သတင်းထုတ်ပြန်ချက်

ရောဂါစမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ရန် စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော်ရောက်ရှိ

၂၀၂၀ ခုနှစ် ဧပြီလ ၁၄ ရက်။

  • ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရန်ပုံငွေပေးရေးနှင့် အကူအညီပေးရေးအစီအစဉ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှု များ၌ ကျန်းမာရေးအာဏာပိုင်များအား စဉ်ဆက်မပြတ်ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ဤသို့ကူညီပံ့ပိုးရာ၌ စီမံရေးနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရင်းအမြစ်များစုစည်းခြင်းအပြင် လူထုအကြား အသိပညာပေးခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ခြင်းများ၌ တိုက်ရိုက်ပါဝင်ပံ့ပိုးကူညီခြင်းများကို ပိုမိုခိုင်မာ စေလျက် စမ်းသပ်ကိရိယာများ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ၊ ဆေးနှင့်ဆေးပစ္စည်းများရရှိရေးနှင့် ကျန်းမာရေးနှင့်အသွားအလာကန့်သတ်မှုဌာနဆိုင်ရာစနစ်များ တိုးချဲ့ခြင်းများ ပါဝင်ပါသည်။

ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) က စီမံဆောင်ရွက်သည့် ‘ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ’ (Access to Health Fund)  သည် Good Neighbors International နှင့်အတူ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနထံသို့ များစွာလိုအပ်လျက်ရှိသော ရောဂါစမ်းသပ်ပစ္စည်းကိရိယာများ ကူညီပံ့ပိုး ပေးထားပါသည်။ COVID-19 ရောဂါစမ်းသပ်မှု ကြိမ်ရေ ၂၀,၀၀၀ လုပ်ဆောင်ရန် လိုအပ်သည့်ပစ္စည်းများ ရရှိရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ကို ရန်ပုံငွေရယူပေးထားပါသည်။ ဤပစ္စည်းများတွင်  မကြာသေးမီက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော Polymerase Chain Reaction (PCR) စမ်းသပ်ပစ္စည်း ၅,၀၀၀ နှင့် Viral Transport Media Tubes ဖန်ပြွန် ၁၀,၀၀၀ တို့ပါဝင်ပါသည်။ လာမည့် ၂၄ နာရီအတွင်း UNOPS Access to Health Fund သည် ခွဲစိတ်ခန်းသုံးလက်အိတ် ၁၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၅၀၀,၀၀၀ တို့ကို လည်း မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ ပေးအပ်သွား မည်ဖြစ်ပါသည်။

‌“ရောဂါစမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ရေးကြိုးပမ်းမှုမှာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရကို အကူအညီပေး ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးတာဝန်ခံ မစ္စတာ Ola Almgren က ပြောကြားခဲ့သည်။

“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဟာ ကုသရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက် ရာမှာ အထောက်အကူပြုနေပြီး ရောဂါရှာဖွေရေးနဲ့ သီးခြားထားရှိကုသရေးတို့အတွက် အလွန်အရေးပါတဲ့အခန်း ကဏ္ဍမှာရှိနေပါတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ၏ ရန်ပုံငွေဒါရိုက်တာ မစ္စတာ Oren Ginzburg ကပြောကြားခဲ့သည်။ “အလှူရှင်နိုင်ငံတွေဖြစ်ကြတဲ့ ယူနိုက်တက်ကင်းဒမ်း၊ ဆွီဒင်၊ အမေရိကန်ပြည် ထောင်စုနဲ့ ဆွစ်ဇာလန်တို့ရဲ့ကိုယ်စား မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစိုးရရဲ့ကြိုးပမ်း ဆောင်ရွက်မှုမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု မစ္စတာ Oren Ginzburg ကပြောခဲ့သည်။

 

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNOPS
ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ