နယ်လ်ဆင် မန်ဒဲလားဟာ ရဲစွမ်းသတ္တိနဲ့ ခံယူချက်ကြီးမားတဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။
အင်မတန် ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ ခေါင်းဆောင်တဦး ဖြစ်သလို ထူးချွန်ပြောင်မြောက်လှတဲ့ လူသားတဦးလည်း ဖြစ်ပါတယ်။
ကျွန်ုပ်တို့ခေတ်ရဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူချန်ထားခဲ့တဲ့ အမွေအနှစ်ကို အလုပ်နဲ့ သက်သေပြပြီး အကောင်းဆုံး ဂုဏ်ပြုရအောင်ပါ။
လူမျိုးရေးခွဲခြားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားတွေရဲ့ အဆိပ်အတောက်ကို ဖယ်ရှားဖို့ ဆောင်ရွက်ချက်၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုးတွေကို အဆုံးသတ်ဖို့ လုပ်ဆောင်ချက်၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို မြှင့်တင်ဖို့ စွမ်းဆောင်ချက်တို့ ဖြစ်ပါတယ်။
ဒီနေ့အချိန်အခါမှာ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ မမျှတမှုတွေ မြင့်တက်နေပါတယ်။
နိုင်ငံတွေလည်း အကြွေးနွံနစ်နေပါတယ်။
ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းဟာ အဲဒီအခြေအနေဆိုက်အောင် အနည်းဆုံး ဆောင်ရွက်နေသူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပါတယ်။
ဒါ့အပြင် မမျှတသလို ခေတ်မမီတော့တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံစိတ်ချရတဲ့ကွန်ရက်အဖြစ် သူ့ရဲ့တာဝန်ကို ပြည့်မီအောင် မစွမ်းဆောင်နေပါဘူး။
အဲဒီပြဿနာတစ်ခုချင်းစီကို ဖြေရှင်းဖို့ ကျွန်ုပ်တို့မှာ စွမ်းအားရှိပါတယ်။
ဒါ့ကြောင့် နယ်လ်ဆင် မန်ဒဲလားရဲ့ ဘ၀နဲ့ သမိုင်းကြောင်းကို အထိမ်းအမှတ်ပြုချိန်မှာ သူ့ရဲ့ လူသားဆန်မှု၊ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုစိတ်ဓာတ်တို့ကို အတုယူကြရအောင်ပါ။
နေရာအနှံ့မှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ၊ လူငယ်တွေနဲ့ အပြောင်းအလဲကို ဖန်တီးလိုသူတွေနဲ့အတူ ရပ်တည်ကြရအောင်ပါ။
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ ကျွန်ုပ်တို့ အတူ ဆောင်ရွက်ကြရအောင်ပါ။
ကျေးဇူးတင်ပါတယ်။