ထုတ်ဝေမှု
၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာ
အစီရင်ခံစာ အနှစ်ချုပ်ဤအစီရင်ခံစာသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၅၅/၂၀ အရ တင်ပြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအား စောင့်ကြည့် သုံးသပ်ရန်နှင့် မြန်မာ ပြည်သူလူထုနှင့် ဆက်စပ်၍ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ တာဝန်ခံမှုရှိရေး၊ ဒီမိုကရေစီ စနစ် ထွန်းကားရေးနှင့် အရပ်သား အစိုးရ တစ်ရပ် ပေါ်ထွန်းရေး စသည့် ပြည်သူ့ဆန္ဒများ ပြည့်မှီစေမည့် လမ်းကြောင်းများကို တင်ပြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးအား တာဝန်ပေးအပ်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် အလေးအနက် ဆွေးနွေးအကြံပြုချက်များ အပေါ် အခြေခံ၍ ဖော်ပြပါ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေရေး အတွက် အဓိက လမ်းကြောင်းများကို အထူးပြု ဖော်ပြထားပြီး မြေပြင်တွင် အပြောင်းအလဲ ဖော်ဆောင်နေသော အဓိက အဖွဲ့အစည်းများကို ထည့်သွင်း ဖော်ပြထားပါသည်။