(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ကုလသမဂ္ဂ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနား
ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၈၀ တာကာလအတွင်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်တဲ့ တိုးတက်မှုတို့အတွက် ကုလသမဂ္ဂရဲ့ မယိမ်းယိုင်တဲ့ သန္နိဋ္ဌာန်ကို ပြန်လည် ဆန်းစစ်တဲ့ အခိုက်အတန့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကလို ယနေ့တိုင် အရေးပါတဲ့ အဲဒီတန်ဖိုးတွေက ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ခေါင်းစဉ်-မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စဂွင်လူးဝစ်စ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဝန်ထမ်းများကို အဖွင့်အမှာစကား ပြောကြားခြင်း
ဓာတ်ပုံ - © Thein Zaw Win / UNFPA Myanmar
တကဲ့အနှစ်သာရက ကုလသမဂ္ဂနေ့ဟာ မကြာခဏဆိုသလို မယုံနိုင်လောက်အောင် ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန်တွေကို ရဲစွမ်းသတ္တိ၊ ဂရုဏာ၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ အကောင်အထည်ဖော်နေကြတဲ့ စိတ်အားထက်သန်သူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။ အငြိမ်းစား ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ခဲ့မှုတွေကလည်း ကျွန်တော်တို့ အတူတကွ ရှေ့ဆက် ထိန်းသိမ်းလုပ်ဆောင်ရမဲ့ ထာဝရ အမွေအနှစ်ဖြစ်ပြီး သူတို့ကို ကြိုဆိုခွင့်ရပြီး သူတို့ရဲ့ စကားသံတွေကို နားထောင်ခဲ့ရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
ခေါင်းစဉ်-ကုလသမဂ္ဂ ဝန်ထမ်းများအသင်းအဖွဲ့ ကိုယ်စားလှယ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဝန်ထမ်းများကို အဖွင့်စကား ပြောကြားခြင်း
ဓာတ်ပုံ - © Thein Zaw Win / UNFPA Myanmar
ခေါင်းစဉ်-အငြိမ်းစား ကုလသမဂ္ဂ ဝန်ထမ်း ကိုယ်စားလှယ်များမှ ၎င်းတို့၏ အတိတ်က အတွေ့အကြုံများအား မျှဝေခြင်းနှင့် မြန်မာနိုင်ငံရှိ သမိုင်းမှတ်တိုင်များဖြစ်သော ကုလသမဂ္ဂနေ့ အခမ်းအနားများအကြောင်းကို ရှင်းလင်းတင်ပြခြင်း
ဓာတ်ပုံ - © Thein Zaw Win / UNFPA Myanmar
ခွန်အားဟာ စည်းလုံးညီညွတ်မှုမှာ တည်ရှိပြီး တိုးတက်မှုကို တွန်းအားပေးကာ အားလုံး အတူထားရှိကြရမဲ့ ကတိကဝတ်တစ်ခုလည်း ဖြစ်တာကို ကုလသမဂ္ဂနေ့က သတိပေးနေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စဂွင်လူးဝစ်စ် ပြောကြားခဲ့သလို ကမ္ဘာကြီးမှာ ထိရှလွယ်လာပြီး အရင်းမြစ်တွေကလည်း အကန့်အသတ်ရှိလာနေချိန်မှာ မြန်မာနိုင်ငံသားတို့အတွက် ပံ့ပိုးဆောင်ရွက်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဌာန်ကတော့ မယိမ်းယိုင်သေးပါဘူး။ အဲဒီ စိတ်ဆန္ဒနဲ့အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဆက်လက် ရပ်တည်ဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီ ၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့ အခမ်းအနားအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနဲ့ အစီအစဉ်များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။