ဂျီနီဗာ – ယနေ့ ရန်ကုန်ရှိ စစ်ဘက်ဆိုင်ရာ တရားရုံးတစ်ခုတွင် တံခါးပိတ်စစ်ဆေးစီရင်သော တရားမျှတမှုမရှိသည့် စစ်ဆေးကြားနာမှုအပြီး သတင်းစာ ဆရာ Danny Fenster အား ပြစ်မှုထင်ရှားစီရင်၍ ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စဉ်ဆက်မပြတ် ဖိနှိပ်မှုများအား ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံရှိ သတင်းစာဆရာများ၏ ပိုမိုကျယ်ပြန့်သည် ဒုက္ခအကျပ်အတည်းကို ကိုယ်စားပြုညွှန်ပြနေသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဆိုပါသည်။
ရှာဖွေရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှုများအတွက် များစွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါ သည်။ အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းပါသည်။
ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် မြင့်တက်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဥရောပသမဂ္ဂက ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံသို့ ယူရိုငွေ (၄) သန်း လှူဒါန်းသည်။ အဆိုပါ ရက်ရောသည့် ကူညီလှုဒါန်းမှုဖြင့် ၂၀၂၁ ခုနှစ်တစ်လျှောက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ လူဦးရေပေါင်း ၃၇၀,၀၀၀ ကျော်အတွက် အသက်ကယ်စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များကို ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ၏ အသက်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လျာထားသည့် ခြောက်လတာကာလ ရန်ပုံငွေ၏ (၇၀) ရာခိုင်နှုန်းသည် ပြည့်မှီခြင်းမရှိသေးသည်ကြောင့် အဆိုပါလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် အခက်အခဲကြုံတွေ့နေရကြောင်း WFP က ယနေ့ ထုတ်ပြန်သတိပေးသည်။
ရန်ကုန် - မြန်မာနိုင်ငံသည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ခြောက်လတာကာလအတွင်း နိုင်ငံရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။ ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာမှု နှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝများသည် လွန်စွာစိုးရိမ်ရဖွယ်ရှိနေပြီး လူမှုစီးပွားဆိုင်ရာ အခြေအနေများ ယိုယွင်းပျက်စီးလာခြင်းကြောင့် ယခင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးမှု အောက်တွင် မပါဝင်ခဲ့သည့် လူပေါင်းသိန်းချီကာ လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်နေပါသည်။
ရန်ကုန်။ ။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထုတ်ပြန်ချက်များအရ နိုင်ငံအတွင်း ကူးစက်မှုအရေးအတွက်များစိုးရိမ်ဖွယ်မြင့်တက်နေသည့်အပေါ် တုန့်ပြန်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။
(ရန်ကုန်) – မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာ ဝန်းကျင်အခြေအနေ လျင်မြန်စွာ ယိုယွင်း ကျဆင်းလာမှုကို ဖော်ကျူးနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ် တလန့်ဖြင့် စိုးရိမ်ပူပန်လျက် ရှိပါသည်။
ဂျီနီဗာ – မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်ဖြစ်ပွားလာတော့မည်ဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေ ပြင်းထန်ဆိုးရွားလာမှုတို့ကို တားဆီးနိုင်ရန်အတွက် အဆိုပါအကြမ်းဖက်မှုများအား ရပ်တန့်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သောကြာနေ့တွင် သတိပေးပြောကြားလိုက်ပါသည်။ သတင်းပေးပို့ချက်များအရ စစ်တပ်အင်အားတိုးချဲ့မှုများပြုလုပ်လျက်ရှိကြောင်း အထူးသဖြင့် နိုင်ငံ၏ အရှေ့ပိုင်းရှိ ကယားပြည်နယ်နှင့် အနောက်ပိုင်းရှိ ချင်းပြည်နယ်တို့တွင် အရှိန်မြှင့်လျက်ရှိကြောင်း ဖော်ပြနေပါသည်။