သတင်းထုတ်ပြန်ချက်

အစိုးရ၏ ကိုဗစ်-၁၉ အား ကိုင်တွယ်စီမံနိုင်စွမ်း ထပ်ဆင့်တိုးမြှင့်တင်ရန် ကုလသမဂ္ဂ ပံ့ပိုးကူညီ

၂၀၂၀ ခုနှစ် မေလ ၂၉ ရက်။

  • မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဆက်လက်ကူးစက်ပြန့်ပွားနေသည်နှင့်အညီ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ရန်ပုံငွေများနှင့် အစီအစဉ်များသည် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကြိုပမ်းဆောင်ရွက် နေမှုများတွင် ကူညီပံ့ပိုးပေးလျက် ရှိပါသည်။

ဤကပ်ရောဂါ ကူးစက်ပြန့်ပွားလာသည့် အစောပိုင်းကာလများမှ အစပြု၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)သည် အစိုးရနှင့် အနီးကပ် ပူးပေါင်းလက်တွဲကာ အကူအညီများ ကို တိုက်ရိုက်ပံ့ပိုးထောက်ပံ့နေခဲ့ပါသည်။ များမကြာမီ ရက်သတ္တပတ်များအတွင်း လက် သန့်စင်ဆေးရည်ပုလင်းပေါင်း ၈,၇၀၀ ကျော်နှင့် အပူချိန်တိုင်းကိရိယာပေါင်း ၂၆၀ ကို ပြည်ထောင်စုအဆင့် လွှတ်တော်များ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အခြား အစိုးရ မိတ်ဖက်များထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ အလားတူအကူအညီများကို ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံပြည်သူများ အတွက်လည်း ပေးအပ်ခဲ့ပါသည်။ လူထုအသိပညာပေးအစီအစဉ်များအတွက် အသံချဲ့စက် အလုံး ၁၀၀ ခန့်ကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသို့ ပေးအပ်လျက် ရှိပါသည်။ ထို့အပြင် UNDP သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ (၉)ဖွဲ့ကိုလည်း တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (PPE) များနှင့် အခြားလိုအပ်သော ဆေးပစ္စည်းကိရိယာ များ ပံ့ပိုးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ ပို၍အားကောင်းလာအောင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် PPE များကို လာမည့်နှစ်ပတ် အတွင်းတွင် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

UNDP သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း နိုင်ငံအဆင့် အဖွဲ့အစည်း များအနေဖြင့် လုပ်ငန်းများ ထိရောက်စွာ လည်ပတ်ဆောင်ရွက်နိုင်ရေး စွမ်းရည်မြှင့်တင်မှု များကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ထိရောက်၍ တုံ့ပြန်ဖြည့်ဆည်းမှုရှိသော အဖွဲ့အစည်းများ ဖြစ်စေရေး ပံ့ပိုးကူညီမှုစီမံကိန်း (SERIP) မှတစ်ဆင့် UNDP သည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) နှင့် အရေးကြီးလှသည့် ထိုအမျိုးသားအဆင့် အစီအစဉ် နှင့်စပ်လျဉ်း၍ MP များ၏ အခန်းကဏ္ဍအကြောင်း webinar တစ်ခုကို ပြည်ထောင်စုအဆင့် လွှတ်တော် MP များအတွက် စီစဉ်ပြုလုပ်ပေးခဲ့ပါသည်။ UNDP ၏ တာဝန်ခံမှုနှင့် တရား ဥပဒေစိုးမိုးမှု အားကောင်းစေရေး (SARL) စီမံကိန်းကလည်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့အတွက် ဗီဒီယိုကွန်ဖရင့်ကျင်းပရန် (video conferencing) ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေပါသည်။ ဤပံ့ပိုးကူညီမှုများသည် အများပြည်သူအတွက် ဝန်ဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်း၍ အချိန်မီ ဆောင်ရွက်ပေးနိုင်စွမ်းကို မြင့်မားစေမည်ဖြစ်ပါသည်။ ထို့အပြင် အစိုးရအဖွဲ့ အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်း များတွင် ဝန်ထမ်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် စည်းကမ်းချက်များကို လိုက်နာရင်း ပေါင်းစပ်ညှိနှိုင်းမှုများကို ဆက်လက်ပြုလုပ်သွားနိုင်မည်ဖြစ်သဖြင့် လုပ်ငန်း များကို ထိရောက်မြန်ဆန်စေမည်ဖြစ်ပါသည်။

ဧပြီလအစောပိုင်းတွင် UNDP သည် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်များရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအစိုးရမှ ထူထောင်ထား သော ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်အောင် လျှောက်လွှာများ ပြင်ဆင် တင်သွင်းရန် ကူညီပေးခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ သည့် လူမှုစီးပွားကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ချက်ချင်းထုတ် ပေးနိုင်ရန် ရန်ပုံငွေ ကျပ် ၁၀၀ ဘီလျှံကို ထူထောင်ခဲ့ပါသည်။ UNDP မှ ထိုရန်ပုံငွေသို့ လျှောက်လွှာပေါင်း ၁၈၀ ကျော် တင်သွင်းလျှောက်ထားနိုင်အောင် ကူညီပေးခဲ့ပါသည်။

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ
UNDP
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ