ယနေ့အချိန်တွင် ကမ္ဘာတစ်လွှားရှိ လူပေါင်း ၆၈ သန်း ကျော်မှာ ပဋိပက္ခ သို့မဟုတ် မတရားဖိနှိပ်အပြစ်ပေး အရေးယူ ခြင်းများကြောင့် ဒုက္ခသည်များ သို့မဟုတ် ဒေသတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ ဖြစ်နေရသည်။
ဤသည်မှာ ကမ္ဘာအကြီးဆုံး အဆင့် ၂၀ နိုင်ငံ၏ လူဦးရေနှင့် ညီမျှသည်။
ယမန်နှစ်တွင် စက္ကန့် ၂ စက္ကန့်တိုင်း၌ လူတစ်ဦး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။
အများစုမှာ ပို၍ဆင်းရဲသောနိုင်ငံများတွင်ဖြစ်သည်။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် ကျွန်ုပ်တို့ပို၍ ကူညီပေးနိုင်မည့်အရာများကို ကျွန်ုပ်တို့အားလုံး စဉ်းစားတွေးတောရမည်ဖြစ်သည်။
အဖြေမှာ စည်းလုံးညီညွတ်ခြင်း ရိုင်းပင်းကူညီခြင်းဖြင့် စတင်သည်။
ဒုက္ခသည်များအနေဖြင့် ရပိုင်ခွင့်ရှိပြီး ၎င်းတို့လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများကို လက်ခံမရရှိသည့် အခြေအနေများမှာ တစ်ဆနှင့်တစ်ဆ ပို၍တိုးပွားလာသည်ကို မြင်ရသည့်အတွက် ကျွန်ုပ်အလေးအနက်ပူပန်စိုးရိမ်ရသည်။
နိုင်ငံတကာဒုက္ခသည်များကာကွယ်စောင့်ရှောက်မှုစနစ်၏ဂုဏ်သက္ခာကို ကျွန်ုပ်တို့ပြန်လည်တည်ဆောက်ရန် လိုသည်။
ယနေ့မျက်မှောက်ကမ္ဘာတွင် စစ်မက် သို့မဟုတ် နှိပ်ကွပ်မှုများမှ ထွက်ပြေးလာသူများကို လုံခြုံစိတ်ချခိုလှုံရာ ပံ့ပိုးပေးသည့် မည်သည့် လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံကိုမျှ ထီးတည်း အကူအညီမဲ့မထားသင့်ပါ။
ကျွန်ုပ်တို့အားလုံး လက်တွဲ၍ အတူရပ်တည်ကြရမည်။သို့မဟုတ်ပါက ကျွန်ုပ်တို့ ကျရှုံးကြမည်သာဖြစ်သည်။
ယခုနှစ်တွင် ဒုက္ခသည်များဆိုင်ရာ ကမ္ဘာလုံး သဘောတူစာချုပ် တစ်ရပ် (Global Compact on Refugees) ကို ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တင်ပြသွားမည်ဖြစ်သည်။ ဤသဘောတူစာချုပ်တွင် ရှေ့လုပ်ငန်းစဉ်များကို ဖော်ပြထားပြီး ၎င်းတို့အား လက်ခံထားသည့် အိမ်ရှင်လူအဖွဲ့အစည်း အသိုက်အဝန်းများအပေါ် ဒုက္ခသည်များ၏ အကျိုးပြုမှုများကို အသိအမှတ် ပြုထားသည်။
စစ်ပွဲများနှင့် နှိပ်ကွပ်မှုများရှိနေသရွေ့ ဒုက္ခသည်များ ရှိနေမည်ဖြစ်သည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် ထိုဒုက္ခသည်များကို အမှတ်တရရှိရန် ကျွန်ုပ်မေတ္တာရပ်ခံပါသည်။
၎င်းတို့၏ အဖြစ်အပျက်ဇာတ်ကြောင်းမှာ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် သတ္တိ တို့ဖြစ်သည်။
ကျွန်ုပ်တို့ရေးမည့်စာမျက်နှာသည် လက်တွဲကူညီရိုင်းပင်းမှု၊ ကရုဏာတရားနှင့် လက်တွေ့လုပ်ဆောင်ချက်များဖြစ်ရမည်။
ကျေးဇူးတင်ပါသည်။