့ပါဘူး။ စာသင်ကျောင်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ လုပ်ငန်းခွင်တွေနဲ့ နေ့စဉ်လူနေမှုဘဝတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် ချိတ်ဆက်မှုကို ပြန်လည်ဖော်ဆောင်တာလည်း ဖြစ်ပါတယ်။“ဒီလမ်းက ကျောင်းသွားဖို့၊ အလုပ်သွားဖို့နဲ့ ကျန်းမာရေးကိစ္စတွေအတွက် အရေးပါ ပါတယ်။” လို့ လူငယ်စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အရင်ကဆိုရင် လမ်းက ရွှံ့ဗွက်တွေနဲ့မို့ သွားလာရတာ တော်တော်ခက်ခဲတယ်။”အခုတော့ မိုးတွင်းမှာတောင် အရင်ကထက် ပိုပြီး သွားလာလို့ကောင်းသွားပါပြီ။ ကလေးတွေလည်း ကျောင်းကို ပိုပြီး ဘေးကင်းကင်းနဲ့ သွားနိုင်ပါပြီ။ အရင်က ရပ်နားထားခဲ့ရတဲ့ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဒေသတွင်းလုပ်ငန်းလေးတွေလည်း တဖြည်းဖြည်း ပြန်လည်စတင်လာနေပါပြီ။ တချို့နေရာတွေမှာဆိုရင် ပြန်လည်ပြုပြင်ထားတဲ့ လမ်းတွေတစ်လျှောက် ဘေးကင်းလုံခြုံဖို့နဲ့ သွားလာရလွယ်ကူစေဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးတွေ တပ်ဆင်ပေးတာမျိုးတွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ကူညီပံ့ပိုးမှုတွေကို အားထည့်လုပ်ဆောင်ပေးနေပါတယ်။ နေ့စဉ်လူမှု့ဘဝတွေအတွက် အဓိကကျတဲ့ ချိတ်ဆက်မှုတွေကို ပြန်လည်ဖော်ဆောင်ခြင်း၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ငလျင်လှုပ်ခတ်သွားတဲ့အခါ နေအိမ်တွေတင်မက တခြားထိခိုက်ပျက်စီးမှုတွေပါ ရှိခဲ့ပါတယ်။ လမ်းတွေ ပြတ်တောက်ခဲ့သလို ရေအရင်းအမြစ်တွေလည်း ပျက်စီးသွားခဲ့ကာ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးခန်းတွေဆီ သွားရောက်ဖို့တောင် မရေရာ မသေချာဖြစ်ခဲ့ရပါတယ်။ ဘေးအန္တရာယ် ဖြစ်ပွားပြီးပြီးချင်းမှာပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်ခင် ပျက်စီးနေတဲ့ အပျက်အစီး အစုအပုံကြီးတွေကို အရင်ဖယ်ရှားခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့နဲ့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နိုင်ဖို့အတွက် ဖယ်ရှားဖို့ လိုအပ်တဲ့ အပျက်အစီး ပမာဏဟာ ခန့်မှန်း တန်ချိန် ၃.၅ သန်း (3.5 million metric tons)ခန့် ရှိပါတယ်။ ယခုထိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေနဲ့ အပျက်အစီး တန်ချိန်ပေါင်း ၇၉,၅၆၀ ကျော်ကို ဖယ်ရှားပေးနိုင်ခဲ့လို့ လူပေါင်း ၅၄၄,၀၀၀ ကျော်အတွက် သွားလာရေး လွယ်ကူသွားစေခဲ့ပါတယ်။ ရှေ့ဆက်ပြီး တန်ချိန် ၁၀၈,၀၀၀ ကျော်ကို ထပ်မံဖယ်ရှားဖို့ စီစဉ်ထားသလို၊ အဲဒီအပျက်အစီးတွေကို စနစ်တကျ ပြန်လည်ခွဲခြားပြီး တခြားနေရာတွေမှာ ပြန်သုံးလို့ရအောင် (Recycle) လုပ်ဆောင်သွားမှာဖြစ်လို့ ဘေးဒဏ်သင့်ဒေသက လူတွေအတွက် ဝင်ငွေရမယ့်အခွင့်အလမ်းတွေကိုလည်း ဖန်တီးပြီးသားဖြစ်သွားမှာပါ။အဲဒီ ချိတ်ဆက်မှုတွေကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး အဆက်မပြတ် ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ခဲ့ပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတစ်လျှောက်မှာ လမ်းတွေပြန်ပြင်တာ၊ အများသုံး အခြေခံအဆောက်အဦးတွေကို ပြန်လည်ပြုပြင်တာနဲ့ အခြေခံဝန်ဆောင်မှုတွေကို ပြန်ရရှိအောင် လုပ်ဆောင်တဲ့နေရာမှာ ဒေသခံတွေနဲ့အတူ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ကုန်စည်စီးဆင်းမှုနဲ့ ဖောက်သည်တွေရဲ့ သွားလာမှုပေါ်မှာ နေ့စဉ်ဝင်ငွေ မှီခိုနေရတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ လမ်းတွေပျက်စီးသွားတာက လုပ်ငန်းဆောင်တာတွေကိုပါ ရပ်တန့်သွားစေခဲ့ပါတယ်။“ငလျင်လှုပ်ပြီးတော့ ဘယ်သူမှ သွားလာလို့မရတော့တာကြောင့် အရောင်းအဝယ်တွေ ကျသွားတာပါပဲ။” လို့ ဆိုင်ဖွင့်လာတာ အနှစ် ၃၀ ကျော်ပြီဖြစ်တဲ့ ဒေါ်ခင်စန်းလွင်က ပြောပြပါတယ်။သွားလာရေး ပြန်ကောင်းလာတာနဲ့အမျှ စီးပွားရေးကလည်း ပြန်ကောင်းလာပါတယ်။ ကုန်ပစ္စည်းတွေ ပြန်လည် သယ်ယူပို့ဆာင်လို့ရလာသလို ဖောက်သည်တွေလည်း ပြန်လာကြပြီး နေ့စဉ်ဘဝတွေလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ “အခုတော့ ကျွန်မရဲ့ လုပ်ငန်းလေး ပြန်ပြီး အသက်ဝင်လာပါပြီ။” လို့ သူမက ဆက်ပြောပါတယ်။အဲဒီလို အခြေခံအဆောက်အဦးတွေကို ပြန်ပြင်တာဟာ သွားလာရရုံတင်မကဘဲ ဒေသတွင်း စီးပွားရေးကိုပါ ပြန်လည်ဦးမော့စေသလို ရပ်ရွာလူထုတွေ သူတို့မှီခိုနေရတဲ့ စနစ်တွေကိုလည်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ လိုအပ်ချက်တွေ အတော်များများ ကျန်နေသေးပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ အခြေအနေတွေကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ပြည်သူတွေ သွားလာနိုင်၊ အလုပ်လုပ်နိုင်၊ တစ်ဦးနဲ့တစ်ဦး ပြန်လည်ချိတ်ဆက်နိုင်အောင် ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းအောင် လုပ်ဆောင်ပေးမှုနဲ့အတူ အိမ်ခြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ကလည်း အဓိက ဦးစားပေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ခြေ စုစုပေါင်း ၂၄,၂၀၀ ခန့် ပျက်စီးသွားခဲ့ရာမှာ အခုအချိန်အထိ အိမ်ခြေ ၂,၅၀၀ ခန့်ကို ပြန်လည်ပြင်ဆင်တာ ဒါမှမဟုတ် အသစ်ပြန်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲဒီထဲမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ပံ့ပိုးမှုနဲ့ အိမ်ခြေ ၂,၀၀၀ နီးပါး ပါဝင်ပြီး လူပေါင်း ၈,၂၀၀ ကျော်အတွက် အကျိုးကျေးဇူး ရှိခဲ့ပါတယ်။ နောက်ထပ် အိမ်ခြေပေါင်း ၉,၅၀၀ အထိ တိုးချဲ့ကူညီပေးသွားဖို့ စီစဉ်ထားပါတယ်။ရပ်ရွာလူထုတွေနဲ့အတူ တည်ဆောက်ခြင်း နေရာတော်တော်များများမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အကျိုးခံစားခွင့်ရမယ့် ပြည်သူလူထုတွေကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ရှမ်းပြည်နယ်၊ သာလေးဦးအင်းရွာမှာ အသက် ၃၄ နှစ်အရွယ် မမွန်မွန်ဦးကို ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ရွာကနေ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ သူမဟာ အလုပ်သမားတွေကို ကြီးကြပ်တာ၊ ပစ္စည်းကိရိယာတွေ စီမံခန့်ခွဲတာနဲ့ လုပ်ခလစာ ပေးချေတာတွေကို တာဝန်ယူရပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရဲ့ အဓိက အခန်းကဏ္ဍက တာဝန်ယူရသူ ဖြစ်ပါတယ်။“လမ်းတွေကောင်းမှ ကျွန်မတို့ဒေသ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။” လို့ သူမက ပြောပါတယ်။လမ်းခင်းပြီးသွားကတည်းက မိုးတွင်းမှာတောင် သွားလာရတာ ပိုလွယ်ကူလာပါတယ်။ ဝန်ဆောင်မှုတွေဆီ သွားရောက်ဖို့ ပိုအဆင်ပြေလာသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေလည်း စတင် ပြန်လည်ပတ်လာနေပါပြီ။တစ်ချိန်တည်းမှာပဲ ဒီလုပ်ငန်းက လက်ငင်း အလုပ်ထက်မကတဲ့ အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တချို့အတွက်တော့ နောင်တစ်ချိန်မှာ အသုံးချလို့ရမယ့် လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေကိုပါ ရရှိခဲ့ပါတယ်။ဒီလို လူထုအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းတော်တော်များများကို အသက်မွေးဝမ်းကျောင်းအခြေပြု ပဏာမခြေလှမ်းတွေကနေတစ်ဆင့် ပံ့ပိုးပေးထားရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး၊ ဒေသခံအလုပ်သမားတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ရင်း ကျွမ်းကျင်မှုတွေ ရရှိလာစေပါတယ်။အသက် ၂၀ အရွယ် မောင်တင့်ဇင်လို လူငယ်အလုပ်သမားတွေဆိုရင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကနေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက ဆုံးဖြတ်ချက်ချမှတ်တဲ့ ပုံစံတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး အသံပေါင်းစုံကို နားထောင်လာကြတာပါ။ရှမ်းပြည်နယ်က လူထုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းအောင်လှိုင်က အခုဆိုရင် ရွာထဲက အစုအဖွဲ့အသီးသီးရဲ့ အကြံဉာဏ်တွေကို ရယူပြီးမှ ဆုံးဖြတ်ချက်ချကြတယ်လို့ ရှင်းပြပါတယ်။ မန္တလေးတိုင်းမှာလည်း အလားတူပုံစံမျိုးတွေ ရှိလာပြီး အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ တိုင်ပင်ဆွေးနွေးတာနဲ့ စီမံကိန်းချမှတ်တဲ့ နေရာတွေမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ ဘေးဒဏ်သင့်တဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စီမံနိုင်၊ ဦးဆောင်နိုင်အောင် ဒေသခံလူထု အဖွဲ့အစည်းတွေကို စုစည်းပေးတာနဲ့ အားကောင်းလာအောင် လုပ်ဆောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် UNDP ဟာ အဲဒီလို လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၂,၅၀၀ ခန့်ကို ကူညီပံ့ပိုးပေးခဲ့ပြီး၊ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာ ယုံကြည်မှုက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။အချို့လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် လုပ်ငန်းတိုးတက်မှုကို ဒေသခံတွေကိုယ်တိုင် တိုက်ရိုက်စစ်ဆေးကြပါတယ်။ စာရင်းဇယားတွေ စစ်ဆေးတာ၊ ဆောက်လုပ်ရေးအခြေအနေကို ကြည့်ရှုတာနဲ့ စီမံကိန်းအတိုင်း ဖြစ်၊ မဖြစ် အတည်ပြုတာမျိုးတွေ လုပ်ဆောင်ကြတာပါ။ ဒေါ်အေးအေးသန်းအတွက် ဒီလို ပွင့်လင်းမြင်သာမှုမျိုးက အသစ်အဆန်း ဖြစ်လို့နေပါတယ်။ လုပ်ငန်းတွေကို မြင်တွေ့ စစ်ဆေးခွင့်ရတာက ယုံကြည်မှုကို တိုးစေသလို တာဝန်မျှဝေယူမှုလည်း ပိုပြီး ခိုင်မာတယ်လို့ သူမက ဆိုပါတယ်။လူအများကို စည်းလုံးစေတဲ့ ပြန်လည်ထူထောင်ရေးအချို့နေရာတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေက အချင်းချင်းဆက်သွယ်မှုပုံစံ အသစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပြန်လည်တည်ဆောက်ရေးနဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး လုပ်ငန်းတွေမှာ နောက်ခံမတူညီတဲ့ သူတွေကို အတူတကွ ပူးပေါင်းလုပ်ကိုင်လာစေပါတယ်။ရှမ်းပြည်နယ်ရှိ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက အမျိုးသမီးတွေဟာ အတူတူ သင်ယူ၊ အတူတူ အလုပ်လုပ်ရင်း ကျွမ်းကျင်မှုတွေ မျှဝေပြီး အချင်းချင်း ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ သင်တန်းကနေ စတင်ခဲ့တဲ့ ဒီဆက်ဆံရေးဟာ တချို့ကိစ္စရပ်တွေမှာဆိုရင် အမျိုးသမီးတွေဟာ ဒေသတွင်းဈေးကွက်အတွက် ကုန်ပစ္စည်းတွေ ပူးပေါင်းထုတ်လုပ်ဖို့အထိ တိုးတက်လာခဲ့ပါတယ်။မန္တလေးတိုင်းမှာလည်း ဘာသာရေးနောက်ခံ မတူညီသူတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အတူလက်တွဲ လုပ်ကိုင်လာခဲ့ကြပါတယ်။ လုပ်ငန်းခွင်ကြီးကြပ်သူတစ်ဦး ပြောသလို လမ်းပြင်တာ၊ လမ်းခင်းတာနဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရင်းနဲ့ အဲဒီအလုပ်ဟာ မျှဝေခံစားရတဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားရတာပါ။ ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ တရားဝင်မဟုတ်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှုကို ဖြစ်စေပါတယ်။ ဒါဟာ အခြေခံအဆောက်အဦးတွေ ပြင်ဆင်တာလောက် မျက်စိနဲ့ တပ်အပ်မမြင်ရပေမဲ့ အင်မတန် အရေးကြီးတဲ့ ပြန်လည်ထူထောင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒေသခံတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် လူမှုအသိုင်းအဝိုင်းကြားမှာ စည်းလုံးညီညွတ်မှု ပိုရှိလာသလို၊ တင်းမာမှုအန္တရာယ်တွေကိုလည်း လျော့နည်းစေတဲ့အပြင် အားလုံးအကျုံးဝင်တဲ့ ဒေသဖွံ့ဖြိုးရေးတွေကိုလည်း ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။ရှေ့ဆက်မယ့် ခရီးအတွက် အခြေခံကောင်းများငလျင်လှုပ်ပြီး တစ်နှစ်အကြာမှာတော့ ပြန်လည်ထူထောင်ရေးရဲ့ အရိပ်အယောင်တွေကို ပိုပြီး သိသိသာသာ မြင်တွေ့လာရပါပြီ။ လမ်းတွေ ပြန်ပြင်ပြီးသွားပြီး၊ သွားလာရေးတွေ ပိုကောင်းလာသလို လှုပ်ရှားသွားလာရတာလည်း ပိုလွယ်ကူလာပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုက မျက်စိနဲ့ မြင်ရတဲ့ အရာတွေထက်မက ပိုပြီးတော့ နက်ရှိုင်းပါတယ်။ဒီပြောင်းလဲမှုတွေဟာ လူတွေ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူမလဲ၊ စားဝတ်နေရေးအတွက် ဘယ်လို ရှာဖွေစားသောက်ကြမလဲဆိုတာနဲ့ အနာဂတ်အတွက် လူထုအချင်းချင်း ဘယ်လို စုစည်းကြမလဲဆိုတဲ့ ပုံစံတွေကိုပါ ဖော်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ အရေးပါတဲ့ အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာလည်း တိုးတက်မှုရှိနေပါတယ်။ ဒေသခံတွေအတွက် အများသုံးအဆောက်အအုံတွေ၊ ဆည်မြောင်းစနစ်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနေတာပါ။ ယခုထိ အဆောက်အအုံပေါင်း ရာနဲ့ချီပြီး ပြန်လည်ပြုပြင်တာ ဒါမှမဟုတ် အသစ်တည်ဆောက်တာတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။ ဒါကြောင့် လူပေါင်း ၄၆၆,၀၀၀ ကျော်အတွက် ဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုကောင်းလာစေခဲ့သလို၊ လူပေါင်း ၂၀၀,၀၀၀ ကိုလည်း သောက်သုံးရေ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ UNDP လိုမျိုး မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အဆက်မပြတ် ကူညီမှုတွေနဲ့အတူ ဒီလုပ်ငန်းတွေကို ရှေ့ဆက်ပြီး သိသိသာသာ တိုးချဲ့သွားဖို့ ရှိရာမှာ နောက်ထပ် အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို ပြန်ပြင်တာ ဒါမှမဟုတ် အသစ်ဆောက်ဖို့ စီစဉ်ထားပြီး၊ လူဦးရေ ၁.၃ သန်းခန့်ထိ အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတော့ ပြန်လည်တည်ဆောက်ထားတဲ့ အရာတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်ထားပြီးဖြစ်သလို ဒေသခံတွေကိုယ်တိုင်လည်း အဲဒီလုပ်ငန်းတွေကို စီမံခန့်ခွဲနေကြပါပြီ။တဆက်တည်းမှာဘဲ အကူအညီတွေ အတော်များများ လိုအပ်နေပါသေးတယ်။ရပ်ရွာလူထုအတော်များများမှာ သွားလာရေး၊ ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ဘေးဒဏ်သင့်ဒေသအားလုံးဆီကို ရောက်ရှိဖို့အတွက် စဉ်ဆက်မပြတ် ကူညီပေးဖို့ လိုအပ်ပါတယ်။ ရှေ့လာမယ့် နှစ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာဟာ အဆောက်အအုံတွေကို ဘယ်လောက် ပြန်ဆောက်နိုင်သလဲဆိုတာပေါ်မှာတင်သာမက ပြည်သူတွေ နေ့စဉ်အားကိုးအားထားပြုနေရတဲ့ စနစ်တွေနဲ့ သူတို့ကို ဘယ်လောက်အထိ ပြန်လည်ချိတ်ဆက်ပေးနိုင်မလဲ ဆိုတာပေါ်မှာလည်း မူတည်နေပါတယ်။ ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်။
ပထမခြေလှမ်းများစတင်ခြင်းတစ်နှစ်တာခရီးနှင့် မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ဦးဦးဖျားဖျား ခြေလှမ်းများ
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်ဒဏ်ကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ခဲ့ရပြီးနောက်၊ စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူ အသိုက်အဝန်းတွေမှာ ပြန်လည်ထူထောင်ရေးကို ရှိတဲ့ အင်အားလေးနဲ့ အစကနေ ပြန်စတင်နေကြရပါတယ်။ တောင်သူအများအပြားဟာ နေအိမ်တွေသာမက စိုက်ပျိုးရေးအတွက် အရေးအကြီးဆုံးအချိန်မှာ သီးနှံတွေနဲ့ ဝင်ငွေတွေကိုပါ ဆုံးရှုံးခဲ့ကြရတာပါ။ ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အိမ်ကို အရင်ပြင်ရမလား၊ ဒါမှမဟုတ် စားဝတ်နေရေးအတွက် အလုပ်ကိုပဲ အရင်ပြန်စရမလားဆိုတာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ စိုက်ပျိုးရာသီလည်း ပြန်ရောက်လာသလို မျိုးစေ့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိလာတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးလုပ်ငန်းကို ပြန်စတင်လုပ်ကိုင်နေနိုင်ပြီး၊ မိသားစုဝင်ငွေရဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ပထမဆုံးခြေလှမ်းတွေ လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒေါ်ချိုသန်းကတော့ တစ်စိတ်တစ်ပိုင်း ပြိုကျနေတဲ့ သူမနေအိမ်လေးရဲ့ အက်ကွဲနေတဲ့ နံရံဘေးမှာ ရပ်ရင်း သူမအနေနဲ့ ဘာကို လက်လွှတ်လိုက်ရမလဲဆိုတာ တွက်ချက်နေပါတယ်။ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့အတွက် သူမမိသားစု အားကိုးနေရတဲ့ စိုက်ပျိုးမြေ ၆ ဧကထဲက တစ်ဝက်ကို ပေါင်နှံလိုက်ရတယ်။ ဒီမြေမရှိဘဲ နောက်ရာသီမှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သူမ မသေချာတော့ပါဘူး။"ငလျင်ကြောင့် ကျမတို့အိမ် ပျက်စီးသွားတော့ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။" လို့ သူမက ပြောပါတယ်။ "ဒါပေမဲ့ စိုက်ပျိုးရေးကို ဘယ်လိုဆက်လုပ်မလဲ၊ မိသားစုကို ဘယ်လိုထောက်ပံ့မလဲဆိုတာတွေအတွက် စိုးရိမ်ခဲ့ရတယ်။"မြန်မာနိုင်ငံအလယ်ပိုင်းအနှံ့မှာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဘာကိုအရင်ပြင်ရမလဲ၊ ဘာကိုစွန့်လွှတ်လိုက်ရမလဲဆိုတဲ့ အလားတူတွက်ချက်မှုတွေနဲ့ပဲ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ခဲ့ကြရတာပါ။၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ အဆင့် ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တုန်းက အလွန်အမင်း ခက်ခဲကျပ်တည်းနေတဲ့ လူမှုအသိုက်အဝန်းတွေ ထိခိုက်ခဲ့ပါတယ်။ စိုက်ပျိုးရေးက နေ့စဉ်လူမှုဘဝရဲ့ အသက်သွေးကြောဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဟာ နေအိမ်တွေသာမက ပိုမိုကျယ်ပြန့်ခဲ့ပါတယ်။ လယ်ကွင်းတွေ အက်ကွဲတာ၊ ဆည်မြောင်းစနစ်တွေ ပျက်စီးတာတွေအပြင် နောက်ပိုင်းရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရိတ်သိမ်းဖို့အဆင်သင့်ဖြစ်နေတဲ့ သီးနှံတွေပါ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဘေးဒဏ်သင့်ဒေသတွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရာ ငလျင်အပြီး ကောက်ယူခဲ့သော စစ်တမ်းများအရ ဒေသခံလူထု ၆၄ ရာခိုင်နှုန်းခန့်မှာ သီးနှံများပျက်စီးခြင်း၊ လုပ်ငန်းခွင်များ ပျက်စီးဆုံးရှုံးခြင်းတို့နဲ့အတူ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။အချို့ဒေသတွေမှာ စိုက်ပျိုးရေး ဆုံးရှုံးမှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စိုက်ပျိုးရာသီအစမှာတင် ဝင်ငွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ တောင်သူအများစုအတွက် ဒီဘေးအန္တရာယ်ဟာ စိုက်ပျိုးရာသီ တစ်ရာသီစာ ထိခိုက်ရုံတင်မဟုတ်ဘဲ နောင်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လုပ်နိုင်ပါဦးမလားဆိုတဲ့အထိ ခြိမ်းခြောက်ခဲ့တာပါ။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်က ဒေါ်ချိုသန်းရဲ့ မိုးစပါးရိတ်သိမ်းမှုဟာ စားဖို့အတွက်ပဲ လောက်ငရုံရှိပြီး မပိုခဲ့ပါဘူး။ ပဲတီစိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် အိမ်ပြင်စရိတ်၊ ကျန်းမာရေးစရိတ် ဒါမှမဟုတ် နောက်ရာသီစိုက်ပျိုးစရိတ်တွေအတွက် ဝင်ငွေမရှိတော့ပါဘူး။ရွေးချယ်စရာ သိပ်မရှိတာကြောင့် အိမ်ပြင်ဖို့အတွက် မြေကို ပေါင်နှံခဲ့ရပေမဲ့ ဒါဟာ မူလအခြေအနေ ပြန်ရောက်ဖို့ အချိန်အတော်ပေးရမယ့် ဆုံးဖြတ်ချက်မျိုးဖြစ်တာကို သူမ ကောင်းကောင်းကြီး သိနားလည်ထားပါတယ်။ သူမရဲ့ အတွေ့အကြုံက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေရယူနိုင်ခွင့် မရှိဘဲနဲ့တော့ အခြေခံပြုပြင်မွမ်းမံမှုလေးတွေ လုပ်ဖို့အတွက်တောင်မှ ရေရှည်ထုတ်လုပ်နိုင်စွမ်းကို ရင်းနှီးပေးဆပ်လိုက်ရတယ်ဆိုတဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်ပြနေပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးက ဒေါ်မာရီကလည်း အလားတူဖိအားမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုအတွက် တစ်ဦးတည်းသော အားကိုးရာဖြစ်တဲ့ သူမဟာ မသန်စွမ်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို စောင့်ရှောက်ရင်းနဲ့ ပျက်စီးနေတဲ့ အိမ်ခေါင်မိုးကို ပြင်ဖို့ လိုအပ်ခဲ့ပါတယ်။"ငွေသားထောက်ပံ့မှုရတာ အချိန်ကိုက်ပါပဲ။" လို့ သူမက ဆိုပါတယ်။ "ဒီအကူအညီသာ မရရင် အိမ်ခေါင်မိုးပြင်ဖို့အတွက် အတိုးများများပေးရတဲ့ ချေးငွေ ယူရတော့မှာပါ။"နောက်ပိုင်းလတွေမှာတော့ အချိန်ပိုင်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးတာတွေနဲ့ အိမ်ထောင်စုတွေ ဝင်ငွေ ပြတ်တောက်မသွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လူပေါင်း ၆,၀၀၀ နီးပါးကို ၎င်းတို့လုပ်အားအတွက် ငွေသားထောက်ပံ့ခြင်း (cash-for-work) ကနေတစ်ဆင့် ကူညီပေးခဲ့သလို၊ လူပေါင်း ၂၈,၀၀၀ ကျော်ကိုလည်း အလုပ်အကိုင်တွေ ပြန်စနိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနိုင်ခဲ့ပါတယ်။ UNDP အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ လုပ်အားခပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ၄,၈၀၀ နီးပါးကို ဖန်တီးပေးခဲ့ပြီး၊ လူပေါင်း ၂၈,၀၀၀ ကျော်ဆီကိုလည်း အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေ ရရှိအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ခဲ့တယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ကျန်ခဲ့တာနဲ့ ပြန်လည်စတင်ခြင်းလူအများစုအတွက်တော့ မျိုးစေ့ဆိုတာ သတိမထားမိဘဲ ကျော်သွားတတ်တဲ့ သေးငယ်ပြီး တန်ဖိုးနည်းတဲ့၊ အရေးမပါလှတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေမှာ မျိုးစေ့ဟာ အရာရာတိုင်းရဲ့ အစပျိုးရာ ဖြစ်ပါတယ်။ မျိုးစေ့မရှိရင် စိုက်ပျိုးလို့မရပါဘူး။ မစိုက်ပျိုးနိုင်ရင်တော့ ရိတ်သိမ်းစရာမရှိ၊ ဝင်ငွေမရှိတော့ဘဲ ပြန်လည် နာလန်ထူဖို့ လမ်းစလည်းပျောက်ဆုံးသွားရတာပါပဲ။ငလျင်လှုပ်ခတ်ပြီးနောက် တောင်သူအတော်များများဟာ သူတို့ရဲ့ သီးနှံတွေတင်မကဘဲ နောက်ရာသီအတွက် ပုံမှန်စုဆောင်းထားလေ့ရှိတဲ့ (သို့မဟုတ်) ဝယ်ယူလေ့ရှိတဲ့ မျိုးစေ့တွေကိုပါ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒေသတွင်း ဈေးကွက်တွေ ရပ်တန့်သွားခဲ့တာကြောင့် ပုံမှန်အားဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ကိစ္စဟာ အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိသားစုအတော်များများအတွက် မျိုးစေ့ရရှိနိုင်မှုဟာ ဒီအတိုင်း စောင့်ဆိုင်းမလား၊ ပြန်လည်စတင်မလား ဆုံးအဖြတ်ရမယ့် အရာ ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းရက်သတ္တပတ်တွေမှာတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)လို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေက ရပ်ရွာလူထုတွေဆီ ရောက်ရှိလာခဲ့ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် မျိုးစေ့တွေ၊ အခြေခံ သွင်းအားစုတွေနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေ ပံ့ပိုးပေးခဲ့တာကြောင့် တောင်သူအချို့ဟာ သူတို့ရဲ့ စိုက်ပျိုးခင်းတွေဆီ ပြန်သွားနိုင်ခဲ့ကြပါတယ်။ဒေါ်ချိုသန်းအတွက်လည်း စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်ခဲ့ပါတယ်။သင်တန်းကနေ ရရှိလာတဲ့ နည်းပညာတွေကို အသုံးပြုပြီး သူမရဲ့ ကျန်ရှိနေတဲ့ စိုက်ပျိုးမြေပေါ်မှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်းကို စိုက်ပျိုးခဲ့ပါတယ်။ ရလဒ်တွေဟာ အသင့်အတင့်ပဲ ဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးစတင်ဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်။ နောက်ရာသီအတွက် မျိုးစေ့ချန်နိုင်ခဲ့သလို၊ မျိုးစေ့ကောင်းရဖို့ ခက်ခဲနေတဲ့ အခြားသူတွေကိုလည်း တစ်စိတ်တစ်ပိုင်း ပြန်လည်ရောင်းချပေးနိုင်ခဲ့ပါတယ်။“ကောင်းမွန်တဲ့ စိုက်ပျိုးရေး လက်တွေ့လုပ်ဆောင်မှု သင်တန်းနဲ့ မျိုးစေ့တွေက ကျွန်မကို အသစ်ကနေ ပြန်စနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။” လို့ သူမက ဆိုပါတယ်။ “အခုဆိုရင် နောက်ရာသီအတွက် မျိုးစေ့တွေ စုဆောင်းထားနိုင်သလို၊ တခြားသူတွေ လိုအပ်တဲ့အခါမှာတောင် ပြန်ရောင်းပေးနိုင်နေပါပြီ။”သင်တန်းက လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အဓိကထားခဲ့တာပါ။ ငလျင်ကြောင့် ပြောင်းလဲသွားတဲ့ မြေဆီလွှာကို ဘယ်လိုစီမံမလဲ၊ ရေကို ဘယ်လိုခြွေတာမလဲနဲ့ ဒေသထွက်ပစ္စည်းတွေကို အသုံးပြုပြီး သွင်းအားစု စရိတ်ကို ဘယ်လိုလျှော့ချမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုဒဏ်တွေ ခံခဲ့ရတဲ့ အခြေအနေမှာ ပြန်လည်ထူထောင်ရေးဆိုတာ သွင်းအားစုတွေ ပြန်ရဖို့တင်မကဘဲ စိုက်ပျိုးပုံစနစ်တွေကို လိုက်လျောညီထွေပြောင်းလဲမှုအပေါ်မှာ မူတည်နေပါတယ်။ ဒီအားထုတ်ဆောင်ရွက်မှုတွေဟာ ဘေးဒဏ်သင့်ဒေသတွေက တောင်သူ အိမ်ထောင်စုပေါင်း ၉,၃၀၀ နဲ့အတူ ပူးပေါင်းပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ဒေသခံမိတ်ဖက်တွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပံ့ပိုးပေးနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကူညီထောက်ပံ့မှုတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အလားတူ ကြိုးပမ်းမှုတွေကြောင့် တောင်သူမိသားစု ထောင်ပေါင်းများစွာဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ဆုံးရှုံးခဲ့တာတွေကို အစားထိုးနိုင်တာမျိုး မဟုတ်ပေမဲ့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။အသက်မွေးဝမ်းကျောင်းမှု ပုံစံအားလုံးကို နည်းလမ်းတစ်ခုတည်းနဲ့ ပြန်လည်ထူထောင်လို့ မရနိုင်ပါဘူး။ရှမ်းပြည်နယ်ရဲ့ အချို့ဒေသတွေမှာ Mercy Corps လို အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို တွဲဖက် လုပ်ကိုင်နေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ပြန်လည်ထူထောင်နိုင်ဖို့ အလေးထားဆောင်ရွက်နေပါတယ်။ အဲဒီဒေသမှာ ငလျင်ဒဏ်ကြောင့် စိုက်ပျိုးသီးနှံတွေ ပျက်စီးခဲ့ရုံသာမက နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအားဖြင့် ဦးကျော်စိုးဆိုရင် သူ့ရဲ့ စက်လှေအင်ဂျင် ပျက်စီးသွားတဲ့အတွက် ငါးဖမ်းဖို့၊ ကုန်ပစ္စည်းတွေ သယ်ယူဖို့နဲ့ ခရီးသွားလာဖို့အတွက်ပါ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။အင်ဂျင်လဲပြီးတဲ့အခါမှာတော့ သူဟာ လုပ်ငန်းခွင်ထဲ ပုံမှန်ပြန်ဝင်နိုင်ခဲ့ပြီး နေ့စဉ်ဖမ်းမိတဲ့ ငါးပမာဏ တိုးလာသလို မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်းကိုလည်း လျော့ပါးသက်သာစေခဲ့ပါတယ်။ “စက်လှေအင်ဂျင်က အရေးတကြီး လိုအပ်ခဲ့ပြီး အခုဆိုရင် တစ်မိသားစုလုံးအတွက် သိသိသာသာ ပြောင်းလဲသွားပါပြီ။” လို့ သူက ဆိုပါတယ်။သူ့လို မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ စိုက်ပျိုးခဲ့သမျှတွေကိုသာမက အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို တည်တံ့စေမယ့် နည်းလမ်းတွေကိုပါ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေအပြင် အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်လည်း အားဖြည့်ပေးခဲ့ပြီး၊ ပြည်သူတွေ စိုက်ပျိုးရေးကသာမက တခြားနည်းလမ်းမျိုးစုံကနေ ဝင်ငွေရလာအောင် ပံ့ပိုးပေးခဲ့ပါတယ်။ ဘေးဒဏ်သင့်ဒေသတွေမှာ လူပေါင်း ရာနဲ့ချီပြီး အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တိုးတက်အောင် လုပ်နည်းသင်တန်းတွေနဲ့ နည်းပညာ၊ အတတ်ပညာ သင်တန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်လည်း မတည်ငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ UNDP က ကူညီပေးတဲ့ အစီအစဉ်တွေကနေတစ်ဆင့် အဖွဲ့လိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ လူပေါင်း ၇၀၀ ကျော်၊ စီးပွားရေး သင်တန်းတွေမှာ ၄၀၀ ကျော်ကို ကူညီနိုင်ခဲ့သလို၊ သက်မွေးသင်တန်းတွေနဲ့ လုပ်ငန်းတွေ ပြန်လည်နာလန်ထူလာအောင်လည်း ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အကူအညီတွေပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးက မချောမွေ့ခဲ့ပါဘူး။အချို့ဒေသတွေမှာ ငလျင်နဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေဖြစ်ပြီးနောက် စိုက်ပျိုးခင်းတွေဟာ သဲဖုံးလွှမ်းသွားတာမျိုး ဒါမှမဟုတ် ရေမျက်နှာပြင် အပြောင်းအလဲကြောင့် ပုံစံပျက်သွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ဦးသိန်းမင်းထက်ကတော့ သူ့ရဲ့ စပါးစိုက်ခင်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။“အခုဆို ဒီမြေမှာ မြေပဲကိုပဲ စိုက်လို့ရတော့မယ်လို့ ထင်ခဲ့တာ။” လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့ရခဲ့တဲ့ အကူအညီတွေကြောင့် ပြန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် မျှော်လင့်ချက်နဲ့ ရှေ့ဆက်ရမယ့် လမ်းစကို ပေးခဲ့တာပါပဲ။”သွင်းအားစုတွေထက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ ပိုမိုလိုအပ်ခဲ့ပါတယ်။ အခြေအနေသစ်အောက်မှာ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သင်ယူဖို့ ဖြစ်ပါတယ်။ တောင်သူအတော်များများအတွက် ပြန်လည်ထူထောင်ရေးဆိုတာ အရင်ကလို အထွက်နှုန်းမျိုး ပြန်ရဖို့ မဟုတ်တော့ဘဲ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။တိုးတက်မှုတွေရှိပေမယ့် ထိခိုက်လွယ်နေဆဲတိုးတက်မှုလက္ခဏာတွေရှိပါတယ်။တစ်ချိန်က ရပ်နားထားခဲ့ရတဲ့ စိုက်ပျိုးခင်းတွေမှာ ပြန်လည်စိုက်ပျိုးနေကြပါပြီ။ တောင်သူတွေဟာလည်း နည်းပါးပေမဲ့ အထွက်တိုးလာနေတဲ့ သီးနှံလေးတွေကို ဈေးကွက်ထဲ ပြန်လည်တင်ပို့နေကြပါပြီ။ အချို့ရပ်ရွာတွေမှာဆိုရင် အိမ်နီးချင်းများအချင်းချင်း မျိုးစေ့တွေ ဝေမျှပေးကြရင်း အခြားသူတွေ ပြန်လည် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကူညီနေကြပါတယ်။ဒါပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေက သိမ်မွေ့ဆဲဖြစ်ပါတယ်။ နေအိမ်ရော ဝင်ငွေပါ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက်တော့ တိုးတက်မှုက နှေးကွေးနေဆဲဖြစ်ပြီး အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေ၊ လက်ငင်းလိုအပ်ချက်နဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးတို့အကြား ဟန်ချက်ညီဖို့လိုအပ်ချက်တွေရှိနေပါတယ်။လာမယ့်ကာလတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သိသိသာသာ တိုးချဲ့လုပ်ဆောင်သွားဖို့ ရည်မှန်းထားပြီး၊ လုပ်အားခပေးတဲ့ စနစ်နဲ့ လူပေါင်း ၁ သိန်းခွဲ၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေနဲ့ လူပေါင်း ၂ သိန်းခွဲအထိ ရောက်အောင် ကူညီပေးဖို့ လျာထားပါတယ်။ ဒီလို တိုးချဲ့လုပ်ဆောင်ရာမှာ UNDP မှ အဓိကအပိုင်းကနေ ပါဝင်ဖို့ ရည်မှန်းထားသလို အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လေ့ကျင့်သင်ကြားရေး အခွင့်အလမ်းတွေကို ဦးတည် ပံ့ပိုးမှုတွေအပါအဝင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးနဲ့ ငွေကြေးအရင်းအနှီး ရရှိနိုင်ဖို့တွေကိုလည်း ဆက်ပြီး ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။အဲဒီ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မိသားစုအတော်များများ ဘဝကို အသစ်ကနေ ပြန်စနိုင်ခဲ့ကြပေမဲ့၊ အိမ်ထောင်စု အများအပြားကတော့ ပိုင်ဆိုင်မှု ပစ္စည်းအနည်းငယ်၊ လျော့နည်းသွားတဲ့ ဝင်ငွေနဲ့ ရိတ်သိမ်းချိန် အထွက်နှုန်း မသေချာမှု စတာတွေနဲ့အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အဆက်မပြတ်စေဖို့နဲ့ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အတွက် အားလုံးပူးပေါင်းပြီး အဆက်မပြတ် ကူညီပံ့ပိုးပေးသွားဖို့က အလွန် အရေးကြီးပါတယ်။ဒေါ်ချိုသန်းအတွက်တော့ သူမရဲ့ သီးနှံအထွက်နှုန်း တိုးတက်လာတာဟာ ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ရှိပါသေးတယ်။ အိမ်ပြင်ဖို့အတွက် သူမပေါင်နှံခဲ့ရတဲ့ မြေကွက်ကိုတော့ အခုထိ ပြန်မရွေးနိုင်သေးပါဘူး။ပြန်လည်ထူထောင်ရေးဆိုတာ ဆုံးရှုံးသွားတာတွေကို မူလအတိုင်း ပြန်ရဖို့မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ဒါဟာ အရင်ကထက် နည်းပါးတဲ့ အရင်းအမြစ်တွေနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရခြင်းသာ ဖြစ်ပါတော့တယ်။ ဤဆောင်းပါးကို မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းမြစ်များ၊ ငွေကြေးထောက်ပံ့မှုများ၊ သင်တန်းများနှင့် အခြေခံလိုအပ်သော ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသော မြေပြင် အချက်အလက်များနှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၆ ခုနှစ် မတ်လ ၀၇ ရက်။
အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့အကောင်အထည်ဖော်မှု အပေါ် မြန်မာအမျိုးသမီးများရဲ့ အမြင်
နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အကျပ်အတည်းတွေကြောင့် အပြောင်းအလဲတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ “အခွင့်အရေး” နဲ့ “တရားမျှတမှု” ဆိုတဲ့ စကားလုံးတွေက လူတွေရဲ့ နေ့စဉ်ဘဝထဲမှာ ရှုပ်ထွေးနက်ရှိုင်းတဲ့ ကိုယ်ပိုင်အယူအဆတွေအဖြစ် အမြစ်တွယ်နေပါတယ်။ဒီလိုအခြေအနေတွေကြားမှာ အမျိုးသမီးသုံးဦးဖြစ်တဲ့ သတင်းထောက်တစ်ဦး၊ အာရုံစူးစိုက်မှုအခြေပြု စိတ်ပန်းချီနှင့် အနုပညာကုထုံးဆိုင်ရာ ပံ့ပိုးကူညီသူတစ်ဦးနဲ့ မသန်စွမ်းအခွင့်အရေး လှုပ်ရှားသူတစ်ဦး အတွက် အဲ့ဒီ စကားလုံးတွေအပေါ်မှာ သူတို့ ကိုယ်ပိုင်တွေးခေါ်ပုံနဲ့ လက်တွေ့အကောင်အထည်ဖော်မှု ဆိုတာ ဘယ်လိုမျိုး ဖြစ်ရမယ်ဆိုတာကို ဖွင့်ဟမျှဝေထားပါတယ်။ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ချမှတ်ထားတဲ့ “အမျိုးသမီးနဲ့ မိန်းကလေးငယ် အားလုံးအတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့အကောင်အထည်ဖော်မှု” ဆိုတဲ့ ဆောင်ပုဒ်က အကျပ်အတည်းတွေကြားက မြန်မာပြည်အတွက်တော့ အတော်လေးကို အဓိပ္ပာယ်လေးနက်လှပါတယ်။ ဒီအယူအဆတွေဟာ နိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေ အတွက်တော့ ပြင်ပက ကြွေးကြော်သံတွေထက် ပိုမိုတိတ်ဆိတ် ပြီး ရှုပ်ထွေး နက်ရှိုင်းတဲ့ ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိကြပါတယ်။ အနုပညာပြပွဲစီစဉ်သူတစ်ဦးဖြစ်သလို ကလသာ အနုပညာပြခန်းနဲ့ Heal-with-art တို့ကို တည်ထောင်တဲ့ အသက် ၃၄ နှစ်အရွယ် စုထွေးအတွက်ကတော့ "အခွင့်အရေး" ဆိုတဲ့ အယူအဆကို အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်မိမိ ဘယ်လိုမြင်ကြသလဲဆိုတဲ့ မေးခွန်းကနေပဲ စပြီး စဉ်းစားပါတယ်။ “မြန်မာအမျိုးသမီး အများစုဟာ သူတစ်ပါးရဲ့ မျှော်လင့်ချက်တွေနောက်ကွယ်မှာပဲ နေထိုင်ကြရတယ်... ယဉ်ကျေးမှု၊ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေ၊ မျှော်လင့်ချက်တွေရဲ့ နောက်ကွယ်မှာပေါ့” လို့ သူမက ပြောပါတယ်။ “ကျွန်မတို့ဆီမှာ ‘မြန်မာအမျိုးသမီးဆိုတာ ဒီလိုဖြစ်ရမယ်’ ဆိုတဲ့ ပုံသေကားချပ်ကြီး တစ်ခုရှိနေတယ်၊ အဲဒီလို ကျွန်မတို့အတွက် သတ်မှတ်ထားတဲ့ ပုံစံ ထဲမှာပဲ အံဝင်ခွင်ကျဖြစ်အောင် နေထိုင်ကြရပါတယ်။”ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ အခြေအနေမှာတော့ အမျိုးသမီးတွေဟာ သန်မာရမယ်၊ ကြံ့ကြံ့ခံနိုင်ရမယ်၊ ဦးဆောင်နိုင်ရမယ်၊ ပြုစုပျိုးထောင်ပေးနိုင်ရမယ်၊ ပြီးတော့ သည်းခံနိုင်ရမယ်... စသဖြင့် အရာရာတိုင်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်စွမ်းရှိရမယ်လို့ မျှော်လင့်ခံနေကြရကြောင်း သူမက ရှင်းပြပါတယ်။ ဒီလိုဖြစ်အောင် ကြိုးစားရင်းနဲ့ပဲ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ ထိခိုက်ခံစားလွယ်မှု (Vulnerability) ကို အသိအမှတ်ပြုခံရဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးလာကြပြီး၊ အဲဒါကိုပဲ အားနည်းချက်တစ်ခုလို မြင်လာကြပါတယ်။ အထူးသဖြင့် မြို့ပြမဟုတ်တဲ့ ဒေသတွေမှာ အမျိုးသမီးကောင်းတစ်ယောက်ဆိုတာ သည်းခံစိတ်ရှိရမယ်၊ ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုဆိုင်ရာ အစဥ်အလာတွေက ခိုင်မာနေဆဲဖြစ်ပါတယ်။ စုထွေးရဲ့ အတွေးအမြင်တွေဟာ သူမရဲ့ ကြီးပြင်းလာခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် အခြေခံနေပါတယ်။ “ကျွန်မက အိမ်တွင်းအကြမ်းဖက်မှုရှိတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။ သူတို့တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကတော့ အမြဲလိုလို ရှိနေခဲ့တယ်” လို့ သူမက ပြောပါတယ်။ ဒီလိုအတွေ့အကြုံတွေကပဲ သူမကို နောက်နောင် လူမှုဆက်ဆံရေးတွေနဲ့ ပတ်သက်လာရင် အလွန်အမင်း သတိထားတတ်လာစေခဲ့ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့စဥ်ကလဲ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေရဲ့ ဘောင်ထဲမှာ ပိတ်မိမနေဘဲ၊ သူမကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေနဲ့ မျှော်လင့်ချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။“အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နောက်လိုက် ဖြစ်နေရမယ်လို့ ကျွန်မ မယုံကြည်ဘူး။ တချို့အချိန်တွေမှာ သူက ဦးဆောင်တယ်။ တချို့အချိန်တွေမှာတော့ ကျွန်မက ဦးဆောင်တယ်။ နှစ်ဦးနှစ်ဖက် အပေးအယူမျှတ ရမယ်လို့” သူမက ပြောပါတယ်။၂၀၁၆ ခုနှစ်လောက်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး COVID-19 မတိုင်ခင်လေးမှာပဲ ဖွင့်လှစ်နိုင်ခဲ့တဲ့ သူမရဲ့ အနုပညာပြခန်း (Art Gallery) ဟာ သာမန်ပြပွဲခန်းမတစ်ခုထက် ပိုမိုတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကပ်ရောဂါဘေးနဲ့ စစ်တပ်က အာဏာသိမ်းယူမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ ရေရှည်စီမံကိန်းတွေ ရှေ့မတိုးသာဖြစ်ခဲ့ရပြီး နောက်မှာတော့၊ သူမဟာ လေ့လာထားတဲ့ စိတ်ပညာဆိုင်ရာ အသိပညာ တွေကို အနုပညာကုထုံး နဲ့ ပေါင်းစပ်ပြီး အတွင်းစိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အာရုံစိုက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ သူမဟာ အမျိုးသမီးတွေအတွက် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ရှာဖွေကုသဖို့၊ မိမိကိုယ်ကိုယ် ပြန်လည်ဖော်ထုတ်ဖို့နဲ့ အရင်က ဖိနှိမ်ချုပ်တည်းထားခဲ့ရတဲ့ ခံစားချက်တွေကို ပြန်လည်ရရှိခံစားနိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး အနုပညာကုထုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်းရှိစေမယ့် သင်တန်းတွေကို စတင်ပို့ချခဲ့ပါတယ်။ “ကျွန်မရဲ့ အစီအစဉ်မှာ အရင် ပုံစံ/အစဥ်အလာတွေကနေ ဖောက်ထွက်ဖို့ ကြိုးစားပါတယ်” လို့ သူမက ပြောပါတယ်။ “သူတို့ကို ကျွန်မ မေးလေ့ရှိတာက... ‘ရှင်က ဘယ်သူလဲ? ဘာဖြစ်ချင်တာလဲ? ရှင့်ရဲ့ ဝါသနာက ဘာလဲ? ရှင့်ရဲ့ ကိုယ်ပိုင် ဖြစ်တည်မှု (Identity) ကကော ဘာလဲ?" ဆိုတာတွေပါပဲ။”မျှော်လင့်ချက်ဆိုတာ ကြီးမားတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေဆီကနေ ဖြစ်တည်လာတာ မဟုတ်တော့ဘူးလို့ သူမက ပြောပါတယ်။ အဲဒီအစား သူမဟာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့ပဲ အာရုံစိုက်ပါတယ်။ သူမအတွက်တော့ ကြံ့ကြံ့ခံနိုင်တယ် ဆိုတာ ဝန်ထုပ်ဝန်ပိုးတွေကို အဆုံးမရှိ သယ်ပိုးထားရတာမျိုး မဟုတ်ပါဘူး။ အတားအဆီးတွေနဲ့ ကြုံလာရတဲ့အခါ လမ်းကြောင်းပြောင်းစီးဆင်းသွားတဲ့ "ရေ" လိုမျိုးပဲ၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာ သင်ယူခြင်းပဲ ဖြစ်ပါတယ်။မြို့ရဲ့ အခြားတစ်နေရာမှာတော့ "အခွင့်အရေး" ဆိုတဲ့ အဓိပ္ပာယ်ဟာ မြန်မာနိုင်ငံအတွင်းမှာပဲ ဆက်လက် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး သတင်းထောက်တစ်ဦးအတွက် တစ်မျိုးတစ်ဖုံ ကွဲပြားနေပါတယ်။ သူမဟာ သူမဘယ်သူ ဘယ်ဝါဆိုတာ ထုတ်ဖော်မပြောဖို့ တောင်းဆိုရင်းနဲ့ သတင်းတာဝန် တစ်ခုချင်းစီတိုင်းဟာ ဘေးအန္တရာယ်နဲ့ နီးကပ်နေတဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအကြောင်းကို ရှင်းပြခဲ့ပါတယ်။အခွင့်အရေး၊ တရားမျှတမှု၊ လက်တွေ့အကောင်အထည်ဖော်မှု ဆိုတဲ့ အကြောင်းအရာကို ကြားရတဲ့အခါ၊ ဒါတွေဟာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ သူမက ယုံကြည်ပေမဲ့ စကားလုံး သက်သက် အဆင့်မှာပဲ ရှိနေမှာကိုတော့ စိုးရိမ်မိကြောင်း ပြောပါတယ်။ “အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အနေနဲ့ အဲဒီအခွင့်အရေးတွေကို တကယ်တမ်း လက်တွေ့ခံစားနိုင်မယ့် အခြေအနေမျိုးနဲ့ ကျွန်မတို့ဟာ တော်တော်လေးကို ဝေးကွာနေသေးတယ်လို့ ခံစားရပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ” လို့ အဆိုပါ အမျိုးသမီး သတင်းထောက်က ပြောကြားခဲ့ပါတယ်။အခုဆိုရင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေဟာ သူမအလုပ်ရဲ့ ကဏ္ဍတိုင်းအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ "စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းရတဲ့ အခါတိုင်းမှာ ကျွန်မဟာ လုံခြုံမှုမရှိဘူးလို့ ခံစားရပါတယ်။ အထူးသဖြင့်တော့ ကျွန်မရဲ့ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို စစ်ဆေးခံရနိုင်တယ်ဆိုတဲ့ အတွေးက ပိုပြီးတော့ စိုးရိမ်ပူပန်စရာ ဖြစ်စေပါတယ်" လို့ သူမက ရှင်းပြပါတယ်။သတင်းထောက်တစ်ဦးအနေနဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတာကြောင့် အဲဒီလို ဆက်သွယ်မှုတွေကို အထင်မှားခံရနိုင်ပြီး၊ သူမကိုယ်တိုင်ရော သူမနဲ့ ဆက်သွယ်သူတွေအတွက်ပါ ကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်တာကြောင့် ဖြစ်ပါတယ်။ သူမဟာ ၂၀၂၁ ခုနှစ်ကတည်းက သူမရေးသားထားတဲ့ သတင်းတွေကို သူမ အမည်နဲ့ ဖော်ပြခွင့်မရတော့တဲ့ အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ဆောက်ခဲ့တဲ့ သူမရဲ့ ဂုဏ်သတင်းနဲ့ ကလောင်အမည်ကို စွန့်လွှတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာကြောင့် သူမ တန်ဖိုးအထားရဆုံး အရာကို ဆုံးရှုံးခံလိုက်ရတာပါ။ ။ ဘာလို့လဲဆိုတော့ ထိလွယ် ရှလွယ်တဲ့ နိုင်ငံမျိုးမှာ သတင်းထောက် တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ခြင်းက အလွန် အန္တရာယ်များလို့ဖြစ်ပါတယ်။ “ဒီလို စတေးရတာ နာကျင်စရာကောင်းတယ်” ဆိုတာ သူမက ဝန်ခံပါတယ်။ ဒါပေမဲ့ သူမကတော့ သတင်းထောက် အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ မြေပြင်က ပကတိအခြေအနေတွေကို သူမ ကိုယ်တိုင် မှတ်တမ်းတင်နိုင်ပြီး မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ကမ္ဘာက အခုထက်ထိ စောင့်ကြည့်ဖတ်ရှုနေတယ်ဆိုတဲ့ အသိဟာ (ဒီအလုပ်ကို ဆက်လုပ်ဖို့အတွက်) အရေးပါတဲ့ အချက်ပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမက "မတရားမှုတွေနဲ့ ကျား၊ မ တန်းတူညီမျှမှု မရှိခြင်းတွေဟာ မိသားစုအတွင်းကနေ စတင်လေ့ရှိတယ်" လို့ ဆိုပါတယ်။“မြန်မာ့လူ့အဖွဲ့အစည်းမှာ သားယောက်ျားလေးတွေဟာ မိဘတွေဆီကနေ ပိုပြီး ဦးစားပေးခံရသလို အခွင့်အရေးလည်း ပိုရလေ့ရှိကြတယ်” လို့ သူမက ပြောပါတယ်။ အခွင့်အလမ်းတွေက အကန့်အသတ်ရှိတဲ့ အခါမျိုးမှာ ယောင်္ကျားလေးတွေ ဆီကိုပဲ အရင်ဆုံး ရောက်သွားလေ့ရှိတယ်။ “မိသားစုအတော်များများမှာ သမီးမိန်းကလေးတွေဆိုရင် အိမ်မှုကိစ္စတွေ လုပ်ပေးရမယ်လို့ အမြဲမျှော်လင့်ခံရတတ်ပေမဲ့ သားယောင်္ကျားလေးတွေကျတော့ သူတို့စားထားတဲ့ ပန်းကန်ကိုတောင် ဆေးကြောဖို့ မလိုအပ်သလိုမျိုး ဖြစ်နေတတ်ကြပါတယ်” လို့လည်း သူမက ရှင်းပြပါတယ်။ဒီလိုမျိုး ဖြစ်ရိုးဖြစ်စဉ်တွေဟာ အမျိုးသမီးတွေ လူမှုပတ်ဝန်းကျင်ထဲ မဝင်ရောက်ခင် အချိန်အတော်ကြာ ကတည်းက သူတို့ရဲ့ အခွင့်အလမ်းတွေအပေါ် ရှုမြင်ပုံကို ပုံဖော်နေတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ ပိုပြီး သည်းခံရမယ်၊ ပိုပြီး ကြံ့ကြံ့ခံရမယ်၊ ပိုပြီး ပေးဆပ်ရမယ်ဆိုတဲ့ အယူအဆတွေ ရှိနေလို့ပါပဲ။ မျိုးဆက်နဲ့ချီပြီး အစဥ်အလာလို ဖြစ်နေခဲ့တဲ့ ဒီအယူအဆတွေကပဲ အမျိုးသမီးတွေရဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုကို ပုံဖော်ထားပြီးသား ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ အမျိုးသားတွေကပဲ အများစုအနေနဲ့ လွှမ်းမိုးထားဆဲဖြစ်ပါတယ်။ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူတွေထဲမှာ အမျိုးသမီးတွေ ပါဝင်မှုက သိသိသာသာ များပြားနေပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ ထိရောက်ပြီး တန်းတူပါဝင်ခွင့် ရဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။စုထွေးရဲ့ လုပ်ဆောင်ချက်တွေက စိတ်ပိုင်းဆိုင်ရာ ကုစားမှုကို အလေးပေးပြီး၊ သတင်းထောက်အမျိုးသမီးရဲ့ အလုပ်က စနစ်ပိုင်းဆိုင်ရာ မမျှတမှုတွေကို ပြောပြနေချိန်မှာပဲ၊ သိမ့်သိမ့်သူကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စနစ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။အသက် ၃၃ နှစ်အရွယ် မသန်စွမ်းသူများအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ သူမအတွက်တော့ ‘လက်တွေ့အကောင်အထည်ဖော်မှု’ ဆိုတာ ဘယ်သူ့ကိုမှ ချန်လှပ်မထားခဲ့ဖို့ပဲ ဖြစ်ပါတယ်။ သူမ မသန်စွမ်းမဖြစ်ခင်တုန်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပြီး တောင်တက်ရတာကိုလည်း အလွန်ဝါသနာပါတဲ့သူတစ်ယောက်ပါ။ အဲဒီအချိန်တုန်းကတော့ သူမရဲ့ သွားလာလှုပ်ရှားမှုတွေဟာ ဘာကန့်သတ်ချက်မှ မရှိခဲ့ပါဘူး။ အခုအချိန်မှာတော့ သူမရဲ့ နေ့စဉ်ဘဝဟာ သွားလာရလွယ်ကူမှု (Accessibility) ရှိမရှိဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတယ်။ “ကိုယ့်အိမ်ထဲမှာတောင်မှ ကျွန်မအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်” လို့ သူမက ဆိုပါတယ်။ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေအပြင် မြန်မာနိုင်ငံက မသန်စွမ်းအမျိုးသမီးတွေ၊ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ နေထိုင်ရသူတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီထဲမှာ သတင်းအချက်အလက်၊ ပညာရေး၊ နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်ဖို့ အကန့်အသတ်ရှိနေတာတွေလည်း ပါဝင်ပါတယ်။"အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ပညာရေးနဲ့ နည်းပညာကို လက်လှမ်းမီနိုင်မှုမှာ အများဆုံး နောက်ကျကျန်ရစ်နေခဲ့တာကို ကျွန်မ မြင်နေရပါတယ်။ တချို့ဆိုရင် အွန်လိုင်းအစည်းအဝေးတွေ လုပ်တဲ့အခါ အသံဖွင့်တာ၊ ပိတ်တာလိုမျိုး အခြေခံလုပ်ဆောင်ချက်တွေကိုတောင် အခက်အခဲရှိနေတုန်းပဲ” လို့ သူမက ပြောပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှုမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ သွားလာလှုပ်ရှားမှုဆိုင်ရာ အတားအဆီးတွေကို လျှော့ချပေးနိုင်တဲ့ အဝေးကနေ အလုပ်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်း တွေဟာလည်း အခုထိ ရှားပါးနေဆဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ လက်တွေ့ဆောင်ရွက်မှု ဆိုတာမှာ မသန်စွမ်းအမျိုးသမီးတွေအတွက် သီးသန့်ရည်ရွယ်တဲ့ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေကို တိုက်ရိုက်ဖန်တီးပေးတာမျိုးတွေ ပါဝင်သင့်တယ်လို့ သူမက ထောက်ပြပါတယ်။ အထူးသဖြင့် အဝေးရောက် အလုပ်လုပ်ကိုင်နိုင်မယ့်အခွင့်အလမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းတွေ ပေးတာမျိုးတွေ ဖြစ်ပါတယ်။မသန်စွမ်းသူများကွန်ရက်တွေကတစ်ဆင့် သိမ့်သိမ့်သူဟာ ပိုမိုကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်နိုင်မယ့်လမ်းစကို ရှာဖွေတွေ့ရှိခဲ့ပြီး အပြန်အလှန် ရိုင်းပင်းကူညီမှု ဘဝတူချင်း စာနာစိတ်နဲ့ စည်းလုံးမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ "မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများကွန်ရက်နဲ့ ချိတ်ဆက်မိတဲ့အခါမှာ ကျွန်မတစ်ယောက်တည်း မဟုတ်ပါလားဆိုတာကို နားလည်သွားခဲ့တယ်" လို့ သူမက ပြောပါတယ်။ သူမရဲ့ ရေရှည်ရည်မှန်းချက်ကတော့ မသန်စွမ်းအမျိုးသမီးတွေရဲ့ အသံကို လူတွေကြားလာအောင် လုပ်ဆောင်ရုံတင်မကဘဲ သူတို့ရဲ့ ဘဝတွေအပေါ် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေထဲမှာ ထပ်တလဲလဲ ပါဝင်နေတဲ့ အဓိကအကြောင်းအရာတစ်ခုကတော့ အမျိုးသမီး အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းတွေထဲမှာ ကုစားဖို့၊ အသံထွက်ဖို့၊ အားလုံးပါဝင်လာစေဖို့နဲ့ တခြားသူတွေကိုပါ မြှင့်တင်ပေးဖို့ဆိုတဲ့ ရင်ထဲမှာကိန်းအောင်နေတဲ့ ခိုင်မာနေတဲ့ သန္နိဋ္ဌာန်တွေကို တွေ့မြင်နိုင်ပါတယ်။ ရှေ့ဆက်ရမယ့်လမ်းဟာ အမြဲတမ်း ဖြောင့်ဖြူးနေမှာ မဟုတ်ပေမဲ့ မြန်မာနိုင်ငံတစ်ဝန်းက အမျိုးသမီးတွေကတော့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့၊ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီဖို့နဲ့ မျှော်လင့်ချက်တွေ အမြစ်တွယ်နိုင်မယ့် နယ်ပယ်သစ်တွေကို ဖန်တီးဖို့ နည်းလမ်းသစ်တွေကို ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။သူတို့ရဲ့ ဘဝခရီးလမ်းတွေကနေ ကျွန်ုပ်တို့ကို သတိပေးနေတာတစ်ခုကတော့ - မျှော်လင့်ချက်ဆိုတာ မှော်ဆန်တဲ့ အပြောင်းအလဲတွေထဲတင် ရှိနေတာမဟုတ်ပါဘူး။ အဲဒီမျှော်လင့်ချက်ဟာ နေ့စဉ်ဘဝရဲ့ သတ္တိရှိတဲ့ လုပ်ရပ်တွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ အပြန်အလှန် ချိတ်ဆက်မှုတွေထဲမှာ ရှင်သန်ကြီးထွားလာတာ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်လုပ်ရပ်တွေကတစ်ဆင့် အနာဂတ်ဆိုတာ အမျိုးသမီးတွေ အတူတကွ ပုံဖော်ထုဆစ်သွားနိုင်တဲ့ အရာတစ်ခု ဖြစ်လာစေပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်။
မန္တလေးနဲ့ စစ်ကိုင်းတလျောက်က မြန်မာပြည်သူတွေရဲ့ တိတ်တဆိတ် သန္နိဋ္ဌာန်
မန္တလေးနဲ့ စစ်ကိုင်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် မကြာသေးမီက တာဝန်ယူထားသူ ဂွင်လူးဝစ်စ်ဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေရှိနေပေမဲ့ ပြည်သူတွေ အချင်းချင်း ကူညီထောက်ပံ့ပေးကာ ဆက်လက်ရှင်သန်နေတာကို တွေ့မြင်ခဲ့ပါတယ်။ မှောင်မိုက်နေတဲ့ လမ်းတွေ၊ ပျက်စီးနေတဲ့ အဆောက်အဦးတွေ၊ လမ်းပိတ်ဆို့မှုတွေအပြင် ပဋိပက္ခဒဏ်နဲ့ မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် နှစ်မျိုးလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြရတဲ့ မိသားစုတွေ စတာတွေက စကားလုံးတွေနဲ့ ဖော်ပြတာထက် ပိုပါတယ်။ ဒါပေမဲ့ အဲဒီ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရပ်ရွာလူထုနဲ့ မိသားစုတွေဟာ အချင်းချင်း ယိုင်းပင်းကူညီကာ ရှင်သန်နေကြတာဟာ သူတို့တွေရဲ့ တိတ်ဆိတ်ပြီး ခိုင်မာတဲ့ သန္နိဋ္ဌာန်ဘဲ ဖြစ်ပါတယ်။မန္တလေးမြို့တခွင်မှာ လျှပ်စစ်မီးက ပျက်လိုက် လာလိုက် ဖြစ်နေပြီး လမ်းတွေအကုန် ခဏ မှောင်မိုက် သွားရာကနေ မီးစက်တွေရဲ့ ဆူညံသံတွေနဲ့အတူ မီးတွေ ပြန်လင်းလာပါတယ်။ ညနေခင်း ခပ်စောစောမှာပင် မြို့ဟာ တိတ်ဆိတ်စပြုနေပြီဖြစ်ပြီး ည ၉ နာရီလောက်ဆိုရင်တော့ လမ်းတွေပေါ်မှာ မော်တော်ဆိုင်ကယ်တွေ အသွားအလာ ကျဲပါးလာပြီး ရှင်းစပြုလာပါတော့တယ်။ နေ့အလင်းရောင်အောက်မှာတော့ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေရဲ့ အမှတ်အသားတွေက ပိုပြီး ထင်ရှားနေပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေဟာ အကာအရံတွေနောက်မှာ ရှိနေပါတယ်။ စစ်ကိုင်းမြို့နဲ့ ဆက်သွယ်ထားတဲ့ တစ်ချိန်က စည်ကားလှတဲ့ ရှေးဟောင်း တံတားကြီးဟာလည်း ပြိုကျ ပျက်စီးနေပြီး သူ့နဘေးက တံတားအသစ်ကြီးဘေးမှာ မြစ်ကမ်းပါးကို အမာရွတ်တစ်ခုသဖွယ် ဖြတ်တောက်ထားပါတယ်။ မန္တလေးမြို့တခွင်မှာ ရွှေ့ပြောင်းနေထိုင်နေသူ အရေအတွက်က အတော်မြင့်မားပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေ ပါဝင်တဲ့ မိသားစု အများအပြားဟာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကနေ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် တစ်ဖန် ထပ်ပြီး ရွှေ့ပြောင်းခဲ့ကြရတာ ဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းဒေသမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်ပြီး ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်သူ (IDPs) အများဆုံး နေထိုင်ရာနေရာဖြစ်ကာ ခန့်မှန်းခြေ ဦးရေ ၁.၇ သန်းရှိပါတယ်။မန္တလေးဒေသတွင်းက ယာယီခိုလှုံရာစခန်းတစ်ခုရဲ့အပြင်ဖက် တောက်ပနေတဲ့ ဘုရားစေတီတစ်ဆူရဲ့ ရှေ့ နားမှာ အမျိုးသမီးတစ်စုဟာ မစ္စလူးဝစ်စ်နဲ့ စကားစမြည်ပြောဆိုဖို့ စုရုံးနေကြပါတယ်။ အစပိုင်းမှာတော့ သူတို့တတွေဟာ ရှက်ရွံ့နေကြပေမဲ့ ပထမဇာတ်ကြောင်းတစ်ခုကို ဝေမျှပြီးချိန်မှာတော့ လူတိုင်း ရှေ့ထွက်ပြီး ပြောကြပါတော့တယ်။ လျှပ်စစ်မီးမရှိဘဲ ခိုလှုံရာနေရာတွေမှာ လူတွေ ပြည့်ကျပ်နေပုံ၊ သတ္တုအိုးတွေထဲ ထုံးပေါက်တဲ့ မသန့်ရှင်းတဲ့ရေတွေအကြောင်းနဲ့ နာရီပေါင်းများစွာ မကြာခဏဆိုသလို ည ၁၀ နာရီထိ အလုပ်လုပ်ပြီးမှ တစ်နေ့လျှင် ငွေ ၈၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ) သာ ရရှိပုံတွေကို ပြောပြကြပါတယ်။ အမျိုးသမီး တစ်ဦးက မသန်စွမ်းသူ မိခင်နဲ့ နာမကျန်းဖြစ်နေတဲ့ ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို ကျွေးမွေးပြုစုနေရကြောင်း ရှင်းပြပါတယ်။ အဲဒီမှာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမရှိ၊ အနီးအနားမှာ ဆေးပေးခန်းမရှိ၊ သွားလာဖို့ လမ်းစရိတ်ပင်မရှိကြောင်းတွေလည်း ပါဝင်ပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးက စိုက်ခင်းတွေမှာ အလုပ်လုပ်ဖူးပေမဲ့ လက်ရှိနေထိုင်ရာနေရာမှာ စိုက်ပျိုးစရာ မြေမရှိ၊ ကိရိယာမရှိဘဲ ပြန်လည်စတင်ဖို့ နည်းလမ်းမဲ့နေကြောင်း ပြောပြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးက သူမရဲ့ မြေးတွေနဲ့အတူ ထိုင်နေရင်း မန္တလေးမြို့ပေါ်ကို ဆေးကုဖို့သွားရင် ကုန်ကျစရိတ်မှာ တုတ်တုတ် သုံးဘီးယာဉ်ခ တစ်ကြောင်းကို ၅၀၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာခန့်) ပေးရကြောင်း ရှင်းပြပါတယ်။ တချို့မှာ ဘေးကင်းလုံခြုံဖို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှာ အရာအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ တချို့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့က ထွက်ပြေးဖို့ ငွေကျပ် သိန်း ၅၀-၆၀ (အမေရိကန်ဒေါ်လာ ၁၂၀၀-၁၅၀၀ ခန့်) ပေးခဲ့ကြရပြီး ဘေးကင်းလုံခြုံတဲ့နေရာရောက်ဖို့အတွက် လမ်းခရီးမှာ ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခု ထုခွဲရောင်းချခဲ့ကြရပြီး ဘာမှမကျန်တော့ပါ။ကလေးငယ်တွေက အနီးအနားမှာ အဖြစ်အပျက်တွေကို နားထောင်နေကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ အမာရွတ်တွေ ကျန်ရှိနေတဲ့ ၁၂-နှစ်အရွယ် မိန်းကလေးတစ်ဦးအကြောင်းနဲ့ ပဋိပက္ခတွေကြောင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်ရင်း မွေးဖွားလာခဲ့တဲ့ ရှစ်လသား ကလေးတစ်ယောက်အကြောင်းတွေ ပါဝင်ပါတယ်။ သူစိမ်းတွေအဖြစ် စတင်ခဲ့ကြပေမဲ့ ဒီနေရာမှာ သူတို့တတွေဟာ အချင်းချင်း မှီခိုအားထားတတ်အောင် သင်ယူခဲ့ကြပြီး မိသားစုတစ်ခု ဖြစ်လာခဲ့ကြပါပြီ။မစ္စလူးဝစ်စ်က သူတို့ကို အိမ်ပြန်လို့ရရင် ပြန်ကြမှာလားလို့မေးတဲ့အခါ ပြန်ကြမယ်လို့ ချက်ချင်း အတူတူ အဖြေပေးကြတာပါ။ နေအိမ်တွေ ပျက်စီးနေတဲ့တိုင်အောင် စုဆောင်းထားငွေ မရှိတာတောင်မှ နေရပ်ပြန်လို့ရရင် ပြန်မှာလို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ သူတို့က ဆုံးရှုံးထားသမျှကို ပြန်လည်ထူထောင်ဖို့အတွက် ခရီးစရိတ်နဲ့ စားနပ်ရိက္ခာအကူအညီကိုသာ တောင်းဆိုကြပါတယ်။ မန္တလေးနဲ့ စစ်ကိုင်း ဒေသနှစ်ခုလုံးမှာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ရပ်ကွက်တွေမှာ ပျက်စီးကျန်ရစ်ခဲ့ပြီး တချို့ကို ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ လူအများအပြားမှာ ထွက်ပြေးဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့ကြပါတယ်။ ပျက်စီးနေတဲ့ ရပ်ကွက်တွေအတွင်း လျှောက်သွားရင်း ပြိုကျနေတဲ့ နေအိမ်တွေ၊ အက်ကွဲနေတဲ့ အိမ်နံရံတွေ၊ အုတ်ကျိုးတွေကြားမှာ ပြန့်ကျဲနေတဲ့ နေ့စဉ် အိမ်သုံးပစ္စည်းအစအနတွေကို ဖြတ်ကျော်ရတာက မိသားစုတွေ ဆုံးရှုံးခဲ့ကြရတဲ့ အရာတွေသာမက ပုံမှန်ဖြစ်တည်မှုကနေ ရုတ်တရက် ပျက်စီးသွားခဲ့ရမှုကိုပါ ပြင်းပြင်းထန်ထန် သတိပေးနေပါတယ်။ ဒီပျက်စီးမှုနဲ့ ယှဉ်တွဲပြီး လုံခြုံမှု သိပ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဘေးကင်းလုံခြုံရာနေရာတွေကို ဖန်တီးပေးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ထူးခြားတဲ့ အားထုတ်မှုကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကို ဆက်လက်ရှင်သန်စေတာ ဖြစ်ပါတယ်။ဒါပေမဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက ကြီးမားနေပေမဲ့ အရင်းအမြစ်တွေက နည်းပါးနေပါသေးတယ်။ မြန်မာနိုင်ငံတဝန်းမှာ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ လျော့နည်းလာနေပြီး အကူအညီပေးရေးလမ်းကြောင်းတွေ တင်းကြပ်လာမှုတွေကြောင့် ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသူတွေအားလုံးအနေနဲ့ တိုးမြင့်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန် နေကြရပါတယ်။ ပြည်သူတွေရဲ့ လတ်တလော ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေးဟာ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ရပ်ရွာလူထုတွေဟာ နှစ်ပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပြီးမှာ ပြန်လည်တည်ဆောက်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့တို့အတွက် နည်းလမ်းတွေလည်း လိုအပ်ပါတယ်။ အဲဒီ အဖြစ်မှန် နှစ်ရပ်ကို ခွဲခြားလို့ မရနိုင်ပါဘူး။ အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးခြားတုံ့ပြန်မှုတွေထက် လိုအပ်မှုတွေရှိနေပါတယ်။ အေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အတူလက်တွဲ ဆောင်ရွက်ရန်လိုပြီး ဒါမှသာ ပြည်သူတွေ အကျပ်အတည်းတစ်ခုက လွတ်မြောက်နိုင်ပေမဲ့ နောက်အကျပ်အတည်းတစ်ခုသို့ ကျရောက်သွားခြင်း မရှိမှာ ဖြစ်ပါတယ်။ အခုအခါမှာ စေတနာ ထက်သန်တဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးကွန်ယက်တွေက ပြည်သူတွေ ရပ်တည်နိုင်အောင် တတ်နိုင်သမျှ ထောက်ပံ့ကာ ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သန္နိဋ္ဌာန်က ထူးခြားသော်ငြားလည်း နိုင်ငံတကာ အသိုက်အဝန်းက ကူညီပံ့ပိုးပေးရမဲ့ ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်း၊ ထောက်ပံ့မှုနဲ့ အကာအကွယ်ပေးမှု စတာတွေကို အစားထိုးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီတွေ့ဆုံမှုတွေကို ပြန်တွေးရင်း မစ္စလူးဝစ်စ်က “ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ် နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခဲ့တဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ မြန်မာပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေခဲ့တဲ့ ဆက်ပြီးလည်း ရင်ဆိုင်နေကြရတဲ့ ခက်ခဲကြမ်းတမ်းမှု ပမာဏကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ရပါတယ်။ ဒါပေမဲ့ အဲဒါက အရင်းအမြစ်အနည်းငယ်မျှနဲ့ ထောက်ပံ့ကူညီနေကြတဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးကွန်ယက်တွေရဲ့ ထူးခြားတဲ့ သန္နိဋ္ဌာန်ကို ပြသနေတာပါ။ အဲဒီ လူမှုအသိုက်အဝန်းတွေမှာ ခွန်အားရှိပေမဲ့ ခွန်အားတစ်ခုတည်းက ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာ ဒါမှမဟုတ် မျှော်လင့်ချက်ကို အစားမထိုးနိုင်ပါဘူး။ သူတို့က ကမ္ဘာက အခုထိ ပေးအပ်ခဲ့တာတွေထက် များစွာ ပိုထိုက်တန်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။မှေးမှိန်လာတဲ့ နေ့အလင်းရောင်အောက်မှာ စစ်ဆေးရေးဂိတ်တွေ၊ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ သွားလာနေဆဲ သူတို့ရဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေကြားမှာ တွေ့ဆုံပြောဆိုမှုတွေ ပြီးဆုံးသွားပြီးနောက်တိုင်အောင် စိတ်ခံစားမှုတစ်မျိုး လေထုထဲမှာ ကျန်နေခဲ့ပါတယ်။ “ခင်ဗျားတို့တွေ ဒီကို ရောက်လာတဲ့အတွက် ကျွန်မတို့တွေကို မမေ့သေးဘူးလို့ ခံစားရပါတယ်” - အဲဒီစကားရပ်က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုက ဘာ့ကြောင့် အရေးပါတယ်ဆိုတာကို သတိပေးနေတာ ဖြစ်ပါတယ်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မတ်လ ၀၆ ရက်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ — မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေး များ အားလုံး အတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် လက်တွေ့ကြိုးပမ်းဆောင်ရွက်မှု
မြန်မာနိုင်ငံတစ်ဝန်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာပြီး နေရပ်စွန့်ခွါတိမ်းရှောင်ရသူများ တိုးပွားလာလျက် ရှိကာ အခြေခံလိုအပ်သည့် စနစ်များ ပြိုလဲနေသည့်အခြေအနေတွင် အမျိုးသမီးများအား မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ရှင်သန်ရပ်တည်ရေး အတွက် ဦးဆောင်မှုနှင့် တာဝန်ယူမှု အခန်းကဏ္ဍများသို့ တွန်းပို့ခံရခြင်းများ ပိုမိုများပြားလာနေပါသည်။ အမျိုးသမီးများသည် ထူးခြားသည့် သန်မာမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနေကြသော်လည်း ယင်းသို့ ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်းပြနိုင်ခြင်းသည် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခွင့် ရှိနေသည်ဟု အဓိပ္ပါယ်ကောက်ယူ၍ မရနိုင်ပါ။ကျန်းမာရေး ဝန်ဆောင်မှုများ ပျက်ယွင်းသွားသည့်အခါ အမျိုးသမီးများသည် အထောက်အပံ့တစ်စုံတစ်ရာ မရရှိသည့် ပြုစုစောင့်ရှောက်သူများ ဖြစ်လာကြပါသည်။ ကျောင်းများ ပိတ်သွား၍သော်လည်းကောင်း၊ မိသားစုများမှ ပညာသင်စရိတ် ပံ့ပိုးပေးရန် မတတ်နိုင်တော့၍သော်လည်းကောင်း ပညာသင်ယူခွင့် ဆုံးရှုံးကြရသူ အများစုမှာ မိန်းကလေးများသာ ဖြစ်လေ့ရှိကြသဖြင့် မိခင်များမှာလည်း အဆိုပါ မိန်းကလေးများအား ပြုစုစောင့်ရှောက်ရသည့် တာဝန်များကို ထပ်ဆင့် ထမ်းဆောင်နေကြရပြန်ပါသည်။ စားနပ်ရိက္ခာ ရှားပါးလာသည့် အခါတွင် အမျိုးသမီးများသည် အခြားသူများအား ကျွေးမွေးနိုင်ရန်အတွက် မိမိတို့စားသုံးသည့် ပမာဏကို လျှော့ချစားသုံးလေ့ ရှိကြပါသည်။ အမျိုးသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခံရခြင်း သို့မဟုတ် နေအိမ်သို့ပြန်မလာနိုင်ခြင်းတို့ကြုံတွေ့ရ သည့် အခါ အမျိုးသမီးများအနေဖြင့် ကလေးငယ်များ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ မိသားစုဘဝကို ဆက်လက် ထိန်းသိမ်းထားရန်နှင့် ဝင်ငွေရှာဖွေရန် စသည့် တာဝန်များအား ယူထားကြရပြီး တပြိုင်နက်တည်းမှာပင် ပြိုကွဲပျက်စီးမှုများကြားမှ ပြန်လည် ရုန်းထနိုင်ရန် ကြိုးပမ်းတည်ဆောက်နေကြရ ပါသည်။အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် မိမိတို့နေအိမ်များအတွင်းတွင်၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရသည့် နေရာများတွင်၊ စားနပ်ရိက္ခာ၊ ရေနှင့် မီးဖိုချောင်သုံး လောင်စာများ စုဆောင်းရန်ကဲ့သို့ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုခံရနိုင်ခြေ အန္တရာယ်များ မြင့်တက် လာလျက်ရှိသည့်အပြင် ဘေးကင်း လုံခြုံမှုမရှိခြင်းနှင့် မိုင်း (သို့) ဗုံး ပေါက်ကွဲမှု ကြုံရနိုင်ခြေ ရှိခြင်းကြောင့် ထပ်ဆင့်အန္တရာယ်များ ပိုမို များပြားစေ လျက်ရှိနေပါသည်။ လူမျိုး၊ မသန်စွမ်းမှု၊ အသက် (သို့) အခြား ကိုယ်ပိုင်ဖြစ်တည်မှု များကြောင့် မူလကတည်းက လူမှုအသိုင်းအဝိုင်းများအတွင်း ဖယ်ကျဉ်ခံထားရသည့် အမျိုးသမီးများအနေဖြင့် အဆိုပါဖိအားများကို ပိုမို ပြင်းထန်ဆိုးရွားစွာ ခံစားကြရပါသည်။ မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ အထောက်အပံ့များမှ ကင်းကွာလျက် နေရပ်စွန့်ခွါတိမ်းရှောင်နေရသည့် အမျိုးသမီးများအတွက် ကလေးပြုစုစောင့်ရှောက်ရေး၊ အသက်မွေး ဝမ်းကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများမှာလည်း ပိုမိုကြီးမားလာပါသည်။ ယင်းမှာ အမျိုးသမီးများ၏ သတ္တိ နှင့် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အတွက် တရားမျှတမှု မဟုတ်ပါ။ပဋိပက္ခ၊ နေရပ်စွန့်ခွါ တိမ်းရှောင်ရခြင်း၊ စီးပွားရေးမဖူလုံခြင်းနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော စုပေါင်း ဖိအားများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို ထိခိုက်စေပါသည်။ အမျိုးသမီး များနှင့် မိန်းကလေးများသည် အများအားဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်လူမှု ပံ့ပိုးမှုများအား လက်လှမ်းမှီ ရရှိခြင်း အလျဉ်းမရှိဘဲ မမြင်သာသည့် စိတ်ဒဏ်ရာများ၊ ပူဆွေးသောကများနှင့် ရေရှည်စိတ်ဖိစီးမှုများကို ထမ်းပိုးနေကြရပါသည်။အမျိုးသမီးများ အားကိုးအားထားပြုနေရသည့် ကူညီပံ့ပိုးမှုစနစ်များမှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ကျဉ်းမြောင်းလာနေပါသည်။ ထိုသက်ရောက်မှုများသည် စိတ်ကူးထင်မြင်ချက်သက်သက်မျှ မဟုတ်ဘဲ အကြမ်းဖက်ခံရပြီး ကြိုးပမ်းရှင်သန်နေရသူများအတွက် ခိုလှုံရာနေရာများနှင့် ကျွမ်းကျင် သားဖွားဆရာမများ နည်းပါးလာခြင်း၊ ပြုစုကုသမှုမရသည့် ကျန်းမာရေးပြဿနာများ များပြားလာခြင်း၊ လူကုန်ကူးခြင်း နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ မြင့်တက်လာခြင်းနှင့် မိန်းကလေးများ ကျောင်းပညာသင်နိုင်သည့် အခွင့်အလမ်းများ နည်းပါးလာခြင်းတို့ကို လက်တွေ့ ကြုံတွေ့ခံစားနေကြရခြင်း ဖြစ်ပါသည်။ မိသားစုများ အနေဖြင့် အခြားရွေးချယ်စရာမရှိသည့် အနေအထားတွင် ခက်ခဲသည့်ဆုံးဖြတ်ချက်များကို မဖြစ်မနေ ချမှတ်ရသည့်အခြေအနေသို့ တွန်းပို့ခံနေကြရပြီး ထိုအကျိုးဆက်များကို ခံစားနေကြသူ အများစုမှာ အမျိုးသမီး များနှင့် မိန်းကလေးများသာ ဖြစ်ကြပါသည်။ နှစ်ရှည်လများ ခွဲခြားဆက်ဆံခံနေရသူများ အပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံမှ အမျိုးသမီးများမှာ အဆိုပါ ဘေးဒုက္ခအန္တရာယ်များအား မတူညီသည့်ပုံစံ အမျိုးမျိုးဖြင့် ရင်ဆိုင်နေကြရပြီး မကြာခဏဆိုသလို ပိုမိုပြင်းထန်ဆိုးရွားသည့် ပုံစံများဖြင့်လည်း ထိခိုက်ခံစားနေကြရပါသည်။ ထိုသို့သော ဖိအားများ ပိုမို များပြားလာလျက်ရှိနေသော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများသည် ဤအကြပ်အတည်းများအကြားမှ ဦးဆောင်နေကြဆဲ ဖြစ်ပါသည်။ တစ်စထက်တစ်စ ပိုမို ကျဉ်းမြောင်း လာနေသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလုပ်ကိုင်နိုင်သည့် ရပ်ဝန်း (Civic space) ၊ ပိုမိုများပြားလာသည့် ဖိအားများ၊ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးမှုများနှင့် ဆိုးရွားသည့် ငွေကြေးဆိုင်ရာ အကန့်အသတ်များ ရှိနေသော်လည်း လက်လှမ်းမီ ရောက်ရှိရန်ကန့်သတ်ချက်များရှိနေသည့် ဒေသများတွင် အမျိုးသမီးများ ဦးဆောင် သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများသည် ကာကွယ်စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ ညွှန်းပို့မှုများ နှင့် ပြုစုစောင့်ရှောက်မှုများပေးအပ်နေဆဲ ဖြစ်ပါသည်။ သာမာန်ထက်လွန်ကဲသည့် အတားအဆီးများရှိနေသော်လည်း၊ အမျိုးသမီးများသည် ယေဘုယျအားဖြင့် ၎င်းတို့အတွက် ရရှိနိုင်သည့် ကျဉ်းမြောင်းလာလျက်ရှိသော နိုင်ငံရေးရပ်ဝန်းအတွင်းမှပင် မိမိတို့၏ အခွင့်အရေးများ၊ ဦးစားပေး ဆောင်ရွက်ရမည့် တာဝန်များနှင့် မိမိတို့လူမှု အသိုင်းအဝိုင်း အတွက် ဆက်လက်တက်ကြွစွာ ရပ်တည်လျက် ထောက်ခံ အားပေး နေကြပါသည်။ ဤမဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုသည် အလွန့် အလွန် ထူးခြားသော်လည်း၊ ကြံ့ကြံ့ခံနိုင်စွမ်း ရှိခြင်းသည် တရားမျှတမှုမဟုတ်ပါ။ကျား-မအခြေပြုအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းအား အသက်ကယ်ဆယ်ရေး အထောက်အကူ အဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ အကြမ်းဖက်မှုမှလွတ်မြောက်ပြီး ကြိုးပမ်းရှင်သန်နေရသူများ ဗဟိုပြု ဝန်ဆောင်မှုများနှင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ဘေးကင်းလုံခြုံရာနေရာများ ရရှိစေရေး အတွက် လုံလောက်သည့် ရန်ပုံငွေ စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်း အပါအဝင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။ များပြားလာနေသည့် အန္တရာယ်များကြားတွင် တဖြည်းဖြည်း လျော့နည်းလာနေသည့် ရင်းမြစ်များဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်နေရသည့် အမျိုးသမီး ဦးဆောင်သည့် အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများ အနေဖြင့် လူမှုအသိုင်းအဝိုင်းများကို တစ်စုတစ်စည်းတည်း စည်းရုံးထားနိုင်ရမည်ဟု တာဝန်ခံခိုင်းရန် မသင့်လျော်ပါ။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်သော ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် များအား အမျိုးသားများနှင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် သီးသန့်လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ပေးအပ်ခြင်း မပြုသင့်ပါ။ အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် နှင့် ဤ အကြပ်အတည်းကို ဖြစ်စေပေါ်သော ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများကို ဖြေရှင်းရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများတွင် အခကြေးငွေမရသည့် ပြုစုစောင့်ရှောက်မှု၊ စီးပွားရေး နှင့် ပညာရေး ဆိုင်ရာ မညီမျှမှုများ၊ အမျိုးသမီးများ ဦးဆောင်မှု နှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပါဝင်ဆောင်ရွက်ခြင်းတို့နှင့် သက်ဆိုင်သည့် အတားအဆီး များအား အသိအမှတ်ပြုသော ကျား-မအလေးထား တုံ့ပြန်ဆောင်ရွက်သည့် ချဉ်းကပ် နည်းလမ်းများနှင့် ပြောင်းလဲတိုးတက်စေ သည့် ချဉ်းကပ်နည်းလမ်းများအား ချမှတ် အကောင် အထည် ဖော်ရမည် ဖြစ်ပါသည်။ လက်လှမ်းမီရရှိမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကိန်းဂဏန်း အချက်အလက် များတွင် အမျိုးသမီးများနှင့် သက်ဆိုင်သည့် အချက်အလက်များ မတွေ့ရခြင်း (သို့) ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှုအား မမြင်တွေ့ရခြင်းမျိုး မဖြစ်စေသင့်ပါ။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အား ဖော်ဆောင်သည့် မည်သည့်လမ်းကြောင်းတွင်မဆို အမျိုးသမီး များ နှင့် မိန်းကလေး များ၏ ဦးဆောင်မှု နှင့် ပါဝင်မှုအား အမည်ခံသက်သက်မျှ မဟုတ်ဘဲ ရေရှည် တည်တံ့သည့် ဖြေရှင်းနည်းလမ်း များအတွက် ကြိုတင်လမ်းခင်းပေးသည့် အခြေအနေများအဖြစ် အရေးပါသည့် နေရာတွင် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။အခွင့်အရေးများကို စောင့်ဆိုင်းနေ၍ မရပါ။ တရားမျှတမှုကို ရွှေ့ဆိုင်းထား၍ မရပါ။ အရေးယူလှုပ်ရှား ဆောင်ရွက်မှုများကို နှောင့်နှေးစေ၍ မရပါ။ ဤအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခါသမယတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ သတ္တိနှင့် ဦးဆောင်မှုသည် ကာကွယ် စောင့်ရှောက်မှု၊ တာဝန်ယူမှု၊ ထိရောက်သည့် ပါဝင်ဆောင်ရွက်မှု နှင့် အညီ ဖြစ်စေသင့်ပြီး ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးရန် စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးရန် လိုအပ်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာတိမ်းရှောင်မှုများ မြင့်တက်လာနိုင်ပြီး လက်မခံနိုင်လောက်အောင် ဆိုးရွားသည့် ဝမ်းရေးဒုက္ခအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး
ရန်ကုန်၊ မြန်မာ - ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် လတ်တလော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ပြီး၊ လူဦးရေ ၁ သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်မည့် ဆာလောင်မွတ်သိပ်မှုအရေးပေါ်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးလိုက်သည်။ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းတို့က လက်ရှိ ရန်ပုံငွေမလုံလောက်မှု ကြုံတွေ့နေရသည့် မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အခြေအနေတွင် ရှိနေသည်။မြန်မာပြည်သူပြည်သားများသည် လက်ရှိအချိန်၌ပင် ဆိုးရွားလှသည့် ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်များမှာ ကျန်းမာရေးအတွက် လုံလောက်သည့် အစားအစာများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိကြသကဲ့သို့ ကလေးငယ် ထောင်ပေါင်းများစွာသည်လည်း အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် လတ်တလောအာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး၊ အာဟာရတန်ဖိုး နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည်။"ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို တိုက်စား ဖျက်ဆီးနေတဲ့အခြေအနေပါ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေပါတယ်" ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ "ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး၊ ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး။ လိုအပ်ချက်ပမာဏက ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်စွမ်းထက် အများကြီး ပိုများနေပါတယ်" ဟု ၎င်းက ဆိုသည်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဥ်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃ ဒဿမ ၆ သန်းမှသည် လာမည့်နှစ်တွင် ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဤသို့ တိုးမြင့်လာမှုကြောင့် လက်ရှိတွင် အနိုင်နိုင် ရုန်းကန်နေရသည့် သန်းနှင့်ချီသော အိမ်ထောင်စုများကို ဆိုးရွားသော ဒုက္ခဆင်းရဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။"ကျွန်တော်တို့အနေနဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်။ တကယ့်ကိုခက်ခဲလှတဲ့ အခြေအနေတွေကြားကပဲ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို နေ့စဉ် ဖြန့်ဝေပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေလိုအပ်ချက်က အကြီးအကျယ် ရှိနေပါတယ်" ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။ "နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့်နှစ်မှာ ဒီအကျပ်အတည်း ပိုမိုဆိုးရွားမလာအောင် တားဆီးဖို့အတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ သံတမန်ရေးရာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်"WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မည်ဖြစ်ပါသည်။သတင်းဓါတ်ပုံများကို ဤနေရာ တွင် ရယူနိုင်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်းကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို Facebook တွင် @WFPinMyanmar မှလည်းကောင်း၊ X (ယခင်က တွစ်တာ) တွင် @wfp_media @WFPAsiaPacific တို့မှလည်းကောင်း ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲဒုက္ခများတိုးလာချိန်၌ ၂၀၂၆ ခုနှစ်အတွက် အရေးပေါ်လိုအပ်ချက်များခန့်မှန်းထားသည့် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂထုတ်ပြန်
လာမည့်နှစ်၌ မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်သည် လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုလိုအပ် ကြမည်ဟု ယနေ့ထုတ်ပြန်သည့် ၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) က လေးနက်ဆင်ခြင်စွာဆန်းစစ်လေ့လာ၍ ခန့်မှန်းထားသည်။ ၂၀၂၁ စစ်အာဏာသိမ်းယူခဲ့ချိန်မှစ၍ ပြင်းထန်လျက်ရှိသည့်ပဋိပက္ခ၊ ကြိမ်ဖန်များစွာကျရောက်သည့် ဘေးအန္တရာယ်များနှင့် ဦးစိုက်နေသည့်စီးပွားရေးအခြေအနေများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေသည် တစ်နှစ်ထက်တစ်နှစ် ဆက်လက်ဆိုးရွားလျက်ရှိသည်။ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ခန့်မှန်းလူဦးရေ ၃ ဒသမ ၆ သန်းခန့် အိုးအိမ်စွန့်ခွာနေကြရလျက်ရှိပါသည်။လာမည့်နှစ်တွင် လူသားချင်းစာနာသည့် အဖွဲ့အစည်းများသည် အထိခိုက်အလွယ်ဆုံးလူဦးရေ ၄ ဒသမ ၉ သန်းထံ အကူအညီရောက်ရှိစေရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအရေအတွက်မှာ ၂၀၂၅ ခုနှစ်က ဦးတည်ခဲ့သည့်လူဦးရေ ၆ ဒသမ ၇ သန်းအောက် များစွာလျော့နည်းပါသည်။ “ကိန်းဂဏန်းတိုင်းရဲ့နောက်ကွယ်မှာ သူတို့မရွေးချယ်ရပါဘဲနဲ့ကြုံလာရတဲ့ ဘေးဒုက္ခတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရှိပါတယ်။” ဟု မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စဂွင်းလူးဝစ်က ပြောပါသည်။ “ကမ္ဘာအနှံ့ အကျပ်အတည်းတွေ များပြားလွန်းတာကြောင့် ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေတာ ကြောင့် လိုအပ်နေသူတွေဟာ ကြားသိမြင်တွေ့ခံထိုက်ပါတယ်။”
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။
သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
ရန်ကုန်မြို့။ အိုင်ယာလန်နိုင်ငံသူ မစ္စဂွင်လူးဝစ်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်း ၂၅ နှစ်တာ အတွေ့အကြုံရှိခဲ့သော မစ္စဂွင်လူးဝစ်စ်သည် ကုလသမဂ္ဂစနစ်အတွင်းတွင်သာမက အခြား ကျယ်ပြန့်သည့် လုပ်ငန်းအတွေ့အကြုံ ရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုသာမက မဟာဗျူဟာမြောက် အမြင်ရှိသူ ဖြစ်ပါသည်။ လက်ရှိတာဝန်ကို မြန်မာနိုင်ငံတွင်မထမ်းဆောင်မီတွင် မစ္စလူးဝစ်စ်သည် ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီတွင် West Bank ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီဌာန (UNRWA) ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့ဂျေရုဆလင်အပါအဝင် ယင်းဒေသတစ်လျောက်တွင် အရေးကြီးဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော အဖွဲ့များကို ဦးဆောင်ခဲ့သည်။ သူမသည် လက်ဘနွန်ရှိ UNRWA ရေးရာ အစီအစဉ်များတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကိုလည်း ထမ်းဆောင်ခဲ့သည်။သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလများတွင် မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရေးပေါ်ဌာနရှိ Global Clusters Coordination ဌာနခွဲကို စီမံခန့်ခွဲခဲ့သည်။မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကိုဆိုဗိုရှိ ကုလသမဂ္ဂမစ်ရှင် (UNMIK)၊ ပါလက်စတိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အယ်လ်ဘေးနီးယားနှင့် တာဂျစ်ကစ္စတန်ရှိ NGO အဖွဲ့များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။မစ္စလူးဝစ်စ်သည် Canterbury ရှိ Kent တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပရေးရာ ဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်သည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။
မြန်မာနိုင်ငံ အတွင်း စံချိန်တင်မြင့်တက်လာသော ဆာလောင် မွတ်သိပ်မှုကို တုံ့ပြန်ရန် ကိုရီးယားသမ္မတနိုင်ငံ နှင့် WFP တို့ REACH အစီအစဥ်ကို စတင်အကောင်အထည်ဖော်
ရန်ကုန်မြို့ - ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် “REACH” ဟု အမည်ပေးထားသည့် ပဋိပက္ခဒဏ်ခံရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။ ပဋိပက္ခ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှုများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တို့၏ စုပေါင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများ ပိုမိုဆိုးရွားလာသည့် လက်ရှိအခြေအနေတွင် အဆိုပါ အစီအစဥ်သည် ပဋိပက္ခဒဏ်ခံစားရသော မိသားစုများထံ အရေးပေါ်အထောက်အပံ့များ ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းလည်းဖြစ်ပါသည်။ကိုရီးယားသမ္မတနိုင်ငံက ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေဖြင့် REACH အစီအစဥ်သည် ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသောဒေသများတွင် WFP မှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာဝယ်ယူရန်ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။ REACH အစီအစဥ်မှတစ်ဆင့် WFP သည် ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ သုံးသိန်း ဝန်းကျင်အား နှစ်လစာ စားနပ်ရိက္ခာများ နှင့်/သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ရန်အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာများမှတစ်ဆင့် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများပေးအပ်သွားမည်ဖြစ်ပါသည်။"အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ REACH (Responding with Emergency Assistance for Conflict-Affected Households) လို့ အမည်ပေးထားတဲ့ ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောကြားသည်။ ထိခိုက်လွယ်ရပ်ရွာလူထုထံ လက်လှမ်းမီနိုင်စေရန်နှင့် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန်အလို့ဌာ WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လက်တွဲပြီး အဆိုပါအထောက်အပံ့များကို လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပါသည်။“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူဖြစ်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ်ဦးဖြစ်လာပါပြီ။ အခု REACH အစီအစဥ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူးပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီတွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလိုပြန်လည်ပြီးတစ်ဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ “စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေပါသည်။ အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်စျေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့်ယှဥ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများအတွက် အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့်အခြေအနေကို ဖြစ်နေပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာပါသည်။ နောက်ဆုံးထွက်ရှိထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ လူဦးရေ ၂ ဒဿမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံက ယခုပေးအပ်လိုက်သောရန်ပုံငွေဖြင့် စားနပ်ရိက္ခာအကူအညီများကို အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရသည့် သွားလာရခက်ကာ ဝေးလံခေါင်းပါးသည့်ဒေသများတွင် ပြန်လည်ပေးအပ်သွားနိုင်စေမည်ဖြစ်ပါသည်။သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၅ ခုနှစ် ဇူလိုင်လ ၀၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
1 / 11