သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖြိုခွင်းခြင်းကိုအတွင်းရေးမှူးချုပ်မှ ပြင်းထန်စွာ ရှုံ့ချပါသည်။ အသက်ဆုံးရှုံးမှုနှင့်  ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာခြင်းအတွက် ၎င်းမှ လွန်စွာ စိတ်ပျက်ရပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းသည် လက်ခံနိုင်ဖွယ်မရှိပါ။

အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းအနေဖြင့် အတူအကွ စုပေါင်းကာ စစ်တပ်အား ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ပြခဲ့သည့် မြန်မာပြည်သူပြည်သားတို့၏ ဆန္ဒကို လေးစားရမည်ဖြစ်ပြီး ဖိနှိပ်တားဆီးမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သတိပေးရန် အတွင်းရေးမှူးချုပ်က တိုက်တွန်းပါသည်။

 

.

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ