သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် မေလ ၀၂ ရက်။

  • (အလွတ်သဘော ဘာသာပြန်ဆိုချက်)

     

  • သတင်းသမားများအတွက် မှတ်ချက် - ဤထုတ်ပြန်ချက်သည် မေလ ၁ ရက်နေ့က ကုလသမဂ္ဂ နယူးယောက်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက် ဖြစ်ပါသည်။

**မြန်မာ

မြန်မာနိုင်ငံ၏နောက်ဆုံးရသတင်းအရ၊ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းနှင့်ပတ်သက်၍ မြေပြင်ရှိ ကျွန်တော်တို့ ကုလသမဂ္ဂအဖွဲ့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်။ 

လက်ရှိ လွန်စွာ မတည်မငြိမ် ဖြစ်နေသည့် အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion) ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး၊  အတူတကွ လက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို ကျွန်တော်တို့အနေဖြင့် အပြည့်အဝ ထောက်ခံအားပေးပါသည်။ 

ရခိုင်ပြည်နယ်အတွင်းတွင် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါ ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာ လည်ပတ်နေမှုကို ပိုမို ဆိုးဝါးလာစေလိမ့်မည်ဟု ကုလသမဂ္ဂ မြေပြင်အဖွဲ့က ထောက်ပြပါသည်။

မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို ကျွန်တော်တို့ စဥ်ဆက်မပြတ် ရှုတ်ချပါသည်။ စစ်မက်ပြုခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးရန် ကျွန်တော်တို့ ထပ်မံတောင်းဆိုပါသည်။ 

နယူးယောက်၊ ၂၀၂၄ ခုနှစ် မေလ ၁ ရက် / ရန်ကုန်၊ ၂၀၂၄ ခုနှစ် မေလ ၂ ရက်

###

သတင်းစာရှင်းလင်းပွဲအပြည့်အစုံ ဖတ်ရှုရန် - https://press.un.org/en/2024/db240501.doc.htm

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ