သတင်းထုတ်ပြန်ချက်

ဦးထိုက်ဇော် အသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထိုက်ဇော် အသတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရန် ကုန် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဦးထိုက်ဇော်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်အပေါ် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ‌စိတ်မကောင်းဖြစ်ရပါသည်။ အဆိုပါ တုန်လှုပ်ဖွယ် ရာဇဝတ်မှုကို ကုလသမဂ္ဂက ရှုတ်ချပြီး ဖြစ်ရပ်တွင် ကျူးလွန်သူများကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် မျှော်လင့်သည်။

ပြီး၏။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

RCO
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ