မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ခနွတ်အော့ဒ်စဘီ ၏ အဖွင့်အမှာစကား။
ရှာဖွေရန်
(ရန်ကုန်) ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များက ၂၀၂၁ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ် (HRP) ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်သည် ကချင်၊ ကရင်၊ ပဲခူးအရှေ့ပိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းရှိ ထိခိုက်လွယ်လူဦးရေ ၉၄၅,၀၀၀ ခန့်အတွက် လူသားချင်းစာနာမှုအကူအညီနှင့် ကာကွယ် စောင့်ရှောက်ရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၆၇.၅ သန်းကို အသုံးပြုမည် ဖြစ်ပါသည်။
ရန်ကုန်မြို့၊ – ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခအခြေအနေများကြောင့် ကလေးသူငယ်များ၏ ကောင်းကျိုးချမ်းသာအပေါ် ထိခိုက်လာမည်ကို လွန်စွာစိုးရိမ်ပူပန်လျှက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံမှ ပါဝင်သဘောတူလက်မှတ်ရေးထိုးထားသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) ပြဌါန်းချက်များ နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ တွင်ပြဌါန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌါန်းချက်များနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများအားလုံးကို လေးစားလိုက်နာကြပါရန် သတိပေးလိုပါသည်။
ယနေ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ကူညီပေးကြ သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသခံလူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများ၏ မနားမနေကြိုးပမ်းမှုများကို လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထိုက်ဇော် အသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံကပေးအပ်သည့် လှူဒါန်းငွေ ဒိန်းမတ် ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကြိုဆိုလက်ခံရရှိပါသည်။ COVID-19 ကပ်ရောဂါ၏ လူမှုစီးပွားအကျိုးသက်ရောက်မှုအပြင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးသည့်ကာလ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွန်စွာလိုအပ်လျက်ရှိသည်။
၎င်း၏ ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂသည် ကျွန်ုပ်တို့လိုချင်သော အနာဂတ်ကို တည်ဆောက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ တကမ္ဘာလုံးဆိုင်ရာစကားဝိုင်းကို စတင်ခဲ့သည်။