သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

‎ (အလွတ်သဘော ဘာသာပြန်ဆိုချက်)

ရန်ကုန်မြို့။  အိုင်ယာလန်နိုင်ငံသူ မစ္စဂွင်လူးဝစ်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်း ၂၅ နှစ်တာ အတွေ့အကြုံရှိခဲ့သော မစ္စဂွင်လူးဝစ်စ်သည် ကုလသမဂ္ဂစနစ်အတွင်းတွင်သာမက အခြား ကျယ်ပြန့်သည့် လုပ်ငန်းအတွေ့အကြုံ ရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုသာမက မဟာဗျူဟာမြောက် အမြင်ရှိသူ ဖြစ်ပါသည်။ လက်ရှိတာဝန်ကို မြန်မာနိုင်ငံတွင်မထမ်းဆောင်မီတွင် မစ္စလူးဝစ်စ်သည် ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီတွင် West Bank ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီဌာန (UNRWA) ဒါရိုက်တာအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့ဂျေရုဆလင်အပါအဝင် ယင်းဒေသတစ်လျောက်တွင် အရေးကြီးဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော အဖွဲ့များကို ဦးဆောင်ခဲ့သည်။ သူမသည် လက်ဘနွန်ရှိ UNRWA ရေးရာ အစီအစဉ်များတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကိုလည်း ထမ်းဆောင်ခဲ့သည်။

သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလများတွင် မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရေးပေါ်ဌာနရှိ  Global Clusters Coordination ဌာနခွဲကို စီမံခန့်ခွဲခဲ့သည်။မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကိုဆိုဗိုရှိ ကုလသမဂ္ဂမစ်ရှင် (UNMIK)၊ ပါလက်စတိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အယ်လ်ဘေးနီးယားနှင့် တာဂျစ်ကစ္စတန်ရှိ NGO အဖွဲ့များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စလူးဝစ်စ်သည် Canterbury ရှိ Kent တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပရေးရာ ဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်သည်။ 
 

Lesly Lotha

လက်စ်လီ လိုသာ

RCO
Strategic Outreach Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

RCO
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ