သတင်းထုတ်ပြန်ချက်

COVID-19 ကူးစက်ရောဂါကူးစက်ဖြစ်ပွားမှုအား တုံ့ပြန်ဆောင်ရွက်ရန် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA)မှ မြန်မာနိုင်ငံတော်အစိုးရ၏ လူမှုဝန်ထမ်း Case Manager များအား စိတ်လူမှုဆိုင်ရာ အထောက်အပံ့ ပေးခြင်း Online သင်တန်းပို့ချ

၂၀၂၀ ခုနှစ် ဧပြီလ ၀၉ ရက်။

  • မြန်မာနိုင်ငံတွင် ကုလသမဂ္ဂသည် COVID-19 ကူးစက်ရောဂါကူးစက်ဖြစ်ပွားမှုအား တားဆီးကာကွယ်ရေး တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ အနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရဝန်ထမ်းများအား ကျား/မအခြေပြုအကြမ်းဖက်ခံရသူများအတွက် စိတ်လူမှုဆိုင်ရာအထောက်အပံ့ ပေးရာတွင် လည်းကောင်း၊ ရပ်ရွာလူထုထဲတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုနှင့် ဆက်နွယ်သော ကိစ္စရပ်များ ပံ့ပိုးကူညီပေးရာတွင်လည်းကောင်း စွမ်းဆောင်ရည်ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ Online သင်တန်းအား ၂၀၂၀ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ပို့ချခဲ့သည်။ သင်တန်းတွင် ပြည်နယ်နှင့်တိုင်းအသီသီးရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ Case Managerများအပါအဝင် သင်တန်းသား အယောက် ၉၀ တက်ရောက်ခဲ့သည်။

စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာ အထောက်အပံ့ပေးခြင်းသည် လူအများ ကျန်းမာပျော်ရွှင်မှု၊ ကျန်းမာခြင်းနှင့် ပေါင်းစည်းညီညွှတ်မှုတို့အပေါ် များစွာ အကျိုးသက်ရောက်မှုရှိသည်။ အထူးသဖြင့် COVID-19 ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုကဲ့သို့ အရေးပေါ်အခြေအနေတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ လူငယ်နှင့် ဆယ်ကျော်သက်များစသည့် ဘေးအန္တရာယ်ထိခိုက်လွယ်သောအုပ်စုဝင်တို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာ ပျော်ရွှင်စေရေးတို့အတွက် ဦးစားပေးဆောင်ရွက်ရန် အရေးကြီးသည်။ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့သည် လူငယ်များ၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျား/မအခြေပြု အကြမ်းဖက်မှု ခံစားခဲ့ရသူများအား ဘက်ပေါင်းစုံမှ ပြန်လည်ကောင်းမွန်လာရေးတို့အတွက် ဆောင်ရွက်နေသလို စိတ်ကျန်းမာ ရေးနှင့် စိတ်လူမှုဆိုင်ရာ အထောက်အပံ့ပေးမှုလုပ်ငန်းသည်လည်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ ကျား/မအခြေပြု အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။

ယင်းသင်တန်းသို့ တက်ရောက်လာကြသည့် Case Manager များအနေဖြင့်လည်း COVID-19 ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေအတွင်း ကျား/မအခြေပြု အကြမ်းဖက်မှုခံစားရသူများအပါအဝင် ရပ်ရွာလူထု အတွက် မည်သို့မည်ပုံ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိနားလည်သွားကြမည်ဖြစ်သည်။ ထို့အပြင် COVID-19 ကူးစက်ရောဂါကူးစက်ဖြစ်ပွားမှုက လူတို့၏ စိတ်လူမှုဆိုင်ရာအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိသည်၊ ယင်းကို မည်သို့ မည်ပုံရင်ဆိုင်ဖြေရှင်းနိုင်သည် စသည်တို့နှင့် ပတ်သက်၍ ရပ်ရွာလူထုအား ထိရောက်စွာ အသိပညာပေးနိုင်မည် ဖြစ်ပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNFPA
လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ