သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်
၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်
မင်းပြားမြို့နယ်အတွင်းဖြစ်ရပ်အပေါ်တွင် ပြည့်စုံပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုတစ်ခု ရှိလာစေရန် နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်တန်သောပြစ်ဒဏ်ပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဧပြီလ ၂၁ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်နှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသည် ကုလသမဂ္ဂအဖွဲ့အစည်းသုံးမော်တော်ယာဥ်တစ်စီးကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ယာဥ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခြင်းကို ကြိုဆိုပါသည်။
![Public Information and Advocacy Officer](/sites/default/files/styles/thumbnail/public/2020-02/Valijon%20Ranoev_OCHA.jpg?h=f2eeae0d&itok=jfYQQt2n)
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ
UN
ကုလသမဂ္ဂ