ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာစစ်တပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာမှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်၊ ဆွေးနွေးဖလှယ်ရန်နှင့် လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များကို လေးစားရန် တိုက်တွန်းပြောဆိုနေမှုများအား ဆန့်ကျင်ဖီဆန်လျက် နိုင်ငံတွင်း သွေးထွက်သံယိုမှုများ၊ သေကျေဒဏ်ရာရမှုများ ဖြစ်ပွားအောင် ဆက်လက်လုပ်ဆောင်နေမှုများကို အပြင်းအထန် ရှုတ်ချလိုက်သည်။
ရှာဖွေရန်
ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့သည် ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဘောထားထုတ်ပြန်ချက် အတိုင်း ရပ်တည်ပြီး လွန်ခဲ့သောလမှစ၍ ဖြစ်ပွားလျက်ရှိသော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို သေစေနိုင်သော အင်အားသုံးခြင်းနှင့် အကြမ်းဖက်ဖြိုခွဲခြင်းများအပေါ် ပြင်းထန်စွာ ရှုံ့ချပြီး၊ ဤအခြေအနေ တွင် အမျိုးသမီးများကိုဦးတည်ပြီး လုပ်ဆောင်နေသော အင်အားမမျှတစွာ အကြမ်းဖက်မှုများအပေါ် များစွာ စိုးရိမ်ပူပန်မှု ဖြစ်ရပါသည်။
"လုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အမှတ် SC/14430 ကို ပြန်လည်ကိုးကား၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အခြားသူများအား တရားလက်လွတ် ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် များစွာ စိုရိမ်ပူပန်ကြောင်း ထပ်မံပြောကြားပါသည်။ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်လည်း လုံခြုံရေး ကောင်စီမှ ထပ်မံတိုက်တွန်းလိုက်ပါသည်။
(ရန်ကုန်)။ မြန်မာနိုင်ငံ အနောက်ဘက်ရှိ ချင်းပြည်နယ် မင်းတပ်မြို့တွင် လုံခြုံရေး တပ်ဖွဲ့များက အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခြင်းများနှင့် အရပ်သားများထိခိုက်သေဆုံးမှုများ ရှိကြောင်းသိရှိရပါသည်။ ယင်းကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများ၏ အကျိုးဆက်များ အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂက စိုးရိမ်လျက်ရှိပါသည်။
တစ်ကမ္ဘာလုံးတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို အသိအမှတ်ပြုကျင်းပနေချိန်တွင် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည်နှင့်အညီ နိုင်ငံတစ်၀န်းလုံးမှ အမျိုးသမီးများသည် ၄င်းတို့၏ ခေါင်းဆောင်မှုနှင့် ကိုယ်စားပြုပါဝင်နိုင်မှုကို တဖန်ပြန်လည် ပြသလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားပြင်းထန်လာနေခြင်းကို ကျွန်ုပ်တို့က ပြင်းထန်စွာရှုတ်ချပါသည်။ စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။
မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများတွင် အင်အားသုံးဖြိုခွင်းမှုများ များပြားလာခြင်းနှင့် သံချပ်ကာကားများဖြန့်ကျက်နေရာယူထားသည့် သတင်းပေးပို့ချက်များအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သည် အလွန်အမင်းစိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖြိုခွင်းခြင်းကိုအတွင်းရေးမှူးချုပ်မှ ပြင်းထန်စွာ ရှုံ့ချပါသည်။ အသက်ဆုံးရှုံးမှုနှင့် ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာခြင်းအတွက် ၎င်းမှ လွန်စွာ စိတ်ပျက်ရပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းသည် လက်ခံနိုင်ဖွယ်မရှိပါ။