ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၁)
အဓိကအချက်အလက်များ
အောက်တိုဘာလ ၂၆ ရက်ညပိုင်းတွင် မြန်မာ တပ်မတော် တပ်စခန်းချရာ နေရာများနှင့် ရဲစခန်း များအား “ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့” က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် (MAF)နှင့် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များ (EAOs) အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ် မြို့နယ်များတွင် တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ် ပြီး၊ အရပ်သားသေဆုံးမှုနှင့် နေရပ်စွန့်ခွာရမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
• အောက်တိုဘာလ ၂၆ရက်နေ့တွင်ပင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ ပူးပေါင်းတပ်ဖွဲ့များကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ MAF စခန်း များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
• ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် လားရှိုးမြို့မှ မြောက်ဖက်သို့သွားသည့် အဓိကလမ်းမကြီးများကို MAF နှင့် EAO များက ပိတ်ဆို့ထားပြီး၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများလည်း ပြတ်တောက်နေသည်။ လားရှိုးလေဆိပ်ကို အနည်းဆုံးအားဖြင့် နိုဝင်ဘာလ ၃ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ပြောကြားထားသည်။ ဤအဟန့်အတားများသည် ပြည်သူများ၏ သွားလာလှုပ်ရှားမှု၊ လူသားချင်းစာနာမှုအကူအညီများဝင်ရောက်ကူညီနိုင်မှု၊ ဘေးဒဏ်ခံပြည်သူများနှင့် ဆက်သွယ် ရေးတို့အပေါ် ကြီးမားစွာ သက်ရောက်နေသည်။
• အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လူဦးရေ ၆၂၀၀ ကျော်သည် နေရပ်စွန့်ခွာခဲ့ကြရပြီး၊ အနီးအနားရှိ သစ်တောများ သို့မဟုတ် ဘာသာရေးနေရာများတွင် ခိုလှုံရန် ကြိုးစားနေကြကြောင်း အစီရင်ခံချက်များ ရရှိထားပါသည်။ ထို့ပြင် ရာပေါင်းများစွာသော ပြည်သူများသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဘေးကင်းလုံခြုံရာရှာဖွေရန်အတွက် နယ်စပ် ဖြတ်ကျော်ခဲ့ကြောင်း အစီရင်ခံထားပါသည်။
• နေရပ်စွန့်ခွာလာရသူများအား အိမ်ရှင်ရပ်ရွာလူထုနှင့် ပုဂ္ဂလိကအလှူရှင်များက အစားအသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီထားကြသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGOs များ၊ ဒေသခံမိတ်ဖက်အဖွဲ့များအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်ရှိတွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ကြိုတင်စုစည်းနေရာချထားပြီး၊ လုံခြုံရေးနှင့် သွားလာရေးအခြေအနေများတိုးတက်လာသည်နှင့်တပြိုင်နက် လျင်မြန်စွာ တုံ့ပြန်ကူညီနိုင်ရန် ပြင်ဆင်ထားပါသည်။ အရှေ့တောင်ပိုင်း ဒေသရှိ လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့အစည်းများကလည်း ထိရောက်စွာတုံ့ပြန်ကူညီပေးနိုင်ရန်အတွက် နေရပ်စွန့်ခွာရသူ အရေ အတွက်နှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို စိစစ်အတည်ပြုနေဆဲဖြစ်သည်။
• ယခုအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ အခြေအနေတည်ငြိမ်မှုမရှိသေးပါ။ လတ်တလောနေရပ်စွန့်ခွာရသူများ၏ အရေအတွက် အတိအကျကို အတည်ပြုရန် ခက်ခဲနေပြီး၊ နေရပ်စွန့်ခွာရသူများ ပိုများလာနိုင်သည်ဟု မျှော်လင့်ထားရာ၊ ယခင်ကပင် ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့သော မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုတုံ့ပြန်ရေးလုပ်ငန်းများကို ပိုမိုကျပ်တည်းစေပါသည်။
• မြန်မာနိုင်ငံရှိ ကျန်ဒေသများ၏ အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေရန် လိုအပ်ပါလိမ့်မည်။ ညီနောင်သုံးဖော် မဟာမိတ် အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) သည် မြန်မာ့တပ်မတော်နှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ခဲ့သော ယာယီအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
အခြေအနေသုံးသပ်ချက်
လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသတို့၌ မြန်မာ့တပ်မတော် (MAF) နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကြောင့် လုံခြုံရေးအခြေအနေများ သိသာစွာ ယိုယွင်းလာခဲ့သည်။ ရှမ်းမြောက်ရှိ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ရှမ်းမြောက်ရှိ တပ်စခန်းချရာနေရာများနှင့် ရဲစခန်းများကို စတင်တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းမြောက်ရှိ မြို့နယ် ၂၂ မြို့နယ်အနက် ၈ မြို့နယ်တွင် ပြင်းထန်သော မြေပြင်တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အစီရင်ခံ ထားသည်။ အကျိုးဆက်အဖြစ် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်များမှ ကလေးသူငယ် ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး၊ ကလေးသူငယ်တစ်ဦးအပါအဝင် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင် သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးနှင့် မူဆယ် မြို့နယ်တို့တွင် အနည်းဆုံး လူဦးရေ ၆၂၀၀ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးကြရပြီး၊ ၎င်းတို့အနက် ၁၀၀၀ ဦးခန့်မှာ တောတောင်များအတွင်း တွင်လည်းကောင်း၊ ၅၀၀၀ ကျော်မှာ နိုင်ငံတွင်းနေရပ်စွန့်ခွာရသူများ (IDPs) အဖြစ် ဘာသာရေးနေရာများနှင့် ယာယီစခန်းနေရာများတွင် လည်းကောင်း ခိုလှုံနေရကြရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော်မြို့မှ လူဦးရေ ၅၀၀ ခန့်သည် ဘေးကင်းလုံခြုံရေးအတွက် နယ်စပ် ဖြတ်ကျော်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။ နယ်စပ်ဖြန်ကျော်ထွက်ပြေးသည့် လူဦးရေသည် ပိုများလာနေကြောင်း အစီရင်ခံချက်များကို ရရှိထားသည်။ လေဆိပ်အာဏာပိုင်များ၏ ပြောကြားချက်အရ လားရှိုးသို့ သွားရောက်မည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ဆိုင်းငံ့ထားကြောင်း သိရှိရပြီး၊ နေရပ်စွန့်ခွာရသူများထံသို့ သွားရောက်ကူညီရန် အတွက် လားရှိုးမြို့မှ မြောက်ဖက်သို့ သွားသည့် လမ်းများကို MAF နှင့် EAOs နှစ်ဖက်လုံးက ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်သည်။ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် မိုဘိုင်းဖုန်းဆက်သွယ်မှုများနှင့် အင်တာနက်ဝန်ဆောင်မှုများမှာ အကန့်အသတ် ဖြင့်သာ ရရှိနေသည်။ ထို့အပြင် တိုက်ပွဲများအတွင်း ဓာတ်အားလိုင်းများ ပျက်စီးမှုကြောင့် ကွတ်ခိုင်မြို့နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ MAF တပ်စခန်းချရာနေရာများကို တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံချက်များ ရရှိထားပါသည်။ ယင်းအချိန် မှစ၍ အထူးသဖြင့် ကော့ကရိတ်မြို့ပတ်ဝန်းကျင်ရှိ အာရှလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံကြားရှိ အဓိကသယ်ယူပို့ဆောင်ရေးလမ်းမကြီးကို ပြတ်တောက်စေခဲ့ပါသည်။ ကော့ကရိတ်မြို့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ် သား ၂ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများသည် ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ့မြို့နယ်များရှိ ပိုမိုဘေးကင်းသော နေရာများသို့ အိုးအိမ်ပစ်၍ ထွက်ပြေးနေကြရသည်။ လတ်တလော နေရပ်စွန့်ခွာကြရသည့် လူဦးရေအတိအကျကို စိစစ်အတည်ပြုနေဆဲဖြစ်ပါသည်။