သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအပေါ်တုံ့ပြန်ဆောင်ရွက်မှုကို UNHCR မှပံ့ပိုးကူညီရန် စမ်းသပ်ကိရိယာ ၅၀,၀၀၀ ထပ်ဆောင်း လှုဒါန်းပေးအပ်ခြင်း

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်။

UNHCR Representative Ms. Hai Kyung Jun
ခေါင်းစဉ်-ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun (ဘယ်) က COVID-19 စမ်းသပ်ကိရိယာများအား ပြည်ထောင်စုကျန်းမာရေး၀န်ကြီးဒေါက်တာမြင့်ထွေး (ညာ) ထံသို့ လွှဲပြောင်းပေးအပ် လှုဒါန်းစဥ်

 

ရန်ကုန်၊ မြန်မာ - COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ဘ၀အပေါ် ဆက်လက်သက်ရောက်နေသဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)သည် မြန်မာနိုင်ငံအစိုးရ၏ အမျိုးသားအဆင့်ကျန်းမာရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုအပေါ် တိုးမြှင့် ကူညီဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီသည် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Cobas SARS-CoV-2 Polymerase Chain Reaction (PCR) စမ်းသပ်ကိရိယာ ၅၀,၀၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယခုလှုဒါန်းသည့်စမ်းသပ်ကိရိယာများသည် UNHCR နှင့် WFP တို့မှ ဇူလိုင်လအတွင်းလှုဒါန်းခဲ့သည့် စမ်းသပ် ကိရိယာ၂၀,၀၀၀အပြင် ထပ်ဆောင်းလှုဒါန်းခြင်းလည်းဖြစ်သည်။ လက်ရှိကာလအချိန်အထိ စုစုပေါင်းအားဖြင့် စမ်းသပ်ကိရိယာပေါင်း ၁၄၅,၀၀၀ကျော်ကိုကုလသမဂ္ဂ၏ပူးပေါင်းတုံ့ပြန်မှုဆိုင်ရာအစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံအစိုးရထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

“UNHCRအနေဖြင့် COVID-19ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် နိုင်ငံတော်အစိုးရ၏ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကြိုးပမ်းမှုများကိုဆက်လက်ပံ့ပိုးပေးရန်နှင့် ထိခိုက်လွယ်သောလူမှုအသိုင်းအဝိုင်းများကို ချန်လှပ် ထားခြင်းမရှိစေရန်အတွက်ဆက်လက်လုပ်ဆောင်သွားမည်”ဟု မြန်မာနိုင်ငံရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun ကပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီသည် လက်ရှိအချိန်အထိ စောင့်ကြည့်ရေးစခန်းပေါင်း၄၀၀ကျော်သို့ အခြေခံအသုံးအဆောင်ပစ္စည်းများဖြစ်သည့် အိပ်ယာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများဖြည့်ဆည်းပေးခြင်းနှင့် လက်အိပ်များ၊ နှာခေါင်းစည်းများ၊ တစ်ခါသုံး ၀တ်စုံများနှင့် မျက်နှာဖုံးစွပ်များအပါအ၀င် တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေး၀တ်စုံ ၆၈၅,၂၀၀စုံအား ရှေ့တန်းမျက်နှာစာမှတာ၀န်ယူဆောင်ရွက်နေကြသည့်ကျန်းမာရေး၀န်ထမ်းများနှင့် ထိခိုက်လွယ်သော လူမှု အသိုက်အ၀န်းများသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါသည်။ နောက်ထပ်အစီအစဥ်အနေဖြင့် N95နှာခေါင်းစည်း ၃၆၇,၀၀၀သည် ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံရောက်ရှိနိုင်မည်ဟုမျှော်လင့်ရပြီး သက်ဆိုင်ရာ၀န်ကြီးဌာနများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

UNHCR သည် နေရပ်စွန့်ခွာစခန်းများနှင့် နေရပ်စွန့်ခွာပြည်သူများနှင့်နိုင်ငံမဲ့သူများနေထိုင်ရာနေရာများတွင် COVID-19 ကာကွယ်ခြင်းနှင့်ပတ်သက်သည့်အသိပညာမြှင့်တင်ရန်အတွက် လုပ်ငန်းအစီအစဉ်များ တိုးမြှင့် လုပ်ဆောင်လျက်ရှိပြီး၊ အလားတူစွာ ယင်းနေရာများတွင် ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာအကူအညီများရရှိနိုင်စေရန် ရေရရှိရာနေရာသစ်များဖော်ဆောင်ပေးခြင်းနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ဆပ်ပြာနှင့်လက်သန့်ဆေးရည်များပေး‌ဝေခြင်းတို့ကို လုပ်ဆောင်လျက် ရှိပါသည်။

အကူအညီလိုအပ်သူများအတွက် အရေးပါသည့်အကူအညီများပံ့ပိုးကူညီပေးရန် အစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ၊ အခြားကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏စုပေါင်းကြိုးပမ်းဆောင်ရွက်မှုကြောင့် ယနေ့လက်ရှိအချိန်အထိ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များအပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ လူပေါင်း ၆၇၀,၀၀၀ကျော် အကျိုးခံစားခဲ့ရပြီဖြစ်ပါသည်။

UNHCR ၏ COVID-19 တုန့်ပြန်မှုအကြောင်းပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုပါ။

 

Reuben Lim

Reuben Lim Wende

UNHCR
Public Information Officer
generic profile

Yin Yin Myint

UNHCR
Public Information Associate

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ