Over 20,000 Kits Arrive in Myanmar to Boost Testing Capacity
14 April 2020
- The United Nations agencies, funds and programmes together with national and international partners continue to support the health authorities in their efforts to prevent and control the outbreak of COVID-19 in Myanmar.
This support includes procurement of test kits, personal protective equipment, specialized medical equipment, and the expansion of health and quarantine facility capacities; strengthening planning and coordination, resource mobilization as well as direct engagement and support in awareness raising and promotion of hygiene among the population.
The Access to Health Fund, managed by the United Nations Office for Project Services, UNOPS, together with the Good Neighbors International have supported the National Health Laboratory (NHL) with much-needed testing equipment. A total of US$700,000 has been mobilized to procure the necessary equipment to conduct 20,000 tests for COVID-19. This equipment includes 5,000 real-time Polymerase Chain Reaction (PCR) tests and 10,000 viral transport media tubes which arrived in Myanmar recently. Within the next 24 hours, the UNOPS Access to Health Fund is set to also deliver another 150,000 surgical gloves and 500,000 surgical masks to the Ministry of Health and Sports to support health workers in Myanmar.
“We are pleased to be able to support the Government of Myanmar in its efforts to increase testing capacities, which is essential to containing this virus,” said Mr. Ola Almgren, the United Nations Resident and Humanitarian Coordinator.
" The National Health Laboratory has a critical role in finding and isolating cases, supporting treatment and breaking the chain of transmission,” said Mr. Oren Ginzburg, Fund Director of the Access to Health Fund. “On behalf of our donors - the United Kingdom, Sweden, United States and Switzerland - we are happy to be able to play a role in the Government’s efforts to protect the people of Myanmar."
End
ရောဂါစမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ရန် စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော်ရောက်ရှိ
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရန်ပုံငွေပေးရေးနှင့် အကူအညီပေးရေးအစီအစဉ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှု များ၌ ကျန်းမာရေးအာဏာပိုင်များအား စဉ်ဆက်မပြတ်ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
ဤသို့ကူညီပံ့ပိုးရာ၌ စီမံရေးနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရင်းအမြစ်များစုစည်းခြင်းအပြင် လူထုအကြား အသိပညာပေးခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ခြင်းများ၌ တိုက်ရိုက်ပါဝင်ပံ့ပိုးကူညီခြင်းများကို ပိုမိုခိုင်မာ စေလျက် စမ်းသပ်ကိရိယာများ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ၊ ဆေးနှင့်ဆေးပစ္စည်းများရရှိရေးနှင့် ကျန်းမာရေးနှင့်အသွားအလာကန့်သတ်မှုဌာနဆိုင်ရာစနစ်များ တိုးချဲ့ခြင်းများ ပါဝင်ပါသည်။
ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) က စီမံဆောင်ရွက်သည့် ‘ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ’ (Access to Health Fund) သည် Good Neighbors International နှင့်အတူ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနထံသို့ များစွာလိုအပ်လျက်ရှိသော ရောဂါစမ်းသပ်ပစ္စည်းကိရိယာများ ကူညီပံ့ပိုး ပေးထားပါသည်။ COVID-19 ရောဂါစမ်းသပ်မှု ကြိမ်ရေ ၂၀,၀၀၀ လုပ်ဆောင်ရန် လိုအပ်သည့်ပစ္စည်းများ ရရှိရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ကို ရန်ပုံငွေရယူပေးထားပါသည်။ ဤပစ္စည်းများတွင် မကြာသေးမီက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော Polymerase Chain Reaction (PCR) စမ်းသပ်ပစ္စည်း ၅,၀၀၀ နှင့် Viral Transport Media Tubes ဖန်ပြွန် ၁၀,၀၀၀ တို့ပါဝင်ပါသည်။ လာမည့် ၂၄ နာရီအတွင်း UNOPS Access to Health Fund သည် ခွဲစိတ်ခန်းသုံးလက်အိတ် ၁၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၅၀၀,၀၀၀ တို့ကို လည်း မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ ပေးအပ်သွား မည်ဖြစ်ပါသည်။
“ရောဂါစမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ရေးကြိုးပမ်းမှုမှာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရကို အကူအညီပေး ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးတာဝန်ခံ မစ္စတာ Ola Almgren က ပြောကြားခဲ့သည်။
“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဟာ ကုသရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက် ရာမှာ အထောက်အကူပြုနေပြီး ရောဂါရှာဖွေရေးနဲ့ သီးခြားထားရှိကုသရေးတို့အတွက် အလွန်အရေးပါတဲ့အခန်း ကဏ္ဍမှာရှိနေပါတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ၏ ရန်ပုံငွေဒါရိုက်တာ မစ္စတာ Oren Ginzburg ကပြောကြားခဲ့သည်။ “အလှူရှင်နိုင်ငံတွေဖြစ်ကြတဲ့ ယူနိုက်တက်ကင်းဒမ်း၊ ဆွီဒင်၊ အမေရိကန်ပြည် ထောင်စုနဲ့ ဆွစ်ဇာလန်တို့ရဲ့ကိုယ်စား မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစိုးရရဲ့ကြိုးပမ်း ဆောင်ရွက်မှုမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု မစ္စတာ Oren Ginzburg ကပြောခဲ့သည်။