ရှာဖွေရန်
ရန်ကုန်၊ မြန်မာ - မိမိတို့၏ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရသော မိသားစုများကို ထောက်ပံ့ကူညီရန် ဂျပန်နိုင်ငံအစိုးရ၏ အမေရိကန်ဒေါ်လာ (၄) သန်း လှူဒါန်းပံ့ပိုးမှုကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ယနေ့ ကြိုဆိုလက်ခံရရှိခဲ့ပါသည်။
နယူးယောက်မြို့ - စစ်တပ်မှ အာဏာသိမ်းယူပြီး ရက်ပေါင်းတစ်ရာ ပြည့်လာချိန်တွင် အရပ်သားရာနှင့်ချီ သေဆုံးခဲ့ရပြီး တရားဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုလေးစားရန်နှင့် နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို အလေးထား၍ ဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုက်ပါ သည်။
(ရန်ကုန်) - ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာ ရေးဌာနများကို တိုက်ခိုက်မှုများကြောင့် Covid19 တုံ့ပြန်ဆောင်ရွက်မှုအပါအဝင် ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ကိစ္စများအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေး လိုက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာနများနှင့် လူနာများကို ကာကွယ်စောင့်ရှောက်ပေးရန် ထပ်လောင်းတိုက်တွန်းပါသည်။
လွတ်လပ်၍ ဆင်ဆာတည်းဖြတ်ခြင်းမရှိသော၊ အမှီအခိုကင်းသော စာနယ်ဇင်းသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ ၎င်းသည် အကြပ်အတည်းကာလများအတွင်း အသက်ကယ်ဆယ်ပေးနိုင်သည့် သတင်းအချက်အလက်များကို ပေးနိုင်ပြီး၊ လူထုပါဝင်မှုအတွက် အခြေခံဖြစ်သည့်အပြင် ၊ လူ့အခွင့်အရေးအား တာဝန်ခံမှုနှင့် အလေးထားမှု ရှိစေရန် ကူညီပေးနိုင်သည်။
ရန်ကုန်၊ မြန်မာ - ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများနှင့် မကြာသေးမီကဖြစ်ပွားခဲ့သည့် နေရပ်ရွှေ့ပြောင်းနေထိုင်မှုများဖြစ်ပွားရာ အခြားဒေသများရှိ ဆင်းရဲနွမ်းပါးသော မြို့နယ်များတွင်နေထိုင်နေကြသည့် ထိခိုက်လွယ်သူ လူဦးရေ ( ၂) သန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့ စီမံချက်အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်မည်ဖြစ်ပါသည်။
ဂျီနီဗာ - မြန်မာစစ်ခေါင်းဆောင်များအား ကိုယ့်ပြည်သူကို ကိုယ်ပြန် ၍ ဖိနှိပ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးနိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင် ချက်များကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကမ္ဘာ့နိုင်ငံများအား အင်္ဂါနေ့က တိုက်တွန်းခဲ့ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပါသည်။