အိုင်အယ်လ်အိုသည် လူအဖွဲ့အစည်းများနှင့်လုပ်ငန်းခွင်များက ကိုဗစ်-၁၉ ကိုတန်ပြန်ရာ၌ ထောက်ကန် ပံ့ပိုး ပေးပါသည်
အိုင်အယ်လ်အိုသည် ကိုဗစ်-၁၉ကိုတန်ပြန်လျက်ရှိကြသော ခုခံကာကွယ်နိုင်စွမ်းအနည်းဆုံးလုပ်ငန်းခွင်များနှင့်လူမှုအဖွဲ့အစည်းအချို့ကို ထောက်ကန်ပံ့ပိုး ပေးလျက်ရှိပါသည်။
၂၀၂၀ခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက ဤရောဂါကူးစက်မှု တတိယလှိုင်းစတင်လာသည့် အချိန်များတွင် လုပ်ငန်းခွင်များ၌ ရောဂါကူးစက်မှုကို တားဆီးရန်နှင့်ကူးစက်မှုနည်းပါးအောင်ပြုလုပ်ရန် အတွက် ILO သည် အလုပ်သမားများနှင့် အလုပ်ရှင်များတို့ကို ထောက်ကန်ပေးလျက်ရှိပါသည်။ ယင်းသို့ ပံ့ပိုးပေးရာတွင် အထည်ချုပ်၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများသို့ သက်ဆိုင်ရာကဏ္ဍတစ် ခုစီ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်သင်ခန်းစာများဖြင့် ကိုဗစ်-၁၉ ရောဂါတားဆီးရေး၊ ကူးစက်မှုနည်းပါး အောင်လျှော့ချရေးတို့အတွက် သင်တန်းပို့ချခြင်း၊အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နှင့် ရွှေ့ပြောင်း အလုပ်သမားများဆီသို့ပါ လက်ကမ်းနိုင်ရန် မဟာဗျူဟာများ ဖြန့်ဝေခြင်း တို့ပါဝင်သည်။
ILO သည် SMEs များအတွက် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်းသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်သင်တန်းကို ပို့ချခဲ့ရာ၊ တက်ရောင်းသူပေါင်း ၂,၉၆၂ ဦးနှင့် လုပ်ငန်းပေါင်း ၁,၁၉၀ခု ရှိပါသည်။ SMEs စက်ရုံပေါင်း ၂၉ ခုမှ နောက်ထပ်သင်တန်းသား ၁၅၁ဦး ကို ကုန်ထုတ်လုပ်ရေး လုပ် ငန်းနှင့်ဆိုင်သည့် ကိုဗစ်-၁၉ သီးသန့်သင်ခန်းစာဖြင့် လေ့ကျင့်ပို့ချခဲ့ပါသည်။ ILO သည် အထည်ချုပ်၊ စိုက်ပျိုး ရေး နှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍများမှ အလုပ်ရှင် အလုပ်သမားများအတွက် ၎င်းတို့စိတ် ကြိုက် ကိုဗစ်-၁၉ တားဆီး၊ လျှော့ချရေး သင်တန်းအတွက်သင်ခန်းစာများ အထူးထုတ်လုပ်ရန်လည်းအားပေးပါ သည်။ အထည်ချုပ်ကဏ္ဍမှ စုစုပေါင်း ၆၅၅ ဦး (အမျိုးသမီး ၄၀၉ ဦး) ကို သင်တန်းပို့ချခဲ့ပါသည်။ ထို့ပြင် စိုက်ပျိုးရေးကဏ္ဍမှ နောက်ထပ် လယ်သမားစုစုပေါင်း ၂,၂၇၅ဦး (အမျိုးသမီး ၁,၃၀၁ ဦး) နှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍမှ အလုပ်ရှင် အလုပ်သမား စုစုပေါင်း ၂၃၈ဦး ကိုလည်း သင်တန်းပို့ချခဲ့ပါသည်။
ရွှေ့ပြောင်းအလုပ်လုပ်ခြင်းနှင့် စပ်လျဉ်းသည့်ပုံစံများပျက်ယွင်းသွားခဲ့ရသဖြင့် ရွေ့ပြောင်းအလုပ်သမားများ သည်လည်း ဤကပ်ရောဂါမှပေါ်ပေါက်လာသည့် သိသာထင်ရှားသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြရပါသည်။ ရွှေ့ပြောင်းအလုပ်သမားများစွာသည် နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးဌာန၌ ကျန်ရှိနေဆဲဖြစ်ပြီး ကိုဗစ်-၁၉ ပြဿနာကိုဖြေရှင်းရန်အတွက် အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ILO သည် ရွှေ့ပြောင်းအလုပ်သမားများ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများသို့ ကိုဗစ်-၁၉ ပညာပေးနှင့် တားဆီးရေး သင်တန်းများပို့ချရန်အတွက် WHO နှင့်တွဲဖက်ဆောင်ရွက်ခဲ့သည်။ ရောဂါထိန်းချုပ်ကန့်သတ်ရေးဌာနများ တွင်ရှိကြသောရွှေ့ပြောင်းလုပ်သား အယောက် ၃၀၀ အတွက် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများနှင့် ရောဂါကာကွယ်ရန်သန့်ရှင်းရေးထုတ်ကုန်ပစ္စည်းများကိုလည်း ပံ့ပိုးခဲ့ပါသည်။
ကိုဗစ်-၁၉ ၏ဗီဇပြောင်းလဲတတ်သည့်သဘာဝနှင့်အတူ စစ်တပ်ကအာဏာလွှဲပြောင်းယူခြင်းကြောင့် လက်ရှိ လုပ်ငန်းလည်ပတ်နေသည့်နေရာများ၌ စိန်ခေါ်မှုအချို့ ဆက်၍တည်ရှိနေသေးသည်။ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ အချို့ လုပ်ငန်းကဏ္ဍများ( ဥပမာ အထည်ချုပ် နှင့် ကုန်ထုတ်လုပ်ရေး) များတွင် အွန်လိုင်း (online) မှပို့ချရန်ကန့်သတ်မှုများရှိနေခြင်းတို့က လုပ်ငန်းခွင်ဆိုင်ရာအစီအမံများကို အကောင်အထည်ဖော်ရန်နှင့် ရေရှည်လုပ်ဆောင်ရန်အတွက် မြေပြင်ရှိ အလုပ်သမားများနှင့် အလုပ်ရှင်များတို့အား သင်တန်းပေးသည့် အပေါ် ရိုက်ခိုက်မှုရှိပါသည်။
ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr Donglin Li က မြန်မာနိုင်ငံသားတို့၏လိုအပ်မှုများသည် ယခင်ကာလ များထက် ပို၍ မြင့်မား များပြားလျက်ရှိကြောင်း အလေးထားပြောကြားပါသည်။ ၎င်းက “ကျွန်တော်တို့ဟာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကိုခံရတဲ့ ခုခံ ကာကွယ်နိုင်စွမ်းနည်းသည့် အလုပ်သမားတွေရဲ့ သက်သာကောင်းစားရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကူအညီဆက်လက်ပေးဖို့ သန္နိဌာန်ချထားပါတယ်။ အထူးသဖြင့် ခုခံကာကွယ်နိုင်စွမ်းနည်းသည့် အလုပ်သမားတွေ၊ လူ့အသိုင်းအဝိုင်းတွေနဲ့ လုပ်ငန်းခွင်တွေကိုဆက်ပြီး ပံ့ပိုးသွားမှာဖြစ်တယ်။ ကျေးလက်ဒေသ၊ ဝေးလံ ခေါင်သီတဲ့အရပ်ဒေသကလူတွေအပါအဝင်ပေါ့” ဟုဆိုသည်။
ILO သည် ကိုဗစ်-၁၉ နှင့်ဆိုင်သည့်လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စီမံကိန်းများမှတစ်ဆင့် လုပ် ဆောင်လျက်ရှိပြီး ရန်ပုံငွေ ပံ့ပိုးသူများမှာ - the Swiss State Secretariat for Economic Affairs (SECO); Norwegian Agency for Development Cooperation (NORAD); Vision Zero Fund; and The Safety + Health for All (SHFA) project, funded by the Government of Japan တို့ဖြစ်သည်။