လူသားတစ်ဦးဟာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခု တည်ဆောက်နိုင်တယ်ဆိုတဲ့ ထူးခြားပြောင်မြောက်တဲ့ ကွဲပြားချက်ကို နယ်လ်ဆင် မန်ဒဲလားက ပြသခဲ့ပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှမှုမရှိတာတွေကို တိုက်ဖျက်တာဟာ ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင် မန်ဒဲလားနေ့အတွက် ဒီနှစ်ဆောင်ပုဒ်ဟာလည်း ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ မျှတမှု မရှိသလို ကွဲပြားမှုတွေလည်း ရှိနေပါတယ်။
ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှုတွေလည်း ထူပြောလွန်းလှပါတယ်။
ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံက ထုတ်လွှတ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ (greenhouse gases) ပမာဏနဲ့ ထပ်တူကျတဲ့ ပမာဏတစ်ခုအတွက် အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ရာခိုင်နှုန်းမှာ တာဝန်ရှိပါတယ်။
ဒါတွေဟာ သဘာဝ အမှန်တရားတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားတွေရဲ့ ရွေးချယ်မှုရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီကိစ္စရပ်တွေကို မတူကွဲပြားအောင် လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်နိုင်ပါတယ်။
ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
တန်းတူညီမျှမှု မရှိတာကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်ကို တန်းတူညီမျှမှု ရှိရှိ ပြောင်းလဲဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့၊ လူ့အခွင့်အရေးတွေကို လေးစားဖို့၊ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့နဲ့ လူသားမျိုးနွယ်အားလုံးအတွက် သင့်တော်တဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
ကြီးမားတဲ့ ဆောင်ရွက်ချက်တွေက ဖြစ်စေ၊ သေးငယ်တဲ့ လုပ်ဆောင်မှုတွေကတဆင့်ဖြစ်စေ ကျွန်တော်တို့ တစ်ယောက်ချင်းစီ ပါဝင်ဆောင်ရွက်နိုင်ကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင် မန်ဒဲလ်လားနေ့မှာ ၆၇ မိနစ်ကြာ ပြည်သူ့ဝန်ဆောင်မှု လုပ်ကြဖို့ အားလုံးကို တိုက်တွန်းတဲ့အနေနဲ့ ကျွန်ုပ်ကိုယ်တိုင် နယ်လ်ဆင် မန်ဒဲလားဖောင်ဒေးရှင်းမှာ ပါဝင်ဆောင်ရွက်ပါတယ်။ တစ်မိနစ်တိုင်းဟာ တရားမျှတမှုအတွက် သူတိုက်ပွဲဝင်ခဲ့တဲ့ နှစ်တိုင်းကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။
နယ်လ်ဆင် မန်ဒဲလားရဲ့ အမွေအနှစ်တွေကို ကျွန်ုပ်တို့ အတူတကွ ဂုဏ်ပြုရင်း အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခု စတင် တည်ဆောက်ကြပါစို့။