သတင်းထုတ်ပြန်ချက်

ကြီးမားသည့် ပျက်စီးမှုကိုဖြစ်စေခဲ့သည့် ငလျင်လှုပ်ခတ်မှုအပြီး၊ ILO သည်မြန်မာပြည်သူများ အတွက် အရေးပေါ်ပံ့ပိုးမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်

၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်။

ကယ်ဆယ်ရေးလုပ်ငန်းများ မြန်ဆန်စွာပြုလုပ်ရန်ကြိုးပမ်းအားထုတ်မှု နှင့် အလုပ်အကိုင်များပြန်လည်ရရှိ ရေးအတွက် ရေရှည်အစီအမံများသည် အလုပ်သမားများကိုကာကွယ်ရန်၊ အသေးစားစီးပွားရေးလုပ်ငန်း များကို ပံ့ပိုးရန်နှင့်၊ ငလျင်ဘေးဒဏ်အလွန် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်များဖြစ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သည်။

ခေါင်းစဉ်-မန္တလေးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ
ဓာတ်ပုံ - © Yutong Liu/ILO

ရန်ကုန် - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက် နေ့တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ရုတ်တရက်ဖြစ်ပေါ်သည့်ဘေးအန္တရာယ်ကို တုံ့ပြန်သော အားဖြင့် မြန်မာပြည်ရှိ အလုပ်သမားနှင့်အသေးစားစီးပွားရေးလုပ်ငန်းများအတွက် လက်ငင်းပံ့ပိုးမှုပေးနိုင်ရန် ဆော်ဩစည်းရုံးလျက်ရှိသည်။ ရေရှည်လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်များ ကိုလည်း ဖော်ထုတ်နေဆဲဖြစ်သည်။  

ဤဘေးအန္တရာယ်ကြောင့် လူဦးရေ ၃,၆၀၀ ကျော်သေဆုံးပြီး၊ လူနေအိမ် ၄၈,၀၀၀ ကျော် ပြိုကျပျက် စီးခဲ့ရသည်။ အလုပ်သမား ထောင်သောင်းများစွာ ဝင်ငွေဆုံးရှုံးကြပြီး၊ အထူးသဖြင့်၊ အထိအနာဆုံးဖြစ်သည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ ရပ်ရွာလူမှုအသိုက်အမြုံတော်တော်များများ အခြေအနေမဲ့ဘ၀ ရောက်ခဲ့ကြရသည်။

ILO သည် ဤဘေးအန္တရာယ်အပြီး ချက်ခြင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် အလုပ်ရှင်အဖွဲ့အစည်းများကို ငွေကြေးပံ့ပိုးပေးခဲ့သည်။ ၎င်းတို့အဖွဲ့ဝင်များ၏ လက်ငင်းလိုအပ်မှုများကို ကူညီဖြည့်စီးရန်အတွက်ဖြစ်သည်။ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဥ်ကို  မန္တလေး နှင့် စစ်ကိုင်းတွင် လုပ်ဆောင်ခဲ့ပြီး အိုင်အယ်လ်အို၏ ရှေ့ဆက်တုံ့ပြန်မှုကို အကူအညီအထောက်အပံ့ဖြစ်စေရန်အတွက် “အမြန်အကဲဖြတ်စစ်တမ်း” ကိုပြုစုနေပြီ ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေအဖွဲ့၏ “ဘေးအန္တရာယ်အလွန်လိုအပ်မှု အကဲဖြတ် ဆန်းစစ်ချက် နှင့် လက်တွေ့လုပ်ဆောင်မှု” အတွက်တစ်စုံတစ်ရာပံ့ပိုးမှုဖြစ်မည်။  

လက်ရှိစီစဥ်နေသည့်  လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေးနည်းဗျူဟာ၌ အရေးပေါ်အလုပ်အကိုင် ထိုးထွင်းရင်းနှီးမြှုပ်နှံမှု  အစီအစဉ်များကို (emergency employment-intensive investment programme) ထည့်သွင်းဖွယ်ရာရှိသည်။ ထိုအစီအစဉ်များသည် အသေးစားအခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံကိန်းများဖြစ်သည်။  ထိုစီမံကိန်းများသည် စီးပွားရေးလုပ်ငန်းများ၊ အသင်း အဖွဲ့များနှင့်ချိတ်ဆက်၍ သင့်လျော်ကောင်းမွန်၍ ရေရှည်တည်တံ့သည့်အလုပ် အကိုင်မျာကိုဖန်တီးရန် ဖြစ်သည်။ ရာသီပင်စိုက်ပျိုးရေးအလုပ် လုပ်ကိုင်သည့်စိုက်ပျိုးရေး လုပ်သားတို့၏လိုအပ်ချက်များ၊ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ အဓမ္မအလုပ်ခိုင်းစေမှု၊ ကလေးလုပ်သားကိစ္စနှင့် ဆက်စပ် သည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ရည်စူးသည့် အစီအမံများသည် နောက်ထပ်ရွေးချယ်စရာ များဖြစ်သည်။  တစ်ချိန်တည်းတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ထားသူများကို မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်၍ဝန်ဆောင်မှုပေးနိုင်ရန်ကို  ဘေးအန္တရာယ်အလုပ်သမားအဖွဲ့အစည်း များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ပံ့ပိုးပေးရင်းပြန်လည် ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများ၌ ၎င်းတို့တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရန် ပိုသေချာစေလာမည်။

“အလွန့်အလွန်ကြီးမားသည့်ဆုံးရှုံးမှု၊ ကစဉ့်ကလျားဖြစ်မှုများနဲ့ ရင်ဆိုင်နေရချိန်တွင် ၊ အိုင်အယ်လ်အို သည် မြန်မာနိုင်ငံသားများနဲ့ စည်းလုံးညီညွတ်စွာရပ်တည်လျက်ရှိပါတယ်” လို့ Kaori Nakamura-Osaka       (ILO ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် နှင့် အာရှ-ပစိဖိတ်ဒေသဌာနေ ညွှန်ကြားရေးမှူး) ကဆိုသည်။ “သင့် လျော်ကောင်းမွန်တဲ့အလုပ်အကိုင်၊ ရေရှည်တည်တံ့တဲ့အလုပ်အကိုင်တွေကတစ်ဆင့် အသက်မွေးဝမ်း ကြောင်းကို ပြန်လည်တည်ဆောက်ပြီး အလုပ်သမားနဲ့အလုပ်ရှင်အပါအ၀င် မြန်မာနိုင်ငံပြည်သူများကိုပံ့ပိုး ခြင်းက ကျွန်မတို့ရဲ့ဦးစားပေးအလုပ်ဖြစ်တယ်”။ “တစ်ချိန်တည်းမှာပဲ၊ ပြန်လည်ထူထောင်ရေးနဲ့ဆိုင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေက ခုခံကာကွယ်စွမ်း အားအနည်းဆုံးသူတွေကို ကာကွယ်ကြောင်း၊  လူမှုရေး  တရားမျှတမှု အခြေခံသဘောတရားတွေကို ထိန်းသိမ်းကြောင်း သေချာစေရမယ် ”ဟုသူမကဆိုသည်။  

ဤငလျင်သည် လူပေါင်းနှစ်သန်းအား အရေးတစ်ကြီးအကူအညီ နှင့် အကာအကွယ်လိုအပ်သည့် အခြေအနေသို့ တွန်းပို့ခဲ့ကြောင်း ခန့်မှန်းတွေ့ရှိထားသည်။ ဤဘေးအန္တရာယ်မကျရောက်မီ၊ လူဦးရေ ၅၄ သန်း အနက် ၁၉.၉ သန်းသည်  အကူအညီလိုအပ်သည့် ဆိုးရွားသောအခြေအနေ၌ ရှိနှင့်နေပြီးဖြစ်သည်။  မြို့နယ်ပေါင်း ၃၃၀ ရှိ သည့်အနက် ၅၇ မြို့နယ်ရှိ လူဦးရေ ၁၇ သန်းကျော်သည် မြေငလျင်ဒဏ်သက်ရောက်သည့် ဒေသများအတွင်း တည်ရှိသည်။ ယင်းတို့အနက် လူဦးရေ ၉.၁သန်း ကျော် သည် မန္တလေး နှင့် စစ်ကိုင်းအပါအဝင် ငလျင်ဒဏ်အပြင်းထန်ဆုံးခံရသည့် ဒေသများမှဖြစ်သည်။  

အကယ်၍၊ ၂၀၂၃ ခုနှစ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ရာတွင် ခိုင်မာသောတိုးတက်မှုမှ ထောက်ခံမှုရရှိပါက ပြန်လည်ထူထောင်ရေးနည်း ဗျူဟာများကိုအကောင်းဆုံးလုပ်ဆောင်နိုင်မည်ဟု ILOက သုံးသပ်သည်။

(မှတ်ချက် - ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုပါသည်။)

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ