"ကျေးလက်နေအမျိုးသမီးများသည် ၎င်းတို့ အစွမ်းအစဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားလျက်ရှိသည်"
စားနပ်ရိက္ခာလက်လှမ်းမီခြင်းသည် လူ့အခွင့်အရေးဖြစ်ပြီး၊ အစားအစားနှင့် အာဟာရပြည့်မီခြင်းဆိုင်ရာ ဆွေးနွေးမှုတွင် ကျား၊ မ ရေးရာ တန်းတူပါဝင်ရေးသည် မရှိမဖြစ်လိုအပ်သည်။
အောက်တိုဘာ ၁၅ ရက်နေ့သည် နိုင်ငံတကာ ကျေးလက်အမျိုးသမီးများနေ့အဖြစ် ကမ္ဘာ့စီးပွားရေး၊ ရပ်ရွာလူထု နှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ကျေးလက်အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို ဖော်ထုတ်ပြသည့်နေ့ဖြစ်ပါသည်။ လက်တလောကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနေကြရာတွင် ကွယ်မြုပ်နေသော မြန်မာနိုင်ငံရှိ ကျေးလက်နေအမျိုးသမီးများ၏ အသံကို ဒေါပြုံးကြည် နှင့် ဒေါ်ဇင်မ တို့က ကိုယ်စားပြုနေသည်။
ကမ္ဘာကြီး၏ ရေရှည်တည်တံ့သော ဖွံဖြိုးရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေး၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး စနစ်အတွက် ကျေးလက်နေအမျိုးသမီးများ၏ အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၇၀ ရာခိုင်နှုန်းသော စိုက်ပျိုးရေးလုပ်သား၊ ၈၀ ရာခိုင်နှုန်းသော အစားအစားထုတ်လုပ်သူများ နှင့် ၁၅ ရာခိုင်နှုန်းသော အခြေခံစားသောက်ကုန်ထုတ်လုပ်သူများသည် အမျိုးသမီးများဖြစ်ကြသည်။ ၎င်းတို့၏ အခန်းကဏ္ဍသည့် မရှိမဖြစ်အရေးပါသော်ငြားလည်း တဖက်တွင် ပညာရေးနှင့် သတင်းအချက်လက်ရရှိခြင်း၊ အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့ကို လက်လှမ်းမီနိုင်ခြင်းတို့တွင် အခွင့်အရေးနည်းပါးလျက်ရှိပြီး၊ ဝင်ငွေအားဖြင့် နည်းပါးသောဝင်ငွေသာရရှိကာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြီးစွာရင်ဆိုင် ကြုံတွေ့နေကြရ ပါသည်။ အကျပ်အတည်းကာလတွင် အမျိုးသမီးများသည် သက်ရောက်မှုများကို တနင့်တပိုးရင်ဆိုင်နေကြရပြီး၊ လူမှုစီးပွားရေးဆိုင်ရာထိခိုက်လွယ်မှုသည် ဆိုးရွာစွာမြင့်တက်လျက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် အာဟာရအခြေအနေအရ၊ စားနပ်ရိက္ခာမလုံလောက်မှုတွင်ကျား-မ ရေးရာကွာဟ မှုသည် Covid-19 မတိုင်ခင်ကာလတွင် ၁.၇ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းထိကျယ်ပြန့်လာနေပါသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ယနေ့ကမ္ဘာ့အခြေအနေတွင် မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသည်။ ၂၀၁၉ ခုနှစ် ကတည်းက စ၍ ကျေးလက်နေလူထုသည် ဝင်ငွေများကျဆင်းလာခဲ့ပြီး စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရပါသည်။ ကျေးလက်နေ လူဦးရေ ၅၂ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် အမျိုးသမီး တို့သည် စားသောက်မှုကို လျှော့ချ၍ ဖြေရှင်းနေကြရပါသည်။
၂၀၂၂ ခုနှစ် ဇွန်လ၊ FAO နှင့် WFP တို့၏ စားနပ်ရိက္ခာလေ့လာဆန်းစစ်ချက်အစီရင်ခံစာအရ FAO နှင့် WFP တို့၏ ၂၀၂၂ ခုနှစ် ဇွန်လ စားနပ်ရိက္ခာလေ့လာဆန်းစစ်ချက်အစီရင်ခံစာအရ ၊ အမျိုးသား ဦးဆောင်သည့် အိမ်ထောင်စု၏ ၂၃ ရာခိုင်နှုန်းနှင့်ယှဥ်လျှင် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စု၏ ၃၀ ရာခိုင်နှုန်းသည်၊ လုံလောက်စွာ စားသောက်မှုမရရှိခြင်းကိုတွေ့ရပါသည်။ မြန်မာနိင်ငံတွင် ကျေးလက်နေ အိမ်ထောင်စု၏ ၁၅.၁ ရာခိုင်နှုန်းသည် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စုများဖြစ်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့၊ တော်ပကောက် ကျေးရွာမှ ဒေါ်ပြုံးကြည် က
အမျိုးသားဆုံးပါးသွားပြီးကတည်းက မိသားစုကို ကျွန်မပဲ ဦးဆောင်ခဲ့တယ်,, အိမ်နောက်ဘက်မြေကွက်လပ်မှာ ဟင်းသီးဟင်ရွက် စိုက်ပျိုးပြီး ဝင်ငွေရှာပါတယ် .. တဖက်မှာလဲ ကလေးတွေ နေ့တိုင်းဝဝလင်လင်စားနိုင်ဖို့လဲ သေချာအောင်လုပ်ရပါတယ်.. ကိုဗစ်တွေဖြစ်တယ်... ပြီးတော့ အသွားအလာ ကန့်သတ်မှုတွေလုပ်တော့ အပြင်သွား ကျပန်းလုပ်ပြီး ရှာစားဖို့လဲ မဖြစ်နိုင်တော့ အတော်လေးခက်ခဲပါတယ်.. အထောက်အပံ့ရခဲ့တဲ့ ဟင်းရွက်မျိုးစေ့တွေနဲ့ ငွေအချို့ နဲ့ပဲ အိမ်မှာ ဟင်းရွက်စိုက်၊ အိမ်လည်းစား ရောင်းလဲရောင်းနဲ့ပဲ လောလောဆယ် စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့.. ဟု ဆိုပါသည်။
အမျိုးသမီးဦးဆောင်သည့် ကျေးလက်နေအိမ်ထာင်စုများသည် စားနပ်ရိက္ခာစနစ်များနှင့် စျေးကွက်များတွင် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ပူးပေါင်းပါဝင်နိုင်မှုကို ကန့်သတ်ထားသည့် ပုံစံတကျရှိနေသော အတားအဆီးများကို ရင်ဆိုင်နေကြရသည်။ ဒေါ်ဇင်မသည် မြန်မာနိုင်ငံတွင် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စု ၃၉ ရာခိုင်နှုန်းရှိသည့် မွန်ပြည်နယ်မှ ဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင် စိုက်ပျိုးမြေယာမရှိသည့် အငှားတောင်သူ တစ်ဦး ဖြစ်သည်။
ကျွန်မမှာ ကိုယ်ပိုင်လယ်မရှိဘူး... မြေငှားစိုက်ရတာ,, ကိုယ်ပိုင်လယ်မရှိတော့ ငွေချေးတဲ့သူတွေက မချေးချင်ကြတော့ဘူး ဒီကာလမှာ .. ငွေတိုးချေးတဲ့သူတွေဆီက ချေးမရတော့ စိုက်ပျိုးဖို့ စပါးမျိုးစေ့နဲ့ မြေသြဇာလည်း မဝယ်နိုင်ခဲ့ဘူး.. တခြားဝင်ငွေရ အလုပ်လည်း ကျွန်မမှာမရှိဘူး... မြေသြဇာစျေးတွေကလည်း မတရားတက်လာတော့ ကျွန်မအတွက် အရမ်းခက်ခဲတယ်.. အခု အဖွဲ့အစည်းကပေးတဲ့ ထောက်ပံ့ငွေလေးနဲ့ မြေသြဇာ ရတယ်.. စပါးမျိုးစေ့ဝယ်ပြီး ဖြစ်ထွန်းအောင်စိုက်မယ်.. မိသားစုစားဝတ်နေရေးလေး ပြေလည်တာပေါ့.. ကျွန်မတို့ အမျိုးသမီးတောင်သူတွေလည်း ကိုယ့်အားကိုယ်ကိုးပြီးပဲ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းနေပါတယ်
ဒေါပြုံးကြည်နှင့် ဒေါ်ဇင်မသည် မြန်မာနိုင်ငံတွင် လတ်တလော အကျပ်အတည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေရသည့် အမျိုးသမီးများ၏အသံကို ကိုယ်စားပြုလျက်ရှိပါသည်။ စားနပ်ရိက္ခာ လက်လမ်းလှမ်းမီခြင်းသည် လူ့အခွင့်အရေးဖြစ်ပြီး၊ အစားအစားနှင့် အဟာရပြည့်မီခြင်းဆိုင်ရာ ဆွေးနွေးမှုတွင် ကျား၊ မ ရေးရာတန်းတူညီမျှစွာ ပါဝင်ရေးသည် မရှိမဖြစ်လိုအပ်သည်။ ဖွံ့ဖြိုးရေးဆောင်ရွက်သူများနှင့် လူထုကို ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးဖော်ဆောင်သူများအနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်လာရေး အတွက် ကျေးလကနေ အမျိုးသမီးများ ၏ အခွင့်အရေးနှင့် ပူးပေါင်းပါဝင်မှုကို အားထုတ်မြှင့်တင်ပေးရန်လိုအပ်သည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့သည် ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုကို ဦးဆောင်သည့် ကုလသမဂ္ဂ၏ အထူးအေဂျင်စီဖြစ်သည်။ လက်ရှိတွင် ကျေးလက်နေ အမျိုးသမီးများအပါဝင် မြန်မာနိုင်ငံအတွင်း အရေးပါ်တုန့်ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးသီးနှံ၊ မွေးမြူရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး သွင်းအားစုများကို ရင်းနှီးငွေထောက်ပံ့ခြင်းနှင့်အတူ ပံ့ပိုးကူညီဆောင်ရွက်နေပါသည်။
UN Women သည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး၊ ကျား၊မ ရေးရာ တန်းတူညီမျှမှုကို ဆောင်ရွက်သည့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် UN Women သည် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ကို တုန့်ပြန်ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအားထုတ်မှုများတွင် ပါဝင် အကျိုးခံစားမှုရရှိရေးတို့အတွက် သေချာအောင် ဆောင်ရွက်ခြင်းဖြင့် ပိုမို ကြံ့ခိုင်ပြီး၊ ကျား၊မ အခန်းက္ဍ တန်းတူရည်တူဖြစ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာရန်ဦးတည်လျက်ရှိပါသည်။
[1] UNDP and UN Women (2022). Regressing Gender Equality in Myanmar.
[2] FAO and WFP. 2022. Myanmar | Shocks, agricultural livelihoods and food security: Monitoring report, June 2022. Rome. https://www.fao.org/documents/card/en/c/cc0562en
[3] Asian Development Bank (ADB) Gender Equality and Women’s Rights in Myanmar: A Situation Analysis.
[4] Ibid.