မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်
၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်
ကုလသမဂ္ဂသည် ဧပြီလ၂၀ရက်နေ့ (တနင်္လာနေ့) ညနေတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ လုံခြုံရေး ဖြစ်ရပ်တစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ဝန်ထမ်းဖြစ်သူ ဦးပြည့်စုံဝင်းမောင် သည် ဒဏ်ရာရရှိရာမှတဆင့် အသက်ဆုံးရှံးသွားရကြောင်းကို အလွန်ဝမ်းနည်းဖြစ်စွာဖြင့် အတည်ပြုအပ်ပါသည်။ ဤဖြစ်ရပ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ လုပ်ဖော်ကိုင်ဖက်မှ ကုလသမဂ္ဂအဖွဲ့၏ (UN) တံဆိပ်အမှတ်အသားပါသော မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ စစ်ဆေးချက်နမူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကူညီထောက်ပံ့သည့်အနေဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂသည် ဤဖြစ်ရပ်၏ အခြေအနေများအား စုံစမ်းစစ်ဆေးလျက်ရှိပါသည်။
ကုလသမဂ္ဂသည် လုပ်ဖော်ကိုင်ဖက်၏ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရပါသည်။
