စစ်တပ်၏အာဏာလွှဲပြောင်းယူမှုသည် ကိုဗစ်-၁၉၏ ရိုက်ခတ်မှုကြောင့် ချိနဲ့နှင့်ပြီးဖြစ်သော လုပ်သားစျေး ကွက်ကို ထုနှက်လိုက်သည့်နှယ်ဖြစ်တော့သည်။ အမျိုးသမီးအလုပ်သမားများသည် အပြင်းထန်ဆုံး ရိုက်ခတ်ခံရသူများ ဖြစ်သည်။
ရှာဖွေရန်
အကြောင်းအရာ - ကလေးစစ်သားများစုဆောင်းခြင်းနှင့်အသုံးပြုခြင်းကိုတားဆီးပါရန် မြန်မာနိုင်ငံရှိကလေးများကို ပြင်းထန်စွာချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ၏ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံရေးအင်အားစု(CTFMR)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (DKBA) ၏နှစ်ဦးနှစ်ဖက်ပူးတွဲလုပ်ဆောင်မှုအစီအစဉ် (JAP) ၏ အွန်လိုင်းလက်မှတ်ရေးထိုးခြင်းအခမ်းအနား
ရခိုင်ပြည်နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် စားနပ်ရိက္ခာများထောက်ပံ့ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို WFP က ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်။
ရန်ကုန်၊ မြန်မာ - ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စီစဥ်မှုဖြင့် ကုလသမဂ္ဂ အထူးလေယာဥ်တစ်စင်းသည် ဆေးပစ္စည်းအထောက်အပံ့များနှင့် အကူအညီပေးရေးဝန်ထမ်းများကို တင်ဆောင်ကာ ရခိုင်ပြည်နယ်ရှိ COVID-19 တုန့်ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအားကူညီပံ့ပိုးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ပျံသန်းထွက်ခွာခဲ့သည်။
ပလက်ဝ၊ မြန်မာ – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) သည် ဝေးလံခေါင်းပါး၍ လပေါင်းများစွာ ရိက္ခာနှင့်ကုန်စည်ပုံမှန်စီးဆင်းမှု ပြတ်တောက်နေသော ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များကို ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ စုစုပေါင်း (၁၆၅) မက်ထရစ်တန်ချိန်ရှိသည့် အဆိုပါအထောက်အပံ့များကို စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည့် ပြည်သူလူထုမိသားစုများအတွက် ယခုရက်သတ္တပတ်တွင် စတင်ဖြန့်ဝေပေးအပ်လျက်ရှိပါသည်။
ရန်ကုန်၊ မြန်မာ - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ အတူတကွပူးပေါင်း၍ COVID-19 စမ်းသပ်ကိရိယာပေါင်း ၂၀,၀၀၀ ကို မြန်မာနိုင်ငံအစိုးရသို့ပေးအပ်ခဲ့ပါသည်။ UNICEFက ၀ယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ဆောင်ရွက်ပေးခဲ့သည့် ဤစမ်းသပ်ကိရိယာများသည် ကုလသမဂ္ဂက မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MoHS)သို့ စမ်းသပ်ကိရိယာပေါင်း ၉၀,၀၀၀ ကျော် ထောက်ပံ့ပေးမည့်အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရန်ကုန်၊ မြန်မာ – ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 တုံ့ပြန်မှုလုပ်ငန်းများအတွက် အီတလီဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (AICS) က ယူရိုငွေ (၁) သန်း ပေးအပ် လှူဒါန်းခြင်း မှတ်တမ်းတင်အခမ်းအနားကို ယနေ့ တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ် COVID-19 ကုသရေးစင်တာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်းကျင်းပခဲ့ပါသည်။
ကုလသမဂ္ဂ ဖွဲ့စည်းပုံဇယား