သတင်းထုတ်ပြန်ချက်

Collective Support To Communities In Rakhine To Fight COVID-19

၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်။

  • The United Nations agencies, funds and programmes as well as national and international organizations continue to scale-up their full-fledged support to the Government and people of Myanmar to contain the spread of COVID-19 in every State and Region, including to the most vulnerable populations such as returning migrants and internally displaced persons (IDPs).

 

(Myanmar text below)

The United Nations agencies, funds and programmes as well as national and international organizations continue to scale-up their full-fledged support to the Government and people of Myanmar to contain the spread of COVID-19 in every State and Region, including to the most vulnerable populations such as returning migrants and internally displaced persons (IDPs).

In recent weeks, the UN agencies, together with partners, have been working tirelessly to contribute to the prevention of COVID-19, through areas and sectors such as health, water, sanitation and hygiene, food and livelihoods, gender equality and the empowerment of women and migration. While maintaining critical humanitarian and recovery operations to reach vulnerable communities and internally displaced persons, the UN agencies and their partners have provided emergency hygiene and health supplies, improved safe access to basic water and sanitation facilities and continue to raise awareness among communities and IDPs about the risks of COVID-19.

The Livelihoods and Food Security Fund (LIFT) has allocated over US$2.2 million to its front-line response efforts to prevent and contain the spread of COVID-19 in Rakhine State. Implemented by local and international partners, LIFT’s response provides access to clean water and sanitation facilities to vulnerable communities and IDPs, in coordination with the relevant government authorities. LIFT is funded by seven member states, and managed by the United Nations Office for Project Services, UNOPS.

The United Nations Children’s Fund, UNICEF, continues to work with local actors, international partners and local governments to enable access to clean water in camps for the internally displaced. In the first quarter of 2020, UNICEF and partners distributed over 23,500 hygiene items to more than 50,000 people in Rakhine State. Over 130 latrines have been constructed and another 390 latrines are underway. In Sittwe, to increase public awareness about COVID-19, UNICEF has provided 7,000 posters and set up a Light Emitting Diode (LED) display board to share updated information on the risks.

In Buthidaung Township, the United Nations Population Fund, UNFPA, distributed dignity kits, with basic hygiene supplies, including soaps and sanitizers, to women and girls, while the United Nations Human Settlements Programme, UN-Habitat, in partnership with local community groups, has installed a network of public hand-washing stations and distributed Information Educational and Communication (IEC) materials to promote awareness on hand-washing and hygiene across the Sittwe Township. The United Nations Refugee Agency, UNHCR and partners have made an incredible effort in bringing the key messages on COVID-19 to communities in IDP camps and sites sheltering newly displaced as well as villages. A total of 20 IDP camps, 76 displacement sites and over 100 villages have been reached to date.

“In this challenging time for all of us, I am proud of the unity and dedication shown among the United Nations, the international community, local organizations and communities and the government authorities to mount a collective response,” said the United Nations Resident and Humanitarian Coordinator, Mr. Ola Almgren. “I am also thankful to our donors who continue to maintain and strengthen their support to our operations,” said Mr. Almgren, adding that response to the outbreak of COVID-19 requires everybody to come together more than ever. “Solidarity is the only way we can win this battle”.

End

 

COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ရခိုင်ပြည်နယ်ရှိလူထုအတွက် UN စုပေါင်းအကူအညီ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက် -  နေရပ်စွန့်ခွာရွှေ့ပြောင်းလာရသူများ၊ မိမိနိုင်ငံသို့ပြန်လာသော‌ရွှေ့ပြောင်းသူများအစရှိသည့် ထိခိုက်နစ်နာလွယ်သူ အသိုင်းအဝိုင်းများအပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် COVID-19 ကပ်ရောဂါဖြစ်ပွားခြင်းကို တားဆီး ကာကွယ်တုန့်ပြန်နေသည့် မြန်မာအစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းမှုများကို ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း များနှင့်အတူ ကုလသမဂ္ဂအေဂျင်စီများ၊ ရံပုံငွေနှင့် အစီအစဉ်များမှ အင်တိုက်အားတိုက်ကူညီနေပါသည်။

ပြီးခဲ့သောရက်သတ္တပတ်များကပင် ကျန်းမာရေး၊ ရေနှင့်မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း၊ ကျားမတန်းတူရေး၊ အမျိုးသမီးများခေါင်းဆောင်မှုစွမ်းရည်မြင့်မားရေး၊ ‌ရွှေ့ပြောင်းနေထိုင်မှု ကဏ္ဍများမှဆင့် ကုလသမဂ္ဂအေဂျင်စီများ၊ မိတ်ဖက်များသည် COVID-19 တားဆီးကာကွယ်ရေးအတွက် အတူပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။ ထိခိုက်နစ်နာလွယ်သူများနှင့် နေရပ်စွန့်ခွာသူများအတွက် အရေးကြီး လူသားချင်းစာနာမှုနှင့် ပြန်လည်ကုစားပေးသည့်လုပ်ငန်းများကို ဆောင်ရွက်ရင်း ကုလသမဂ္ဂအေဂျင်စီများ၊ မိတ်ဖက်များသည် အရေးပေါ်တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျန်းမာရေးထောက်ပံ့ပစ္စည်းများ၊ အခြေခံရေနှင့် ပိုမိုကောင်းမွန်သော မိလ္လာစနစ်ကို လက်လှမ်းမီစေမည့်လုပ်ငန်းများကို ပံ့ပိုးပေးခဲ့ပါသည်။ ဆက်လက်၍ လူထုအတွင်းနှင့် နေရပ်စွန့်ခွာလာသူများအကြား COVID-19 အန္တရာယ်အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်နေပါသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ပြန့်ပွားမှုကို ကာကွယ်တားဆီးတုန့်ပြန်ခြင်းအတွက် Livelihoods and Food Security Fund (LIFT) မှ အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် ချမှတ်သုံးစွဲသွားမည်ဖြစ်ပါသည်။ LIFT ၏တုန့်ပြန်မှုအစီအစဉ်ကို ဒေသခံနှင့် နိုင်ငံတကာမိတ်ဖက်များမှ ဖော်ဆောင်မည်ဖြစ်ကာ ထိခိုက်နစ်နာလွယ်သူများနှင့် နေရပ်စွန့်ခွာသူများအတွက် သန့်ရှင်းသောရေနှင့် ပိုမိုကောင်းမွန်သောမိလ္လာစနစ်ရရှိအောင်ကြိုးပမ်းကြမည်ဖြစ်ပါသည်။ LIFT ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံမှ ထောက်ပံ့ပေးပြီး United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲနေပါသည်။

ယာယီစခန်းများအတွင်း သန့်ရှင်းသောရေရရှိနိုင်ရန် ဒေသတွင်းရှိ အစိုးရဌာနများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်များနှင့်အတူ ကုလသမဂ္ဂကလေးများရံပုံငွေ (UNICEF) မှ ဆက်လက် လုပ်ဆောင်နေပါသည်။ ၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း ရခိုင်ပြည်နယ်ရှိ လူပေါင်း ၅၀,၀၀၀ ကျော်အတွက် တစ်ကိုယ်ရေသုံးပစ္စည်း ၂၃,၅၀၀ ကို UNICEF နှင့်မိတ်ဖက်အဖွဲ့များက ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ထို့ပြင်အိမ်သာအလုံး ၁၃၀ ကျော် ဆောက်လုပ်ပေးခဲ့ရုံမျှမက နောက်ထပ် ၃၉၀ ကျော်ကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ စစ်တွေမြို့တွင်း၌ ပိုစတာပေါင်း ၇,၀၀၀ ကျော်နှင့် LED ဘုတ်တို့ကို အသုံးပြုကာ COVID-19 အန္တရာယ်အသိပညာ ပေးခဲ့ပါသည်။

ဆပ်ပြာ၊ လက်သန့်စင်ဆေးရည်အပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းများကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမျိုးသမီးများအတွက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှလည်း ဖြန့်ဖြူးပေးခဲ့သည့်အပြင် ဒေသခံ လူထုအဖွဲ့အစည်းများနှင့်အတူ UN-Habitat မှလည်း လက်ဆေးစင်များကို စစ်တွေမြို့အတွင်းမှာ ဆောက်လုပ်ပေးခဲ့ကာ လက်နှင့်တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် မိတ်ဖက်များက ရွှေ့ပြောင်းနေထိုင်ရာစခန်း၊ ယာယီနေရာနှင့် ကျေးရွာများတွင် နေထိုင်နေကြရသည့် နေရပ်စွန့်ခွာလာသူများကို COVID-19 နှင့်ပတ်သက်သော အရေးကြီး သတင်းစကားများကိုလည်း မျှဝေခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ယခုအချိန်အထိ ရွှေ့ပြောင်းနေထိုင်ရာ စခန်း ၂၀၊ ယာယီနေရာ ၇၆ ခုနှင့် ကျေးရွာပေါင်း ၁၀၀ ကျော်သို့တိုင် သတင်းအချက်အလက်များ ပါးနိုင်ခဲ့ပါသည်။

အားလုံးအတွက် ယခုလိုခက်ခဲသောအချိန်မှာ ကုလသမဂ္ဂအဖွဲ့အစည်း၊ နိုင်ငံတကာနှင့်ဒေသခံအဖွဲ့အစည်းများ၊ လူထု အသိုင်းအဝိုင်းများအကြား စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့  စုပေါင်းတုန့်ပြန်နေကြသည်ကို မြင်တွေ့ရသဖြင့် ဂုဏ်ယူမိပါကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေး တာဝန်ခံ Mr. Ola Almgren မှ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Mr. Almgren က လုပ်ငန်းများဆက်လက် လုပ်ကိုင်နိုင်စေဖို့ ပံ့ပိုးပေးကြသည့် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်ကြောင်းနှင့် COVID-19 ကပ်ရောဂါကို တုန့်ပြန်တိုက်ထုတ်ရာတွင် အားလုံးပူးပေါင်းကာ ဆောင်ရွက်ရမည်ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

 

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
United Nations

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ