နောက်ဆုံးပေါ်
ဗွီဒီယို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နှစ်သစ်သတင်းစကား
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နှစ်သစ်သတင်းစကား
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
Matlamat Pembangunan Mampan ialah seruan global untuk bertindak bagi menamatkan kemiskinan, melindungi alam sekitar dan iklim bumi, dan memastikan bahawa orang ramai walau di mana mereka berada dapat menikmati keamanan dan kemakmuran. Inilah matlamat yang diusahakan oleh PBB di Malaysia:
ဗွီဒီယို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နှစ်သစ်သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)နှစ်သစ်ကို ကူးပြောင်းဝင်ရောက်တာနဲ့အမျှ ကမ္ဘာကြီးဟာ အဆုံးအဖြတ်ပေးရမယ့် လမ်းစုံလမ်းခွတစ်ခုကို ရောက်ရှိနေပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မငြိမ်သက်မှုတွေနဲ့ မရေရာ မသေချာမှုတွေရှိနေပါတယ်။ခွဲခြားမှု၊ အကြမ်းဖက်မှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့ နိုင်ငံတကာ ဥပဒေကို စနစ်တကျ ချိုးဖောက်နေမှုတွေ ဖြစ်ပေါ်နေပါတယ်။လူသားမိသားစုအနေနဲ့ ကျွန်တော်တို့တွေ လိုက်နာဆောင်ရွက်ကြရတဲ့ အခြေခံမူတွေကနေ ဆုတ်ခွာနေပါတယ်။နေရာစုံက လူတွေက “ခေါင်းဆောင်တွေ တကယ် နားထောင်နေကြရဲ့လား။ လက်တွေ့ဆောင်ရွက်ဖို့ အသင့်ဖြစ်ပြီလား။ “ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။လှိုင်းထန်တဲ့ နှစ်တစ်နှစ်ကနေ နောက်စာမျက်နှာတစ်ခုကို လှန်တဲ့အခါ စကားလုံးတွေထက် ကျယ်ကျယ်လောင်လောင်ဖော်ပြနေတဲ့ အချက်တစ်ခုက -ကမ္ဘာလုံးဆိုင်ရာ စစ်ရေး အသုံးစာရိတ်ဟာ ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီး ၂.၇ ထရီလီယံဒေါ်လာအထိ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။အဲဒီပမာဏဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအားလုံးထက် ၁၃ ဆ ပိုများနေပြီး အာဖရိကတစ်တိုက်လုံးရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်နဲ့ ညီမျှပါတယ်။ဒုတိယကမ္ဘာစစ်ကတည်းက မတွေ့ကြုံဖူးသေးတဲ့ အတိုင်းအတာနဲ့ ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ဒါတွေအားလုံး ဖြစ်ပျက်နေတာပါ။ဒီနှစ်သစ်မှာ ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်ရမှာတွေကို မှန်မှန်ကန်ကန် သတ်မှတ်လုပ်ဆောင်နိုင်ဖို့ သန္နိဋ္ဌာန်ချကြရအောင်ပါ။ပိုမိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာကိုတည်ဆောက်ဖို့အတွက် စစ်အသုံးစရိတ်တွေ လျှော့ချပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ ရင်းနှီးမြှုပ်နှံခြင်းနဲ့ စတင်ရပါမယ်။ ငြိမ်းချမ်းရေးကသာ လွှမ်းမိုးအောင်နိုင်ရပါမယ်။လူ့ဘဝတွေကို မြှင့်တင်ဖို့၊ ကမ္ဘာမြေကို ကုစားဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ ကမ္ဘာကြီးမှာ အရင်းအမြစ်တွေရှိတာက ရှင်းပါတယ်။၂၀၂၆-ခုနှစ်မှာ အလေးအနက်ထားဆောင်ရွက်ဖို့၊ နာကျင်ခံစားမှုတွေထက် လူသားတွေနဲ့ ကမ္ဘာမြေကို ရွေးချယ်ဖို့ နေရာစုံက ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်။နောက်ပြီး ဒီသတင်းစကားကို ကြားသိရသူတိုင်းကိုလည်း မိမိတို့ရဲ့ ဆိုင်ရာ ကဏ္ဍအသီးသီးက ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ကျွန်တော်တို့ရဲ့ အနာဂတ်က လက်တွေ့လုပ်ဆောင်ဖို့ စုပေါင်းသတ္တိအပေါ်မှာ မူတည်ပါတယ်။တရားမျှတမှုအတွက်၊ လူသားဆန်မှုအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ဒီနှစ်သစ်မှာ အတူတကွ နိုးထကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)၏ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့ သတင်းစကား
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများနေ့ပါ။ ဒီနေ့မှာ မြန်မာပြည်အတွင်းရော၊ ပြည်ပမှာရော ရှိနေကြတဲ့ ရွှေ့ပြောင်းသွားလာ နေထိုင်သူများတွေကို ဂုဏ်ပြုလိုက်ပါတယ်။ ရွေးချယ်စရာမရှိလို့ မဟုတ်ဘဲ မဖြစ်မနေလိုအပ်လို့ အရာအားလုံးစွန့်ခွာခဲ့ရတဲ့ သူတွေရဲ့ သတ္တိကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။ သူတို့ရဲ့ ခရီးက မလွယ်ကူပေမယ့် သူတို့ရဲ့ ဇွဲ၊ ကြံ့ကြံ့ခံနိုင်စွမ်း၊ ကျွမ်းကျင်မှုနှင့် ပံ့ပိုးမှုတွေက အရေးပါပါတယ်။ ဘေးကင်းလုံခြုံပြီး အထောက်အကူဖြစ်စေတဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ အသက်အန္တရာယ်ကို ကာကွယ်ပေးရုံသာမက မိသားစုတွေနဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းတွေကိုပါ အားကောင်းလာစေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇာတ်လမ်းတွေဟာ အသိအမှတ်ပြုခံထိုက်ပြီး နားထောင်ထိုက်တဲ့ ဇာတ်လမ်းတွေပါ။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်။
16 Days of Activism against Gender-based Violence
Yangon: The United Nations in Myanmar has called on the Assembly of the Union to adopt a comprehensive Protection and Prevention of Violence against Women Law.
The UN Resident Coordinator and Humanitarian Coordinator in Myanmar, Mr Ola Almgren, was speaking at a high-level event marking the International Day to End Violence Against Women and launching 16 Days of Activism against Gender-Based Violence.
“The adoption of the Protection and Prevention of Violence against Women law and other gender-responsive legislation would be an important step, as they not only help to protect women and girls from abuse, but also to hold perpetrators of violence accountable,” Mr. Almgren said.
“I am confident that the elected Members of Parliament recognise the significance of this law and will take decisive action towards its timely adoption. Such legislation must be in line with the Convention on the Elimination of All Forms of Discrimination Against Women, ratified by Myanmar already in 1997.”
Mr Almgren was speaking at the online event organized by the Ministry of Social Welfare, Relief and Resettlement to highlight the problem of violence against women, which he said had been exacerbated through the COVID-19 crisis.
“There are worrying signs that cases of intimate partner violence have increased especially during times when stay-at-home orders are in place. Lockdown restrictions and working from home arrangements are designed to protect us from the pandemic, but they have unfortunately left many survivors trapped behind closed doors with their abusers.”
Mr Almgren said important progress has been made by the Ministry of Social Welfare, Relief and Resettlement, and the Ministry of Health and Sports, to develop the response to gender-based violence.
“While these developments are promising, we must continue working together to remove remaining barriers survivors face when trying to access essential services.”
“There is a need to continue existing health care-, justice-, policing- and social services for survivors, while increasing their accessibility in the context of the COVID-19 pandemic.”
“At the same time, we also have to scale up gender-based violence prevention and response services, such as hotlines, safe houses, government subsidies, awareness-raising through radio, television and social media.”
“I encourage government agencies and related organizations working on social protection to prioritize resources to respond to incidents of gender-based violence and to develop specific plans on how to respond to such incidents during and after the emergency.”
Ends
5 ၏ 1
မိန့်ခွန်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂနေ့ သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)“ကျွန်ုပ်တို့ ကုလသမဂ္ဂအဖွဲ့၏ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်......”ဒီစကားရပ်တွေဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အဖွင့်စကားဖြစ်ရုံသာမကဘဲ ကျွန်တော်တို့တတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဖွင့်ဆိုထားတာပါ။ကုလသမဂ္ဂဆိုတာ အဖွဲ့အစည်းတစ်ခုဆိုတာထက် ပိုပါတယ်။ နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့တိုက်ကြီးတွေကို ပေါင်းကူးပေးကာ မျိုးဆက်တွေကို စေ့ဆော်ပေးနေတဲ့ ရှင်သန်နေတဲ့ ကတိတစ်ခုဖြစ်ပါတယ်။နှစ်ပေါင်း ရှစ်ဆယ်တာကာလအတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ပိုမို ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။ရှေ့ကို မျှော်ကြည့်မယ်ဆိုရင် ပြင်းထန်လာနေတဲ့ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ ထိန်းမနိုင် သိမ်းမရ နည်းပညာတွေနဲ့ ကျွန်တော်တို့ အဖွဲ့ကြီးရဲ့ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်နေမှုတွေ စတဲ့ ကြီးထွားလာနေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။တွန့်ဆုတ်နေဖို့ ဒါမှမဟုတ် နောက်ဆုတ်ဖို့ အချိန်မဟုတ်ပါဘူး။အခုအချိန်အခါက ပိုလို့ပင် ဘယ်နိုင်ငံကမှ မိမိဖာသာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့ ကမ္ဘာကြီးက ထပ်မံ ကတိကဝတ်ပြုကြရမဲ့ အချိန် ဖြစ်ပါတယ်။ယနေ့ကျရောက်တဲ့ ကုလသမဂ္ဂနေ့မှာ အားလုံးရဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထူးခြားတဲ့ ကတိကဝတ်ကို အတူတကွ ရပ်တည်ကာ အကောင်အထည်ဖော်ကြရအောင်ပါ။“ကျွန်ုပ်တို့ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့” တစုတစည်းတည်း လုပ်ဆောင်ဖို့ ရွေးချယ်တဲ့အခါ ဘယ်အရာတွေ ဖြစ်နိုင်သလဲဆိုတာ ကမ္ဘာကို ပြကြရအောင်ပါ။
5 ၏ 1
ဗွီဒီယို
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်။
ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗွီဒီယိုသတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်က စစ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာမှာ နိုင်ငံတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို အနိုင်ယူနိုင်ဖို့ စုရုံးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကတည်းက ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သတိမလစ်ဟင်းသင့်ကြောင်း မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေက သက်သေပြနေပါတယ်။ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ဖို့နဲ့ အားလုံးကို ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ထောက်ပံ့နိုင်ဖို့ ကိရိယာတွေ၊ အသိပညာနဲ့ အရင်းမြစ်တွေ ရှိပါတယ်။ လိုအပ်နေတာက စည်းလုံးညီညွတ်မှုပါ။ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၆၇၃ သန်းဟာ ညတိုင်း ဆာလောင်မွတ်သိပ်လျက် အိပ်ရာဝင်နေရဆဲဖြစ်ပါတယ်။ လူပေါင်းများစွာကလည်း နောက်တစ်နပ်အတွက် မသေချာမရေရာမှုကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်မှုက အလွန် နှေးကွေးနေပြီး တချို့ဒေသတွေမှာ နောက်ပြန်သွားနေပါတယ်။ဆယ်စုနှစ်တလျောက် အဝလွန်တာတွေ တိုးမြင့်လာမှုကနေ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတဲ့ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေအထိ စိန်ခေါ်မှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရှက်စရာကောင်းတာက ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချနေတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ အစာရေစာခေါင်းပါးစေပြီး လူတွေကို ငတ်မွတ်နေစေတဲ့ ထိပ်လန့်ဖွယ် အဖြစ်မှန်ကို ရင်ဆိုင်နေရပါတယ်။ဒီနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လက်ချင်းတွဲညီ၊ ပိုမိုကောင်းမွန်တဲ့ အစာအာဟာရနဲ့ အနာဂတ်ဆီ” က နယ်နမိတ်တွေ၊ ကဏ္ဍတွေနဲ့ လူမှုအသိုက်အဝန်းတွေအကြား စည်းလုံးညီညွတ်မှုရှိဖို့ တောင်းဆိုချက် ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ စားနပ်ရိက္ခာစနစ်များထိပ်သီးအစည်းအဝေးမှာ နိုင်ငံတွေ ထုတ်ဖော်ခဲ့တဲ့ ဦးစားပေးကိစ္စရပ်တွေနဲ့ ဆောင်ရွက်ရမယ့် အဓိက နယ်ပယ် ခြောက်ခုကို သတ်မှတ်ထားတဲ့ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်ရန် တောင်းဆိုချက်တို့ကို ထပ်မံ ဖော်ထုတ်မှုလည်း ဖြစ်ပါတယ်။အတူတကွ တုံ့ပြန်ဆောင်ရွက်ကြရအောင်ပါ။ လူတွေကို အာဟာရရှိစေပြီး ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ အစားအစာစနစ်တွေ ဖန်တီးဖို့ နောက်ထပ် တစ်ဖန် အတူတကွ ပူးပေါင်းကြရအောင်ပါ။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်။
မန္တလေးနဲ့ စစ်ကိုင်းတလျောက်က မြန်မာပြည်သူတွေရဲ့ တိတ်တဆိတ် သန္နိဋ္ဌာန်
မန္တလေးနဲ့ စစ်ကိုင်းကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် မကြာသေးမီက တာဝန်ယူထားသူ ဂွင်လူးဝစ်စ်ဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေရှိနေပေမဲ့ ပြည်သူတွေ အချင်းချင်း ကူညီထောက်ပံ့ပေးကာ ဆက်လက်ရှင်သန်နေတာကို တွေ့မြင်ခဲ့ပါတယ်။ မှောင်မိုက်နေတဲ့ လမ်းတွေ၊ ပျက်စီးနေတဲ့ အဆောက်အဦးတွေ၊ လမ်းပိတ်ဆို့မှုတွေအပြင် ပဋိပက္ခဒဏ်နဲ့ မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် နှစ်မျိုးလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြရတဲ့ မိသားစုတွေ စတာတွေက စကားလုံးတွေနဲ့ ဖော်ပြတာထက် ပိုပါတယ်။ ဒါပေမဲ့ အဲဒီ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရပ်ရွာလူထုနဲ့ မိသားစုတွေဟာ အချင်းချင်း ယိုင်းပင်းကူညီကာ ရှင်သန်နေကြတာဟာ သူတို့တွေရဲ့ တိတ်ဆိတ်ပြီး ခိုင်မာတဲ့ သန္နိဋ္ဌာန်ဘဲ ဖြစ်ပါတယ်။မန္တလေးမြို့တခွင်မှာ လျှပ်စစ်မီးက ပျက်လိုက် လာလိုက် ဖြစ်နေပြီး လမ်းတွေအကုန် ခဏ မှောင်မိုက် သွားရာကနေ မီးစက်တွေရဲ့ ဆူညံသံတွေနဲ့အတူ မီးတွေ ပြန်လင်းလာပါတယ်။ ညနေခင်း ခပ်စောစောမှာပင် မြို့ဟာ တိတ်ဆိတ်စပြုနေပြီဖြစ်ပြီး ည ၉ နာရီလောက်ဆိုရင်တော့ လမ်းတွေပေါ်မှာ မော်တော်ဆိုင်ကယ်တွေ အသွားအလာ ကျဲပါးလာပြီး ရှင်းစပြုလာပါတော့တယ်။ နေ့အလင်းရောင်အောက်မှာတော့ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေရဲ့ အမှတ်အသားတွေက ပိုပြီး ထင်ရှားနေပါတယ်။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေဟာ အကာအရံတွေနောက်မှာ ရှိနေပါတယ်။ စစ်ကိုင်းမြို့နဲ့ ဆက်သွယ်ထားတဲ့ တစ်ချိန်က စည်ကားလှတဲ့ ရှေးဟောင်း တံတားကြီးဟာလည်း ပြိုကျ ပျက်စီးနေပြီး သူ့နဘေးက တံတားအသစ်ကြီးဘေးမှာ မြစ်ကမ်းပါးကို အမာရွတ်တစ်ခုသဖွယ် ဖြတ်တောက်ထားပါတယ်။ မန္တလေးမြို့တခွင်မှာ ရွှေ့ပြောင်းနေထိုင်နေသူ အရေအတွက်က အတော်မြင့်မားပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေ ပါဝင်တဲ့ မိသားစု အများအပြားဟာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကနေ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် တစ်ဖန် ထပ်ပြီး ရွှေ့ပြောင်းခဲ့ကြရတာ ဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းဒေသမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်ပြီး ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်သူ (IDPs) အများဆုံး နေထိုင်ရာနေရာဖြစ်ကာ ခန့်မှန်းခြေ ဦးရေ ၁.၇ သန်းရှိပါတယ်။မန္တလေးဒေသတွင်းက ယာယီခိုလှုံရာစခန်းတစ်ခုရဲ့အပြင်ဖက် တောက်ပနေတဲ့ ဘုရားစေတီတစ်ဆူရဲ့ ရှေ့ နားမှာ အမျိုးသမီးတစ်စုဟာ မစ္စလူးဝစ်စ်နဲ့ စကားစမြည်ပြောဆိုဖို့ စုရုံးနေကြပါတယ်။ အစပိုင်းမှာတော့ သူတို့တတွေဟာ ရှက်ရွံ့နေကြပေမဲ့ ပထမဇာတ်ကြောင်းတစ်ခုကို ဝေမျှပြီးချိန်မှာတော့ လူတိုင်း ရှေ့ထွက်ပြီး ပြောကြပါတော့တယ်။ လျှပ်စစ်မီးမရှိဘဲ ခိုလှုံရာနေရာတွေမှာ လူတွေ ပြည့်ကျပ်နေပုံ၊ သတ္တုအိုးတွေထဲ ထုံးပေါက်တဲ့ မသန့်ရှင်းတဲ့ရေတွေအကြောင်းနဲ့ နာရီပေါင်းများစွာ မကြာခဏဆိုသလို ည ၁၀ နာရီထိ အလုပ်လုပ်ပြီးမှ တစ်နေ့လျှင် ငွေ ၈၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ) သာ ရရှိပုံတွေကို ပြောပြကြပါတယ်။ အမျိုးသမီး တစ်ဦးက မသန်စွမ်းသူ မိခင်နဲ့ နာမကျန်းဖြစ်နေတဲ့ ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို ကျွေးမွေးပြုစုနေရကြောင်း ရှင်းပြပါတယ်။ အဲဒီမှာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမရှိ၊ အနီးအနားမှာ ဆေးပေးခန်းမရှိ၊ သွားလာဖို့ လမ်းစရိတ်ပင်မရှိကြောင်းတွေလည်း ပါဝင်ပါတယ်။ နောက်ထပ်အမျိုးသမီးတစ်ဦးက စိုက်ခင်းတွေမှာ အလုပ်လုပ်ဖူးပေမဲ့ လက်ရှိနေထိုင်ရာနေရာမှာ စိုက်ပျိုးစရာ မြေမရှိ၊ ကိရိယာမရှိဘဲ ပြန်လည်စတင်ဖို့ နည်းလမ်းမဲ့နေကြောင်း ပြောပြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးက သူမရဲ့ မြေးတွေနဲ့အတူ ထိုင်နေရင်း မန္တလေးမြို့ပေါ်ကို ဆေးကုဖို့သွားရင် ကုန်ကျစရိတ်မှာ တုတ်တုတ် သုံးဘီးယာဉ်ခ တစ်ကြောင်းကို ၅၀၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာခန့်) ပေးရကြောင်း ရှင်းပြပါတယ်။ တချို့မှာ ဘေးကင်းလုံခြုံဖို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှာ အရာအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ တချို့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့က ထွက်ပြေးဖို့ ငွေကျပ် သိန်း ၅၀-၆၀ (အမေရိကန်ဒေါ်လာ ၁၂၀၀-၁၅၀၀ ခန့်) ပေးခဲ့ကြရပြီး ဘေးကင်းလုံခြုံတဲ့နေရာရောက်ဖို့အတွက် လမ်းခရီးမှာ ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခု ထုခွဲရောင်းချခဲ့ကြရပြီး ဘာမှမကျန်တော့ပါ။ကလေးငယ်တွေက အနီးအနားမှာ အဖြစ်အပျက်တွေကို နားထောင်နေကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ အမာရွတ်တွေ ကျန်ရှိနေတဲ့ ၁၂-နှစ်အရွယ် မိန်းကလေးတစ်ဦးအကြောင်းနဲ့ ပဋိပက္ခတွေကြောင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်ရင်း မွေးဖွားလာခဲ့တဲ့ ရှစ်လသား ကလေးတစ်ယောက်အကြောင်းတွေ ပါဝင်ပါတယ်။ သူစိမ်းတွေအဖြစ် စတင်ခဲ့ကြပေမဲ့ ဒီနေရာမှာ သူတို့တတွေဟာ အချင်းချင်း မှီခိုအားထားတတ်အောင် သင်ယူခဲ့ကြပြီး မိသားစုတစ်ခု ဖြစ်လာခဲ့ကြပါပြီ။မစ္စလူးဝစ်စ်က သူတို့ကို အိမ်ပြန်လို့ရရင် ပြန်ကြမှာလားလို့မေးတဲ့အခါ ပြန်ကြမယ်လို့ ချက်ချင်း အတူတူ အဖြေပေးကြတာပါ။ နေအိမ်တွေ ပျက်စီးနေတဲ့တိုင်အောင် စုဆောင်းထားငွေ မရှိတာတောင်မှ နေရပ်ပြန်လို့ရရင် ပြန်မှာလို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ သူတို့က ဆုံးရှုံးထားသမျှကို ပြန်လည်ထူထောင်ဖို့အတွက် ခရီးစရိတ်နဲ့ စားနပ်ရိက္ခာအကူအညီကိုသာ တောင်းဆိုကြပါတယ်။ မန္တလေးနဲ့ စစ်ကိုင်း ဒေသနှစ်ခုလုံးမှာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ရပ်ကွက်တွေမှာ ပျက်စီးကျန်ရစ်ခဲ့ပြီး တချို့ကို ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ လူအများအပြားမှာ ထွက်ပြေးဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့ကြပါတယ်။ ပျက်စီးနေတဲ့ ရပ်ကွက်တွေအတွင်း လျှောက်သွားရင်း ပြိုကျနေတဲ့ နေအိမ်တွေ၊ အက်ကွဲနေတဲ့ အိမ်နံရံတွေ၊ အုတ်ကျိုးတွေကြားမှာ ပြန့်ကျဲနေတဲ့ နေ့စဉ် အိမ်သုံးပစ္စည်းအစအနတွေကို ဖြတ်ကျော်ရတာက မိသားစုတွေ ဆုံးရှုံးခဲ့ကြရတဲ့ အရာတွေသာမက ပုံမှန်ဖြစ်တည်မှုကနေ ရုတ်တရက် ပျက်စီးသွားခဲ့ရမှုကိုပါ ပြင်းပြင်းထန်ထန် သတိပေးနေပါတယ်။ ဒီပျက်စီးမှုနဲ့ ယှဉ်တွဲပြီး လုံခြုံမှု သိပ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဘေးကင်းလုံခြုံရာနေရာတွေကို ဖန်တီးပေးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ထူးခြားတဲ့ အားထုတ်မှုကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကို ဆက်လက်ရှင်သန်စေတာ ဖြစ်ပါတယ်။ဒါပေမဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက ကြီးမားနေပေမဲ့ အရင်းအမြစ်တွေက နည်းပါးနေပါသေးတယ်။ မြန်မာနိုင်ငံတဝန်းမှာ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ လျော့နည်းလာနေပြီး အကူအညီပေးရေးလမ်းကြောင်းတွေ တင်းကြပ်လာမှုတွေကြောင့် ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသူတွေအားလုံးအနေနဲ့ တိုးမြင့်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန် နေကြရပါတယ်။ ပြည်သူတွေရဲ့ လတ်တလော ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေးဟာ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ရပ်ရွာလူထုတွေဟာ နှစ်ပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပြီးမှာ ပြန်လည်တည်ဆောက်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့တို့အတွက် နည်းလမ်းတွေလည်း လိုအပ်ပါတယ်။ အဲဒီ အဖြစ်မှန် နှစ်ရပ်ကို ခွဲခြားလို့ မရနိုင်ပါဘူး။ အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးခြားတုံ့ပြန်မှုတွေထက် လိုအပ်မှုတွေရှိနေပါတယ်။ အေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အတူလက်တွဲ ဆောင်ရွက်ရန်လိုပြီး ဒါမှသာ ပြည်သူတွေ အကျပ်အတည်းတစ်ခုက လွတ်မြောက်နိုင်ပေမဲ့ နောက်အကျပ်အတည်းတစ်ခုသို့ ကျရောက်သွားခြင်း မရှိမှာ ဖြစ်ပါတယ်။ အခုအခါမှာ စေတနာ ထက်သန်တဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးကွန်ယက်တွေက ပြည်သူတွေ ရပ်တည်နိုင်အောင် တတ်နိုင်သမျှ ထောက်ပံ့ကာ ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သန္နိဋ္ဌာန်က ထူးခြားသော်ငြားလည်း နိုင်ငံတကာ အသိုက်အဝန်းက ကူညီပံ့ပိုးပေးရမဲ့ ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်း၊ ထောက်ပံ့မှုနဲ့ အကာအကွယ်ပေးမှု စတာတွေကို အစားထိုးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီတွေ့ဆုံမှုတွေကို ပြန်တွေးရင်း မစ္စလူးဝစ်စ်က “ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ် နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခဲ့တဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ မြန်မာပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေခဲ့တဲ့ ဆက်ပြီးလည်း ရင်ဆိုင်နေကြရတဲ့ ခက်ခဲကြမ်းတမ်းမှု ပမာဏကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ရပါတယ်။ ဒါပေမဲ့ အဲဒါက အရင်းအမြစ်အနည်းငယ်မျှနဲ့ ထောက်ပံ့ကူညီနေကြတဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးကွန်ယက်တွေရဲ့ ထူးခြားတဲ့ သန္နိဋ္ဌာန်ကို ပြသနေတာပါ။ အဲဒီ လူမှုအသိုက်အဝန်းတွေမှာ ခွန်အားရှိပေမဲ့ ခွန်အားတစ်ခုတည်းက ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာ ဒါမှမဟုတ် မျှော်လင့်ချက်ကို အစားမထိုးနိုင်ပါဘူး။ သူတို့က ကမ္ဘာက အခုထိ ပေးအပ်ခဲ့တာတွေထက် များစွာ ပိုထိုက်တန်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။မှေးမှိန်လာတဲ့ နေ့အလင်းရောင်အောက်မှာ စစ်ဆေးရေးဂိတ်တွေ၊ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ သွားလာနေဆဲ သူတို့ရဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေကြားမှာ တွေ့ဆုံပြောဆိုမှုတွေ ပြီးဆုံးသွားပြီးနောက်တိုင်အောင် စိတ်ခံစားမှုတစ်မျိုး လေထုထဲမှာ ကျန်နေခဲ့ပါတယ်။ “ခင်ဗျားတို့တွေ ဒီကို ရောက်လာတဲ့အတွက် ကျွန်မတို့တွေကို မမေ့သေးဘူးလို့ ခံစားရပါတယ်” - အဲဒီစကားရပ်က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုက ဘာ့ကြောင့် အရေးပါတယ်ဆိုတာကို သတိပေးနေတာ ဖြစ်ပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်။
၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့
ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၈၀ တာကာလအတွင်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်တဲ့ တိုးတက်မှုတို့အတွက် ကုလသမဂ္ဂရဲ့ မယိမ်းယိုင်တဲ့ သန္နိဋ္ဌာန်ကို ပြန်လည် ဆန်းစစ်တဲ့ အခိုက်အတန့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကလို ယနေ့တိုင် အရေးပါတဲ့ အဲဒီတန်ဖိုးတွေက ဆက်ရှိနေမှာ ဖြစ်ပါတယ်။ တကဲ့အနှစ်သာရက ကုလသမဂ္ဂနေ့ဟာ မကြာခဏဆိုသလို မယုံနိုင်လောက်အောင် ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန်တွေကို ရဲစွမ်းသတ္တိ၊ ဂရုဏာ၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ အကောင်အထည်ဖော်နေကြတဲ့ စိတ်အားထက်သန်သူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ်။ အငြိမ်းစား ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ခဲ့မှုတွေကလည်း ကျွန်တော်တို့ အတူတကွ ရှေ့ဆက် ထိန်းသိမ်းလုပ်ဆောင်ရမဲ့ ထာဝရ အမွေအနှစ်ဖြစ်ပြီး သူတို့ကို ကြိုဆိုခွင့်ရပြီး သူတို့ရဲ့ စကားသံတွေကို နားထောင်ခဲ့ရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ခွန်အားဟာ စည်းလုံးညီညွတ်မှုမှာ တည်ရှိပြီး တိုးတက်မှုကို တွန်းအားပေးကာ အားလုံး အတူထားရှိကြရမဲ့ ကတိကဝတ်တစ်ခုလည်း ဖြစ်တာကို ကုလသမဂ္ဂနေ့က သတိပေးနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စဂွင်လူးဝစ်စ် ပြောကြားခဲ့သလို ကမ္ဘာကြီးမှာ ထိရှလွယ်လာပြီး အရင်းမြစ်တွေကလည်း အကန့်အသတ်ရှိလာနေချိန်မှာ မြန်မာနိုင်ငံသားတို့အတွက် ပံ့ပိုးဆောင်ရွက်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ သန္နိဌာန်ကတော့ မယိမ်းယိုင်သေးပါဘူး။ အဲဒီ စိတ်ဆန္ဒနဲ့အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဆက်လက် ရပ်တည်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီ ၂၀၂၅ခုနှစ် ကုလသမဂ္ဂနေ့ အခမ်းအနားအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနဲ့ အစီအစဉ်များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်။
ဂန္ဓမာပန်းများနှင့်အတူ ဖူးပွင့်လာသော အနာဂတ် – လယ်ယာလုပ်ကိုင်နေသောအမျိုးသမီးများရဲ့ ပြောင်းလဲလာသော အသက်မွေးဝမ်းကျောင်း
မရေရာသော ရိတ်သိမ်းမှုဘဝမှ စည်ပင်ဖွံ့ဖြိုးသော ပန်းစိုက်ပျိုးရေးသို့မနက်ခင်းတိုင်း မစိုးစိုးဝင်းသည် သူမရဲ့ လှပသေးငယ်တဲ့ ပန်းခြံထဲကို ဝင်ရောက်ပြီး အစိမ်းရင့်ရောင် အဖူးလေးများမှ ရွှေဝါရောင် ဂန္ဓမာပန်းများ အဖြစ် တဖြည်းဖြည်း ဖူးပွင့်လာပုံကို စောင့်ကြည့်လေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်ကအထိတော့ အလှမ်းဝေးတဲ့ အိပ်မက်တစ်ခုအဖြစ်သာ ရှိနေခဲ့တာပါ။ “အရင်တုန်းကဆို ပန်းစိုက်တာဟာ ကျွန်မတို့လို လူတွေအတွက် မဟုတ်ဘူးလို့ပဲ ထင်ခဲ့မိတယ်” ဟု မစိုးစိုးဝင်းက အားတက်သရော ပြောပြပါတယ်။ သူမက အသက် ၄၀ အရွယ်ဖြစ်ပြီး သူမရဲ့မိဘ၊ အစ်မနဲ့ အတူ ကြအိုကျွန်းမှာ နေထိုင်ပါတယ်။ “ဒါပေမယ့် အခုဆိုရင် ဒီမြေကွက်လေးကနေပဲ လစဉ် ဝင်ငွေရအောင် လုပ်နိုင်နေပြီ” လို့ သူမက ဆက်ပြောပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ကမ်းခြေကျေးရွာလေးတစ်ခုဖြစ်တဲ့ ကြအိုကျွန်းမှာရှိတဲ့ မိသားစုအတော်များများလိုပဲ မစိုးစိုးဝင်းတို့မိသားစုဟာလည်း စိုက်ပျိုးရေး၊ အသေးစား ကုန်သွယ်ရေးနှင့် ငါးဖမ်းလုပ်ငန်းတို့ကို အားကိုးအားထားပြု လုပ်ကိုင်ကြရပါတယ်။ သူမနဲ့ သူ့အစ်မတို့ဟာ ချဉ်ပေါင်နှင့် ပြောင်းဖူးလို ရာသီစာ သီးနှံတွေကို အဓိက စိုက်ပျိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဝင်ငွေရဲ့ မရေရာမှုကတော့ ကြီးမားတဲ့ စိုးရိမ်စရာ တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။တည်ငြိမ်သောအသက်မွေးမှုဆီသို့ ပထမဆုံးခြေလှမ်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ UNDP ရဲ့ ENCORE စီမံကိန်းက ကျေးရွာမှာ “ပူးပေါင်းပါဝင်သော အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အကဲဖြတ်ခြင်း (PLA)” ကို ကျင်းပပေးတဲ့အခါမှာ အခြေအနေတွေ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကျေးရွာအတွင်းက အထိခိုက်လွယ်ဆုံး အိမ်ထောင်စုတွေမှ အမျိုးသမီးများကိုစုစည်းပြီး အသက်မွေးမှုဘဝကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းအသစ်တွေကို ရှာဖွေဖို့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒေသခံအမျိုးသမီးများရဲ့ လက်ရှိကျွမ်းကျင်မှုများ၊ ဈေးကွက်ရဲ့လိုအပ်ကို ဆန်းစစ်မှုများနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲ အဟန့်အတားများကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အားလုံးရဲ့ စိတ်ကူးတစ်ခုကတော့ ဂန္ဓမာပန်း စိုက်ပျိုးမှုဖြစ်ပြီး ထိုအကြောင်းအရာကို ပဲ တစ်ညီတစ်ညွှတ်တည်း ထပ်ခါ ထပ်ခါဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဂန္ဓမာပန်းတွေဟာ ပန်းတစ်ခုဆိုတာထက်ပိုတဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်။ နေ့စဉ်ဘဝမှာရော ရိုးရာ ဓလေ့ထုံးစံတွေမှာပါ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတာပါ။ ဂန္ဓမာပန်းများကို ဘုရားကျောင်းတွေမှာ ကပ်လှူခြင်း၊ အိမ်တွင်းဘုရားစင်များတွင် ကပ်လှူခြင်း၊ အခမ်းအနားများတွင် အလှဆင်ခြင်းများအပြင် ဆေးကုသရာမှာလည်း အသုံးပြုကြပါတယ်။ ထို့အပြင် ဂန္ဓမာပန်းကို သက်တမ်းရှည်ပြီး စင်ကြယ်သော နမိတ်လက္ခဏာ အဖြစ်လည်း ယုံကြည်မှုတွေရှိပါတယ်။ ယခုလိုမျိုး အဓိပ္ပါယ်ပြည့်ဝနေတဲ့ ဂန္ဓမာပန်း ဟာ ဈေးကွက်မှာ ဝယ်လိုအား အမြဲရှိနေပြီး ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တန်ဖိုးတစ်ခုဖြစ်နေတာပါ။“အနီးအနားက ကျေးရွာတစ်ခုမှာ သူတို့ ဂန္ဓမာပန်းစိုက်ကြပြီး ဈေးကွက်မှာလည်းဈေးကောင်းကောင်းနဲ့ ရောင်းရတယ်ဆိုတာကို ကျွန်မတို့ အမြဲကြားနေရတာ” လို့ မစိုးစိုးဝင်းက ပြောပြပါတယ်။ “ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကပ်လှူမှုတွေနဲ့ ပွဲတွေမှာ အသုံးပြုတာမလို့ ဈေးကွက်ရှိတာကိုလည်းသိပေမယ့် ဘယ်လိုစတင်ရမယ်၊ စိုက်ပျိုးရမယ် ဆိုတာကို မသိခဲ့ဘူး”PLA လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေက လုပ်ငန်းအသစ်တစ်ခုကို စတင်ရန် စိတ်အားထက်သန်နေတဲ့ အမျိုးသမီး ခုနှစ်ဦးကို ဖွဲ့စည်းပေးခဲ့ပါတယ်။ သူတို့ဟာ စီမံကိန်းရဲ့ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းမှု စတင်ရန် အထောက်အပံ့ များပေးတဲ့ (SLAW) အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် “တိုးပွား အသက်မွေးဝမ်းကျောင်းမှု အဖွဲ့” ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ပတ်အကြာမှာပဲ သူတို့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။မျိုးပင်တွေ၊ မြေဩဇာနဲ့ ကိရိယာတွေအပါအဝင် အခြေခံလိုအပ်ချက်တွေကို စီမံကိန်းက ထောက်ပံ့ပေးခဲ့ပြီး လက်တွေ့သင်ကြားပို့ချမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ပျိုးခင်းဘယ်လိုတည်ဆောက်ရမယ်၊ အပင်ငယ်လေးတွေကို ဘယ်လိုဂရုစိုက်ရမယ်၊ ပြီးတော့ သူတို့ကို အောင်မြင်စွာ မြေကြီးထဲကို ဘယ်လိုရွှေ့စိုက်ရမယ်ဆိုတာတွေကို လက်တွေ့ သင်ကြားပြသမှုတွေကို ပြုလုပ်ပေးခဲ့တယ်။ “သင်တန်းကြောင့် အခုဆို မျိုးပျိုးခင်း အဆင့်ဆင့် ဘယ်လိုစီမံရမယ်ဆိုတာကို နားလည်သွားပြီ” လို့ မစိုးစိုးဝင်းက ပြောပါတယ်။ “ကျွန်မတို့ရဲ့ ဝင်ငွေက တည်ငြိမ်မှုမရှိခဲ့ဘူး” ဟု သူမက ပြန်လည်အမှတ်ရနေပုံဖြင့် ပြောပြပါတယ်။ “တစ်ချို့လတွေမှာဆို ကျပ်ငွေ ၂၀၀,၀၀၀ (US$ ၄၈ ခန့်) လောက်ပဲ ရရှိခဲ့တယ်” ။ “ ဒီဝင်ငွေတွေက ကျွန်မတို့အတွက် လုံလောက်မှုမရှိဘူး” လို့ သူမက ဆိုပါတယ်။ သင်ယူခြင်း၊ ကြီးထွားခြင်း၊ ဝင်ငွေရှာခြင်းပထမဆုံး အကြိမ်မှာတော့ အမျိုးသမီးတစ်ဦးချင်းစီက ပန်းပင် ၁,၅၀၀ စီ စိုက်ပျိုးခဲ့ကြပါတယ်။ ဒီပမာဏက ပထမဆုံး အနေနဲ့ဆို တနိုင်တပိုင်လေးဖြစ်လို့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ပမာဏပါ။ သူတို့ဟာ ဂန္ဓမာပန်းစိုက်ပျိုးတဲ့ ခရီးသစ်ကို စတင်တဲ့အချိန်မှာ စိုက်ပျိုးနေ ကျဖြစ်တဲ့ ပြောင်းဖူးသီးနှံတွေကိုလည်းဆက်လက်စိုက်ပျိုးပြီး မမျှော်လင့်ပဲ ကြုံတွေ့လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ကြိုတင်ကာကွယ်ခဲ့ကြပါတယ်။မေလရောက်တဲ့အခါမှာတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ပွင့်ဖူးလာခဲ့ပါတယ်။မစိုးစိုးဝင်းဟာ သူမရဲ့ ပထမဆုံးစိုက်ပျိုးခဲ့တဲ့ ဂန္ဓမာပန်းကို ကျပ်ငွေ ၃၀၀,၀၀၀ (US$ ၇၂ ခန့် )နီးပါး ဖြင့် ဂုဏ်ယူစွာ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ သူမ ယခင်က အများဆုံးရရှိခဲ့ဖူးတဲ့ တစ်လစာ ဝင်ငွေထက်တောင် ပိုမိုများပြားခဲ့ပါတယ်။ “အခုဆိုရင် ကျွန်မတို့ လုပ်နိုင်တယ်ဆိုတာ သိသွားပြီ” ဟု သူမက ပြောပါတယ်။ “နောက်ရာသီမှာ ချဲ့ထွင်စိုက်ပျိုးဖို့ကိုပါ အခုကတည်းက စီစဉ်နေပြီ။ ကျွန်မတို့ရဲ့ ယုံကြည်မှုက ဂန္ဓမာပန်းတွေနဲ့အတူ တိုးပွားလာနေပါတယ။” ဒီအောင်မြင်မှုကနေ ပြီးတော့ SLAW အဖွဲ့ဝင်တွေဟာ နောက်လာမယ့် စိုက်ပျိုးရာသီမှာ ပန်းပင် ၁၅,၀၀ ထက်ပိုပြီး စိုက်ပျိုးဖို့ကို စိတ်အားထက်သန်နေကြပါပြီ။ ပထမခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပြီးနောက်မှာတော့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ အတူ လျှောက်လှမ်းတော့မှာဖြစ်ပါတယ်။ ယခုလို အောင်မြင်မှုတွေကို အခြေခံပြီး မစိုးစိုးဝင်းဟာ နောက်တစ်ဆင့် ရှေ့ဆက်လိုက်ပါတယ်။ သူမသင်ယူခဲ့ရတဲ့ နည်းစနစ်တွေကို အသုံးချပြီး မျိုးပျိုးပင် ၅၀၀ ကို ထပ်မံပြီး စိုက်ပျိုးခဲ့ပါတယ်။ “ကျွန်မတို့ သင်ယူခဲ့ရတဲ့ နည်းပညာအသစ်တွေနဲ့ ရိုးရာနည်းတွေကို ပေါင်းစပ်ပြီး လုပ်ဆောင်နေတယ်” လို့ သူမက ရှင်းပြပါတယ်။ သူမကတော့ ဂန္ဓမာပန်းစိုက်ပျိုးမှုကို အရှိန်အဟုန် ရှေ့ဆက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါ။အမျိုးသမီးများသည် ပန်းတစ်ပွင့်ချင်းစီဖြင့် သူတို့၏ အနာဂတ်ကို ပြန်လည်ပုံဖော်နေကြသည် ပထမဆုံးခြေလှမ်းစတင်မှုမှာတင် ရရှိခဲ့တဲ့အောင်မြင်မှုက အဖွဲ့ဝင်တွေကြားမှာ မျှော်လင့်ချက်ကို နိုးကြားစေခဲ့ပါတယ်။ ဒါဟာ အတွေးအမြင်တွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။“အရင်တုန်းက ပန်းစိုက်တာကို ကျွန်မတို့ မလုပ်နိုင်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် စနစ်တကျ သင်ကြားပေးမှုနဲ့ အထောက်အပံ့တွေရှိလာတော့ ကျွန်မတို့လည်း အောင်မြင်လာတယ်ဆိုတာကို မြင်တွေ့လာရပြီ” လို့ စိုးစိုးဝင်းက ပြောပါတယ်။ “ဒါဟာ တကယ်ကို လှပတဲ့အပြင် စိတ်ကျေနပ်စရာလည်း ကောင်းပါတယ်။ တခြားအမျိုးသမီးတွေကိုလည်း စမ်းကြည့်ဖို့ ပြောချင်တယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေပေမယ့် သင်ယူရင်းနဲ့ပဲကျွန်မတို့ ရှေ့ဆက်လျှောက်နေရမှာပါ”။ဂန္ဓမာပန်းတွေ ဖူးပွင့်နေတဲ့ ပန်းခြံထဲမှာ မစိုးစိုးဝင်းကို အမြဲမြင်တွေ့နေရမှာပါ။ သူမကိုယ်တိုင် သူမရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီး တည်ဆောက်နေတာကို မြင်တွေ့ရမှာပါ။ __________________________________________________________________________________________UNDP မြန်မာရဲ့ "Enabling Community Recovery and Resilience (ENCORE)" စီမံကိန်းကို Korea International Cooperation Agency (KOICA)၊ နော်ဝေအစိုးရနှင့် Swiss Agency for Development and Cooperation (SDC) တို့က ပံ့ပိုးထားပါတယ်။ * ဤဇာတ်ကြောင်းကို UNDP မြန်မာ ဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က ထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၀၃ ရက်။
ပဋိပက္ခ၏ ဒဏ်ကို ခါးစည်းခံနေရသော မြန်မာကလေးငယ်များ
မြန်မာနိုင်ငံမှာ ပိုမိုပြင်းထန်လာသော ပဋိပက္ခများကြောင့် ကလေးငယ်သန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အနာဂတ်တွေက မရေရာတဲ့အခြေအနေမှာ ရှိနေပြီး နက်ရှိုင်းတဲ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းထဲ ကျရောက်နေပါတယ်။ ကလေးသူငယ်ပေါင်းများစွာဟာ ပဋိပက္ခတွေကြားမှာ ပိတ်မိနေကြပြီး အသက်ဆုံးရှုံးသူ၊ ထိခိုက်ဒဏ်ရာရသူ၊ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးရပြီး ဘေးကင်းလုံခြုံမှုနဲ့ ကိုယ်စိတ်ကျန်းမာရေး အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့နေရသူ ကလေးပေါင်းများစွာ ရှိနေပါတယ်။ သူတို့လေးတွေရဲ့ ကလေးဘဝဆိုတာ ပျော်ရွှင်ခြင်းအစား ကြောက်စိတ်တွေ၊ မရေရာစိတ်တွေနဲ့ အစားထိုးခံနေရပါတယ်။"မြန်မာနိုင်ငံမှာ ဒီလိုနေနေရတာ မယုံနိုင်လောက်အောင် ထူးဆန်းသလိုခံစားရတယ်။ မြန်မြန်ငြိမ်းချမ်းစေချင်လှပြီ၊ ဒါမှ သမီးတို့ အိမ်ပြန်လို့ရမှာ" လို့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက အသက် ၁၆ နှစ်အရွယ် ကျန်းဆောင်က ရင့်ကျက်မှုအပြည့် လေးလံတဲ့အသံနဲ့ ဆိုပါတယ်။ပြီးခဲ့တဲ့ငါးလလုံးမှာကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ အခန်းကျဉ်းလေးက မိသားစုဝင် ခုနစ်ယောက်ရှိတဲ့ ကျန်းဆောင်တို့မိသားစုရဲ့ နေအိမ်ဖြစ်ခဲ့ရပါတယ်။ ဘဝဆိုတာ ဒီလိုမျိုး အမြဲတမ်း ဖြစ်မနေပါဘူး။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာတော့ ကျန်းဆောင်အတွက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာတိုက်ပွဲတွေက သူသိထားခဲ့တဲ့ ငြိမ်းချမ်းတဲ့ အသိုင်းအဝိုင်းလေးနဲ့ သူ့ဘဝကို တစ်စစီပြိုကွဲစေခဲ့ပါတယ်။ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ငယ်သူငယ်ချင်းတစ်ဦးဟာလည်း အိမ်ရှေ့ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ဒီမြင်ကွင်းက အခုထိ ကျန်းဆောင်ရဲ့ မျက်လုံးထဲကမထွက်သေးပါဘူး။ "ကျွန်မ အရမ်းကြောက်နေခဲ့တယ်။ 'ဒါက ကျွန်မတို့ မျိုးဆက်ရဲ့ ကံကြမ္မာဖြစ်နေပြီလား'ဆိုပြီး ကျွန်မတွေးနေခဲ့မိတယ်။ ကျွန်မက ကျောင်းသွားရမယ့် အရွယ်ပဲရှိသေးတာ၊ အခုဆိုရင်ကျွန်မသူငယ်ချင်းလည်း မရှိတော့ဘူး။ ထွက်ပြေးလို့လည်းမရဘူး... 'နောက်ထပ်သေရမယ့်သူက ငါလား' လို့ပဲ ကျွန်မစိတ်ထဲမှာ အဲဒါပဲအမြဲတွေးနေမိတယ်။"အဲ့ဒီနောက်ပိုင်းတော့ ကျန်းဆောင်တို့ မိသားစုဟာ သူတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးနောက် မိသားစုတွေလည်း တကွဲတပြားဖြစ်ခဲ့ကြရပါသေးတယ်။ မရေမရာမှုတွေကြားမှာ တစ်နေရာက တစ်နေရာရွှေ့ပြောင်းပြီး လနဲ့ချီကြာမြင့်လာချိန်မှာတော့ အိမ်ငှားဖို့မတတ်နိုင်တော့တဲ့အတွက် စစ်ဘေးရှောင်စခန်းမှာပဲနေဖို့ ဖြစ်လာခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းမှာနေထိုင်ရတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးအတွက် အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်တဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးလုံခြုံမှုရှိဖို့ ခက်ခဲလှပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ အိမ်သာသွားရတာ ကျန်းဆောင်အတွက်တော့ ကြောက်စရာကောင်းလှပါတယ်။ အိမ်သာတွေက ကျားမသီးသန့်မခွဲထားသလို သန့်ရှင်းမှုလည်း အားနည်းပြီး ဘေးကင်းမှုလည်း မရှိလှပါဘူး။ ရေချိုးဖို့အတွက် သီးသန့်နေရာတစ်ခုမရှိခဲ့တာ အချိန်အတော်ကြာပါတယ်။ နောက်မှ ဖခင်ဖြစ်သူက သမီးဖြစ်သူ လုံလုံခြုံခြုံ ရေချိုးနိုင်ဖို့ ယာယီအကာအရံလေး လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဓမ္မတာလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ကလည်း နောက်ထပ်ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်ပြန်ပါတယ်။ လစဉ်သုံးပစ္စည်း ဝယ်ဖို့ပိုက်ဆံမရှိတဲ့အတွက် တစ်ခါတရံ သူငယ်ချင်းတွေဆီက ချေးသုံးခဲ့ရသလို သုံးပြီးသားပစ္စည်းတွေကို စွန့်ပစ်ဖို့အတွက်လည်း နေရာသတ်သတ်မှတ်မှတ် မရှိပါဘူး။ ဒီလိုနေ့စဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေနဲ့ စိတ်ဒဏ်ရာတွေကို အားတင်းပြီးသည်းခံနေရပါတယ်။ အတန်းဖော်တွေထက် နောက်ကျမှာကို စိုးရွံ့ပေမယ့် " တစ်ခါတလေ ကျွန်မ ကျောင်းတောင်မတက်ချင်တော့ဘူး" လို့ ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ယူနီဆက်က ပံ့ပိုးပေးတဲ့ ကလေးပျော်နေရာလေးဟာ ကျန်းဆောင်အတွက် မရှိမဖြစ်လိုအပ်တဲ့ နားခိုရာနေရာတစ်ခု ဖြစ်စေပါတယ်။ ဒီနေရာမှာ ကျန်းဆောင်က တခြားကလေးတွေနဲ့အတူ ကြက်တောင်ရိုက်ကစားပြီး အပန်းဖြေလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေပါတယ်။ "ခဏလေးပဲဖြစ်ဖြစ် ဒါက ပျော်ရွှင်ရတဲ့အချိန်လေးပါ" လို့ ကျန်းဆောင်က ပြုံးပြီးပြောပါတယ်။ ဒီလိုအခိုက်အတန့်တွေက သူမနဲ့ တခြားကလေးငယ်တွေအတွက် စိတ်ဖိစီးစရာ ပတ်ဝန်းကျင်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ရာ အရေးပါတဲ့ လူမှုစိတ်ပိုင်း ပံ့ပိုးမှုတွေကို ရရှိစေပါတယ်။ မကြာသေးမီက မကျန်းဆောင်က မရှိမဖြစ်သုံးပစ္စည်းများ ပါဝင်တဲ့ ယူနီဆက် ကလေးသူငယ်ကာကွယ်ရေး ပစ္စည်းအထုပ်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ပစ္စည်းထုပ်ထဲမှာ ဘီး၊ ဆပ်ပြာ၊ အတွင်းခံ၊ အဝတ်အစား၊ လစဉ်သုံးပစ္စည်းနဲ့ တခြားအသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သူ့အကြိုက်ဆုံး ပစ္စည်းကဘာလဲဆိုတာမေးကြည့်တော့ "လစဉ်သုံးပစ္စည်းပါ" လို့ ချက်ချင်းပြန်ဖြေခဲ့ပါတယ်။ ဒီရိုးရှင်းတဲ့ ပစ္စည်းလေးတွေက သူမအတွက်တော့ နေ့စဉ်ဘဝ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ပါးသက်သာစေပါတယ်။မြန်မာနိုင်ငံတဝန်းက ကလေးတွေအတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေသာမကဘဲ ဘေးကင်းရာနေရာနဲ့ လူမှုစိတ်ပိုင်းပံ့ပိုးမှုတွေကိုပေးနိုင်တဲ့ ဒီလိုအရေးပါတဲ့ ပံ့ပိုးမှုတွေကို မိတ်ဖက်အဖွဲ့အစည်းများရဲ့ သဒ္ဒါထက်သန်လှတဲ့ လှူဒါန်းမှုတွေကြောင့် ပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်းဆောင်လို မိန်းကလေးတွေအတွက် ဒါဟာ ပညာရေး၊ ကုစားရေးနဲ့ အိပ်မက်တွေလို အရေးကြီးဆုံးအရာတွေကို အာရုံစိုက်နိုင်အောင် လုပ်ဆောင်ပေးတဲ့ အသက်သွေးကြောဆိုရင်လည်း မမှားပါဘူး။ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့တိုင် ကျန်းဆောင်ရဲ့ စိတ်က မယိမ်းယိုင်ခဲ့ပါဘူး။ သူက ဘောလုံးသမားတစ်ယောက်ဖြစ်လိုတဲ့ အိပ်မက်ရှိပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ကာ ခရစ္စတီယာနို ရော်နိုဒိုက သူ့အကြိုက်ဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါက သူဟာ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်နေဆဲပဲဆိုတာ သတိပေးလိုက်တာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အဖြစ်ချင်ဆုံး ဆန္ဒကတော့ သူ့ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တဲ့ ပဋိပက္ခကြီးကို အဆုံးသတ်စေချင်တာပဲဖြစ်ပါတယ်။"သမီး ဒီမှာဆက်မနေချင်တော့ဘူး" လို့ ငြိမ်းချမ်းတဲ့နေအိမ်ကို တမ်းတရင်း အင်အားပြည့်တဲ့အသံနဲ့ ပြောပါတယ်။ "ဘာကိုမှ မထိတ်မလန့်ရဘဲနဲ့ အိပ်ချင်တယ်၊ ကျောင်းပြန်တက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ ကစားချင်တယ်၊ မီးဖိုချောင်ထဲမှာ အမေ့ကို ကူညီချင်တယ်။ ကျွန်မ လုံလုံခြုံခြုံနေချင်တယ် —ကလေးတစ်ယောက်လိုပဲနေချင်တယ်။" *ဤဆောင်းပါးကို UNICEF Myanmar website တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။ပါဝင်သော အမည်များနှင့် တည်နေရာများကို လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန်အတွက် ပြောင်းလဲထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၀၁ ရက်။
ဦးမြတ်သိန်းထွန်း ၊ “ကလေးတွေ မနက်စာ စားတိုင်း နွားနို့တစ်ခွက်ပါ သောက်တတ်တဲ့ အလေ့အကျင့် ရလာဖို့ ဆန္ဒပြုမိတယ်”
မြန်မာနိုင်ငံမှာ မနက်စာလို့ပြောရင် အများအားဖြင့် မုန်ဟင်းခါး (ငါးဆီသတ်ထားတဲ့ ငါးပြုတ်ရည် တစ်မျိုးဖြစ်တဲ့ မြန်မာ့အစားအစာတစ်ခု)၊ ထမင်းကြော် သို့မဟုတ် အသုတ်စုံ နဲ့အတူ လက်ဖက်ရည် သို့မဟုတ် အင်စတန့်ကော်ဖီ တို့နဲ့သာ တွဲစားလေ့ရှိကြပါတယ်။ ဒါပေမယ့် မနက်စာစားရင်း နွားနို့တစ်ခွက်သောက်တဲ့ အလေ့အကျင့်ကတော့ အတော်များများအတွက် အကျင့်မရှိသလို၊ ဝယ်ယူ သောက်နိုင်စွမ်းလည်း နည်းပါးနေဆဲဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးမှ နို့ နှင့် နို့ထွက်ပစ္စည်းတွေထုတ်လုပ်တဲ့ ဦးမြတ်သိန်းထွန်းဟာဆိုရင် နွားနို့သောက်တဲ့အလေ့အကျင့်ကို မိသားစုတိုင်းရဲ့ မနက်တိုင်း စတင်နိုင်ဖို့ ဆန္ဒထားပြုထားသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီးတော့ သူ့ရဲ့ Top Dairy Farm ကို နွား အကောင် ၄၀ နဲ့ စတင်ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နွားတွေရဲ့ ကျန်းမာရေး ပြဿနာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သက်တမ်း ကြာရှည်အောင် ထားနိုင်ဖို့ လိုအပ်တဲ့ နည်းပညာအခက်အခဲတွေကြောင့် သူခြံထွက်ကုန်တွေကို အနီးအနားက စျေးကွက်မှာသာ ရောင်းချနိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကတော့ ၂၀၂၃ ခုနှစ်မှာ လုပ်တဲ့ခဲ့ FAO ရဲ့ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ အတွက် အရေးပေါ်စင်တာ (ECTAD) က ဦးစီးကျင်းပပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းတစ်ခု ကို တက်ရောက်ပြီးနောက်မှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ နွားနို့ကို စနစ်တကျထုတ်လုပ်နည်းမှ စတင်ကာ ပိုးမွှားအန္တရာယ်ရှိပုံများကို ခွဲခြားသိနိုင်နည်း၊ အရေးကြီးသည့် အစာအဆိပ်မဖြစ်အောင် ထိန်းသိမ်းနည်းများ၊ အစားအစာသန့်ရှင်းရေးနှင့် အဆင့်မြင့်နည်းပညာများကို သင်ယူခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူသိလာတဲ့ နည်းပညာ အသစ်တွေကို အသုံးချပြီး နွားစာအတွက် ကိုယ်ပိုင်မြက်ခင်းကို စိုက်ပျိုးခဲ့ သည့်အပြင် ထုတ်ကုန်အရည်အသွေးကို တဖြည်းဖြည်း တိုးတက်အောင်ပြုပြင်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်တွင် သူ့ ရဲ့ နို့ထွက်ပစ္စည်း ထုတ်ကုန်တွေကို သက်တမ်း (shelf life) တိုးလာအောင် လုပ်နိုင်ခဲ့တဲ့ အပြင် ရန်ကုန်အထိ စျေးကွက်ကို ထိုးဖောက်နိုင်နေပြီလို့ ပြောပါတယ်။ဒါပေမဲ့ ဦးမြတ်သိန်းထွန်းရဲ့ ရည်ရွယ်ချက်က စီးပွားရေးအရ အောင်မြင်မှု ထက် ကျော်လွန်ပါတယ်။ မိမိနေရပ်ဒေသတွင်း စားနပ်ရိက္ခာ မလုံလောက်မှုကို လျော့ချဖို့ အတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန (LBVD) နှင့် ပူးပေါင်းကာ School Milk Programme ကို စတင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှ စတင်ပြီး လိုအပ်တဲ့ မူလတန်း စာသင်ကျောင်းတွေကို စီစစ်ရွေးချယ်ပြီး အခမဲ့နွားနို့ တိုက်ကျွေးတဲ့ အစီအစဥ် မကြာခဏ ပါဝင်ဆောင်ရွက်ပေးနေခဲ့ပါတယ်။“ကျွန်တော်တို့ အဓိကအားဖြင့် ယုံကြည်မှု တည်ဆောက်ချင်တယ်၊ အလေ့အကျင့်ပြောင်းလဲချင်တယ်၊ ဒီ စာသင်ကျောင်းတွေမှာ အခမဲ့ နွားနို့တိုက်ကျွေးတဲ့အစီအစဥ်နဲ့ အတူ ကလေးတွေ ကြီးထွားလာပုံကို မျက်ဝါးထင်ထင် တွေ့ချင်တယ်” ဟု ဦးမြတ်သိန်းထွန်း က ပြောသည်။ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွင်းတည်းမှာပင် ဦးမြတ်သိန်းထွန်းအနေနဲ့ နီးစပ်ရာကျောင်း ၁၂ ကျောင်း ရှိ ကျောင်းသား ၁၆၅၅၃ ဦးထံ နို့တိုက်ကျွေးခဲ့ပါတယ်။စာသင်ကျောင်းရှိ ကျောင်းသားများကို အခမဲ့နွားနို့တိုက်ကျွေးတဲ့အစီအစဉ်ကနေ သိသာတဲ့ ပြောင်းလဲမှုတွေကို မြင်နေရပါတယ်။ မူလက နွားနို့သောက်လေ့မရှိတဲ့ ကလေးတွေ အခုဆို ပို ကျန်းမာသန်စွမ်းလာဟန်ရှိလာပါတယ်။ မိဘတွေကလည်း နွားနို့သောက်ခြင်း ရဲ့ အကျိုးကျေးဇူးကို အရင်က မသိသေးဘဲနေခဲ့ပေမယ့် အခုဆိုရင် အိမ်မှာသောက်ဖို့ သူ့ဆီက နွားနို့ဝယ်ယူလာတာကိုလည်း သတိထားမိလာတယ်လို့ ဆိုပါတယ်။ “မိဘတွေက နွားနို့သောက်တာကို သရေစာတစ်ခုလို မမြင်တော့ဘဲ အာဟာရအဖြစ် မြင်လာကြပြီ” ဟု ဦးမြတ်သိန်းထွန်းက ပြောပါတယ်။ ဦးမြတ်သိန်းထွန်းရဲ့ အတွေ့အကြုံကို ကြည့်မယ်ဆိုရင် နွားနို့ထုတ်လုပ်မှုနည်းပညာ တိုးတက်ဖို့ ကြိုစားခြင်းဟာ သူ့စီးပွားရေးအတွက်သာမက သူ့လိုမျိုး နို့စားနွား မွေးမြူရေးသမားတွေ၊ စာသင်ကျောင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရင်း လူထုအတွက် အာဟာရပိုမိုကောင်းမွန်စေနိုင်တဲ့ ရလဒ်တစ်ခုကို ပြသနေပါတယ်။
*ဤဆောင်းပါးကို FAO Website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
*ဤဆောင်းပါးကို FAO Website တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာတိမ်းရှောင်မှုများ မြင့်တက်လာနိုင်ပြီး လက်မခံနိုင်လောက်အောင် ဆိုးရွားသည့် ဝမ်းရေးဒုက္ခအခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး
ရန်ကုန်၊ မြန်မာ - ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သန်းကျော်သည် လတ်တလော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်ပြီး၊ လူဦးရေ ၁ သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီများလိုအပ်မည့် ဆာလောင်မွတ်သိပ်မှုအရေးပေါ်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးလိုက်သည်။ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းတို့က လက်ရှိ ရန်ပုံငွေမလုံလောက်မှု ကြုံတွေ့နေရသည့် မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အခြေအနေတွင် ရှိနေသည်။မြန်မာပြည်သူပြည်သားများသည် လက်ရှိအချိန်၌ပင် ဆိုးရွားလှသည့် ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်များမှာ ကျန်းမာရေးအတွက် လုံလောက်သည့် အစားအစာများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိကြသကဲ့သို့ ကလေးငယ် ထောင်ပေါင်းများစွာသည်လည်း အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် လတ်တလောအာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး၊ အာဟာရတန်ဖိုး နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည်။"ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို တိုက်စား ဖျက်ဆီးနေတဲ့အခြေအနေပါ။ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေပါတယ်" ဟု WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ "ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး၊ ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခဆင်းရဲကြုံတွေ့နေရတာတွေဟာ ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ပါဘူး။ လိုအပ်ချက်ပမာဏက ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်စွမ်းထက် အများကြီး ပိုများနေပါတယ်" ဟု ၎င်းက ဆိုသည်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဥ်အရ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃ ဒဿမ ၆ သန်းမှသည် လာမည့်နှစ်တွင် ၄ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဤသို့ တိုးမြင့်လာမှုကြောင့် လက်ရှိတွင် အနိုင်နိုင် ရုန်းကန်နေရသည့် သန်းနှင့်ချီသော အိမ်ထောင်စုများကို ဆိုးရွားသော ဒုက္ခဆင်းရဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။"ကျွန်တော်တို့အနေနဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်။ တကယ့်ကိုခက်ခဲလှတဲ့ အခြေအနေတွေကြားကပဲ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို နေ့စဉ် ဖြန့်ဝေပေးနေပါတယ်။ ဒါပေမဲ့ ရန်ပုံငွေလိုအပ်ချက်က အကြီးအကျယ် ရှိနေပါတယ်" ဟု Mr. Dunford က ဆက်လက်ပြောကြားသည်။ "နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ လာမယ့်နှစ်မှာ ဒီအကျပ်အတည်း ပိုမိုဆိုးရွားမလာအောင် တားဆီးဖို့အတွက် စဉ်ဆက်မပြတ် ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ သံတမန်ရေးရာ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်"WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မည်ဖြစ်ပါသည်။သတင်းဓါတ်ပုံများကို ဤနေရာ တွင် ရယူနိုင်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်းကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို Facebook တွင် @WFPinMyanmar မှလည်းကောင်း၊ X (ယခင်က တွစ်တာ) တွင် @wfp_media @WFPAsiaPacific တို့မှလည်းကောင်း ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲဒုက္ခများတိုးလာချိန်၌ ၂၀၂၆ ခုနှစ်အတွက် အရေးပေါ်လိုအပ်ချက်များခန့်မှန်းထားသည့် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂထုတ်ပြန်
လာမည့်နှစ်၌ မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်သည် လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုလိုအပ် ကြမည်ဟု ယနေ့ထုတ်ပြန်သည့် ၂၀၂၆ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) က လေးနက်ဆင်ခြင်စွာဆန်းစစ်လေ့လာ၍ ခန့်မှန်းထားသည်။ ၂၀၂၁ စစ်အာဏာသိမ်းယူခဲ့ချိန်မှစ၍ ပြင်းထန်လျက်ရှိသည့်ပဋိပက္ခ၊ ကြိမ်ဖန်များစွာကျရောက်သည့် ဘေးအန္တရာယ်များနှင့် ဦးစိုက်နေသည့်စီးပွားရေးအခြေအနေများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေသည် တစ်နှစ်ထက်တစ်နှစ် ဆက်လက်ဆိုးရွားလျက်ရှိသည်။ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ခန့်မှန်းလူဦးရေ ၃ ဒသမ ၆ သန်းခန့် အိုးအိမ်စွန့်ခွာနေကြရလျက်ရှိပါသည်။လာမည့်နှစ်တွင် လူသားချင်းစာနာသည့် အဖွဲ့အစည်းများသည် အထိခိုက်အလွယ်ဆုံးလူဦးရေ ၄ ဒသမ ၉ သန်းထံ အကူအညီရောက်ရှိစေရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအရေအတွက်မှာ ၂၀၂၅ ခုနှစ်က ဦးတည်ခဲ့သည့်လူဦးရေ ၆ ဒသမ ၇ သန်းအောက် များစွာလျော့နည်းပါသည်။ “ကိန်းဂဏန်းတိုင်းရဲ့နောက်ကွယ်မှာ သူတို့မရွေးချယ်ရပါဘဲနဲ့ကြုံလာရတဲ့ ဘေးဒုက္ခတွေကနေ လွတ်မြောက်ဖို့ ရုန်းကန်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရှိပါတယ်။” ဟု မြန်မာနိုင်ငံ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး မစ္စဂွင်းလူးဝစ်က ပြောပါသည်။ “ကမ္ဘာအနှံ့ အကျပ်အတည်းတွေ များပြားလွန်းတာကြောင့် ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေတာ ကြောင့် လိုအပ်နေသူတွေဟာ ကြားသိမြင်တွေ့ခံထိုက်ပါတယ်။”
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
HNRP ၌ ချမှတ်ထားသော ဦးစားပေးမြင့်မားသည့်တုံ့ပြန်မှုအစီအစဉ်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၉၀ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၂၅ ခုနှစ်က တောင်းခံခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအောက် လျော့နည်းပါသည်။ ဤသို့လျှော့ချလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အကျပ်အတည်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်ပြသနေပြီး၊ ယင်းအကျပ်အတည်းကြောင့် အဆိုးရွားဆုံးအခက်အခဲများနှင့် အသက်အန္တရာယ်ရှိသောအခြေအနေများကို ရင်ဆိုင်နေရသူများအပေါ် တွင် အာရုံစိုက်မှု ပိုမို လျော့နည်းစေရန် တွန်းအားပေးလျက်ရှိသည်။ကမ္ဘာ့သတင်းခေါင်းကြီးများမှ မကြာခဏချန်လှပ်ခြင်းခံရသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများဖြစ်ရာ နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သလို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံလည်း ဖြစ်နေဆဲဖြစ်ပါသည်။ အရေးပေါ်ရန်ပုံငွေမရရှိပါက လူသန်းပေါင်းများစွာကို အကူအညီမပေးနိုင်ဘဲချန်လှပ်ထားရဖွယ်ရှိသည်ဟု လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက သတိပေးပါသည်။
“၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေလိုအပ်ချက်တွေကြောင့် လူသန်းပေါင်းများစွာဟာ အကူအညီတွေမရခဲ့တဲ့ အပြင် ဘေးကင်းလုံခြုံစွာနေထိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတဲ့လိုအပ်ချက်တွေကိုလည်း မရရှိခဲ့ကြပါဘူး။ မိသားစုတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကို မရှောင်လွှဲနိုင်ဘဲ လုပ်ကြရတဲ့အခါ လူတွေကထမင်းနပ်ရေလျှော့စား၊ အန္တရာယ်များတဲ့ခရီးတွေကို သွားလာကြပြီး၊ ရှင်သန်နေထိုင်ရရုံလေးအတွက် ကြီးလေးတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။” ဟု မစ္စလူးဝစ်က ပြောသည်။ “ဒီလိုမျိုးအခြေအနေတွေကို နောက်တစ်နှစ်ဆက်ဖြစ်ဖို့ ကျွန်မတို့ ခွင့်မပြုနိုင်ပါဘူး။” အယ်ဒီတာများအတွက် မှတ်ချက်
၂၀၂၆ ခုနှစ်အတွက် HNRP သည် ၂၀၂၅ ခုနှစ်၌အသုံးပြုခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာအစား မြန်မာနိုင်ငံရှိမြို့နယ်များအားလုံး၏ သုံးပုံနှစ်ပုံကိုသာလွှမ်းခြုံသည့် အဓိကသက်ရောက်မှုကြီးနှစ်ခု (လက်နက်ကိုင်ပဋိပက္ခနှင့် ငလျင်) ကြောင့် ထိခိုက်ခဲ့သည့်ဒေသများအပေါ်တွင်သာ သီးသန့်ဦးစားပေး စီစဉ်ထားသည်။ အလွန်အမင်းလိုအပ်နေသူ စုစုပေါင်းလူဦးရေ ၂ ဒသမ ၆ သန်းကို အမေရိကန်ဒေါ်လာ ၂၅၁ သန်းကုန်ကျစရိတ်ဖြင့် ၂၀၂၆ ခုနှစ်၌ အကူအညီပေးရန် ဦးစားပေးထားသည်။မြန်မာနိုင်ငံ၏ HNRP သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင်လည်း ပါဝင်ပြီး၊ ယင်းသည် နိုင်ငံပေါင်း ၂၃ နိုင်ငံ၏ လူသားချင်းစာနာမှုလုပ်ငန်းများနှင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အစီအစဉ် ၆ ခုတို့မှတစ်ဆင့် လူဦးရေ ၁၃၅ သန်းကို အကူအညီပေး ရန် ဒေါ်လာ ၃၃ ဘီလီယံတောင်းခံထားသည်။ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ သွားလာခွင့်ကန့်သတ်ချက်များနှင့် ဝန်ဆောင်မှုပြတ်တောက်မှုများကြောင့် မရှိမဖြစ်လိုအပ်ချက်များစွာတို့ကို ဖြည်းဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လိုအပ်နေသူဦးရေကျဆင်းသွားခြင်း (၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇ သန်းရှိရာမှ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း) သည် မြေပြင်အခြေအနေတိုးတက်ကောင်းမွန်လာခြင်း မဟုတ်ဘဲ ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆန်းစစ်လေ့လာမှုနည်းလမ်း များကြောင့်သာဖြစ်သည်။၂၀၂၅ ခုနှစ်၌ ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခြင်း (HNRP လိုအပ်ချက်များ၏ ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း) သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လူမှုဘဝကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးနိုင်စွမ်းအတွက် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို အကူအညီမဲ့ဖြစ်စေခဲ့ သည်။ ငလျင်တုံ့ပြန်ရေးအတွက် နောက်ဆက်တွဲအရေးပေါ်အဆိုပြုလွှာ ရန်ပုံငွေ လိုအပ်ချက် ဒေါ်လာ ၂၇၅ သန်း အနက် ယနေ့အထိ ၆၆ ရာခိုင်နှုန်း ရရှိထားပါသည်။ သွားလာကူညီရေးဆိုင်ရာ အခက်အခဲများ၊ ရန်ပုံငွေလျော့နည်းလာမှုနှင့် ဘေးကင်းလုံခြုံမှုနည်းပါးလာ ခြင်းများရှိသည့်တိုင် မိတ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်၏ ပထမကိုးလအတွင်း လူဦးရေ ၅ သန်းအား အကူအညီပေးနိုင်ခဲ့ပြီး၊ ယခုနှစ်ကုန်၌ အနည်းဆုံး လူဦရေ ၅ ဒသမ ၇ သန်းကို တစ်ကြိမ်ဖြစ်စေ အနည်းဆုံးအကူအညီပေးရန် မျှော်လင့်ထားပါသည်။ သို့ရာတွင် ပံ့ပိုးပေးသည့် အကူအညီ၏ အတိုင်းအဆနှင့်အကြိမ်ရေသည် ဖြစ်စဉ်များစွာတို့၌ လုံလောက်မှုမရှိသည်ကို သတိပြုရပါမည်။
Links:The 2026 Myanmar HNRP: https://humanitarianaction.info/plan/1505/document/myanmar-humanitarian-needs-and-response-plan-2026Hand out photos for media: https://we.tl/t-mIMGqp3ezvThe 2026 Global Humanitarian Overview: https://humanitarianaction.info/document/global-humanitarian-overview-2026
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။
သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
ရန်ကုန်မြို့။ အိုင်ယာလန်နိုင်ငံသူ မစ္စဂွင်လူးဝစ်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ပေါင်း ၂၅ နှစ်တာ အတွေ့အကြုံရှိခဲ့သော မစ္စဂွင်လူးဝစ်စ်သည် ကုလသမဂ္ဂစနစ်အတွင်းတွင်သာမက အခြား ကျယ်ပြန့်သည့် လုပ်ငန်းအတွေ့အကြုံ ရှိပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုသာမက မဟာဗျူဟာမြောက် အမြင်ရှိသူ ဖြစ်ပါသည်။ လက်ရှိတာဝန်ကို မြန်မာနိုင်ငံတွင်မထမ်းဆောင်မီတွင် မစ္စလူးဝစ်စ်သည် ဘင်္ဂလားဒေ့ရှ်တွင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းမတိုင်မီတွင် West Bank ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီဌာန (UNRWA) ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့ဂျေရုဆလင်အပါအဝင် ယင်းဒေသတစ်လျောက်တွင် အရေးကြီးဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော အဖွဲ့များကို ဦးဆောင်ခဲ့သည်။ သူမသည် လက်ဘနွန်ရှိ UNRWA ရေးရာ အစီအစဉ်များတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကိုလည်း ထမ်းဆောင်ခဲ့သည်။သူမ၏ အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလများတွင် မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရေးပေါ်ဌာနရှိ Global Clusters Coordination ဌာနခွဲကို စီမံခန့်ခွဲခဲ့သည်။မစ္စလူးဝစ်စ်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကိုဆိုဗိုရှိ ကုလသမဂ္ဂမစ်ရှင် (UNMIK)၊ ပါလက်စတိုင်းရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အယ်လ်ဘေးနီးယားနှင့် တာဂျစ်ကစ္စတန်ရှိ NGO အဖွဲ့များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။မစ္စလူးဝစ်စ်သည် Canterbury ရှိ Kent တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပရေးရာ ဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိထားသူဖြစ်သည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။
မြန်မာနိုင်ငံ အတွင်း စံချိန်တင်မြင့်တက်လာသော ဆာလောင် မွတ်သိပ်မှုကို တုံ့ပြန်ရန် ကိုရီးယားသမ္မတနိုင်ငံ နှင့် WFP တို့ REACH အစီအစဥ်ကို စတင်အကောင်အထည်ဖော်
ရန်ကုန်မြို့ - ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် “REACH” ဟု အမည်ပေးထားသည့် ပဋိပက္ခဒဏ်ခံရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။ ပဋိပက္ခ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှုများနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်တို့၏ စုပေါင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများ ပိုမိုဆိုးရွားလာသည့် လက်ရှိအခြေအနေတွင် အဆိုပါ အစီအစဥ်သည် ပဋိပက္ခဒဏ်ခံစားရသော မိသားစုများထံ အရေးပေါ်အထောက်အပံ့များ ပေးအပ်သွားမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းလည်းဖြစ်ပါသည်။ကိုရီးယားသမ္မတနိုင်ငံက ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေဖြင့် REACH အစီအစဥ်သည် ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသောဒေသများတွင် WFP မှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာဝယ်ယူရန်ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ပါသည်။ REACH အစီအစဥ်မှတစ်ဆင့် WFP သည် ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ သုံးသိန်း ဝန်းကျင်အား နှစ်လစာ စားနပ်ရိက္ခာများ နှင့်/သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ရန်အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ဘောက်ချာများမှတစ်ဆင့် ငွေသားအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီများပေးအပ်သွားမည်ဖြစ်ပါသည်။"အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ REACH (Responding with Emergency Assistance for Conflict-Affected Households) လို့ အမည်ပေးထားတဲ့ ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောကြားသည်။ ထိခိုက်လွယ်ရပ်ရွာလူထုထံ လက်လှမ်းမီနိုင်စေရန်နှင့် ၎င်းတို့အတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန်အလို့ဌာ WFP သည် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် လက်တွဲပြီး အဆိုပါအထောက်အပံ့များကို လိုအပ်နေသူများထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ပါသည်။“၁၉၆၀ နှင့် ၁၉၈၀ ခုနှစ်တွေမှာ ကိုရီးယားသမ္မတနိုင်ငံဟာ WFP ရဲ့ ပံ့ပိုးကူညီမှုကို လက်ခံရရှိသူဖြစ်ခဲ့ရာကနေ လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဦးဆောင်သူတစ်ဦးဖြစ်လာပါပြီ။ အခု REACH အစီအစဥ်ကို စတင်လိုက်တာဟာ ကိုရီးယားသမ္မတနိုင်ငံရဲ့ လေးစားအားကျဖွယ် အသွင်ကူးပြောင်းရေးရဲ့ မှတ်တိုင်သစ်တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က ကိုရီးယားသမ္မတနိုင်ငံကို ဆန်အကူအညီတွေ ပေးပို့ခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် အခုလိုပြန်လည်ပြီးတစ်ဖန်ကူညီပေးတာဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝလှပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ “စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေးကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွားလာနေပါသည်။ အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်စျေးနှုန်းသည် ၂၀၂၁ ခုနှစ်အစောပိုင်းကာလနှင့်ယှဥ်လျှင် ယခုအခါ လေးဆအထိ တိုးမြင့်လာခဲ့ပြီး သန်းနှင့်ချီသောပြည်သူများအတွက် အခြေခံအကျဆုံး စားသောက်ဖွယ်ရာကိုပင် မဝယ်စားနိုင်သည့်အခြေအနေကို ဖြစ်နေပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသောလူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေသောနိုင်ငံဖြစ်လာပါသည်။ နောက်ဆုံးထွက်ရှိထားသည့် Hunger Hotspots Report အရ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ လူဦးရေ ၂ ဒဿမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် WFP သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် အရေးပေါ်အကူအညီများကို ရပ်တန့်ခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံက ယခုပေးအပ်လိုက်သောရန်ပုံငွေဖြင့် စားနပ်ရိက္ခာအကူအညီများကို အထူးသဖြင့် ဆာလောင်မွတ်သိပ်မှုကို အပြင်းထန်ဆုံးခံစားနေကြရသည့် သွားလာရခက်ကာ ဝေးလံခေါင်းပါးသည့်ဒေသများတွင် ပြန်လည်ပေးအပ်သွားနိုင်စေမည်ဖြစ်ပါသည်။သတင်းဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူနိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ရိုဟင်ဂျာလူမျိုးများနှင့် အခြား လူမှုအသိုက်အဝန်းများ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းစေခဲ့သည့် ရှစ်နှစ်ပြည့် ထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ ရိုဟင်ဂျာလူမျိုးများသည် ရခိုင်ပြည်နယ်မှ အစုလိုက် အပြုံလိုက် အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး ရှစ်နှစ် ကြာလာပြီဖြစ်သော်လည်း ၎င်းတို့ကြုံတွေ့နေရသည့် ဆိုးရွားသည့် အခြေအနေများသည် ပိုမို ဆိုးရွားလာနေခြင်းကို ဆက်လက် ရင်ဆိုင်နေရပါသည်။ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာလူမျိုးများနှင့် အခြား အရပ်သားများမှာ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ခိုက်မှုများအတွင်း ပိတ်မိနေပြီး အတင်းအဓမ္မ လူအင်အားစုဆောင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြား အကြမ်းဖက်မှုမျိုးစုံကို ခံစားနေရပါသည်။ ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာလူမျိုးများ ထပ်မံ၍ အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိုထဲတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၁.၁ သန်းကျော် ရောက်ရှိနေပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း အပါအဝင် ဖြစ်ပါသည်။ ဒေသတွင်းတွင် ပြန်လည်နှင်ထုတ်မှုများ၊ ဖယ်ရှားရှင်းလင်းမှုများနှင့် နေရပ်ပြန်ပို့မှုများ ဖြစ်ပွားနေကြောင်း သတင်းများသည် ပြန်လည်နှင်ထုတ်ခြင်းမပြုရေး မူဝါဒကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ခြင်းနှင့် ခိုလှုံစရာ နေရာများ ကျဥ်းမြောင်းလာနေခြင်းတို့အပေါ် အလွန်အမင်း စိုးရိမ်မှုများ မြင့်တက်စေပါသည်။ ရန်ပုံငွေ ဖြတ်တောက်ခြင်းများကြောင့် ပညာရေး၊ စားနပ်ရိက္ခာအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများမှာ ဆိုးရွားစွာ လျော့နည်းလာနေပါသည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတို့အပါအဝင် နိုင်ငံတကာဥပဒေအရ တာဝန်ရှိသည်နှင့်အညီ အရပ်သားပြည်သူများအားလုံးကို အကာအကွယ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ ယခုနှစ် အစောပိုင်းက ကော့စ်ဘဇားမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဥ်တွင် ရိုဟင်ဂျာအသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြင်တွေ့ခဲ့ရပြီး၊ နိုင်ငံတကာမှ ပိုမိုစည်းလုံးညီညွတ်ဖို့နှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ဖို့ အရေးတကြီးလိုအပ်နေကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများကို ထိရောက်စွာပါဝင်စေပြီး သူတို့၏ အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရမှုနှင့် ကာလရှည်ကြာနေသည့် အကျပ်အတည်း၏ အခြေခံအကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကျယ်ပြန့်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ပါသည်။နယူးယောက်မြို့၌ စက်တင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရိုဟင်ဂျာလူမျိုးမျာနှင့် အခြား လူနည်းစုလူမျိုးစုများဆိုင်ရာ အဆင့်မြင့်ညီလာခံသည် ကုလသမဂ္ဂအထွေထွေညီလာခံမှ ပြဌာန်းထားသည့်အတိုင်း ရေရှည်ခံသည့် ဖြေရှင်းနည်းများ ရှာဖွေရန် အရေးကြီးကြောင်းကို နိုင်ငံတကာမှ ပြန်လည်အာရုံစိုက်လာစေနိုင်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ယုံကြည်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာလူမျိုးများ မြန်မာနိုင်ငံတွင်းသို့ သူတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ အမြဲတမ်း နေရပ်ပြန်လာနိုင်ရေးအတွက် အခြေအနေကောင်းများ ဖြစ်ပေါ်လာရေးတို့ကို ဦးတည်သည့် မြန်မာနိုင်ငံမှ ဦးဆောင်သော နိုင်ငံရေး ဖြေရှင်းနည်းတစ်ရပ်အတွက် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆောင်ရွက်နေပါသည်။
5 ၏ 1