ထုတ်ဝေမှု
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
A/HRC/57/56: မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာ
အစီရင်ခံစာ အနှစ်ချုပ်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၅၂/၃၁ အရ ပြင်ဆင်ထားသော ဤ စီရင်ခံစာသည် ၂၀၂၃ ခုနှစ် ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ စောင့်ကြည့်လေ့လာမှုနှင့် ဆန်းစစ် အတည်ပြုချက်များအပေါ် အခြေခံသည့် တွေ့ ရှိချက်များကို တင်ပြထားပါသည်။ အစီရင်ခံစာတွင် လူထု၏ စိတ်ကျန်းမာရေးအပေါ် ပဋိပက္ခ၏ သက်ရောက်မှု၊ နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း၊ ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းများက ပေးသော စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၏ ကောင်းမွန်သော အလေ့အထကို ဆန်းစစ်လေ့လာထားခြင်းဖြင့် အဆုံးသတ်ပါသည်။ ဤအစီရင်ခံစာတွင် မြန်မာ စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့ အကြံပြု တိုက်တွန်းချက်များဖြင့် နိဂုံးချုပ်ထားပြီး တာဝန်ခံမှုရှိစေရေး အတွက် အကြံပြုချက်များလည်း ပါဝင်ပါသည်။