မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့ သတင်းစကား
၂၀၂၄ ခုနှစ် မေလ ၁၇ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့မှာ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ဖို့နဲ့ တရားဥပဒေအရ သာတူညီမျှမှုရှိရေးတို့အတွက် တိုက်ပွဲဝင်နေကြတဲ့ LGBTIQ+ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုလိုပါတယ်။
ဒါပေမဲ့ ဆန့်ကျင်ဖက်ကို ဦးတည်စေတဲ့အရာတွေကလည်း စိုးရိမ်ဖွယ်ရာ တိုးပွားလာနေပါတယ်။ ဥပဒေသစ်တွေမှာ တယူသန် အယူဝါဒဟောင်းတွေကို ကျင့်သုံးနေပြီး၊ အကြောက်တရားတွေကို အသုံးချကာ အမုန်းတရားတွေကို လှုံ့ဆော်နေပါတယ်။
“အားလုံးအတွက် တန်းတူညီမျှမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိရေးမှာ ဘယ်သူမှ မကျန်ခဲ့စေရေး” ဆိုတဲ့ ဒီနှစ် ဆောင်ပုဒ်က လူသားတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရမယ့် တာဝန်တွေကို နှိုးဆော်နေပါတယ်။ အဲဒီအခွင့်အရေးတွေ အမှန်တကယ် ရရှိလာစေဖို့အတွက် ကမ္ဘာတစ်ဝန်းမှာ လှုပ်ရှားဆောင်ရွက်ကြဖို့ လိုပါတယ်။
လိင်တူချင်း ချစ်ခင်စုံမက်မှုတွေကို ပြစ်မှုမြောက်တဲ့လုပ်ရပ်အဖြစ် သတ်မှတ်တာကို အဆုံးသတ်ရပါမယ်။ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTIQ+ အသိုက်အဝန်းတွေအပေါ် အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေ အားလုံးကိုလည်း အဆုံးသတ်ရပါမယ်။
ဒီကနေ့ကစပြီး နေ့စဉ်နေတိုင်း ကမ္ဘာတစ်ဝန်းမှာ အားလုံးအတွက် လေးစားမှု၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေရှိတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ သန္နိဋ္ဌာန်ပြုကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ