ရှာဖွေရန်
နယူးယောက်။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာသည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ရန်ကုန်တွင် ဖမ်းဆီးခံရပြီး အန္တရာယ်ရှိနေသူများအပါအ၀င် မြန်မာနိုင်ငံသားများကို အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းအပေါ် စိုးရိမ်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။ ၎င်းအပြင် ဒုက္ခသည်များအား အကာအကွယ်ပေးရေး ဒေသတွင်းမူဘောင်တစ်ခုကို ပူးတွဲရေးဆွဲရန် နှင့် အတင်းအကြပ် နေရပ်ပြန်ပို့ခြင်းကို အဆုံးသတ်ရန် ဒေသတွင်းနိုင်ငံများကို တိုက်တွန်းသည်။
ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများရှင်
မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာနှင့် အတူ လတ်တလော ဖြစ်ရပ်အကြောင်းတွေကို မိတ်ဆက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါသည်။
ရန်ကုန်။ ။ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးသည့်အနေဖြင့် ဥရောပသမဂ္ဂက ယူရိုငွေ ၆.၅ သန်း လှူဒါန်းသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်သူနိုင်ငံသားပေါင်း ၁၅ သန်းခန့်သည် ဝမ်းရေးအခက်အခဲကို အလယ်အလတ် သို့မဟုတ် အပြင်းအထန် ကြုံတွေ့ရင်ဆိုင်နေကြရပါသည်။
UNHCR သည် နေရပ်စွန့်ခွာရသူများနှင့် ပဋိပက္ခဒဏ်ခံရပ်ရွာများအတွက် အကူအညီများနှင့် စွမ်းဆောင်ရည်တည်ဆောက်ပေးသည့်လုပ်ငန်းမျာ းဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။