- မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် အဓိကဦးစားပေးကိစ္စရပ်များထဲမှ တစ်ခုမှာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်နေမှုများကို ကူညီပံ့ပိုးပေးလျက် ရှိပါသည်။
ရှာဖွေရန်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ခြင်းကိုဆောင်ရွက်ရန် ယနေ့သဘောတူညီခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာအား အလုပ်သမား၊လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီတို့၏ ဌာနေကိုယ်စားလှယ်များက နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၁ ခုနှစ်ဇွန်လအထိ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ပလက်ဝ၊ မြန်မာ - ချင်းပြည်နယ် ပလက်ဝမြို့တွင် လအတန်ကြာ စားနပ်ရိက္ခာနှင့် ကုန်စည်စီးဆင်းမှုပြတ်လတ်မှုကို ကြုံတွေခံစားနေရသည့် မိသားစုများထံသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် စနေနေ့တွင် အရေးအပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ပလက်ဝမြို့ရှိ စစ်ဘေးဒဏ်သင့် လူဦးရေ ၃,၇၀၀ တို့သည် ယနေ့မှ စတင်၍ စားနပ်ရိက္ခာအထောက်အပံ့များ ရရှိကြပါမည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်
-
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့သည် COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကို လျှော့ချရန်နှင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသမီများနှင့် အမျိုးသားများအတွက် အားလုံးပါဝင်နိုင်သော စီးပွား ရေးလုပ်ငန်းဝန်းကျင်ကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
- အကျဉ်းကျနေသူများနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများအပါအ၀င် အားလုံးအား COVID-19 ကပ်ရောဂါအန္တရာယ်မှ အကာအကွယ်ပေးရန် မြန်မာအစိုးရ၏ဆောင်ရွက်နေမှုများကို ကုလသမဂ္ဂအနေမှ ပံ့ပိုးကူညီပေးနေပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်
- မြန်မာနိုင်ငံရှိ ကုလသဂ္ဂအဖွဲ့အစည်းများသည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့များနှင့်အတူ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ပြည်ပမှ ပြန်ဝင်လာသော မြန်မာနိုင်ငံသားများ၏ သာယာဝပြောရေးနှင့် ရွှေ့ပြောင်းလာသူများ၊ ၄င်းတို့၏ မိသားစုများနှင့် ၄င်းတို့၏ ရပ်ရွာအသိုင်းအဝိုင်းများအကြား COVID-19 ပျံ့နှံ့မှုကို ဟန့်တားကာကွယ်ရန်ကြိုးစားနေပါသည်။