အတိုက်အခံတက်ကြွလှုပ်ရှားသူများကို လွန်ခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းက မြန်မာစစ်တပ်မှ သေဒဏ်ပေး စီရင်ခဲ့မှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ရှုတ်ချခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ချက်ကို ပြန်လည်ရည်ညွှန်းပြောဆိုကာ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသော အကျဉ်းသားများအားလုံးအား ချက်ချင်းလွှတ်ပေးရန် အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အပေါ် ထပ်လောင်း၍ တောင်းဆိုခဲ့ကြသည်။
ရှာဖွေရန်
Bright Start က မိသားစုများစွာအတွက် အထောက်အကူဖြစ်
အလုပ်အကိုင်အရည်အသွေးများ ပိုမိုဆိုးရွားစွာ ကျဆင်းလာလျက်ရှိပြီး၊ ကုန်ထုတ် စွမ်းအားများ ပိုမိုကျုံ့ဆင်းလာကာ၊ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်များထက် အဆင့်နိမ့်ကျလျက် ရှိနေဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင် ကာလကြာရှည်နေရပ်စွန့်ခွာနေထိုင်နေရသောရပ်ရွာလူထုများသည် ၎င်းတို့၏ဘဝပြန်လည် စတင်နိုင်ရန် အခွင့်အလမ်းများကို ရရှိနေကြပြီဖြစ်သည်။
နေပြည်တော်။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်သည် အထူးသံတမန်၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် သည့် ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက်မှုများ လျှော့ချရန်၊ ဘက်ပေါင်းစုံမှ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အကူအညီ လိုအပ်နေသော ပြည်သူလူထုအားလုံးကို ခွဲခြားဆက်ဆံမှု မရှိဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အား လွတ်လပ်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လူချင်းတွေ့၍ ပြောကြားရန် တွေ့ဆုံခြင်းဖြစ်သည်။
ရန်ကုန် - ယနေ့ကျရောက်သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့အခါသမယ၌ နေ့စဉ်နေ့တိုင်း အကူအညီလိုအပ်သူများအား အရေးပါသည့်အကူအညီများပေးအပ်ရန် ၎င်းတို့၏အသက်အန္တရာယ်ကိုပင် ပဓာနမထားဘဲ စိတ်ရောကိုယ်ပါနှစ်၍ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် မြန်မာနိုင်ငံရှိ အကူအညီပေးရေးလုပ်သားများကို ဦးညွှတ်ဂုဏ်ပြုလိုကြောင်းနှင့်၊ ထိုသို့ဆောင်ရွက်ကြစဉ်အတွင်း ထိခိုက်တိမ်းပါး သွားကြသူများကိုလည်း အမှတ်တရရှိနေပါကြောင်း ကျွန်ုပ်ပြောကြားလိုပါသည်။
“ကမ္ဘာကြီးက မြန်မာကို မမေ့ထားပါနဲ့”