ယနေ့ မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များမှ ကလေးများနှင့် လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။
ရှာဖွေရန်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံတွင်း စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်း အကြမ်းဖက်များ မြင့်တက်ဖြစ်ပွားနေခြင်းအတွက် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်။ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖီဆန်နေခြင်းလည်း ဖြစ်သည်။
ယနေ့တွင် နိုင်ငံအနှံ့အပြား၌ စစ်တပ်က လူပေါင်းဒါဇင်နှင့်ချီကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် အကြောင်းမဲ့ အသက်သေဆုံးမှုများဖြစ်ခဲ့ပြီး အာဏာသိမ်းစဥ်အတွင်း သွေးထွက်သံယိုမှုအများဆုံးနေ့တစ်ရက် ဖြစ်ခဲ့သည်ကို ကြားသိရသည့်အတွက် လွန်စွာ အံ့အားသင့်တုန်လှုပ်မိပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များက ဆက်လက်ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများကြောင့် များစွာ စိုးရိမ်ပူပန်လျက် ရှိနေဆဲဖြစ်ပါသည်။
အကြမ်းဖက်မှုများ ပိုမိုများပြားလာခြင်းနှင့် ရန်ကုန်မြို့ရှိ မြို့နယ် ခြောက်မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့ခြင်း တို့ကြောင့် LIFT ၏ မြို့ပြဒေသ စီမံကိန်းအစီအစဉ်များအား အကြီးအကျယ် ထိခိုက်လျက်ရှိပြီး မရှိမဖြစ် လိုအပ်သော ပံ့ပိုးကူညီမှုများနှင့် ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အကန့်အသတ် ဖြစ်စေပါသည်။
ရန်ကုန် – မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးအဆောက်အအုံများတွင် လုံခြုံရေးတပ်ဖွဲ့များက တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်ပါသည်။ နဂိုကတည်းကပင် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှုများကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမို ဆိုးရွားသွားစေမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှားပေးကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်။
နေပြည်တော်၊ မြန်မာ - လက်ရှိနိုင်ငံရေးမငြိမ်သက်မှုအခြေအနေသည် ကုန်စည်စီးဆင်းမှုကွင်းဆက်များ (Supply Chains) နှင့် စျေးကွက်များအပေါ်သို့ အကျိုးသက်ရောက်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာလျက်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသည်။