မိန့်ခွန်း
အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင် မန်ဒဲလားနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
နယ်လ်ဆင် မန်ဒဲလားရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဘဝပုံရိပ်က လူသားတစ်ဦးဟာ ဖိနှိပ်ညှင်းပန်းမှု၊ ရုန်းကန်လှုပ်ရှားရမှုနဲ့ လက်အောက်ခံဘဝနဲ့ရှင်သန်ရမှုတွေကို ပြန်လည်သင့်မြတ်မှု၊ လူမှုရေးဆိုင်ရာ တရားမျှတမှုနဲ့ စည်းလုံးညီညွတ်မှုတွေအဖြစ်သို့ ပြောင်းသွားအောင်လုပ်ဆောင်နိုင်တာကို ပြသနေပါတယ်။
မန်ဒဲလားရဲ့ ဘဝက လူသားစိတ်ဓာတ်ရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်သလို သူ့ရဲ့ အမွေအနှစ်တွေက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာတို့အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ပြန်လည် ထိန်းသိမ်းကြဖို့ တောင်းဆိုမှုလည်း ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ဆောင်ပုဒ်က ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှမှု မရှိတာတွေကို အဆုံးသတ်ဖို့ စွမ်းပကားက ကျွန်တော်တို့အားလုံးရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို သတိပေးနေပါတယ်။
မန်ဒဲလားက စုပေါင်းပြီး အောက်ခြေကစပါဝင်တဲ့ လှုပ်ရှားဆောင်ရွက်မှုရဲ့ စွမ်းပကားကို ယုံကြည်သူဖြစ်ပါတယ်။ သာမန်ပြည်သူတွေကလည်း သမိုင်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရှိတာ၊ တည်တံ့တဲ့ ပြောင်းလဲမှုအတွက် မြို့တော်တွေ၊ ဘုတ်အဖွဲ့ စည်းဝေးခန်းတွေမှာသာမက ရပ်ရွာတွေနဲ့ လူထုတွေမှာပါ စတင်ရတယ်ဆိုတာ သူ သိထားခဲ့ပါတယ်။
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်ခဲ့တာ နှစ် ၈၀ ပြည့်မြောက်ခဲ့ပြီဖြစ်သလို မန်ဒဲလားရဲ့ ထမ်းရွက်ခဲ့မှုနဲ့ တိုးတက်မှု ဘဝခရီးက အဖွဲ့ကြီးမှာ ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ တွန်းအားဖြစ်နေမှာဖြစ်ပါတယ်။
ဒီနေ့လို အရေးပါလှတဲ့နေ့နဲ့ နေ့စဉ်နေ့တိုင်းမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကမ္ဘာပေါ်ရှိ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေအပေါ် ဘဝတစ်လျောက်လုံး ထားရှိခဲ့တဲ့ မန်ဒဲလားရဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာလုပ်ဆောင်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ